ကိုရိုနာဗိုင်းရပ်စ် လူနာများ အဘယ်ကြောင့် ခံတွင်းပျက်၊ အနံ့မရသည်ကို သိပ္ပံပညာရှင်တို့တွေရှိ

ကိုရိုနာဗိုင်းရပ်စ် လူနာများ အဘယ်ကြောင့် ခံတွင်းပျက်၊ အနံ့မရသည်ကို သိပ္ပံပညာရှင်တို့တွေရှိ - Property News in Myanmar from iMyanmarHouse.com
1 Aug 2020 11:47 am တွင် တင်ခဲ့သည်
4402 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ခံတွင်းပျက်ခြင်းနှင့်အနံ့ပျောက်ခြင်းတို့သည် Covid-19 ၏ အထင်ရှားဆုံးလက္ခဏာများဖြစ်ကြောင်း အတည်ပြုခဲ့ကြပြီးဖြစ်သည်။

လူနာ ၄ ပုံ ၁ ပုံမှ ထက်ဝက်ခန့်အထိသည် ခံတွင်းပျက်ခြင်းနှင့် အနံ့မရခြင်း လက္ခဏာများ ခံစားကြရလေ့ရှိသည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လက္ခဏာများနှင့် နှိုင်းယှဉ်လျှင် ခံတွင်းပျက်ခြင်း ၊ အနံ့မရခြင်းခံစားရသူတို့သည် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိနိုင်ချေ အဆ ၂၀ ပိုမိုမြင့်မားသည်ဟု ဆိုသည်။

အဆိုပါအချက်ကို ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု အစောပိုင်းကာလများကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုလေ့လာချက်မှ တွေ့ရှိသည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများစွာတွင် အဘယ်ကြောင့် အနံ့ခံအာရုံ ယာယီ ပျောက်ဆုံးသွားသည်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး တွေ့ရှိလာသည်တို့မှာ သိပ္ပံပညာရှင်များ ယူဆထားသကဲ့သို့ မဟုတ်ချေ။

ကိုရိုနာဗိုင်းရပ်စ်သည် ACE2 အင်ဇိုင်းမှ တဆင့် ဆဲလ်များအတွင်း ဝင်ရောက်ခြင်းဖြစ်ရာ အဆိုပါအင်ဇိုင်းရှိသည့် ဆဲလ်များမှာ အန္တရာယ်အများဆုံး ဖြစ်သည်။

ယခုအချိန်ထိ အများယူဆထားသည်မှာ ဗိုင်းရပ်စ်သည် အနံ့ခံအာရုံခံ ညူထရွန်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

ယခုလေ့လာချက်ကတွေ့ရှိသည်မှာ အနံ့အာရုံခံ ညူထရွန်များကို ဇီဝဖြစ်ပျက်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အထောက်အပံ့များပေးနေသည့် ဆဲလ်များအတွင်း ACE2 ကို တွေ့ရကြောင်း လေ့လာတွေ့ရှိလာခြင်းဖြစ်သည်။

အဆိုပါ တွေ့ရှိချက်ကို Science Advance ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဟားဘတ်တက္ကသိုလ်က ပြုလုပ်ခဲ့သည့် လေ့လာချက် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ညူထရွန်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး လူနာတွေရဲ့ အနံ့ခံအာရုံစနစ်ကို ထိခိုက်စေတာ မဟုတ်ပါဘူး။

အထောက်အပံ့ပေးနေတဲ့ ဆဲလ်တွေကို တိုက်ခိုက်တာ ဖြစ်ကြောင်း တွေ့ရှိပါတယ်” ဟု ဟားဘတ်တက္ကသိုလ် ၊ ဘလာဘတ်နစ် အင်စတီကျု (Blavatnik Institute) မှ အာရုံကြောဇီဝဗေဒပညာ တွဲဖက်ပါမောက္ခ Sandeep Robert Datta က ထုတ်ပြန်သည်။

ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အနံ့ခံအာရုံပျောက်ဆုံးမှုမှာ အမြဲထိခိုက်မှုမဟုတ်ချေ။

“ဒါက သတင်းကောင်းလို့ ကျွန်တော်သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပျောက်ကင်းသွားချိန်မှာ အနံ့ခံညူထရွန်တွေဟာ ပြန်လည်တည်ဆောက်နေဖို့ မလိုအပ်တာကြောင့် ဖြစ်ပါတယ်” ဟု Datta က ပြောကြားသည်။

အနံ့အာရုံပျောက်ဆုံးမှုသည် ဆန်းကြယ်သောအချက်လည်းဖြစ်ပြီး အနည်းငယ်သောသူတို့တွင်မူ အမြဲဖြစ်သွားနိုင်ကြောင်း၊ အမြဲတမ်း အနံ့ပျောက်ဆုံးသူများစွာရှိလာလျှင် ပြည်သူကျန်းမာရေးပြဿနာကြီးဖြစ်လာနိုင်ကြောင်း၊ အနံ့ပျောက်ဆုံးသူတို့တွင် ပြင်းထန်သော စိတ်ပိုင်းအကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း Datta က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists uncover why coronavirus makes patients lose sense of smell and taste (SCMP)

[Zawgyi]

ကုိရိုနာဗိုင္းရပ္စ္ လူနာမ်ား အဘယ္ေၾကာင့္ ခံတြင္းပ်က္၊ အနံ႔မရသည္ကို သိပၸံပညာရွင္တို႔ေတြရွိ

ခံတြင္းပ်က္ျခင္းႏွင့္အနံ ့ေပ်ာက္ျခင္းတို႔သည္ Covid-19 ၏ အထင္ရွားဆံုးလကၡဏာမ်ားျဖစ္ေၾကာင္း အတည္ျပဳခဲ့ၾကျပီးျဖစ္သည္။

လူနာ ၄ ပံု ၁ ပံုမွ ထက္ဝက္ခန္႔အထိသည္ ခံတြင္းပ်က္ျခင္းႏွင့္ အနံ ့မရျခင္း လကၡဏာမ်ား ခံစားၾကရေလ့ရွိသည္။

ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လကၡဏာမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ ခံတြင္းပ်က္ျခင္း ၊ အနံ႔မရျခင္းခံစားရသူတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိႏိုင္ေခ် အဆ ၂၀ ပိုမိုျမင့္မားသည္ဟု ဆိုသည္။

အဆိုပါအခ်က္ကို ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ အေစာပိုင္းကာလမ်ားကတည္းက ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

ယခုေလ့လာခ်က္မွ ေတြ႔ရွိသည္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားစြာတြင္ အဘယ္ေၾကာင့္ အနံ႔ခံအာရံု ယာယီ ေပ်ာက္ဆံုးသြားသည္ကို ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ျပီး ေတြ႔ရွိလာသည္တို႔မွာ သိပၸံပညာရွင္မ်ား ယူဆထားသကဲ့သို႔ မဟုတ္ေခ်။

ကိုရိုနာဗိုင္းရပ္စ္သည္ ACE2 အင္ဇိုင္းမွ တဆင့္ ဆဲလ္မ်ားအတြင္း ဝင္ေရာက္ျခင္းျဖစ္ရာ အဆိုပါအင္ဇိုင္းရွိသည့္ ဆဲလ္မ်ားမွာ အႏၱရာယ္အမ်ားဆံုး ျဖစ္သည္။

ယခုအခ်ိန္ထိ အမ်ားယူဆထားသည္မွာ ဗိုင္းရပ္စ္သည္ အနံ႔ခံအာရံုခံ ညဴထရြန္မ်ားကို တိုက္ရိုက္တိုက္ခိုက္ျခင္းျဖစ္သည္ဟု ယူဆထားၾကသည္။

ယခုေလ့လာခ်က္ကေတြ႔ရွိသည္မွာ အနံ႔အာရံုခံ ညဴထရြန္မ်ားကို ဇီဝျဖစ္ပ်က္မႈႏွင့္ ဖြဲ႔စည္းတည္ေဆာက္ပံုဆိုင္ရာ အေထာက္အပံ့မ်ားေပးေနသည့္ ဆဲလ္မ်ားအတြင္း ACE2 ကို ေတြ႔ရေၾကာင္း ေလ့လာေတြ႔ရွိလာျခင္းျဖစ္သည္။

အဆိုပါ ေတြ႔ရွိခ်က္ကို Science Advance ဂ်ာနယ္တြင္ ပံုႏွိပ္ေဖာ္ျပခဲ့ျပီး ဟားဘတ္တကၠသိုလ္က ျပဳလုပ္ခဲ့သည့္ ေလ့လာခ်က္ ျဖစ္သည္။

“ကၽြန္ေတာ္တို႔ရဲ ႔ ေလ့လာခ်က္အရ ကိုရိုနာဗိုင္းရပ္စ္ဟာ ညဴထရြန္ေတြကို တိုက္ရိုက္တိုက္ခိုက္ျပီး လူနာေတြရဲ ႔ အနံ႔ခံအာရံုစနစ္ကို ထိခိုက္ေစတာ မဟုတ္ပါဘူး။

အေထာက္အပံ့ေပးေနတဲ့ ဆဲလ္ေတြကို တိုက္ခိုက္တာ ျဖစ္ေၾကာင္း ေတြ႔ရွိပါတယ္” ဟု ဟားဘတ္တကၠသိုလ္ ၊ ဘလာဘတ္နစ္ အင္စတီက်ဳ (Blavatnik Institute) မွ အာရံုေၾကာဇီဝေဗဒပညာ တြဲဖက္ပါေမာကၡ Sandeep Robert Datta က ထုတ္ျပန္သည္။

ထို႔ေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ အနံ႔ခံအာရံုေပ်ာက္ဆံုးမႈမွာ အျမဲထိခိုက္မႈမဟုတ္ေခ်။

“ဒါက သတင္းေကာင္းလို႔ ကၽြန္ေတာ္သံုးသပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရာဂါေပ်ာက္ကင္းသြားခ်ိန္မွာ အနံ႔ခံညဴထရြန္ေတြဟာ ျပန္လည္တည္ေဆာက္ေနဖို႔ မလိုအပ္တာေၾကာင့္ ျဖစ္ပါတယ္” ဟု Datta က ေျပာၾကားသည္။

အနံ႔အာရံုေပ်ာက္ဆံုးမႈသည္ ဆန္းၾကယ္ေသာအခ်က္လည္းျဖစ္ျပီး အနည္းငယ္ေသာသူတို႔တြင္မူ အျမဲျဖစ္သြားႏိုင္ေၾကာင္း၊ အျမဲတမ္း အနံ႔ေပ်ာက္ဆံုးသူမ်ားစြာရွိလာလွ်င္ ျပည္သူက်န္းမာေရးျပႆနာၾကီးျဖစ္လာႏိုင္ေၾကာင္း၊ အနံ႔ေပ်ာက္ဆံုးသူတို႔တြင္ ျပင္းထန္ေသာ စိတ္ပိုင္းအက်ဳိးဆက္မ်ား ျဖစ္လာႏိုင္ေၾကာင္း Datta က ဆက္လက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scientists uncover why coronavirus makes patients lose sense of smell and taste (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service