နောက်အိမ်ထောင်ပြုထားသူပိုင် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

နောက်အိမ်ထောင်ပြုထားသူပိုင် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2020 3:07 pm တွင် တင်ခဲ့သည်
974 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

“မြေတစ်ကွက်ဝယ်လိုက်တာ ကန့်ကွက်သူပေါ်လာလို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ သူငယ်ချင်း ဆီ”

“သူငယ်ချင်းဆီ အကြံလာ တောင်းတယ်ဆိုပါတော့”

ငယ်သူငယ်ချင်း ဦးမြင့်ဦး၏ စကားမဆုံးမီ စာရေးသူက စကားဆက်စပ် ပြောလိုက်ခြင်းဖြစ်သည်။

“အကြောင်းရှိမှ ရောက်လာတယ်ဆိုပြီး အပြစ်တင်လည်းခံရတော့မှာပဲ။ ရှင်းရှင်းပြောရရင်တော့ စရန်ငွေပေးကတည်းက လာဖို့ကိစ္စ”

“အေး၊ အမှန်က စရန်ငွေပေးစာချုပ်က အဓိကကျတယ် သူငယ်ချင်း။ စရန်ငွေပေး ကတိစာချုပ်မှာ ရောင်းသူ ဝယ်သူတို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို နှစ်ဖက်သဘောတူ လက်မှတ်ချုပ်ဆိုကြတာဖြစ်တယ်။ တစ်ဦးတစ်ဖက်က မိမိသဘောတူထားတဲ့ ဝန်ခံကတိပြုချက်တွေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်လို ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အချက်တွေ ဖော်ပြချုပ်ဆိုကြရတယ်”

“အိမ်အကျိုးဆောင်တဲ့သူနဲ့ ချုပ်ဆိုလိုက်ကြတာဆိုတော့ လွယ်လွယ်ကူကူ အဆင်ပြေတယ်ဆိုပြီး လုပ်လိုက်တာ သူငယ်ချင်း။ သမီးဖြစ်သူမှာလည်း သူ့ရုံးက အရေးကိစ္စရှိလို့ စောစောလာပါဆိုတာနဲ့ အမြန်လုပ် ဖြစ်သွားကြတာ”

“သတင်းစာထဲမှာ ကန့်ကွက်ရန် ရှိ မရှိ ကြေညာခဲ့တယ် မဟုတ်လား”

“ဟုတ်ပါတယ်။ အဲဒီတော့မှ ကန့်ကွက်သူက ပေါ်လာတာ၊ အကျိုး ဆောင်လုပ်ပေးသူကလည်း ကန့် ကွက်သူကို မူလကတည်းက မသိခဲ့ ဘူးလို့ ပြောပါတယ်”

“သတင်းစာထဲပါလာမှ အကျိုးအကြောင်းဆက်စပ်သိလာတဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ ကွယ်လွန်သူ ပိုင်ရှင်မှာ မောင်တော်စပ်သူကျန်ခဲ့တယ်ဆိုတာလည်း မသိခဲ့ဘူးလို့ ပြောတယ်”

“ကဲ - ဟုတ်ပြီ၊ အခုဝယ်လိုက် တယ်ဆိုတဲ့ မြေကွက်က ဂရန်မြေ အမျိုးအစားလား။ ဘယ်လိုမြေအမျိုးအစား လဲ”

“ဂရန်မြေအမျိုးအစားပေါ့။ ပေ ၂၀ x ပေ ၆၀ မြေကွက် သူငယ်ချင်း။တစ်ထပ်ခွဲတိုက်လည်း ပါတယ်”

“ဒါဆိုရင် မြေအမည်ပေါက် ကိုယ်တိုင်ရောင်းတာလား၊ မြေအမည်ပေါက်က သက်ရှိထင်ရှားရှိသေးလား။ တစ်ဆင့်ထပ်ဝယ်မိတာလား”

“ဘယ်လိုပြောရမလဲ၊ တစ်ဆင့်ထပ်ပြီးဝယ်တာတော့ မဟုတ်ဘူး။ အမည်ပေါက် ဖခင်က ကွယ်လွန်သွားပြီ။ သားသမီးတွေက ရောင်းတာပါ”

“ဒါဆိုရင် မိခင်ကလည်း ကွယ်လွန်သွားပြီပေါ့”

“ဟုတ်ပါတယ်။ မိခင်က ဦးစွာ ကွယ်လွန်တယ်လို့ ပြောပါတယ်”

“ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားတာများ ရှိလို့လား”

“ဟုတ်တယ်၊ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တယ်”

“အိမ်ထောင်ကြီးချင်း လက်ထပ်ကြတာလား”

“မဟုတ်ဘူး။ နောက်ဇနီးက အိမ်ထောင်မရှိဘူးလို့ ပြောပါတယ်”

“သားသမီးတွေက ဘယ်နှယောက်ကျန်ခဲ့လဲ။ ဒုတိယဇနီးနဲ့ သားသမီး ထွန်းကားခဲ့သေးလား”

“ပထမဇနီးနဲ့က သမီးနှစ်ယောက်ကျန်ခဲ့တယ်။ နှစ်ဦးလုံးက အိမ်ထောင်ရှိကြတယ်။ အကြီးသမီးက ဖခင်နဲ့ အတူနေတယ်”

“သမီးအကြီးက အချင်းဖြစ်တဲ့ အိမ်မှာ ဖခင်နဲ့အတူနေတာပေါ့”

“ဟုတ်ပါတယ်။ သမီးအငယ်ကတော့ သီးခြားအိမ်ခွဲနေတယ်”

“မိခင်ကွယ်လွန်ချိန်က ဖခင်ထံက အမွေမခွဲခဲ့ဘူးနဲ့တူတယ်။ နောက်ဇနီးကလည်း သမီးကြီးတို့ မိသားစုနဲ့ အတူနေတာလား”

“အဲဒါတော့ သေချာမသိဘူး။ ယခုလောလောဆယ်မှာတော့ သမီးကြီးဖြစ်သူက ရောင်းတဲ့မြေနဲ့ အိမ်မှာနေတာပဲ သူငယ်ချင်း”

“ဖခင်နဲ့ မိထွေးဖြစ်သူက ဘယ်အချိန်ကာလက ကွယ်လွန်ခဲ့တာလဲ”

“ဖခင်က ကားအက်ဆီးဒင့်နဲ့ ကွယ်လွန်သွားတယ်လို့ ပြောပါတယ်”

“ဇနီးဖြစ်သူပါ ကွယ်လွန်သွားတာလား”

“ဇနီးဖြစ်သူကတော့ နောက်တစ်လခန့်ကြာမှ ကွယ်လွန်တယ်လို့ သိရပါတယ်”

“ဖခင်ဖြစ်သူက နောက်ဇနီးနဲ့ ကိတ္တ်ိမမွေးစားသားသမီးများရှိတယ်လို့ ကြားမိလား”

“လောလောဆယ်တော့၊ မွေးစားသားသမီးဆိုတာတော့ ပေါ်မလာဘူး။ ကွယ်လွန်သွားတဲ့နောက်ဇနီးရဲ့ မောင် က ကန့်ကွက်တာ သူငယ်ချင်း”

“ဥပဒေအရ ပြောရရင်တော့ ကွယ်လွန်သွားတဲ့ ဖခင်၊ မိခင်ရင်းနဲ့ မိထွေးတို့က ဗုဒ္ဓဘာသာကိုးကွယ်သူတွေပဲ မဟုတ်လား”

“ဟုတ်ပါတယ်။ ကန့်ကွက်စာထဲမှာတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွယ်လွန်သူအစ်မဖြစ်သူရဲ့ ဝေစုကို မောင်ဖြစ်သူက ရပိုင်ခွင့်ရှိတယ်လို့ တစ်ဝက်ရခွင့်ရှိကြောင်း ကန့်ကွက်တောင်းဆိုတာဖြစ်တယ်။ ဒါကြောင့် ဥပဒေအရ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ သိချင်လို့ပါ”

“အားလုံးက မြန်မာဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လိုက်နာဆောင်ရွက်ကြရမှာဖြစ်တယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘနှစ်ပါးအနက် တစ်ဦးဦးသေဆုံးပြီး ကျန်ရစ်သော မိဘ နောက်အိမ်ထောင်ပြုသည့်အခါ သားသမီးအားလုံးသည် ထိုမိဘလက်ဝယ်ရှိ အမွေပစ္စည်းတစ်ဝက်ကို စုပေါင်းရခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်”

“တကယ်လို့ ဖခင်နောက်အိမ်ထောင်ပြုစဉ်က သမီးနှစ်ယောက်က မိခင်ဝေစုကိုခွဲဝေမယူခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“သူငယ်ချင်းပြောစကားအရ ဆိုရင်တော့ အချင်းဖြစ်မြေနဲ့ အိမ်မှာ ဖခင်နဲ့ ဆက်လက်နေတဲ့ သဘောရှိလို့ မိခင်ကွယ်လွန်ချိန်မှာ အမွေခွဲဝေ ခဲ့ခြင်းမရှိလို့ ယူဆရပါတယ်”

“ဒါဆိုရင် မိထွေးထံက အမွေရခွင့်ရှိတဲ့ သဘောပေါ့”

“မှန်ပါတယ်။ မိရင်းဖရင်း နောက်အိမ်ထောင်ပြုစဉ် သားသမီးများက အမွေတောင်းခံခြင်းမရှိခဲ့လျှင် ကျန်ရစ်သူ မိရင်းဖရင်း ကွယ်လွန်သည့်အခါ မိထွေးပထွေးတို့နှင့် အမွေခွဲယူခွင့်ရှိမှာဖြစ်ကြောင်း၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေမှာ ပြဆိုထားပါတယ်”

“အခုကိစ္စမှာ မိထွေးဖြစ်သူနဲ့လည်း အမွေမခွဲဝေရသေးချိန်မှာ မိထွေးဖြစ်သူက ကွယ်လွန်သွားတယ်ဆိုတော့ ဘယ်လိုဖြစ်နိုင်သလဲ”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွယ်လွန်သူမိထွေးပထွေးတွင် ခင်ပွန်း၊ သားသမီးမြေးမြစ်အစရှိသော တိုက်ရိုက်အဆက်အနွယ်များ ကိတ္တ်ိမသားသမီးနှင့် ထိုသားသမီး၏ မြေးမြစ်များမရှိလျှင် လင်ပါမယားပါ သားသမီးသည် မိထွေးပထွေး၏ အမွေကိုဆက်ခံသည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ မိထွေးဖြစ်သူက အိမ်ထောင်ကြီးလည်းမဟုတ် သားသမီးတစ်ဦးတစ်ယောက် မှမကျန်ခဲ့ဘူးဆိုတော့ လင်ပါသမီးနှစ်ဦးကပဲ ရခွင့်ရှိမှာပေါ့”

“ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မောင်ဒွေးနှင့် ခူးဟောင်းရှိန်၊ ရန်ကုန်တရားစီရင်ထုံး စာမျက်နှာ - ၂၉ အတွဲ(၃) အမှုမှာ လင်နှင့် မယားတို့အကြားရှိ အနှောင်အဖွဲ့မှာ ခိုင်မြဲလှသည်ဖြစ်၍ မိထွေး ပထွေးတွင် သားရင်းသမီးရင်းမရှိလျှင် အမွေဆက်ခံရေးကိစ္စ၌ လင်ပါ မယားပါ သားသမီးသည် မိထွေး ပထွေး၏ သားရင်းသမီးရင်းနှင့် တတန်းတစားတည်းဖြစ်သဖြင့် မိထွေးပထွေး၏ ဆွေမျိုးသားချင်းများကို အမွေမှဖယ်ထုတ်ခွင့်ရှိသည်လို့ ဆုံးဖြတ်ထုံးဖွဲ့ထားပါတယ်။ ဒီအချက်ကိုလည်း ယခုတိုင်လက်ခံကျင့်သုံး လျက်ရှိပါ တယ်”

“ဒါဆိုရင် မောင်အဖြစ် ကန့်ကွက်သူက အမွေမရနိုင်ဘူးပေါ့”

“မှန်ပါတယ်။ အမှုအခင်းဖြစ်နိုင်တဲ့ အခြေအနေရှိရင်တော့ စရန်ငွေပြန်ယူပြီး နောက်ဆုတ်လိုက်ပါ။ ဒါမှမဟုတ် စွန့်စားတဲ့သဘောနဲ့ အချိန်စောင့်ပြီးဝယ်ရင်လည်း ဖြစ်ပါတယ်”ဟု အကြံြုပုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ေနာက္အိမ္ေထာင္ျပဳထားသူပုိင္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္

“ေျမတစ္ကြက္၀ယ္လုိက္တာ ကန္႔ကြက္သူေပၚလာလုိ႔ ဘယ္လုိေဆာင္ရြက္ရမလဲဆုိတာ သိခ်င္လုိ႔ သူငယ္ခ်င္း ဆီ”

“သူငယ္ခ်င္းဆီ အႀကံလာ ေတာင္းတယ္ဆုိပါေတာ့”

ငယ္သူငယ္ခ်င္း ဦးျမင့္ဦး၏ စကားမဆုံးမီ စာေရးသူက စကားဆက္စပ္ ေျပာလုိက္ျခင္းျဖစ္သည္။

“အေၾကာင္းရွိမွ ေရာက္လာတယ္ဆုိၿပီး အျပစ္တင္လည္းခံရေတာ့မွာပဲ။ ရွင္းရွင္းေျပာရရင္ေတာ့ စရန္ေငြေပးကတည္းက လာဖုိ႔ကိစၥ”

“ေအး၊ အမွန္က စရန္ေငြေပးစာခ်ဳပ္က အဓိကက်တယ္ သူငယ္ခ်င္း။ စရန္ေငြေပး ကတိစာခ်ဳပ္မွာ ေရာင္းသူ ၀ယ္သူတုိ႔ လုိက္နာရမယ့္ စည္းကမ္းခ်က္ေတြကို ႏွစ္ဖက္သေဘာတူ လက္မွတ္ခ်ဳပ္ဆုိၾကတာျဖစ္တယ္။ တစ္ဦးတစ္ဖက္က မိမိသေဘာတူထားတဲ့ ၀န္ခံကတိျပဳခ်က္ေတြကို ေဖာက္ဖ်က္မယ္ဆုိရင္ ဘယ္လုိ ေဆာင္ရြက္ေပးရမယ္ဆုိတဲ့ အခ်က္ေတြ ေဖာ္ျပခ်ဳပ္ဆုိၾကရတယ္”

“အိမ္အက်ဳိးေဆာင္တဲ့သူနဲ႔ ခ်ဳပ္ဆုိလုိက္ၾကတာဆုိေတာ့ လြယ္လြယ္ကူကူ အဆင္ေျပတယ္ဆုိၿပီး လုပ္လုိက္တာ သူငယ္ခ်င္း။ သမီးျဖစ္သူမွာလည္း သူ႔႐ုံးက အေရးကိစၥရွိလုိ႔ ေစာေစာလာပါဆုိတာနဲ႔ အျမန္လုပ္ ျဖစ္သြားၾကတာ”

“သတင္းစာထဲမွာ ကန္႔ကြက္ရန္ ရွိ မရွိ ေၾကညာခဲ့တယ္ မဟုတ္လား”

“ဟုတ္ပါတယ္။ အဲဒီေတာ့မွ ကန္႔ကြက္သူက ေပၚလာတာ၊ အက်ဳိး ေဆာင္လုပ္ေပးသူကလည္း ကန္႔ ကြက္သူကုိ မူလကတည္းက မသိခဲ့ ဘူးလုိ႔ ေျပာပါတယ္”

“သတင္းစာထဲပါလာမွ အက်ဳိးအေၾကာင္းဆက္စပ္သိလာတဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္။ ကြယ္လြန္သူ ပုိင္ရွင္မွာ ေမာင္ေတာ္စပ္သူက်န္ခဲ့တယ္ဆုိတာလည္း မသိခဲ့ဘူးလုိ႔ ေျပာတယ္”

“ကဲ - ဟုတ္ၿပီ၊ အခု၀ယ္လုိက္ တယ္ဆုိတဲ့ ေျမကြက္က ဂရန္ေျမ အမ်ဳိးအစားလား။ ဘယ္လုိေျမအမ်ဳိးအစား လဲ”

“ဂရန္ေျမအမ်ဳိးအစားေပါ့။ ေပ ၂၀ x ေပ ၆၀ ေျမကြက္ သူငယ္ခ်င္း။တစ္ထပ္ခြဲတုိက္လည္း ပါတယ္”

“ဒါဆုိရင္ ေျမအမည္ေပါက္ ကုိယ္တုိင္ေရာင္းတာလား၊ ေျမအမည္ေပါက္က သက္ရွိထင္ရွားရွိေသးလား။ တစ္ဆင့္ထပ္၀ယ္မိတာလား”

“ဘယ္လုိေျပာရမလဲ၊ တစ္ဆင့္ထပ္ၿပီး၀ယ္တာေတာ့ မဟုတ္ဘူး။ အမည္ေပါက္ ဖခင္က ကြယ္လြန္သြားၿပီ။ သားသမီးေတြက ေရာင္းတာပါ”

“ဒါဆုိရင္ မိခင္ကလည္း ကြယ္လြန္သြားၿပီေပါ့”

“ဟုတ္ပါတယ္။ မိခင္က ဦးစြာ ကြယ္လြန္တယ္လုိ႔ ေျပာပါတယ္”

“ဖခင္ျဖစ္သူက ေနာက္အိမ္ေထာင္ျပဳထားတာမ်ား ရွိလုိ႔လား”

“ဟုတ္တယ္၊ ဖခင္ျဖစ္သူက ေနာက္အိမ္ေထာင္ျပဳလုိက္တယ္”

“အိမ္ေထာင္ႀကီးခ်င္း လက္ထပ္ၾကတာလား”

“မဟုတ္ဘူး။ ေနာက္ဇနီးက အိမ္ေထာင္မရွိဘူးလုိ႔ ေျပာပါတယ္”

“သားသမီးေတြက ဘယ္ႏွေယာက္က်န္ခဲ့လဲ။ ဒုတိယဇနီးနဲ႔ သားသမီး ထြန္းကားခဲ့ေသးလား”

“ပထမဇနီးနဲ႔က သမီးႏွစ္ေယာက္က်န္ခဲ့တယ္။ ႏွစ္ဦးလုံးက အိမ္ေထာင္ရွိၾကတယ္။ အႀကီးသမီးက ဖခင္နဲ႔ အတူေနတယ္”

“သမီးအႀကီးက အခ်င္းျဖစ္တဲ့ အိမ္မွာ ဖခင္နဲ႔အတူေနတာေပါ့”

“ဟုတ္ပါတယ္။ သမီးအငယ္ကေတာ့ သီးျခားအိမ္ခြဲေနတယ္”

“မိခင္ကြယ္လြန္ခ်ိန္က ဖခင္ထံက အေမြမခြဲခဲ့ဘူးနဲ႔တူတယ္။ ေနာက္ဇနီးကလည္း သမီးႀကီးတုိ႔ မိသားစုန႔ဲ အတူေနတာလား”

“အဲဒါေတာ့ ေသခ်ာမသိဘူး။ ယခုေလာေလာဆယ္မွာေတာ့ သမီးႀကီးျဖစ္သူက ေရာင္းတဲ့ေျမနဲ႔ အိမ္မွာေနတာပဲ သူငယ္ခ်င္း”

“ဖခင္နဲ႔ မိေထြးျဖစ္သူက ဘယ္အခ်ိန္ကာလက ကြယ္လြန္ခဲ့တာလဲ”

“ဖခင္က ကားအက္ဆီးဒင့္နဲ႔ ကြယ္လြန္သြားတယ္လုိ႔ ေျပာပါတယ္”

“ဇနီးျဖစ္သူပါ ကြယ္လြန္သြားတာလား”

“ဇနီးျဖစ္သူကေတာ့ ေနာက္တစ္လခန္႔ၾကာမွ ကြယ္လြန္တယ္လုိ႔ သိရပါတယ္”

“ဖခင္ျဖစ္သူက ေနာက္ဇနီးနဲ႔ ကိတိ္ၱမေမြးစားသားသမီးမ်ားရွိတယ္လုိ႔ ၾကားမိလား”

“ေလာေလာဆယ္ေတာ့၊ ေမြးစားသားသမီးဆုိတာေတာ့ ေပၚမလာဘူး။ ကြယ္လြန္သြားတဲ့ေနာက္ဇနီးရဲ႕ ေမာင္ က ကန္႔ကြက္တာ သူငယ္ခ်င္း”

“ဥပေဒအရ ေျပာရရင္ေတာ့ ကြယ္လြန္သြားတဲ့ ဖခင္၊ မိခင္ရင္းနဲ႔ မိေထြးတုိ႔က ဗုဒၶဘာသာကိုးကြယ္သူေတြပဲ မဟုတ္လား”

“ဟုတ္ပါတယ္။ ကန္႔ကြက္စာထဲမွာေတာ့ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ကြယ္လြန္သူအစ္မျဖစ္သူရဲ႕ ေ၀စုကုိ ေမာင္ျဖစ္သူက ရပုိင္ခြင့္ရွိတယ္လုိ႔ တစ္၀က္ရခြင့္ရွိေၾကာင္း ကန္႔ကြက္ေတာင္းဆုိတာျဖစ္တယ္။ ဒါေၾကာင့္ ဥပေဒအရ ဘယ္လုိျဖစ္ႏုိင္သလဲဆုိတာ သိခ်င္လုိ႔ပါ”

“အားလုံးက ျမန္မာဗုဒၶဘာသာ၀င္ေတြျဖစ္လုိ႔ ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ လုိက္နာေဆာင္ရြက္ၾကရမွာျဖစ္တယ္။ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ မိဘႏွစ္ပါးအနက္ တစ္ဦးဦးေသဆုံးၿပီး က်န္ရစ္ေသာ မိဘ ေနာက္အိမ္ေထာင္ျပဳသည့္အခါ သားသမီးအားလုံးသည္ ထုိမိဘလက္၀ယ္ရွိ အေမြပစၥည္းတစ္၀က္ကုိ စုေပါင္းရခြင့္ရွိသည္လုိ႔ ျပ႒ာန္းထားပါတယ္”

“တကယ္လုိ႔ ဖခင္ေနာက္အိမ္ေထာင္ျပဳစဥ္က သမီးႏွစ္ေယာက္က မိခင္ေ၀စုကိုခြဲေ၀မယူခဲ့ဘူးဆုိရင္ ဘယ္လုိျဖစ္ႏုိင္ပါသလဲ”

“သူငယ္ခ်င္းေျပာစကားအရ ဆုိရင္ေတာ့ အခ်င္းျဖစ္ေျမနဲ႔ အိမ္မွာ ဖခင္နဲ႔ ဆက္လက္ေနတဲ့ သေဘာရွိလုိ႔ မိခင္ကြယ္လြန္ခ်ိန္မွာ အေမြခြဲေ၀ ခဲ့ျခင္းမရွိလုိ႔ ယူဆရပါတယ္”

“ဒါဆုိရင္ မိေထြးထံက အေမြရခြင့္ရွိတဲ့ သေဘာေပါ့”

“မွန္ပါတယ္။ မိရင္းဖရင္း ေနာက္အိမ္ေထာင္ျပဳစဥ္ သားသမီးမ်ားက အေမြေတာင္းခံျခင္းမရွိခဲ့လွ်င္ က်န္ရစ္သူ မိရင္းဖရင္း ကြယ္လြန္သည့္အခါ မိေထြးပေထြးတုိ႔ႏွင့္ အေမြခဲြယူခြင့္ရွိမွာျဖစ္ေၾကာင္း၊ ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒမွာ ျပဆုိထားပါတယ္”

“အခုကိစၥမွာ မိေထြးျဖစ္သူနဲ႔လည္း အေမြမခြဲေ၀ရေသးခ်ိန္မွာ မိေထြးျဖစ္သူက ကြယ္လြန္သြားတယ္ဆုိေတာ့ ဘယ္လုိျဖစ္ႏုိင္သလဲ”

“ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ကြယ္လြန္သူမိေထြးပေထြးတြင္ ခင္ပြန္း၊ သားသမီးေျမးျမစ္အစရွိေသာ တုိက္႐ုိက္အဆက္အႏြယ္မ်ား ကိတိ္ၱမသားသမီးႏွင့္ ထုိသားသမီး၏ ေျမးျမစ္မ်ားမရွိလွ်င္ လင္ပါမယားပါ သားသမီးသည္ မိေထြးပေထြး၏ အေမြကုိဆက္ခံသည္လုိ႔ ျပ႒ာန္းထားပါတယ္”

“ဒါဆုိရင္ အခုကိစၥမွာ မိေထြးျဖစ္သူက အိမ္ေထာင္ႀကီးလည္းမဟုတ္ သားသမီးတစ္ဦးတစ္ေယာက္ မွမက်န္ခဲ့ဘူးဆုိေတာ့ လင္ပါသမီးႏွစ္ဦးကပဲ ရခြင့္ရွိမွာေပါ့”

“ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေမာင္ေဒြးႏွင့္ ခူးေဟာင္းရွိန္၊ ရႏ္ကုန္တရားစီရင္ထုံး စာမ်က္ႏွာ - ၂၉ အတြဲ(၃) အမႈမွာ လင္ႏွင့္ မယားတုိ႔အၾကားရွိ အေႏွာင္အဖြဲ႕မွာ ခုိင္ၿမဲလွသည္ျဖစ္၍ မိေထြး ပေထြးတြင္ သားရင္းသမီးရင္းမရွိလွ်င္ အေမြဆက္ခံေရးကိစၥ၌ လင္ပါ မယားပါ သားသမီးသည္ မိေထြး ပေထြး၏ သားရင္းသမီးရင္းႏွင့္ တတန္းတစားတည္းျဖစ္သျဖင့္ မိေထြးပေထြး၏ ေဆြမ်ဳိးသားခ်င္းမ်ားကုိ အေမြမွဖယ္ထုတ္ခြင့္ရွိသည္လုိ႔ ဆုံးျဖတ္ထုံးဖြဲ႕ထားပါတယ္။ ဒီအခ်က္ကုိလည္း ယခုတုိင္လက္ခံက်င့္သုံး လ်က္ရွိပါ တယ္”

“ဒါဆုိရင္ ေမာင္အျဖစ္ ကန္႔ကြက္သူက အေမြမရႏုိင္ဘူးေပါ့”

“မွန္ပါတယ္။ အမႈအခင္းျဖစ္ႏုိင္တဲ့ အေျခအေနရွိရင္ေတာ့ စရန္ေငြျပန္ယူၿပီး ေနာက္ဆုတ္လုိက္ပါ။ ဒါမွမဟုတ္ စြန္႔စားတဲ့သေဘာနဲ႔ အခ်ိန္ေစာင့္ၿပီး၀ယ္ရင္လည္း ျဖစ္ပါတယ္”ဟု အႀကံျုပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service