အိမ်ခန်းပိုင်ဆိုင်မှုတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုစာရင်းတို့၏ ခြားနားချက်

အိမ်ခန်းပိုင်ဆိုင်မှုတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုစာရင်းတို့၏ ခြားနားချက် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2020 2:52 pm တွင် တင်ခဲ့သည်
514 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးတင်ဝင်းလှိုင်သည် အရေးတကြီး ဖုန်းဆက်လာသောကြောင့် ကျွန်တော်၏ နေ့ခင်းတာဝန်ဖြစ်သော မြို့ထဲရှိ ရုံးခန်းသို့ အသွားတွင်ပင် သူ၏ချိန်းဆိုရာဖြစ်သည့် ဝန်းတန်းလမ်း ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်ကို ရောက်သွားပါသည် ။

ထိုသို့ အရောက်မှာပင် ကြိုတင်စောင့်နေကာ စားဖွယ်ရာများကို အဆင်သင့်မှာကြားထားသောကြောင့် အားနာနေမိသော်လည်း ဦးတင်ဝင်းလှိုင်က “ သူငယ်ချင်းရေ မင်းနဲ့တွေ့ဆုံဖို့ကလည်း အတော်အချိန်ယူရပါလာကွား ။လာပေးလို့ လည်း ကျေးဇူးတင်ပါတယ် ။ဘရိတ်ဖတ်(စ)အတွက် ကိုယ်ကပဲ ဧည့်ခံပါရစေကွာ ” ဟု ဧည့်ဝတ်ပြုသဖြင့် ကျွန်တော်က “ အေးပါ သူငယ်ချင်း ။မင်းရဲ့ ဒါနမြောက်သွားအောင်လည်း စားသုံးပေးရမှာပေါ့ ။ ပြီးတော့ မင်းရဲ့ ပြဿနာလေးကို ပြောပြပါဦး ” ဟု ဆိုသဖြင့် သူက “ ဒီလိုပါကွာ။ ကိုယ်ကလည်း မင်းသိတဲ့အတိုင်း အရာရှိဝန်ထမ်းတစ်ဦးမို့ နေပြည်တော်မှာ တိုက်ခန်းနေထိုင်ခွင့် ရထားပါတယ် ။အဲဒါ အိမ်ထောင်စုစာရင်းမှာ ကိုယ့်အစ်ကို လူပျိုကြီးကိုလည်း အတူနေကြတဲ့အတွက် စာရင်းထည့်ထားပါတယ် ။ဒါပေမဲ့ ပိုင်ဆိုင်မှုအတွက် ကိစ္စတစ်ရပ် ပေါ်လာတဲ့အတွက် အစ်ကိုကြီးက ပြဿနာမဟုတ်ပေမယ့် သူနဲ့ ရည်ငံပြီး အိမ်ထောင်ပြုတော့မယ် အမျိုးသမီးက အိမ်ထောင်စုစာရင်းကိုသက်သေထူးပြီး အစ်ကိုကြီးလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေပါတယ် ။ သူမတို့ အိမ်ထောင်ပြုကြပြီးရင်အဲဒီအိမ်ခန်းမှာပဲ အတူနေထိုင်ကြဖို့ စီစဉ်ထားကြောင်း ဖွင့်ဟလာလို့ပါ ။အဲဒါကို ဘယ်လိုရှင်းရမလဲဆိုတာ သူငယ်ချင်းက ရှေ့နေဆိုတော့ အကြံညဏ်ပေးပါဦးကွာ ” ဟု အားကိုးသံဖြင့် ပြောလာပါသည် ။

ထို့အခါ ကျွန်တော်က “ ဟုတ်ပြီးသူငယ်ချင်း ။ကိုယ်သဘောပေါက်သွားပါပြီ ။ ဒါကလည်း ဖြစ်တတ်တဲ့သဘောပဲမို့လာကွာ ။ကိုယ်လေ့လာထားသလောက် ပြောပြပါ့မယ် ။မင်းကတစ်ဆင့် သူတို့စုံတွဲကို ပြောပြလိုက်ပါ ။လိုအပ်ရင် ကိုယ်ကိုယ်တိုင် ရှင်းပြပေးရမှာပေါ့ ”

“ဦးမျိုးမြင့် (၎င်း၏ကိုယ်စားလှယ်စာရသူ ဒေါ်ဖြူဖြူအေး )နှင့် ဒေါ်အေးတင့် ၊ ၂၀၀ ပြည့်နှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၂၆ ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၃၀၃ မှာ အခွင့်အမိန့်အရ နေထိုင်သူအား နှင်လိုမှု အိုးအိမ်ဦးစီးဌာနပိုင် အိမ်ခန်း၌ ခွင့်ပြုချက်ဖြင့်ထားကြောင်း ပေါ်ပေါက်သည့်အမှုတွင် အိမ်ထောင်စုဝင်အဖြစ် ဖော်ပြထားသူသည် ခွင့်ပြုချက်အရ နေထိုင်သူ ဟုတ်မဟုတ် နှင့် အိမ်ထောင်စုစာရင်းတွင်ပါသူသည် မိသာစုဟုတ်မဟုတ်အတွက် ၊ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့၏ ခြားနားချက်ကို ညွှန်းဆို၍ ဆုံးဖြတ်ထားတဲ့စီရင်ထုံး ဖြစ်ပါတယ် ”

“ စီရင်ထုံးရဲ့ ဆုံးဖြတ်ချက်မှာ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့မှာ ကွဲပြားခြားနားတယ် ။အိမ်ထောင်စုစာရင်းဆိုသည်မှာ ယင်းအိမ်ထောင်တွင် နေထိုင်ကြသူတို့၏စာရင်း ဖြစ်တယ်။ အိမ်ထောင်စုစာရင်းတွင် ပါဝင်ရုံမျှဖြင့် ၊ ထိုသူတို့သည် မိသာစုဝင်ဖြစ်သည်ဟု တစ်ထစ်ချ မဆိုနိုင်ပေ ။ မိသာစုဝင် မဟုတ်သူတို့သည်လည်း တစ်အိမ်ထောင်တည်းတွင် အတူနေထိုင်လေ့ရှိကြသည် ။”

“ စုပေါင်းအိမ်ရာ နေထိုင်ရေး စည်ကမ်းများတွင် အဓိပ္ပာယ်သတ်မှတ်ချက်အရ မိသာစုဝင်ဆိုသည်မှာ အိမ်ရာချထားခြင်းခံရသူ၏ တရားဝင်ဇနီး ၊ ခင်ပွန်းနှင့် သား ၊ သမီးများ (တရားဝင်မွေစားခြင်းအပါအဝင် )ကို ဆိုလိုတယ် ”

“ အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း တရားရုံး (မြောက်ပိုင်းခရိုင်) ၁၉၉၂ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၄၉ တွင် အယူခံတရားလိုဦးမျိုးမြင့်က အယူခံတရားပြိုင် ဒေါ်အေးတင့်အပေါ် အခွင့်အမိန့်အရ နေထိုင်သူအား နှင်ထုတ်ပေးစေလိုမှု စွဲဆိုရာ တိုင်းတရားရုံးက အယူခံတရားလိုစွဲဆိုသည့်အတိုင်း ဒီကရီချမှတ်တယ် ”

“ တိုင်းတရားရုံရဲ့ စီရင်ချက်နဲ့ ဒီကရီကို မကျေနပ်၍ ဒေါ်အေးတင့်က တရားရုံးချုပ်သို့ ၁၉၉၈ ခုနှစ် ၊ တရားမပထမအယူခံမှုအမှတ် ၂၃၃ တွင် တင်သွင်းသောအခါ တရားရုံးချုပ်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး ဦးမျိုးမြင့်စွဲဆိုသောအမှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲတယ် ”

“ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ဦးမျိုးမြင့်က တရားစီရင်ရေးဥပဒေ ပုဒ်မ ၆ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် လျှောက်ထားတဲ့အတွက် အထူးအယူခံခုံရုံးဖြင့် အထူးအယူခံဝက်ခွင့်ပြုခဲ့ခြင်း ဖြစ်တယ် ”

“ အမှု၏အကြောင်းအရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာနမှ စုပေါင်းအိမ်ရာစီမံကိန်းအရဆောက်လုပ်သည့် ရန်ကုန်မြို့ ၊ သုဝဏ္ဏစခန်း ၊ ခွန်နီလမ်းသွယ် (၂) လမ်း ၊ တိုက်အမှတ် ၉၈ ကို ဦးမျိုးမြင့်အား နေထိုင်ခွင့်ပြုရာတွင် လိုက်နာရမည့် စုပေါင်းအိမ်ရာနေထိုင်ရေး စည်ကမ်းများတွင် အိမ်ထောင်စုစာရင်ပါရှိပါတယ် ။အဆိုပါ စာရင်းတွင် ဦးမျိုးမြင့်သည် အိမ်ထောင်ဦးစီးဖြစ်ပြီး ဒေါက်တာမြတ်ဦးအား အိမ်ထောင်ဦးစီး၏ အစ်ကိုအဖြစ် ဖော်ပြထားတယ် ”

“ တရားရုံးချုပ်က အဆိုပါ အိမ်ထောင်စုစာရင်းတွင် ဒေါက်တာမြတ်ဦးအမည်ပါရှိသည့်အတွက် ဒေါက်တာမြတ်ဦးသည် အချင်းဖြစ်အိမ်တွင် မိသာစုဝင်အဖြစ် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်းကောက်ယူခဲ့ခြင်း ဖြစ်ခဲ့ပါတယ် ”

“ အဆိုပါ စာရင်းသည် အိမ်ထောင်စုစာရင်းသာဖြစ်ပြီး မိသာစုစာရင်းဝင်မဟုတ်ချေ ။ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့မှာ ကွဲပြားခြားနားပါတယ် ။အိမ်ထောင်စုစာရင်းဆိုသည်မှာ ယင်းအိမ်ထောင်တွင် နေထိုင်ကြသူတို့၏ အရင်ဖြစ်တယ် ။အိမ်ထောင်စုစာရင်းတွင် ပါဝင်ရုံမျှဖြင့် ထိုသူတို့သည် မိသာစုဝင် ဖြစ်သည်ဟု တစ်ထစ်ချ မဆိုနိုင်ပေ ။မိသားစုဝင် သားသမီးများသာ မိသာစုဝင်ဖြစ်ပြီး ယင်းတို့မှလွဲ၍ အခြားသူတို့သည် မိသားစုဝင်များ မဟုတ်ကြောင်း ထင်ရှားပါတယ် ”

“ သည့်အတွက် ဒေါက်တာမြတ်ဦးသည် အိမ်ထောင်စုစာရင်းတွင် ပါဝင်သော်လည်း ဦးမျိုးမြင့်၏အစ်ကိုသာဖြစ်သဖြင့် မိသာစုဝင်မဟုတ်ကြောင်း အငြင်းပွားဖွယ် မရှိပါ ”

“ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာနက အချင်းဖြစ်နေအိမ်ကို ဦးမျိုးမြင့်ကိုသာ နေရာချထားပေးခြင်းဖြစ်တယ်။အိမ်ထောင်စုစာရင်တွင် ပါဝင်သူများအားနေရာချထားပေးခြင်း မဟုတ်ပါ ။ သို့ဖြစ်ရာ ဒေါက်တာမြတ်ဦးသည် အချင်းဖြစ်နေအိမ်တွင် မိသားစုဝင်အဖြစ် နေထိုင်ခြင်းမဟုတ်ကြောင်း ထင်ရှားပါတယ် ”

“ ဦးအုန်းမောင်နှင့် ဒေါ်သန်းညွန့်အမှု ၊ ၁၉၉၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ- ၁၃၄၅ (၁၃၄၈) တွင် အခွင့်အမိန့်ရနေသူနှင့် အိမ်ထောင်ကျပြီးနောက်မေတ္တာရှိ နေခွင့်ပေးထားသောဥပစာကို ရောက်လာသူလည်း အခွင့်အမိန့်အရ နေထိုင်သူတစ်ဦးသား ဖြစ်တယ် ။ခွင့်ပြုချက်ရပ်စဲလျှင် ၎င်းသည် ဆက်လက်နေထိုင်ခွင့် မရှိတော့ပေဟု ထုံးဖွဲ့ထားပါတယ် ”

“ တရားပြိုင် ဒေါ်အေးတင့်သည် ဒေါက်တာမြတ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ဒေါက်တာမြတ်ဦးအား ခွင့်ပြုချက်ဖြင့်ထားသော ဥပစာသို့ ရောက်လာသူဖြစ်ရာ ဦးမျိုးမြင့်က ခွင့်ပြုချက်ကို ရပ်စဲလိုက်သည့်အခါ အချင်းဖြစ် ဥပစာတွင် ဆက်လက်နေထိုင်ခွင့်ရှိမည် မဟုတ်ပါ ”

“ ထို့ကြောင့် အိုးအိမ်ဦးစီးဌာနပိုင် အိမ်ခန်း၌ ခွင့်ပြုချက်ဖြင့်ထားကြောင်း ပေါ်ပေါက်သည့်အမှုတွင် အိမ်ထောင်စုဝင်အဖြစ် ဖော်ပြရုံမျှဖြင့် နှင်ထုတ်ခွင့်မရှိဟု တရားရုံးချုပ်က ဆုံးဖြတ်ချက်မှာ မျှတမှန်ကန်ခြင်း မရှိကြောင်း ဖြေဆိုလိုက်ပြီး ၊ ဤအထူးအယူခံမှုကို ခွင့်ပြုကာ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ တိုင်းတရားရုံး၏စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ”

“ အဲဒါကိုသာ ကြည့်ပေတော့ သူငယ်ချင်းရေ ၊ မင်းရဲ့အစ်ကိုနဲ့ သူရဲ့ ဇနီးလောင်းတို့ဟာ အိမ်ထောင်စုစာရင်းဝင်သာဖြစ်ပြီး မိသာစုဝင်စာရင်းထဲမှာ မပါတဲ့အတွက် ပိုင်ဆိုင်မှုမှာလည်း အခွင့်အမိန့်အရ နေထိုင်သူများသာဖြစ်၍ ခွင့်ပြုချက် ရပ်စဲခဲ့ရင် အချိန်မရွေး ဆက်လက်နေထိုင်နိုင်မှာ မဟုတ်တော့ဘူးလို့သာပြောလိုက်ပါ ” ဟု ကျွန်တော်က အကြံညဏ်ပေးလိုက်ပါတော့သည် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (ဥပဒေ)

 

[Zawgyi]

အိမ္ခန္းပိုင္ဆိုင္မႈတြင္ အိမ္ေထာင္စုစာရင္းနွင့္ မိသားစုစာရင္းတို႕၏ ျခားနားခ်က္

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ဦးတင္ဝင္းလိႈင္သည္ အေရးတၾကီး ဖုန္းဆက္လာေသာေၾကာင့္ ကၽြန္ေတာ္၏ ေန႕ခင္းတာဝန္ျဖစ္ေသာ ျမိဳ႕ထဲရွိ ရုံးခန္းသို႕ အသြားတြင္ပင္ သူ၏ခ်ိန္းဆိုရာျဖစ္သည့္ ဝန္းတန္းလမ္း ၊ စိတ္တိုင္းက်လက္ဖက္ရည္ဆိုင္ကို ေရာက္သြားပါသည္။

ထိုသို႕ အေရာက္မွာပင္ ၾကိဳတင္ေစာင့္ေနကာ စားဖြယ္ရာမ်ားကို အဆင္သင့္မွာၾကားထားေသာေၾကာင့္ အားနာေနမိေသာ္လည္း ဦးတင္ဝင္းလိႈင္က “ သူငယ္ခ်င္းေရ မင္းနဲ႕ေတြ႕ဆံုဖို႕ကလည္း အေတာ္အခ်ိန္ယူရပါလာကြား ။လာေပးလို႕ လည္း ေက်းဇူးတင္ပါတယ္ ။ဘရိတ္ဖတ္(စ)အတြက္ ကိုယ္ကပဲ ဧည့္ခံပါရေစကြာ ” ဟု ဧည့္ဝတ္ျပဳသျဖင့္ ကၽြန္ေတာ္က “ ေအးပါ သူငယ္ခ်င္း ။မင္းရဲ႕ ဒါနေျမာက္သြားေအာင္လည္း စားသံုးေပးရမွာေပါ့ ။ ျပီးေတာ့ မင္းရဲ႕ ျပႆနာေလးကို ေျပာျပပါဦး ” ဟု ဆိုသျဖင့္ သူက “ ဒီလုိပါကြာ။ ကိုယ္ကလည္း မင္းသိတဲ့အတိုင္း အရာရွိဝန္ထမ္းတစ္ဦးမို႕ ေနျပည္ေတာ္မွာ တိုက္ခန္းေနထိုင္ခြင့္ ရထားပါတယ္ ။အဲဒါ အိမ္ေထာင္စုစာရင္းမွာ ကိုယ့္အစ္ကို လူပ်ိဳၾကီးကိုလည္း အတူေနၾကတဲ့အတြက္ စာရင္းထည့္ထားပါတယ္ ။ဒါေပမဲ့ ပိုင္ဆိုင္မႈအတြက္ ကိစၥတစ္ရပ္ ေပၚလာတဲ့အတြက္ အစ္ကိုၾကီးက ျပႆနာမဟုတ္ေပမယ့္ သူနဲ႕ ရည္ငံျပီး အိမ္ေထာင္ျပဳေတာ့မယ္ အမ်ိဳးသမီးက အိမ္ေထာင္စုစာရင္းကိုသက္ေသထူးျပီး အစ္ကိုၾကီးလည္း ပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနပါတယ္ ။ သူမတို႕ အိမ္ေထာင္ျပဳၾကျပီးရင္အဲဒီအိမ္ခန္းမွာပဲ အတူေနထိုင္ၾကဖို႕ စီစဥ္ထားေၾကာင္း ဖြင့္ဟလာလို႕ပါ ။အဲဒါကုိ ဘယ္လိုရွင္းရမလဲဆိုတာ သူငယ္ခ်င္းက ေရွ႕ေနဆိုေတာ့ အၾကံညဏ္ေပးပါဦးကြာ ” ဟု အားကိုးသံျဖင့္ ေျပာလာပါသည္ ။

ထို႕အခါ ကၽြန္ေတာ္က “ ဟုတ္ျပီးသူငယ္ခ်င္း ။ကိုယ္သေဘာေပါက္သြားပါျပီ ။ ဒါကလည္း ျဖစ္တတ္တဲ့သေဘာပဲမို႕လာကြာ ။ကိုယ္ေလ့လာထားသေလာက္ ေျပာျပပါ့မယ္ ။မင္းကတစ္ဆင့္ သူတို႕စံုတြဲကို ေျပာျပလိုက္ပါ ။လိုအပ္ရင္ ကိုယ္ကိုယ္တိုင္ ရွင္းျပေပးရမွာေပါ့ ”

“ဦးမ်ိဳးျမင့္ (၄င္း၏ကိုယ္စားလွယ္စာရသူ ေဒၚျဖဴျဖဴေအး )နွင့္ ေဒၚေအးတင့္ ၊ ၂၀၀ ျပည့္နွစ္ ၊ တရားမအထူးအယူခံမႈ အမွတ္ ၂၆ ၊ ၂၀၀၁ ခုနွစ္ ၊ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာ-၃၀၃ မွာ အခြင့္အမိန္႕အရ ေနထိုင္သူအား နွင္လိုမႈ အိုးအိမ္ဦးစီးဌာနပိုင္ အိမ္ခန္း၌ ခြင့္ျပဳခ်က္ျဖင့္ထားေၾကာင္း ေပၚေပါက္သည့္အမႈတြင္ အိမ္ေထာင္စုဝင္အျဖစ္ ေဖာ္ျပထားသူသည္ ခြင့္ျပဳခ်က္အရ ေနထိုင္သူ ဟုတ္မဟုတ္ နွင့္ အိမ္ေထာင္စုစာရင္းတြင္ပါသူသည္ မိသာစုဟုတ္မဟုတ္အတြက္ ၊ အိမ္ေထာင္စုစာရင္းနွင့္ မိသာစုဝင္စာရင္းတို႕၏ ျခားနားခ်က္ကို ညႊန္းဆို၍ ဆံုးျဖတ္ထားတဲ့စီရင္ထံုး ျဖစ္ပါတယ္ ”

“ စီရင္ထံုးရဲ႕ ဆံုးျဖတ္ခ်က္မွာ အိမ္ေထာင္စုစာရင္းနွင့္ မိသာစုဝင္စာရင္းတုိ႕မွာ ကြဲျပားျခားနားတယ္ ။အိမ္ေထာင္စုစာရင္းဆိုသည္မွာ ယင္းအိမ္ေထာင္တြင္ ေနထိုင္ၾကသူတို႕၏စာရင္း ျဖစ္တယ္။ အိမ္ေထာင္စုစာရင္းတြင္ ပါဝင္ရုံမွ်ျဖင့္ ၊ ထိုသူတို႕သည္ မိသာစုဝင္ျဖစ္သည္ဟု တစ္ထစ္ခ် မဆိုႏိုင္ေပ ။ မိသာစုဝင္ မဟုတ္သူတို႕သည္လည္း တစ္အိမ္ေထာင္တည္းတြင္ အတူေနထိုင္ေလ့ရွိၾကသည္ ။”

“ စုေပါင္းအိမ္ရာ ေနထိုင္ေရး စည္ကမ္းမ်ားတြင္ အဓိပၸာယ္သတ္မွတ္ခ်က္အရ မိသာစုဝင္ဆိုသည္မွာ အိမ္ရာခ်ထားျခင္းခံရသူ၏ တရားဝင္ဇနီး ၊ ခင္ပြန္းနွင့္ သား ၊ သမီးမ်ား (တရားဝင္ေမြစားျခင္းအပါအဝင္ )ကို ဆိုလိုတယ္ ”

“ အမႈျဖစ္စဥ္မွာ ရန္ကုန္တိုင္း တရားရုံး (ေျမာက္ပိုင္းခရုိင္) ၁၉၉၂ ခုနွစ္ ၊ တရားမၾကီးမႈအမွတ္ ၄၉ တြင္ အယူခံတရားလိုဦးမ်ိဳးျမင့္က အယူခံတရားျပိဳင္ ေဒၚေအးတင့္အေပၚ အခြင့္အမိန္႕အရ ေနထိုင္သူအား နွင္ထုတ္ေပးေစလိုမႈ စြဲဆိုရာ တိုင္းတရားရုံးက အယူခံတရားလိုစြဲဆိုသည့္အတိုင္း ဒီကရီခ်မွတ္တယ္ ”

“ တုိင္းတရားရုံရဲ႕ စီရင္ခ်က္နဲ႕ ဒီကရီကုိ မေက်နပ္၍ ေဒၚေအးတင့္က တရားရုံးခ်ဳပ္သို႕ ၁၉၉၈ ခုနွစ္ ၊ တရားမပထမအယူခံမႈအမွတ္ ၂၃၃ တြင္ တင္သြင္းေသာအခါ တရားရုံးခ်ဳပ္က တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို ပယ္ဖ်က္ျပီး ဦးမ်ိဳးျမင့္စြဲဆိုေသာအမႈကို ပလပ္ေၾကာင္း အမိန္႕ခ်မွတ္ခဲတယ္ ”

“ တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီကို ဦးမ်ိဳးျမင့္က တရားစီရင္ေရးဥပေဒ ပုဒ္မ ၆ အရ ျပန္လည္စစ္ေဆးစီရင္ေပးရန္ ေလွ်ာက္ထားတဲ့အတြက္ အထူးအယူခံခံုရုံးျဖင့္ အထူးအယူခံဝက္ခြင့္ျပဳခဲ့ျခင္း ျဖစ္တယ္ ”

“ အမႈ၏အေၾကာင္းအရာမွာ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ၊ အိုးအိမ္ဦးစီးဌာနမွ စုေပါင္းအိမ္ရာစီမံကိန္းအရေဆာက္လုပ္သည့္ ရန္ကုန္ျမိဳ႕ ၊ သုဝဏၰစခန္း ၊ ခြန္နီလမ္းသြယ္ (၂) လမ္း ၊ တိုက္အမွတ္ ၉၈ ကို ဦးမ်ိဳးျမင့္အား ေနထိုင္ခြင့္ျပဳရာတြင္ လိုက္နာရမည့္ စုေပါင္းအိမ္ရာေနထိုင္ေရး စည္ကမ္းမ်ားတြင္ အိမ္ေထာင္စုစာရင္ပါရွိပါတယ္ ။အဆိုပါ စာရင္းတြင္ ဦးမ်ိဳးျမင့္သည္ အိမ္ေထာင္ဦးစီးျဖစ္ျပီး ေဒါက္တာျမတ္ဦးအား အိမ္ေထာင္ဦးစီး၏ အစ္ကိုအျဖစ္ ေဖာ္ျပထားတယ္ ”

“ တရားရုံးခ်ဳပ္က အဆိုပါ အိမ္ေထာင္စုစာရင္းတြင္ ေဒါက္တာျမတ္ဦးအမည္ပါရွိသည့္အတြက္ ေဒါက္တာျမတ္ဦးသည္ အခ်င္းျဖစ္အိမ္တြင္ မိသာစုဝင္အျဖစ္ ေနထိုင္ခဲ့ျခင္း ျဖစ္ေၾကာင္းေကာက္ယူခ့ဲျခင္း ျဖစ္ခဲ့ပါတယ္ ”

“ အဆိုပါ စာရင္းသည္ အိမ္ေထာင္စုစာရင္းသာျဖစ္ျပီး မိသာစုစာရင္းဝင္မဟုတ္ေခ် ။ အိမ္ေထာင္စုစာရင္းနွင့္ မိသာစုဝင္စာရင္းတို႕မွာ ကြဲျပားျခားနားပါတယ္ ။အိမ္ေထာင္စုစာရင္းဆိုသည္မွာ ယင္းအိမ္ေထာင္တြင္ ေနထိုင္ၾကသူတို႕၏ အရင္ျဖစ္တယ္ ။အိမ္ေထာင္စုစာရင္းတြင္ ပါဝင္ရုံမွ်ျဖင့္ ထိုသူတို႕သည္ မိသာစုဝင္ ျဖစ္သည္ဟု တစ္ထစ္ခ် မဆိုႏိုင္ေပ ။မိသားစုဝင္ သားသမီးမ်ားသာ မိသာစုဝင္ျဖစ္ျပီး ယင္းတို႕မွလြဲ၍ အျခားသူတို႕သည္ မိသားစုဝင္မ်ား မဟုတ္ေၾကာင္း ထင္ရွားပါတယ္ ”

“ သည့္အတြက္ ေဒါက္တာျမတ္ဦးသည္ အိမ္ေထာင္စုစာရင္းတြင္ ပါဝင္ေသာ္လည္း ဦးမ်ိဳးျမင့္၏အစ္ကိုသာျဖစ္သျဖင့္ မိသာစုဝင္မဟုတ္ေၾကာင္း အျငင္းပြားဖြယ္ မရွိပါ ”

“ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ၊ အိုးအိမ္ဦးစီးဌာနက အခ်င္းျဖစ္ေနအိမ္ကို ဦးမ်ိဳးျမင့္ကိုသာ ေနရာခ်ထားေပးျခင္းျဖစ္တယ္။အိမ္ေထာင္စုစာရင္တြင္ ပါဝင္သူမ်ားအားေနရာခ်ထားေပးျခင္း မဟုတ္ပါ ။ သို႕ျဖစ္ရာ ေဒါက္တာျမတ္ဦးသည္ အခ်င္းျဖစ္ေနအိမ္တြင္ မိသားစုဝင္အျဖစ္ ေနထိုင္ျခင္းမဟုတ္ေၾကာင္း ထင္ရွားပါတယ္ ”

“ ဦးအုန္းေမာင္နွင့္ ေဒၚသန္းညြန္႕အမႈ ၊ ၁၉၉၆ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး စာ- ၁၃၄၅ (၁၃၄၈) တြင္ အခြင့္အမိန္႕ရေနသူနွင့္ အိမ္ေထာင္က်ျပီးေနာက္ေမတၱာရွိ ေနခြင့္ေပးထားေသာဥပစာကို ေရာက္လာသူလည္း အခြင့္အမိန္႕အရ ေနထိုင္သူတစ္ဦးသား ျဖစ္တယ္ ။ခြင့္ျပဳခ်က္ရပ္စဲလွ်င္ ၄င္းသည္ ဆက္လက္ေနထိုင္ခြင့္ မရွိေတာ့ေပဟု ထံုးဖြဲ႕ထားပါတယ္ ”

“ တရားျပိဳင္ ေဒၚေအးတင့္သည္ ေဒါက္တာျမတ္ဦးနွင့္ အိမ္ေထာင္က်ျပီးေနာက္ ေဒါက္တာျမတ္ဦးအား ခြင့္ျပဳခ်က္ျဖင့္ထားေသာ ဥပစာသို႕ ေရာက္လာသူျဖစ္ရာ ဦးမ်ိဳးျမင့္က ခြင့္ျပဳခ်က္ကို ရပ္စဲလိုက္သည့္အခါ အခ်င္းျဖစ္ ဥပစာတြင္ ဆက္လက္ေနထိုင္ခြင့္ရွိမည္ မဟုတ္ပါ ”

“ ထို႕ေၾကာင့္ အိုးအိမ္ဦးစီးဌာနပိုင္ အိမ္ခန္း၌ ခြင့္ျပဳခ်က္ျဖင့္ထားေၾကာင္း ေပၚေပါက္သည့္အမႈတြင္ အိမ္ေထာင္စုဝင္အျဖစ္ ေဖာ္ျပရုံမွ်ျဖင့္ နွင္ထုတ္ခြင့္မရွိဟု တရားရုံးခ်ဳပ္က ဆံုးျဖတ္ခ်က္မွာ မွ်တမွန္ကန္ျခင္း မရွိေၾကာင္း ေျဖဆိုလိုက္ျပီး ၊ ဤအထူးအယူခံမႈကို ခြင့္ျပဳကာ တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီကို ပယ္ဖ်က္၍ တိုင္းတရားရုံး၏စီရင္ခ်က္နွင့္ ဒီကရီကို ျပန္လည္အတည္ျပဳေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္ ”

“ အဲဒါကိုသာ ၾကည့္ေပေတာ့ သူငယ္ခ်င္းေရ ၊ မင္းရဲ႕အစ္ကိုနဲ႔ သူရဲ႕ ဇနီးေလာင္းတို႕ဟာ အိမ္ေထာင္စုစာရင္းဝင္သာျဖစ္ျပီး မိသာစုဝင္စာရင္းထဲမွာ မပါတဲ့အတြက္ ပိုင္ဆိုင္မႈမွာလည္း အခြင့္အမိန္႕အရ ေနထိုင္သူမ်ားသာျဖစ္၍ ခြင့္ျပဳခ်က္ ရပ္စဲခဲ့ရင္ အခ်ိန္မေရြး ဆက္လက္ေနထိုင္ႏိုင္မွာ မဟုတ္ေတာ့ဘူးလို႕သာေျပာလိုက္ပါ ” ဟု ကၽြန္ေတာ္က အၾကံညဏ္ေပးလိုက္ပါေတာ့သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (ဥပေဒ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service