အေးချမ်းသာယာ ပျော်ရွှင်စွာနေလိုသူတို့အတွက် ကွန်ဒို
အေးချမ်းသာယာ ပျော်ရွှင်စွာနေလိုသူတို့အတွက် ကွန်ဒို - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2020 1:08 pm တွင် တင်ခဲ့သည်
2429 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကွန်ဒို (Condo) တိုက်ခန်းများမှာ တစ်ခြမ်းပေး တစ်ခြမ်းယူ ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ် နေကြသည့် ရိုးရိုးတိုက်ခန်းများနှင့် မတူဘဲ တစ်မူထူးခြားပါသည်။ ယနေ့ခေတ်တွင် ရန်ကုန်မြို့တွင်း၌ တိုက်ဆောက်လျှင် အထပ်မြင့်ကွန်ဒို ဆောက်ကြသည်ကို တွေ့ရသည်။
ကွန်ဒို တိုက် ဟု ဆိုလိုက်သည်နှင့် ဓာတ်လှေကား မပါမဖြစ်ပါ။ အထပ်မြင့်လေဓာတ်လှေကားပါဖို့ လိုအပ်လေ ဖြစ်ပါသည်။ ကွန်ဒိုတိုက်ဆောက်လုပ်ပြီဆိုကတည်းက ကုန်ကျစရိတ်များပြားသည်ကို တွေ့ရသည်။ ကွန်ဒိုတိုက်ဆိုလျှင် ဖွဲ့စည်းပုံပါ ပြောင်းလဲသွားသည်ကို တွေ့ရသည်။
ကွန်ဒိုတိုက်တွင် နေထိုင်သူများသည် အသိုက်အမြုံတစ်ခုအတွင်း စုပေါင်းအတူနေထိုင်သူများပင် ဖြစ်သည်။ ကွန်ဒိုတိုက်ခန်း ဝယ်ယူနေထိုင်ပြီဆိုလျှင် လိုက်နာကျင့်သုံးရ မည့်အချက်များရှိသကဲ့သို့ မိမိဝယ်ယူသည့် တိုက်ခန်း၏အကျိုး ခံစားခွင့်များ ပြည့်ပြည့်၀၀ ရရှိနိုင်ရန် စရန်ငွေသားပေးစာချုပ်စဉ်ကတည်း ကြိုတင်လေ့လာထားသင့်သည်။
ထို့ကြောင့် ကွန်ဒိုတိုက်ခန်းတစ်ခန်းတွင် ပါရှိရမည့် အချက်များနှင့် လိုက်နာဆောင်ရွက်ပေးရမည့်အချက်များကို သိရှိနိုင်ရန် လေ့လာတင်ပြလိုက်ပါသည်။
ကွန်ဒိုဝယ်ယူသူများ သိထားရမည့်အချက်များ........
A. မိမိဝယ်ယူသည့်အခန်းသည် Ready Mixed Concrete များအသုံးပြုထားခြင်းရှိမရှိ သိထားရမည်။
B. တိုက်ခန်း၏ အကျယ်အဝန်းမှာ သတ်မှတ်ချက် စံချိန်စံညွှန်းပါအတိုင်း ( )စတုရန်းပေ ပြည့်မပြည့် တိုင်းထွာကြည့်ရမည်။ အခန်းအနေအထားမှာ Room Type ပုံစံ ဟုတ်မဟုတ် အသေအချာ စိစစ်ရမည်။
C. အခန်းဖွဲ့စည်းပါဝင်မှုမှာလည်း နှစ်ဦးသဘောတူ စာချုပ်ပါအတိုင်း ပြည့်စုံခြင်း ရှိမရှိ လေ့လာကြည့်ရမည်။ ပြည်စုံမှ လက်ခံရမည်။
ဥပမာ - က။ Living Room = ၁ ခန်း
ခ။ Dining Room = ၁ ခန်း
ဂ။ Shrine Area = ၁ ခန်း
ဃ။ Master Bedroom = ၁ ခန်း
င။ Bedroom(1&2) = ၃ ခန်း
စ။ Study area = ၁ ခန်း
ဆ။ Kitchen Room = ၁ ခန်း
ဇ။ Maid Room = ၁ ခန်း
ဈ။ Common Bath &w/c = ၁ ခန်း ပါရှိမည်။ ထိုအပြင် Sales Center, Parking Floors, Con-venience Store, Club, Knidergarden and Shopping Mall စသည်တို့ ပါရှိသော ကွန်ဒိုမီနီယံ (Condominium) အဆောက်အအုံပေါ်တွင်ပါရှိသော အခန်းဖြစ်လျှင် ပို၍ကောင်းပါသည်။
D. အခန်းများကို အုတ်ဖြင့် အခန်းဖွဲ့ပေးထားခြင်း ဖြစ် ရမည်။ အခန်းတွင်း၌ ဆေးသုတ်ပေးထားရမည်။
E. အိမ်သာ/ရေချိုးခန်းတွင် ၅ ပေအမြင့် ကြွေပြားများ ကပ်ထားပေးရမည်။ အရှေ့တိုင်း/အနောက်တိုင်း ပုံစံ၊ ရေအိမ်များ တပ်ဆင်ပေးထားရမည်။ ရေချိုးခန်း၌ အတွင်းရေအေးလိုင်းများ တပ်ဆင် ပေးထားရမည်။ ရေပူစက်တပ်ဆင်လိုပါက ရေပိုက် ခေါင်းများ တပ်ဆင်ပေးရန် တောင်းဆိုရမည်။
F. ကွန်ဒိုတိုက်သစ်ဖြစ်သည့်အတွက် ဓာတ်လှေကား အသစ် (၁)စီး (သို့) (၂)စီး တပ်ဆင်ထားခြင်း ရှိမရှိ ကြည့်ရှုဝယ်ရမည်။
G. မိမိအခန်းအတွက် ကိုယ်ပိုင်မီတာ (၁)လုံးနှင့် မီးပွိုင့် လိုင်း၊ Hot Plate လိုင်းနှင့် ရေမော်တာမီးလိုင်းများ တပ်ဆင်ပေးထားပြီးဖြစ်ရမည်။ ဝါယာကြိုးများမှာ လည်း စံချိန်စံညွှန်းအမီ တပ်ဆင်ပေးထားပြီးဖြစ်ရမည်။
H. ကွန်ဒိုတိုက်ခန်းဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ် တောက်မှု အခက်အခဲမဖြစ်စေရန် Transformer (၁)လုံးနှင့် Generator (၁)လုံးတို့ကို တပ်ဆင်ပေး ထားပြီးဖြစ်ရမည်။ Generator စက်အတွက် သုံးစွဲကုန်ကျမည့် လောင်စာဆီဖိုးကို ကွန်ဒိုတိုက်တွင် နေသူများအားလုံး အချိုးကျပေးဆောင်ရသည်ကို သိရှိသဘောတူရမည်။
I. မိမိဝယ်ယူသည့် အခန်းအတွက် ရေမော်တာ(၁)လုံး ပေးထားရမည်။ ရေလီတာ (၁၀၀၀)ဆံ့ Over Head Steel Tank (၁)လုံး ထည့်ပေးထားခြင်း ရှိမရှိ စိစစ် လက်ခံရမည်။
J. ကွန်ဒိုတိုက်သစ်အဆောက်အအုံတွင် မိမိအခန်း အတွက် မြေအောက်၌ ကားရပ်နားရန် Basement ကို စနစ်တကျ တည်ဆောက်ပေးထားပြီး ဖြစ်ရမည်။
K. အခန်းတိုင်းတွင် Satellite System ဆောင်ရွက်ပေးထားရမည်။ P.A.B.X Phone Line နှင့် Security System များထည့်သွင်းပေးထားရမည်။
L. အများနှင့်သက်ဆိုင်သည့်နေရာတွင် Gymnasium,Waiting Area, Play Ground, Internet Cafe, Cafeteria, Nursery School တို့ကို ဆောင်ရွက်ပေးထားပြီး ဖြစ်ရပါမည်။
ကွန်ဒို အခန်းဝယ်သူဘက်မှ လိုက်နာရမည့်အချက်များကို လည်း ဤသို့တွေ့နိုင်သည်
၁။ တိုက်သစ်ကို ဝယ်ယူနေထိုင်သူများအနေဖြင့် အိမ်ရာ ပြုပြင်ထိန်းသိမ်းစရိတ် (Maintenance Charges) ကို တစ်လ လျှင် ၁၅၀၀၀ (ကျပ်တစ်သောင်းငါးထောင်တိတိ)ဖြင့် အိမ်ရှင် မြေရှင် အခန်းများအပါအဝင် အားလုံးက ပေးဆောင်ရပါမည်။ ယခု ကောက်ခံသောနှုန်းထားသည် ခေတ်ကာလအခြေအနေ နှင့် တိုးတက်ပြောင်းလဲလာသည့် နည်းစနစ်အပေါ်တွင် အခြေခံ ၍ ပြောင်းလဲကောက်ခံသွားခြင်းကို ကွန်ဒိုတိုက်ခန်း ဝယ်နေ သူများမှ သဘောတူပါသည်။
၂။ ယခုအဆင့်မြင့် ကွန်ဒိုတိုက်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ တိုက်ခန်းကို အခြားသူတစ်ဦးဦးသို့ ပြန်လည်ရောင်းချပါက အမည်ပြောင်းခအဖြစ် အိမ်ရှင်/မြေရှင်အား အခန်း ပေါက်ဈေးပေါ်မူတည်၍ (၁ ရာခိုင်နှုန်း) ပေးဆောင်ရန် သဘောတူပါသည်...စသည်ဖြင့် ဝန်ခံကတိပြုရပါသည်။
စုပေါင်းပိုင်အဆောက်အအုံဟု ခေါ်ဆိုသည့် CONDOMINIUM တိုက်ဝယ်ယူလိုသူများအနေဖြင့် ယခုကဲ့ သို့ အခန်းဖွဲ့စည်းပုံကို ကြိုတင်သိရှိထားခြင်းဖြင့် ဝယ်ယူသည့် အခါ အမှားမယွင်းနည်းပါးပြီး ပိုမိုကောင်းမွန်ပြည့်စုံသော အခန်းကို ပြည့်ပြည့်စုံစုံရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေဆိုသည့် စေတနာကောင်းဖြင့် ရှာဖွေတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခေတ္တရာမြင့်အေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဥပမာ - က။ Living Room = ၁ ခန်း
ခ။ Dining Room = ၁ ခန်း
ဂ။ Shrine Area = ၁ ခန်း
ဃ။ Master Bedroom = ၁ ခန်း
င။ Bedroom(1&2) = ၃ ခန်း
စ။ Study area = ၁ ခန်း
ဆ။ Kitchen Room = ၁ ခန်း
ဇ။ Maid Room = ၁ ခန်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
pan-swal-taw
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service