စီးပွားရေးမရေရာမှုများကြောင့် ကမ္ဘာ့ရွှေဈေးတဟုန်ထိုးမြင့်တက်

စီးပွားရေးမရေရာမှုများကြောင့် ကမ္ဘာ့ရွှေဈေးတဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
25 Jul 2020 11:30 am တွင် တင်ခဲ့သည်
3173 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၅၅၃၇၅၁၃ ဦးရှိပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဘာလ်တီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ ထုတ်ပြန်သည်။ Covid 19 ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာ သေဆုံးမှုမှာ ၆၃၃၆၅၆ ဦးရှိပြီ ဖြစ်သည်။

အောက်ဖော်ပြပါတို့မှာ ဂျပန်အခြေစိုက် Nikkei Asian Review သတင်းဌာနမှ စုစည်းဖော်ပြထားသော ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် နောက်ဆုံးသတင်းများဖြစ်ပြီး ဂျပန်စံတော်ချိန်အရ အချိန်ဖော်ပြပေးထားပါသည်။

စနေနေ့၊ ဇူလိုင် ၂၅ ရက်

နံနက် ၁၂း ၅၉ - Siberian Vector အင်စတီကျုက ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်လာဖွယ်ရှိသည့် ရုရှားနိုင်ငံ၏ ဒုတိယမြောက်ဆေးကို လာမည့် ဇူလိုင်လ ၂၇ ရက်တွင် လူသားများ၌ စတင်စမ်းသပ်မည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

မော်စကိုမြို့ရှိ Gamaleya အင်စတီကျုမှ ထုတ်လုပ်သော အခြားကာကွယ်ဆေးတစ်မျိုးမှာမူ ယခုလအတွင်း လူသားများတွင် ကနဦး စမ်းသပ်မှု ပြီးစီးခဲ့ပြီဖြစ်ပြီး လာမည့်ဆောင်းဦးပေါက်တွင် အလုံးအရင်းထုတ်လုပ်သွားရန် အာဏာပိုင်တို့က စီစဉ်နေသည်။

နံနက် ၁၂း ၄၀ - ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေရာမှုများ မြင့်တက်လာနေသောကြောင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၀၀ ဒေါ်လာအထိ ထိုးတက်သွားသည်။ အဆိုပါဈေးနှုန်းမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက စံချိန်တင်ဈေးနှုန်းဖြစ်သော ၁၉၂၃ ဒေါ်လာသို့ နီးကပ်နေပြီဖြစ်သည်။

သောကြာနေ့၊ ဇူလိုင် ၂၄

ည ၁၀း၀၀ - ဗြိတိန်၏ လေ့လာချက်တစ်ရပ်ဖြစ်သော ဒက်ဇာမီသာဇုန်း (dexamethasone) ဆေးသည် covid 19 ကို ကုသရာတွင် ထိရောက်သည်ဟူသည့် လေ့လာချက်ကို ဥရောပဆေးဝါးအေဂျင်စီ (European Medicines Agency) က စတင်သုံးသပ်လျက်ရှိသည်။ ဂျပန်သည် ဒက်ဇာမီသာဇုန်းကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပြင်းထန်သော လူနာများအတွက် ဒုတိယမြောက် ကုသဆေးအဖြစ် မကြာသေးမီကပင် အတည်ပြုခဲ့သည်။

ညနေ ၅း၅၅ - ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၁၀၃ ဦး ထပ်တိုးလာပြီး စုစုပေါင်းကူးစက်ခံရသူ ၇၆၄၄၄ ဦး ရှိပြီဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည်ဟု Philippine Daily Inquirer တွင် ဖော်ပြသည်

ညနေ ၅း ၃၅ - စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၇ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၄၉၃၇၅ ဦးရှိပြီဖြစ်ကြောင်း စင်္ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်ဟု စထရိတ်တိုင်းမ်တွင် ဖော်ပြသည်။

ညနေ ၅း ၃၀ - အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၆၁ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၉၅၄၁၈ ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၈၉ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း သေဆုံးသူ ၄၆၆၅ ဦးရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ညနေ ၅း ၀၅ - ထိုင်းနိုင်ငံတွင် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နေသည့် Minor International သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်နေသော်လည်း ၎င်းတို့၏ ဟိုတယ် ၉၀ ရာခိုင်နှုန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ညနေ ၅း၀၀ - အနောက်အာဖရိကရှိ မာလီနိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး တာဝန်များ ထမ်းဆောင်နေသည့် ကမ္ဘောဒီးယား စစ်သည်များအနက် ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရောဂါကူးစက်ခံရသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး တာဝန်များ ထမ်းဆောင်နေသည့် အဖွဲ့ဝင်များ ဖြစ်ကြသည်။

ညနေ ၄း ၂၇ - ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် lockdown ချထားစဉ်ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူ ၇ သန်းမှ ၈ သန်းကြားရှိကြောင်း၊ သို့သော် အခြေအနေများ တည်ငြိမ်သွားလျှင် ထက်ဝက်ခန့်မှာ အလုပ်ပြန်ရနိုင်ကြောင်း ထိုင်းဗဟိုဘဏ် အကြီးအကဲ ဗီရာသီ ဆန်တီပရက်ဟော့ဘ်က ပြောကြားသည်။

နေ့လယ် ၁း ၅၈ - ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ ကျန်းမာရေးအကြီးအကဲတို့က ထုတ်ပြန်ရာတွင် ပထမဆုံး ပြည်တွင်းကူးစက်မှုဟု သံသယရှိသည့် ကူးစက်မှုတစ်ခုကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ဗီယက်နမ်တွင် မည်သည့်ကူးစက်မှုများမှ မရှိခဲ့သည်မှာ ၉၉ ရက်ကြာခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ရှိလိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါသံသယလူနာနှင့် ထိတွေ့ခဲ့သူ ၁၀၀ ကျော်ကို အာဏာပိုင်တို့က ခြေရာခံစုံစမ်းခဲ့ကြသည်။ ကနဦးစစ်ဆေးချက်အရ ၎င်းတို့အားလုံးမှာ negative များဖြစ်သည်ဟုဆိုသည်။

နေ့ခင်း ၁း ၂၅ - အိန္ဒိယတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၉၃၁၀ ဦး ထပ်တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူမှာ ၁ ဒသမ ၃ သန်းကျော်ရှိပြီ ဖြစ်သည်။ သေဆုံးသူပမာဏမှာလည်း ၃၀၆၀၁ ဦးအထိ ရှိပြီ ဖြစ်သည်။

နံနက် ၈း ၅၅ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်လတွင် ဖလော်ရီဒါပြည်နယ်၌ ကျင်းပမည့် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းရွေးချယ်ပွဲ (nominating convention ) ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ လူသူထူထပ်စေမည့် ညီလာခံများ ကျင်းပရမည့် အချိန်မဟုတ်သေးကြောင်း ထရမ့်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: Week of July 19 to July 25, South Korea's 113 cases, most since March (Nikkei Asian Review)

[Zawgyi]

စီးပြားေရးမေရရာမႈမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးတဟုန္ထိုးျမင့္တက္

ကမာၻလုံးဆိုင္ရာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူစုစုေပါင္း ၁၅၅၃၇၅၁၃ ဦးရွိၿပီျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စု၊ ဘာလ္တီမိုးၿမိဳ႕ရွိ ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္မွ ထုတ္ျပန္သည္။ Covid 19 ေၾကာင့္ တစ္ကမာၻလုံးအတိုင္းအတာ ေသဆုံးမႈမွာ ၆၃၃၆၅၆ ဦးရွိၿပီ ျဖစ္သည္။

ေအာက္ေဖာ္ျပပါတို႔မွာ ဂ်ပန္အေျခစိုက္ Nikkei Asian Review သတင္းဌာနမွ စုစည္းေဖာ္ျပထားေသာ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ဆက္ႏြယ္သည့္ ေနာက္ဆုံးသတင္းမ်ားျဖစ္ၿပီး ဂ်ပန္စံေတာ္ခ်ိန္အရ အခ်ိန္ေဖာ္ျပေပးထားပါသည္။

စေနေန႔၊ ဇူလိုင္ ၂၅ ရက္

နံနက္ ၁၂း ၅၉ - Siberian Vector အင္စတီက်ဳက ထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးျဖစ္လာဖြယ္ရွိသည့္ ႐ုရွားႏိုင္ငံ၏ ဒုတိယေျမာက္ေဆးကို လာမည့္ ဇူလိုင္လ ၂၇ ရက္တြင္ လူသားမ်ား၌ စတင္စမ္းသပ္မည္ျဖစ္ေၾကာင္း ႐ိုက္တာသတင္းတြင္ ေဖာ္ျပသည္။

ေမာ္စကိုၿမိဳ႕ရွိ Gamaleya အင္စတီက်ဳမွ ထုတ္လုပ္ေသာ အျခားကာကြယ္ေဆးတစ္မ်ိဳးမွာမူ ယခုလအတြင္း လူသားမ်ားတြင္ ကနဦး စမ္းသပ္မႈ ၿပီးစီးခဲ့ၿပီျဖစ္ၿပီး လာမည့္ေဆာင္းဦးေပါက္တြင္ အလုံးအရင္းထုတ္လုပ္သြားရန္ အာဏာပိုင္တို႔က စီစဥ္ေနသည္။

နံနက္ ၁၂း ၄၀ - ကမာၻလုံးဆိုင္ရာ စီးပြားေရး မေရရာမႈမ်ား ျမင့္တက္လာေနေသာေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ တစ္ေအာင္စလွ်င္ ၁၉၀၀ ေဒၚလာအထိ ထိုးတက္သြားသည္။ အဆိုပါေဈးႏႈန္းမွာ ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလက စံခ်ိန္တင္ေဈးႏႈန္းျဖစ္ေသာ ၁၉၂၃ ေဒၚလာသို႔ နီးကပ္ေနၿပီျဖစ္သည္။

ေသာၾကာေန႔၊ ဇူလိုင္ ၂၄

ည ၁၀း၀၀ - ၿဗိတိန္၏ ေလ့လာခ်က္တစ္ရပ္ျဖစ္ေသာ ဒက္ဇာမီသာဇုန္း (dexamethasone) ေဆးသည္ covid 19 ကို ကုသရာတြင္ ထိေရာက္သည္ဟူသည့္ ေလ့လာခ်က္ကို ဥေရာပေဆးဝါးေအဂ်င္စီ (European Medicines Agency) က စတင္သုံးသပ္လ်က္ရွိသည္။ ဂ်ပန္သည္ ဒက္ဇာမီသာဇုန္းကို ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျပင္းထန္ေသာ လူနာမ်ားအတြက္ ဒုတိယေျမာက္ ကုသေဆးအျဖစ္ မၾကာေသးမီကပင္ အတည္ျပဳခဲ့သည္။

ညေန ၅း၅၅ - ဖိလစ္ပိုင္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအသစ္ ၂၁၀၃ ဦး ထပ္တိုးလာၿပီး စုစုေပါင္းကူးစက္ခံရသူ ၇၆၄၄၄ ဦး ရွိၿပီျဖစ္ေၾကာင္း ဖိလစ္ပိုင္က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္သည္ဟု Philippine Daily Inquirer တြင္ ေဖာ္ျပသည္

ညေန ၅း ၃၅ - စကၤာပူတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၇၇ ဦး ထပ္တိုးလာၿပီး စုစုေပါင္း ၄၉၃၇၅ ဦးရွိၿပီျဖစ္ေၾကာင္း စကၤာပူ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည္ဟု စထရိတ္တိုင္းမ္တြင္ ေဖာ္ျပသည္။

ညေန ၅း ၃၀ - အင္ဒိုနီးရွားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၇၆၁ ဦး ထပ္တိုးလာၿပီး စုစုေပါင္း ၉၅၄၁၈ ဦးရွိၿပီျဖစ္ကာ ေသဆုံးသူ ၈၉ ဦးရွိခဲ့ျခင္းေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၄၆၆၅ ဦးရွိၿပီျဖစ္ေၾကာင္း ႐ိုက္တာသတင္းတြင္ ေဖာ္ျပသည္။

ညေန ၅း ၀၅ - ထိုင္းႏိုင္ငံတြင္ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္လုပ္ငန္းမ်ား လည္ပတ္လုပ္ကိုင္ေနသည့္ Minor International သည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျဖစ္ေနေသာ္လည္း ၎တို႔၏ ဟိုတယ္ ၉၀ ရာခိုင္ႏႈန္းကို လာမည့္ စက္တင္ဘာလတြင္ ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိသည္။

ညေန ၅း၀၀ - အေနာက္အာဖရိကရွိ မာလီႏိုင္ငံတြင္ ကုလသမဂၢၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး တာဝန္မ်ား ထမ္းေဆာင္ေနသည့္ ကေမာၻဒီးယား စစ္သည္မ်ားအနက္ ၄ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း ကေမာၻဒီးယား က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ေရာဂါကူးစက္ခံရသူ အမ်ိဳးသား ၃ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးမွာ ေျမျမႇဳပ္မိုင္း ရွင္းလင္းေရး တာဝန္မ်ား ထမ္းေဆာင္ေနသည့္ အဖြဲ႕ဝင္မ်ား ျဖစ္ၾကသည္။

ညေန ၄း ၂၇ - ထိုင္းႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ lockdown ခ်ထားစဥ္ကာလအတြင္း အလုပ္အကိုင္ဆုံးရႈံးခဲ့ရသူ ၇ သန္းမွ ၈ သန္းၾကားရွိေၾကာင္း၊ သို႔ေသာ္ အေျခအေနမ်ား တည္ၿငိမ္သြားလွ်င္ ထက္ဝက္ခန႔္မွာ အလုပ္ျပန္ရႏိုင္ေၾကာင္း ထိုင္းဗဟိုဘဏ္ အႀကီးအကဲ ဗီရာသီ ဆန္တီပရက္ေဟာ့ဘ္က ေျပာၾကားသည္။

ေန႔လယ္ ၁း ၅၈ - ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕ က်န္းမာေရးအႀကီးအကဲတို႔က ထုတ္ျပန္ရာတြင္ ပထမဆုံး ျပည္တြင္းကူးစက္မႈဟု သံသယရွိသည့္ ကူးစက္မႈတစ္ခုကို ေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္သည္။ ဗီယက္နမ္တြင္ မည္သည့္ကူးစက္မႈမ်ားမွ မရွိခဲ့သည္မွာ ၉၉ ရက္ၾကာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေတြ႕ရွိလိုက္ျခင္းလည္း ျဖစ္သည္။ အဆိုပါသံသယလူနာႏွင့္ ထိေတြ႕ခဲ့သူ ၁၀၀ ေက်ာ္ကို အာဏာပိုင္တို႔က ေျခရာခံစုံစမ္းခဲ့ၾကသည္။ ကနဦးစစ္ေဆးခ်က္အရ ၎တို႔အားလုံးမွာ negative မ်ားျဖစ္သည္ဟုဆိုသည္။

ေန႔ခင္း ၁း ၂၅ - အိႏၵိယတြင္ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၉၃၁၀ ဦး ထပ္တိုးလာခဲ့ၿပီး စုစုေပါင္း ကူးစက္ခံရသူမွာ ၁ ဒသမ ၃ သန္းေက်ာ္ရွိၿပီ ျဖစ္သည္။ ေသဆုံးသူပမာဏမွာလည္း ၃၀၆၀၁ ဦးအထိ ရွိၿပီ ျဖစ္သည္။

နံနက္ ၈း ၅၅ - အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၾသဂုတ္လတြင္ ဖေလာ္ရီဒါျပည္နယ္၌ က်င္းပမည့္ ရီပတ္ဘလီကန္ပါတီ၏ သမၼတေလာင္းေ႐ြးခ်ယ္ပြဲ (nominating convention ) ကို ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္မွာ လူသူထူထပ္ေစမည့္ ညီလာခံမ်ား က်င္းပရမည့္ အခ်ိန္မဟုတ္ေသးေၾကာင္း ထရမ့္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: Week of July 19 to July 25, South Korea's 113 cases, most since March (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service