အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ကိုယ်စားလှယ်လွှဲစာ ရသူထံမှ အိမ် မြေ ဝယ်မည်ဆိုလျှင်

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ကိုယ်စားလှယ်လွှဲစာ ရသူထံမှ အိမ် မြေ ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
15 Jul 2020 3:41 pm တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

''ကိုယ်စားလှယ်လွှဲစာနဲ့ အိမ်မြေ တိုက်ခန်းအရောင်းအဝယ်လုပ်ရင် တရားဝင်ပါသလား ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာ ရောက်ဆွေးနွေးပါသည်။

''သာမန်အားဖြင့် ကြည့်ရင်တော့ ကိုယ်စားဆောင်ရွက်ခွင့်ပေး တာမို့ လုပ်ပိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒါ ပေမယ့် ကိုယ်စားလှယ်လွှဲစာဟာ ဥပဒေနဲ့အညီ လွှဲပြောင်းပေးထားတဲ့ ကိုယ်စားလှယ်လွှဲစာ ဖြစ်ဖို့လိုတယ်''

''ဥပဒေနဲ့အညီ လွှဲပြောင်းပေးထားတဲ့ ကိုယ်စားလှယ်လွှဲစာဆိုတာက ဘယ်လိုလွှဲစာမျိုးလဲ ဆရာ''

''အထူးသဖြင့် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ် ခြံ မြေ တိုက် ခန်းစတာတွေနဲ့ ပတ်သက်ပြီး ရောင်းချ၊ လွှဲပြောင်း၊ ပေးကမ်းမှုတွေပြုလုပ် ဖို့ဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ ကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်ပြုလုပ် လွှဲအပ်ဖို့ လိုပါ တယ်''

''အထွေထွေကိုယ်စားလှယ်လွှဲ စာ (General Power) နဲ့ အထူးကိုယ် စားလှယ်လွှဲစာ (Special Power) ဘယ်လိုကွာပါသလဲ ဆရာ''

''အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) ကတော့ ကိုယ်စားလှယ်စာ လွှဲသူရဲ့ အားလုံးနှင့် သက်ဆိုင်သမျှ ကို သူ့ကိုယ်စားလှယ်ပိုင်ခွင့်ပေးထား တာဖြစ်တယ်။ အထူးကိုယ်စားလှယ် လွှဲစာ G.P ကတော့ လွှဲအပ်သူက မိမိ ပြုလုပ်လို့တဲ့အကြောင်း ကိစ္စတစ်ခုအ တွက် သူ့ကိုယ်စားလုပ်ပိုင်ခွင့်လွှဲအပ် ထားတာဖြစ်တယ်''

''စာချုပ်စာတမ်းမှတ်ပုံတင်ရုံး မှာ ကိုယ်စားလှယ်လွှဲစာပြုလုပ်မယ် ဆိုရင် ဘာစာရွက်စာတမ်းတွေ ယူ သွားဖို့လိုပါသလဲ''

''အထွေထွေကိုယ်စားလှယ်လွှဲ စာပြုလုပ်မယ်ဆိုရင်တော့ ပေးကမ်းသူ၊ လက်ခံသူ သက်သေ နှစ်ဦးရဲ့ နိုင်ငံသားလက်မှတ်မူရင်းတွေပြသဖို့ ယူ သွားရမှာဖြစ်တယ်။ လွှဲအပ်သူက မိမိ ရဲ့ လုပ်ပိုင်ခွင့်အားလုံးကို လွှဲပြောင်းခြင်းဖြစ်လို့အခြားစာရွက်စာတမ်း မလိုဘူး။ ဒါပေမယ့် အိမ်မြေ တိုက်ခန်းစတဲ့ ပစ္စည်းတွေနဲ့ ပတ် သက်ပြီး အရောင်းစာချုပ်တစ်ခု တည်းအတွက် ဆောင်ရွက်ဖို့ဆိုရင် တော့ အထူးကိုယ်စားလှယ်လွှဲစာ G.P ကို သုံးစွဲကြပါတယ်။ ဒါကတော့ အကြောင်းအရာ တစ်ခုတည်း အတွက် ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်တယ်။ ဒီနေရာမှာ ပစ္စည်းနဲ့ ပတ်သက်လို့စာချုပ် စာတမ်းရုံးမှာ ကိုယ်စားလှယ်လွှဲသူက ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်း တင်ပြရမှာဖြစ်တယ်''

''ဒါကြောင့်မို့ လွယ်လွယ်ကူကူ G.P ပဲ လုပ်ကြတာကို တွေ့ရတယ် ဆရာ''

''မိတ်ဆွေကိစ္စက ဘာအခက်အခဲရှိနေလို့လဲ''

''ကျွန်တော်အခုဝယ်လိုက်တဲ့ မြေကွက်က လင်မယားနှစ်ယောက် အမည်ပေါက်မြေကွက်ဆရာ''

''တစ်ယောက်က G.P ပေးထား တယ်၊ ဒီလိုလား''

''လင်ယောက်ျားက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတော့ ဇနီးသည် ကို G.P ပေးထားတယ်ဆရာ''

''ဇနီးသည်က လင်ယောက်ျား မသိဘဲ ရောင်းလိုက်တဲ့သဘောပေါ့''

''ဟုတ်ကဲ့ ဆရာ၊ အခုပြန်လာတော့ သူသဘောမတူဘဲ ရောင်းရမလား၊ အရောင်းအဝယ်ပျက်ပြယ် တယ်ဆိုပြီး တရားစွဲမယ်၊ လင်မယား ကွဲမယ်လို့ ဖြစ်နေတယ်။ ကိုယ်စား လှယ်လွှဲစာနဲ့ ရောင်းတာပဲ ဆရာ၊ တရားမဝင်ဘူးလား''

''မြေကွက်က ဂရန်မြေပဲလား။ မြေတစ်ကွက်လုံး အိမ်အပါအဝင် ရောင်းတာလား''

''မြေတစ်ကွက်လုံးမဟုတ်ဘူး ဆရာ။ ပေ ၂ဝ x ပေ ၆ဝ မြေကွက် ကို ခွဲရောင်းတာပါ''

''မူလအိမ်ကတော့ ကျန်နေတာ ပေါ့''

''နည်းနည်းတော့ ဖျက်ပေးရတယ်။ ပျဉ်ထောင်အိမ်ဆိုတော့ အခက်အခဲမရှိပါဘူး။ အခုအနေအ ထားက ပတ်ပတ်လည် အုတ်နံရံတက်ပြီး ခြံခတ်လိုက်တယ်။ အိမ်အသစ်ဆောက်ဖို့လည်း မြေညှိ ဆောင်ရွက်နေတယ် ဆရာ''

''မြေကွက်က မခွဲစိတ်ရသေးဘူး ပေါ့''

''မှန်ပါတယ်။ ဒါပေမယ့် စာချုပ် စာတမ်းရုံးမှာ အရောင်းစာချုပ် ပြုလုပ်ပြီး မြေကွက်ခွဲဖို့ လျှောက်ထား ဆဲ အခြေအနေမှာရှိပါတယ်။ တရားစွဲရင် အရောင်းအဝယ်ပျက်နိုင်ပါ သလား။ ကိုယ်စားလှယ်လွဲှစာကို လည်း ရုပ်သိမ်းကြောင်း ကြေညာ ထားတယ် ဆရာ''

''ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်း ခြင်းကိစ္စမှာလည်း လုပ်ငန်းဆောင် ရွက်မပြီးမီသာ ရုပ်သိမ်းခြင်း အကျုံး ဝင်ပြီး လုပ်ဆောင်ချက်ပြီးမြောက်ပြီး မှ ကိုယ်စားလှယ်လွဲှစာရုပ်သိမ်းခြင်း သည် အတည်မဖြစ်လို့ ပဋိညာဉ် အက်ဥပဒေပုဒ်မ-၂ဝ၈ မှာ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် အခုကိစ္စမှာ ကိုယ်စားလှယ်လွှဲစာအရ အရောင်း စာချုပ်ကို မှတ်ပုံတင်ပြုလုပ် ချုပ်ဆို ပြီးဖြစ်တဲ့အတွက် စာချုပ်မှတ်ပုံတင် ပြီးမှ ပျက်ပြယ်ကြောင်း ကိုယ်စား လှယ်စာအပေါ် ဆောင်ရွက်ခွင့်မရှိ တော့ပါ''

''အချို့ကပြောတော့ တရားစွဲ ဆိုပြီး အရောင်းအဝယ်ဖျက်နိုင်တယ် ဆိုတာက ဘယ်လိုလဲ ဆရာ''

''ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်ခွင့်ရှိသော ပဋိညာဉ်ဆိုတာ ရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဦးမျိုးဆွေသိမ်းပါနှစ်ဦးနှင့် ဒေါ်မြနှင်းဝေပါ သုံးဦး ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက် နှာ-၁၂၃ အမှုမှာ ကိုယ်စားလှယ်လွဲှ စာပေးသူက အရောင်းအဝယ်မှတ်ပုံ တင်စာချုပ်ကို ဖျက်သိမ်းပေးရန် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၃၅ (က) အရ ကိုယ်စားလှယ်အပေါ် တရားစွဲဆိုရမှာဖြစ်သည်။ တရားရုံးက စာချုပ်ကို ဖျက်သိမ်းပေးမှသာ အတည်ဖြစ်သည်ဟု လမ်းညွှန်ထား ပါတယ်''

''ဒါဆိုရင် လင်ဖြစ်သူက အရောင်းအဝယ်ပျက်ပြယ်ကြောင်း ဇနီး ဖြစ်သူအပေါ် တရားစွဲဆိုနိုင်တာပေါ့။ ကျွန်တော်တို့အပေါ် တရားစွဲဆိုနိုင်ပါ သလား''

''တစ်ခုတော့ရှိတယ်။ မြေကွက် တစ်ကွက်လုံးက လင်မယားနှစ်ဦးပိုင် အမည်ပေါက်ဖြစ်တဲ့အတွက် မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ ဇနီးဖြစ်သူက မိမိ၏ အကျိုးခံစားခွင့် တစ်ဝက် ကို စီမံခန့်ခွဲ ရောင်းချခြင်း ပြုနိုင်တဲ့ အတွက် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုထားတာကြောင့် တရားဝင်တယ်လို့ ထုချေနိုင်ပါတယ်''

''ဒါဆိုရင် စိုးရိမ်စရာမရှိဘူးပေါ့ နော်''

''ဘာပဲဖြစ်ဖြစ် ကိုယ်စားလှယ် လွှဲစာနဲ့ အိမ်မြေတိုက်ခန်းဝယ်တဲ့ အခါ ကိုယ်စားလှယ်အဖြစ် လွှဲ အပ်သူရဲ့ သဘောတူညီချက်ရှိ မရှိကို ဦးစွာစုံစမ်းသိရှိပြီးမှ အရောင်းအဝယ် ကို ဆောင်ရွက်တာ အကောင်းဆုံးဖြစ် တယ်''လို့ အကြံပေးဆွေးနွေးလိုက်ပါသည်။

 

Credit: ထီယု(ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ၿခံေျမ၀ယ္ယူလုိသူမ်ား သတိျပဳစရာ ကိုယ္စားလွယ္လႊဲစာ ရသူထံမွ အိမ္ ေျမ ၀ယ္မည္ဆုိလွ်င္

''ကုိယ္စားလွယ္လႊဲစာနဲ႔ အိမ္ေျမ တုိက္ခန္းအေရာင္းအဝယ္လုပ္ရင္ တရားဝင္ပါသလား ဆရာ''ဟု မိတ္ ေဆြတစ္ဦးက စာေရးသူထံ လာ ေရာက္ေဆြးေႏြးပါသည္။

''သာမန္အားျဖင့္ ၾကည့္ရင္ေတာ့ ကုိယ္စားေဆာင္ရြက္ခြင့္ေပး တာမုိ႔ လုပ္ပိုင္ခြင့္ရွိမွာျဖစ္တယ္။ ဒါ ေပမယ့္ ကုိယ္စားလွယ္လႊဲစာဟာ ဥပေဒနဲ႔အညီ လႊဲေျပာင္းေပးထားတဲ့ ကုိယ္စားလွယ္လႊဲစာ ျဖစ္ဖုိ႔လုိတယ္''

''ဥပေဒနဲ႔အညီ လႊဲေျပာင္းေပးထားတဲ့ ကုိယ္စားလွယ္လႊဲစာဆုိတာက ဘယ္လုိလႊဲစာမ်ဳိးလဲ ဆရာ''

''အထူးသျဖင့္ မေရႊ႕မေျပာင္းႏုိင္တဲ့ ပစၥည္းျဖစ္တဲ့ အိမ္ ၿခံ ေျမ တုိက္ ခန္းစတာေတြနဲ႔ ပတ္သက္ၿပီး ေရာင္းခ်၊ လႊဲေျပာင္း၊ ေပးကမ္းမႈေတြျပဳလုပ္ ဖုိ႔ဆုိရင္ေတာ့ စာခ်ဳပ္စာတမ္းမွတ္ပုံ တင္႐ုံးမွာ ကုိယ္စားလွယ္လႊဲစာကို မွတ္ပုံတင္ျပဳလုပ္ လႊဲအပ္ဖုိ႔ လုိပါ တယ္''

''အေထြေထြကုိယ္စားလွယ္လႊဲ စာ (General Power) နဲ႔ အထူးကုိယ္ စားလွယ္လႊဲစာ (Special Power) ဘယ္လုိကြာပါသလဲ ဆရာ''

''အေထြေထြကုိယ္စားလွယ္လႊဲစာ (G.P) ကေတာ့ ကုိယ္စားလွယ္စာ လႊဲသူရဲ႕ အားလုံးႏွင့္ သက္ဆုိင္သမွ် ကို သူ႔ကုိယ္စားလွယ္ပုိင္ခြင့္ေပးထား တာျဖစ္တယ္။ အထူးကုိယ္စားလွယ္ လႊဲစာ G.P ကေတာ့ လႊဲအပ္သူက မိမိ ျပဳလုပ္လုိ႔တဲ့အေၾကာင္း ကိစၥတစ္ခုအ တြက္ သူ႔ကုိယ္စားလုပ္ပုိင္ခြင့္လႊဲအပ္ ထားတာျဖစ္တယ္''

''စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး မွာ ကုိယ္စားလွယ္လႊဲစာျပဳလုပ္မယ္ ဆုိရင္ ဘာစာရြက္စာတမ္းေတြ ယူ သြားဖုိ႔လုိပါသလဲ''

''အေထြေထြကုိယ္စားလွယ္လႊဲ စာျပဳလုပ္မယ္ဆုိရင္ေတာ့ ေပးကမ္းသူ၊ လက္ခံသူ သက္ေသ ႏွစ္ဦးရဲ႕ ႏုိင္ငံသားလက္မွတ္မူရင္းေတြျပသဖုိ႔ ယူ သြားရမွာျဖစ္တယ္။ လႊဲအပ္သူက မိမိ ရဲ႕ လုပ္ပိုင္ခြင့္အားလုံးကို လႊဲေျပာင္းျခင္းျဖစ္လုိ႔အျခားစာရြက္စာတမ္း မလုိဘူး။ ဒါေပမယ့္ အိမ္ေျမ တုိက္ခန္းစတဲ့ ပစၥည္းေတြနဲ႔ ပတ္ သက္ၿပီး အေရာင္းစာခ်ဳပ္တစ္ခု တည္းအတြက္ ေဆာင္ရြက္ဖုိ႔ဆုိရင္ ေတာ့ အထူးကုိယ္စားလွယ္လႊဲစာ G.P ကို သုံးစြဲၾကပါတယ္။ ဒါကေတာ့ အေၾကာင္းအရာ တစ္ခုတည္း အတြက္ ေဆာင္ရြက္ခြင့္ျပဳျခင္းျဖစ္တယ္။ ဒီေနရာမွာ ပစၥည္းနဲ႔ ပတ္သက္လုိ႔စာခ်ဳပ္ စာတမ္း႐ုံးမွာ ကုိယ္စားလွယ္လႊဲသူက ပုိင္ဆုိင္ေၾကာင္း အေထာက္အထား စာရြက္စာတမ္း တင္ျပရမွာျဖစ္တယ္''

''ဒါေၾကာင့္မုိ႔ လြယ္လြယ္ကူကူ G.P ပဲ လုပ္ၾကတာကို ေတြ႔ရတယ္ ဆရာ''

''မိတ္ေဆြကိစၥက ဘာအခက္အခဲရွိေနလုိ႔လဲ''

''ကြၽန္ေတာ္အခုဝယ္လုိက္တဲ့ ေျမကြက္က လင္မယားႏွစ္ေယာက္ အမည္ေပါက္ေျမကြက္ဆရာ''

''တစ္ေယာက္က G.P ေပးထား တယ္၊ ဒီလုိလား''

''လင္ေယာက္်ားက ႏုိင္ငံျခားမွာ အလုပ္သြားလုပ္ေနေတာ့ ဇနီးသည္ ကို G.P ေပးထားတယ္ဆရာ''

''ဇနီးသည္က လင္ေယာက္်ား မသိဘဲ ေရာင္းလုိက္တဲ့သေဘာေပါ့''

''ဟုတ္ကဲ့ ဆရာ၊ အခုျပန္လာေတာ့ သူသေဘာမတူဘဲ ေရာင္းရမလား၊ အေရာင္းအဝယ္ပ်က္ျပယ္ တယ္ဆုိၿပီး တရားစြဲမယ္၊ လင္မယား ကြဲမယ္လုိ႔ ျဖစ္ေနတယ္။ ကုိယ္စား လွယ္လႊဲစာနဲ႔ ေရာင္းတာပဲ ဆရာ၊ တရားမဝင္ဘူးလား''

''ေျမကြက္က ဂရန္ေျမပဲလား။ ေျမတစ္ကြက္လုံး အိမ္အပါအဝင္ ေရာင္းတာလား''

''ေျမတစ္ကြက္လုံးမဟုတ္ဘူး ဆရာ။ ေပ ၂ဝ x ေပ ၆ဝ ေျမကြက္ ကို ခြဲေရာင္းတာပါ''

''မူလအိမ္ကေတာ့ က်န္ေနတာ ေပါ့''

''နည္းနည္းေတာ့ ဖ်က္ေပးရတယ္။ ပ်ဥ္ေထာင္အိမ္ဆုိေတာ့ အခက္အခဲမရွိပါဘူး။ အခုအေနအ ထားက ပတ္ပတ္လည္ အုတ္နံရံတက္ၿပီး ၿခံခတ္လုိက္တယ္။ အိမ္အသစ္ေဆာက္ဖုိ႔လည္း ေျမညိႇ ေဆာင္ရြက္ေနတယ္ ဆရာ''

''ေျမကြက္က မခြဲစိတ္ရေသးဘူး ေပါ့''

''မွန္ပါတယ္။ ဒါေပမယ့္ စာခ်ဳပ္ စာတမ္း႐ုံးမွာ အေရာင္းစာခ်ဳပ္ ျပဳလုပ္ၿပီး ေျမကြက္ခြဲဖုိ႔ ေလွ်ာက္ထား ဆဲ အေျခအေနမွာရွိပါတယ္။ တရားစြဲရင္ အေရာင္းအဝယ္ပ်က္ႏုိင္ပါ သလား။ ကုိယ္စားလွယ္လဲႊစာကို လည္း ႐ုပ္သိမ္းေၾကာင္း ေၾကညာ ထားတယ္ ဆရာ''

''ကုိယ္စားလွယ္လႊဲစာ ႐ုပ္သိမ္း ျခင္းကိစၥမွာလည္း လုပ္ငန္းေဆာင္ ရြက္မၿပီးမီသာ ႐ုပ္သိမ္းျခင္း အက်ဳံး ဝင္ၿပီး လုပ္ေဆာင္ခ်က္ၿပီးေျမာက္ၿပီး မွ ကုိယ္စားလွယ္လဲႊစာ႐ုပ္သိမ္းျခင္း သည္ အတည္မျဖစ္လုိ႔ ပဋိညာဥ္ အက္ဥပေဒပုဒ္မ-၂ဝ၈ မွာ ျပ႒ာန္း ထားတယ္။ ဒါေၾကာင့္ အခုကိစၥမွာ ကုိယ္စားလွယ္လႊဲစာအရ အေရာင္း စာခ်ဳပ္ကို မွတ္ပုံတင္ျပဳလုပ္ ခ်ဳပ္ဆုိ ၿပီးျဖစ္တဲ့အတြက္ စာခ်ဳပ္မွတ္ပုံတင္ ၿပီးမွ ပ်က္ျပယ္ေၾကာင္း ကုိယ္စား လွယ္စာအေပၚ ေဆာင္ရြက္ခြင့္မရွိ ေတာ့ပါ''

''အခ်ဳိ႕ကေျပာေတာ့ တရားစြဲ ဆုိၿပီး အေရာင္းအဝယ္ဖ်က္ႏုိင္တယ္ ဆုိတာက ဘယ္လုိလဲ ဆရာ''

''ပဋိညာဥ္အက္ဥပေဒအရ ပ်က္ျပယ္ခြင့္ရွိေသာ ပဋိညာဥ္ဆုိတာ ရွိတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ ထားတဲ့ ဦးမ်ဳိးေဆြသိမ္းပါႏွစ္ဦးႏွင့္ ေဒၚျမႏွင္းေဝပါ သုံးဦး ၂ဝ၁၄ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံးစာမ်က္ ႏွာ-၁၂၃ အမႈမွာ ကုိယ္စားလွယ္လဲႊ စာေပးသူက အေရာင္းအဝယ္မွတ္ပုံ တင္စာခ်ဳပ္ကုိ ဖ်က္သိမ္းေပးရန္ သီးျခားသက္သာခြင့္ အက္ဥပေဒပုဒ္မ ၃၅ (က) အရ ကုိယ္စားလွယ္အေပၚ တရားစြဲဆုိရမွာျဖစ္သည္။ တရား႐ုံးက စာခ်ဳပ္ကို ဖ်က္သိမ္းေပးမွသာ အတည္ျဖစ္သည္ဟု လမ္းၫႊန္ထား ပါတယ္''

''ဒါဆုိရင္ လင္ျဖစ္သူက အေရာင္းအဝယ္ပ်က္ျပယ္ေၾကာင္း ဇနီး ျဖစ္သူအေပၚ တရားစြဲဆုိႏုိင္တာေပါ့။ ကြၽန္ေတာ္တုိ႔အေပၚ တရားစြဲဆုိႏုိင္ပါ သလား''

''တစ္ခုေတာ့ရွိတယ္။ ေျမကြက္ တစ္ကြက္လုံးက လင္မယားႏွစ္ဦးပုိင္ အမည္ေပါက္ျဖစ္တဲ့အတြက္ ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒအရ ဇနီးျဖစ္သူက မိမိ၏ အက်ဳိးခံစားခြင့္ တစ္ဝက္ ကုိ စီမံခန္႔ခြဲ ေရာင္းခ်ျခင္း ျပဳႏုိင္တဲ့ အတြက္ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိထားတာေၾကာင့္ တရားဝင္တယ္လုိ႔ ထုေခ်ႏုိင္ပါတယ္''

''ဒါဆုိရင္ စုိးရိမ္စရာမရွိဘူးေပါ့ ေနာ္''

''ဘာပဲျဖစ္ျဖစ္ ကုိယ္စားလွယ္ လႊဲစာနဲ႔ အိမ္ေျမတုိက္ခန္းဝယ္တဲ့ အခါ ကုိယ္စားလွယ္အျဖစ္ လႊဲ အပ္သူရဲ႕ သေဘာတူညီခ်က္ရွိ မရွိကုိ ဦးစြာစုံစမ္းသိရွိၿပီးမွ အေရာင္းအဝယ္ ကို ေဆာင္ရြက္တာ အေကာင္းဆုံးျဖစ္ တယ္''လုိ႔ အႀကံေပးေဆြးေႏြးလုိက္ပါသည္။

 

Credit: ထီယု(ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service