နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာက နှစ်ခုမှတိုက်ခန်းများအား အမြန်ဆုံးဝယ်ယူကြရန် နေပြည်တော်ဒုတိယမြို့တော်ဝန်တိုက်တွန်း

နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာက နှစ်ခုမှတိုက်ခန်းများအား အမြန်ဆုံးဝယ်ယူကြရန် နေပြည်တော်ဒုတိယမြို့တော်ဝန်တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 12:47 pm တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာက နှစ်ခုမှတိုက်ခန်းများအား အမြန်ဆုံးဝယ်ယူကြရန် နေပြည်တော်ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးက ယခုလ ၁၁ ရက်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာကနေ တိုက်တွန်းထားသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ပြီး အခန်း ၃၀၀၀ ရအောင် တည်ဆောက်နေကြောင်း၊ တစ်ခန်းကို ၆၅၀စတုရန်း ပေအကျယ်အဝန်းရှိပြီး အိပ်ခန်းနှစ်ခန်းပါဝင်ကာ လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းပြောထားသည်။

အစိုးရ ဘတ်ဂျက်မပါဘဲ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာလိုင်စင်ရကန်ထရိုက်တာများအသင်းတို့က ၎င်းတို့ ၏ အသင်းဝင်ကုမ္ပဏီများနှင့် တာဝန်ယူတည်ဆောက်ပေးပြီး နေပြည်တော်စည်ပင်က တာဝန်ယူရောင်းချပေးကြောင်းသိရသည်။

မြေညီထပ်နှင့် ပထမထပ်ရှိတိုက်ခန်းများမှာ ဇွန်လထဲတွင် အကုန်ရောင်းချပြီးဖြစ်၍ ဒုတိယထပ်နှင့် တတိယထပ်ရှိ အခန်းပေါင်း ၁၂၀၀ လောက်သာကျန်ရှိပြီး၊ ဒုတိယထပ် ကျပ်သိန်း၂၃၀ အခန်းများနှင့် တတိယထပ် ကျပ်သိန်း ၂၂၀ တန် အခန်းများကို ဆက်လက်ရောင်း ချပေးနေကြောင်းသိရသည်။

ယခင်က အငြိမ်းစားဝန်ထမ်းများကိုသာရောင်းချခဲ့သော်လည်း ဇူလိုင်လတွင် အငြိမ်းစားဝန်ထမ်းများအပြင် လက်ရှိ နိုင်ငံ့ဝန်ထမ်းများကို လည်း ဝယ်ယူခွင့်ပြုလိုက်ရာ ၂၀၂၀ ပြည့်နှစ်၊ဇူလိုင် ၈ ရက် စာရင်းအရ ထပ်မံလျှောက်ထားလာသူ ၁၈၂ ယောက်ရှိကြောင်းသိရသည်။

နေပြည်တော်ဒုတိယမြို့တော်ဝန်က အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာများ မြန်မြန်နှင့်များများ ရောင်းချနိုင်ခြင်းသည် တည်နေရာ ကောင်းမွန်ခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်း၊ လွယ်ကူစွာဝယ်ယူနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောထားသည်။

လျှောက်လွှာများကို လူကိုယ်တိုင်အပြင် အီးမေးလ် (email)ဖြင့်လည်း လျှောက်ထားနိုင်ပြီး လျှောက်ထားချိန်မှာပင် လိုချင်သည့် အထပ် ရ၊ မရ ချက်ချင်းသိနိုင်ကြောင်း၊ ဝယ်ယူခွင့်ရသူများကို တည်ဆောက်ပြီးစီးနိုင်မှုနှင့် ချိန်ညှိပြီး ငွေသွင်း၍ အခန်းနံပါတ်ကို မဲနှိုက်စေမှာဖြစ် ကြောင်းသိရသည်။

ဒုတိယမြို့တော်ဝန်က အဆိုပါအိမ်ရာများအနီးတွင် ကုန်တိုက်ကြီးများနှင့် စီးပွားရေးအဆောက်အအုံများ ဖွင့်လှစ်ဖို့ လျှောက်ထားသူများ ရှိနေ၍ ပိုမိုကောင်းမွန်သည့် နေရာကောင်းတစ်ခုဖြစ်လာမှာဖြစ်သည့်အတွက် အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိနိုင်ငံ့ဝန်ထမ်းများအနေ ဖြင့် အမြန်ဆုံးဝယ်ထားကြဖို့တိုက်တွန်းထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service