ကာဇက်စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်မက်ဖွယ်ကောင်းပြီ သေဆုံးနှုန်း ပိုမိုမြင့်မားသော အမည်မသိ အဆုပ်ရောင်ရောဂါတစ်မျိုး ပျံ့နှံ့နေကြောင်း တရုတ်သံရုံးသတိပေး

ကာဇက်စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်မက်ဖွယ်ကောင်းပြီ သေဆုံးနှုန်း ပိုမိုမြင့်မားသော အမည်မသိ အဆုပ်ရောင်ရောဂါတစ်မျိုး ပျံ့နှံ့နေကြောင်း တရုတ်သံရုံးသတိပေး - Property News in Myanmar from iMyanmarHouse.com
11 Jul 2020 11:16 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကာဇက်စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်မက်ဖွယ်ကောင်းပြီ သေဆုံးနှုန်း ပိုမိုမြင့်မားသော အမည်မသိ အဆုပ်ရောင် ရောဂါတစ်မျိုး ပျံ့နှံ့နေကြောင်း ကာဇက်စတန်ရှိ တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ယခင်က ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်ခဲ့သော ကာဇက်စတန်တွင် ဇွန်လကတည်းက အဆိုပါအမည်မသိ အဆုတ်ရောင် ရောဂါပျံ့နှံ့နေခဲ့ခြင်းဖြစ်ကြောင်း ကာဇက်စတန်ရှိ တရုတ်သံရုံးက သတိပေးလိုက်ခြင်း ဖြစ်သည်။

“ဒီရောဂါရဲ့ သေဆုံးနှုန်းက ကိုရိုနာဗိုင်းရပ်စ်ထက် အများကြီး မြင့်မားပါတယ်။ ဒီအဆုတ်ရောင်ရောဂါရဲ့ ဗိုင်းရပ်စ်ကို ကာဇက်စတန် ကျန်းမာရေးဌာနတွေက သုတေသနလုပ်နေပေမယ့် ဗိုင်းရပ်စ်ကို မဖော်ထုတ်နိုင်သေးပါဘူး” ဟု တရုတ်သံရုံးက ကာဇက်စတန်နိုင်ငံ အတွင်းရှိနေသော တရုတ်နိုင်ငံသားများကို သတိပေးခဲ့သည်။

တရုတ်သံရုံးက ယခုဖြစ်ပွားနေသော ရောဂါကို “အမည်မသိ အဆုတ်ရောင်ရောဂါ” ဟု ဖော်ပြခဲ့သော်လည်း ကာဇက်စတန် အရာရှိများနှင့် သတင်းမီဒီယာတို့ကမူ အဆုတ်ရောင်ရောဂါဟုသာ ရေးသားဖော်ပြကြသည်။

ယခုရောဂါကို တရုတ်သံရုံးက အဘယ်ကြောင့် “အမည်မသိ” ဟု ထည့်သွင်းဖော်ပြခဲ့ခြင်းနှင့် ယခုအဆုတ်ရောင်ရောဂါနှင့် ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်များ ရရှိထားသည်ကိုမူ မသိရသေးချေ။

ဒေသတွင်း သတင်းမီဒီယာတို့၏ ဖော်ပြချက်ကို ကိုးကားပြီး သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြရာ၌ အာတီရောင် (Atyrau)  နှင့် အက်ခ်တိုးဘီ (Aktobe) ပြည်နယ်များအပြင် ရှန်းကန့်မြို့ (Shymkent ) တို့တွင် ဇွန်လလယ်ပိုင်းကတည်းက အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများ အလွန်မြင့်မားနေကြောင်း ဖော်ပြထားသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ၏ နယ်စပ်နေရာတွင် တည်ရှိသော ရှန်းကန့်မြို့နှင့် အာတီရောင်ပြည်နယ်၏မြို့တော်တို့သည် ကီလိုမီတာ ၁၅၀၀ ( မိုင် ၉၃၀) ဝေးကွာပြီး အာတီရောင်ပြည်နယ်နှင့် အက်ခ်တိုးဘီ ပြည်နယ်များ၏ မြို့တော်များမှာ ၃၃၀ ကီလိုမီတာ ( ၂၀၅ မိုင်) ဝေးကွာသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ နေရာ ၃ ခုတွင် အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၅၀၀ နီးပါးရှိနေပြီး ၃၀ ကျော်မှာ စိုးရိမ်ရသည့်အနေအထားရှိကြောင်း ဖော်ပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကာဇက်စတန်တွင် ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသူ ၁၇၇၂ ဦးရှိပြီး ယင်းတို့အနက် ၆၂၈ ဦးမှာ ဇွန်လအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံသားအချို့လည်း ပါဝင်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကာဇက်စတန်ဆိုင်ရာ တရုတ်သံရုံးမှ ဤနိုင်ငံတွင်ရှိနေသော တရုတ်နိုင်ငံသားများအား လက်ရှိအခြေအနေများကို သတိထားရန်နှင့် ကူးစက်ခံရမှု အန္တရာယ်နည်းပါးစေရေးအတွက်  ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် သတိပေးအပ်ပါသည်။ ”ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကာဇက်စတန်၏ မြို့တော် Nur-Sultan မှ ကျန်းမာရေးစောင့်ရှောက်မှုဌာန အကြီးအကဲ ဆောလဲ ကီဇီကိုဗာ (Saule Kisikova) က Kazinform သတင်းအေဂျင်စီသို့ ပြောကြားရာတွင် “နေ့စဉ်နေ့တိုင်း လူ ၃၀၀ လောက် အဆုတ်ရောင် ရောဂါနဲ့ ဆေးရုံရောက်နေကြပါတယ်” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဇွန်လအတွင်း အဆုပ်ရောင် ရောဂါဖြစ်ပွားသူ ၁၇၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း Kazinform သတင်းအေဂျင်စီက ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Unknown pneumonia’ deadlier than coronavirus sweeping Kazakhstan, Chinese embassy warns (SCMP)

[Zawgyi]

ကာဇက္စတန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ထက္ ေၾကာက္မက္ဖြယ္ေကာင္းၿပီ ေသဆုံးႏႈန္း ပိုမိုျမင့္မားေသာ အမည္မသိ အဆုပ္ေရာင္ေရာဂါတစ္မ်ိဳး ပ်ံ႕ႏွံ႔ေနေၾကာင္း တ႐ုတ္သံ႐ုံးသတိေပး

ကာဇက္စတန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ထက္ ေၾကာက္မက္ဖြယ္ေကာင္းၿပီ ေသဆုံးႏႈန္း ပိုမိုျမင့္မားေသာ အမည္မသိ အဆုပ္ေရာင္ ေရာဂါတစ္မ်ိဳး ပ်ံ႕ႏွံ႔ေနေၾကာင္း ကာဇက္စတန္ရွိ တ႐ုတ္သံ႐ုံးက သတိေပးခ်က္ ထုတ္ျပန္လိုက္သည္။

ယခင္က ဆိုဗီယက္ျပည္ေထာင္စု၏ ျပည္နယ္တစ္ခုျဖစ္ခဲ့ေသာ ကာဇက္စတန္တြင္ ဇြန္လကတည္းက အဆိုပါအမည္မသိ အဆုတ္ေရာင္ ေရာဂါပ်ံ႕ႏွံ႔ေနခဲ့ျခင္းျဖစ္ေၾကာင္း ကာဇက္စတန္ရွိ တ႐ုတ္သံ႐ုံးက သတိေပးလိုက္ျခင္း ျဖစ္သည္။

“ဒီေရာဂါရဲ႕ ေသဆုံးႏႈန္းက ကို႐ိုနာဗိုင္းရပ္စ္ထက္ အမ်ားႀကီး ျမင့္မားပါတယ္။ ဒီအဆုတ္ေရာင္ေရာဂါရဲ႕ ဗိုင္းရပ္စ္ကို ကာဇက္စတန္ က်န္းမာေရးဌာနေတြက သုေတသနလုပ္ေနေပမယ့္ ဗိုင္းရပ္စ္ကို မေဖာ္ထုတ္ႏိုင္ေသးပါဘူး” ဟု တ႐ုတ္သံ႐ုံးက ကာဇက္စတန္ႏိုင္ငံ အတြင္းရွိေနေသာ တ႐ုတ္ႏိုင္ငံသားမ်ားကို သတိေပးခဲ့သည္။

တ႐ုတ္သံ႐ုံးက ယခုျဖစ္ပြားေနေသာ ေရာဂါကို “အမည္မသိ အဆုတ္ေရာင္ေရာဂါ” ဟု ေဖာ္ျပခဲ့ေသာ္လည္း ကာဇက္စတန္ အရာရွိမ်ားႏွင့္ သတင္းမီဒီယာတို႔ကမူ အဆုတ္ေရာင္ေရာဂါဟုသာ ေရးသားေဖာ္ျပၾကသည္။

ယခုေရာဂါကို တ႐ုတ္သံ႐ုံးက အဘယ္ေၾကာင့္ “အမည္မသိ” ဟု ထည့္သြင္းေဖာ္ျပခဲ့ျခင္းႏွင့္ ယခုအဆုတ္ေရာင္ေရာဂါႏွင့္ ပတ္သက္ၿပီး မည္သည့္သတင္းအခ်က္အလက္မ်ား ရရွိထားသည္ကိုမူ မသိရေသးေခ်။

ေဒသတြင္း သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္ကို ကိုးကားၿပီး သံ႐ုံးဝက္ဘ္ဆိုက္တြင္ ေဖာ္ျပရာ၌ အာတီေရာင္ (Atyrau) ႏွင့္ အက္ခ္တိုးဘီ (Aktobe) ျပည္နယ္မ်ားအျပင္ ရွန္းကန႔္ၿမိဳ႕ (Shymkent ) တို႔တြင္ ဇြန္လလယ္ပိုင္းကတည္းက အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားမႈမ်ား အလြန္ျမင့္မားေနေၾကာင္း ေဖာ္ျပထားသည္။

ဥဇဘက္ကစၥတန္ႏိုင္ငံ၏ နယ္စပ္ေနရာတြင္ တည္ရွိေသာ ရွန္းကန႔္ၿမိဳ႕ႏွင့္ အာတီေရာင္ျပည္နယ္၏ၿမိဳ႕ေတာ္တို႔သည္ ကီလိုမီတာ ၁၅၀၀ ( မိုင္ ၉၃၀) ေဝးကြာၿပီး အာတီေရာင္ျပည္နယ္ႏွင့္ အက္ခ္တိုးဘီ ျပည္နယ္မ်ား၏ ၿမိဳ႕ေတာ္မ်ားမွာ ၃၃၀ ကီလိုမီတာ ( ၂၀၅ မိုင္) ေဝးကြာသည္။

တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္မွာ ေနရာ ၃ ခုတြင္ အဆုတ္ေရာင္ေရာဂါျဖစ္ပြားသူ ၅၀၀ နီးပါးရွိေနၿပီး ၃၀ ေက်ာ္မွာ စိုးရိမ္ရသည့္အေနအထားရွိေၾကာင္း ေဖာ္ျပသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ ကာဇက္စတန္တြင္ ယခုႏွစ္ ပထမႏွစ္ဝက္ကာလအတြင္း အဆုတ္ေရာင္ေရာဂါျဖင့္ ေသဆုံးသူ ၁၇၇၂ ဦးရွိၿပီး ယင္းတို႔အနက္ ၆၂၈ ဦးမွာ ဇြန္လအတြင္း ေသဆုံးခဲ့ျခင္းျဖစ္ကာ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕လည္း ပါဝင္ေၾကာင္း တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“ကာဇက္စတန္ဆိုင္ရာ တ႐ုတ္သံ႐ုံးမွ ဤႏိုင္ငံတြင္ရွိေနေသာ တ႐ုတ္ႏိုင္ငံသားမ်ားအား လက္ရွိအေျခအေနမ်ားကို သတိထားရန္ႏွင့္ ကူးစက္ခံရမႈ အႏၲရာယ္နည္းပါးေစေရးအတြက္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ရန္ သတိေပးအပ္ပါသည္။ ”ဟု တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ကာဇက္စတန္၏ ၿမိဳ႕ေတာ္ Nur-Sultan မွ က်န္းမာေရးေစာင့္ေရွာက္မႈဌာန အႀကီးအကဲ ေဆာလဲ ကီဇီကိုဗာ (Saule Kisikova) က Kazinform သတင္းေအဂ်င္စီသို႔ ေျပာၾကားရာတြင္ “ေန႔စဥ္ေန႔တိုင္း လူ ၃၀၀ ေလာက္ အဆုတ္ေရာင္ ေရာဂါနဲ႔ ေဆး႐ုံေရာက္ေနၾကပါတယ္” ဟု ေျပာၾကားသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ ဇြန္လအတြင္း အဆုပ္ေရာင္ ေရာဂါျဖစ္ပြားသူ ၁၇၀၀ ဦးခန႔္ရွိၿပီျဖစ္ေၾကာင္းလည္း Kazinform သတင္းေအဂ်င္စီက ေဖာ္ျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘Unknown pneumonia’ deadlier than coronavirus sweeping Kazakhstan, Chinese embassy warns (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service