အိမ်ယာအဆောက်အဦး ဘေးကင်းလုံခြုံရေးအတွက် အမျိုးသားအဆင့် အဆောက်အအုံဆိုင်ရာလမ်းညွန်ချက်များ ထုတ်ပြန်မည်ဟုဆို

အိမ်ယာအဆောက်အဦး ဘေးကင်းလုံခြုံရေးအတွက် အမျိုးသားအဆင့် အဆောက်အအုံဆိုင်ရာလမ်းညွန်ချက်များ ထုတ်ပြန်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Jul 2020 12:12 pm တွင် တင်ခဲ့သည်
671 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ယာအဆောက်အဦး ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံအမျိုးသား အဆောက်အအုံဆိုင်ရာလမ်းညွှန်ချက်များကို ပြုစုခဲ့ပြီးဖြစ်၍ ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။

ထိုအတွက် ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် UN Habitat၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး အခြားဝန်ကြီးဌာနများကလည်း ထောက်ခံခဲ့သည်ဟုဝန်ကြီးကဆိုသည်။

“ဆောက်လုပ်ရေးကဏ္ဍရဲ့ အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဆင့်အတန်းများ တိုးတက်ရေးအတွက် ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီများနဲ့ အဖွဲ့အစည်း များအားလုံးကို ပူးပေါင်း ဆောင်ရွက်ပေးကြပါလို ပန်ကြားလိုပါတယ်၊ အားလုံးပူးပေါင်း ဆောင်ရွက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံများနဲ့ အများပြည်သူသုံး အဆောက်အအုံများအားလုံးကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြမည်ဟု ယုံကြည် ပါတယ်”ဟု ဝန်ကြီးကဆိုသည်။

ထိုပြင် မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံဥပဒေကို ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်ဟုလည်းဝန်ကြီးကဆိုသည်။ မြန်မာနိုင်ငံ အမျိုးသားအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် မြို့ပြမူဝါဒကိုပြဋ္ဌာန်းရန် အပြီးသတ်ဆောင်ရွက်နေပြီဖြစ်သည်ဟု ၎င်းကဆိုသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ထုတ်ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်နေသည်ဟုဆိုသည်။

နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ၅၀ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည် ဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုသည်။ထိုအတွက် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ထိရောက်ရန်၊ နိုင်ငံတော်စီးပွားရေးကဏ္ဍ စည်းချက်ညီစွာ တိုးတက်ကောင်းမွန် လာစေရေးသည် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှုပေါ်တွင် မူတည်နေသည်ဟုဝန်ကြီးကဆိုသည်။

ဆောက်လုပ်ရေးကဏ္ဍ၏ လုပ်ဆောင်ချက်များကို သေချာစွာထိန်းကျောင်း၍ တိုးတက်ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေရန် ဆောင်ရွက်ရမည်ဟု ဝန်ကြီးကဆိုသည်။

ဝယ်ယူရေးဥပဒေ၊ ပြည်သူလူထုပိုင်ဆိုင်မှုများ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည်အသွေးမြင့်မားမှုအတွက် ရည်ရွယ်သည်ဟုဆိုသည်။ ဈေးနှုန်းသက်သာ၍ ထိရောက်မြန်ဆန်ရန် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော်ရန်လိုအပ်သည်ဟုလည်းဝန်ကြီးကပြောသည်။

အမျိုးသားအဆင့် မြို့ပြနှင့် အိမ်ရာမူဝါဒနှင့် လမ်းညွှန်ချက်များရေးဆွဲ ပြဌာန်း၍ နိုင်ငံတစ်ဝှမ်း မြို့ပြ ဒေသနှင့် အိမ်ရာဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ယာအေဆာက္အဦး ေဘးကင္းလုံၿခဳံေရးအတြက္ အမ်ိဳးသားအဆင့္ အေဆာက္အအုံဆိုင္ရာလမ္းၫြန္ခ်က္မ်ား ထုတ္ျပန္မည္ဟုဆို

အိမ္ယာအေဆာက္အဦး ေဘးကင္းလုံၿခဳံေရးအတြက္ ျမန္မာႏိုင္ငံအမ်ိဳးသား အေဆာက္အအုံဆိုင္ရာလမ္းၫႊန္ခ်က္မ်ားကို ျပဳစုခဲ့ၿပီးျဖစ္၍ ၂၀၂၀ ခုႏွစ္အတြင္း ထုတ္ျပန္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာသည္။

ထိုအတြက္ ၂၀၁၆ ခုႏွစ္တြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ UN Habitat၊ ျမန္မာႏိုင္ငံအင္ဂ်င္နီယာ အသင္းတို႔ႏွင့္ပူးေပါင္း၍ ေဆာင္႐ြက္ခဲ့ၿပီး အျခားဝန္ႀကီးဌာနမ်ားကလည္း ေထာက္ခံခဲ့သည္ဟုဝန္ႀကီးကဆိုသည္။

“ေဆာက္လုပ္ေရးက႑ရဲ႕ အရည္အေသြးျမင့္မားေရး၊ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ အဆင့္အတန္းမ်ား တိုးတက္ေရးအတြက္ ပါဝင္ပတ္သက္ေနတဲ့ ကုမၸဏီမ်ားနဲ႔ အဖြဲ႕အစည္း မ်ားအားလုံးကို ပူးေပါင္း ေဆာင္႐ြက္ေပးၾကပါလို ပန္ၾကားလိုပါတယ္၊ အားလုံးပူးေပါင္း ေဆာင္႐ြက္ၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ အေျခခံအေဆာက္အအုံမ်ားနဲ႔ အမ်ားျပည္သူသုံး အေဆာက္အအုံမ်ားအားလုံးကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ၾကမည္ဟု ယုံၾကည္ ပါတယ္”ဟု ဝန္ႀကီးကဆိုသည္။

ထိုျပင္ ျမန္မာႏိုင္ငံတြင္ ကြန္ဒိုမီနီယံဥပေဒကို ၂၀၁၆ ခုႏွစ္က ျပ႒ာန္းခဲ့ၿပီးျဖစ္သည္ဟုလည္းဝန္ႀကီးကဆိုသည္။ ျမန္မာႏိုင္ငံ အမ်ိဳးသားအိမ္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒႏွင့္ ၿမိဳ႕ျပမူဝါဒကိုျပ႒ာန္းရန္ အၿပီးသတ္ေဆာင္႐ြက္ေနၿပီျဖစ္သည္ဟု ၎ကဆိုသည္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အေဆာက္အအုံေဆာက္လုပ္ေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ဥပေဒကို ထုတ္ျပန္ႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ေနသည္ဟုဆိုသည္။

ႏိုင္ငံ၏ရင္းႏွီးျမႇဳပ္ႏွံမႈ ၅၀ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းသည္ ေဆာက္လုပ္ေရးက႑တြင္ အသုံးျပဳသည္။ထိုအတြက္ ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ အစီအစဥ္မ်ားကို ထိေရာက္ရန္၊ ႏိုင္ငံေတာ္စီးပြားေရးက႑ စည္းခ်က္ညီစြာ တိုးတက္ေကာင္းမြန္ လာေစေရးသည္ ေဆာက္လုပ္ေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ႏိုင္မႈေပၚတြင္ မူတည္ေနသည္ဟုဝန္ႀကီးကဆိုသည္။

ေဆာက္လုပ္ေရးက႑၏ လုပ္ေဆာင္ခ်က္မ်ားကို ေသခ်ာစြာထိန္းေက်ာင္း၍ တိုးတက္ေကာင္းမြန္သည့္ လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိေနရန္ ေဆာင္႐ြက္ရမည္ဟု ဝန္ႀကီးကဆိုသည္။

ဝယ္ယူေရးဥပေဒ၊ ျပည္သူလူထုပိုင္ဆိုင္မႈမ်ား ေဘးအႏၲရာယ္ကင္းရွင္းမႈႏွင့္ အရည္အေသြးျမင့္မားမႈအတြက္ ရည္႐ြယ္သည္ဟုဆိုသည္။ ေဈးႏႈန္းသက္သာ၍ ထိေရာက္ျမန္ဆန္ရန္ နည္းပညာဆိုင္ရာ သုေတသန လုပ္ငန္းမ်ားကိုလည္း အက်ိဳးတူ ပူးေပါင္း အေကာင္အထည္ေဖာ္ရန္လိုအပ္သည္ဟုလည္းဝန္ႀကီးကေျပာသည္။

အမ်ိဳးသားအဆင့္ ၿမိဳ႕ျပႏွင့္ အိမ္ရာမူဝါဒႏွင့္ လမ္းၫႊန္ခ်က္မ်ားေရးဆြဲ ျပဌာန္း၍ ႏိုင္ငံတစ္ဝွမ္း ၿမိဳ႕ျပ ေဒသႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး အစီအစဥ္မ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ ဝန္ႀကီးဌာနက ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service