အကွက်ရိုက်ထားသည့် လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

အကွက်ရိုက်ထားသည့် လယ်ယာမြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2020 11:02 am တွင် တင်ခဲ့သည်
8322 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မကြာသေးမီရက်ပိုင်းကဖြစ်သည်။ ဆွေမျိုးနီးစပ် တူမတော်စပ်သူတို့ ဇနီးမောင်နှံသည် စာရေးသူ၏ ရုံး ခန်းသို့ ရောက်ရှိလာကြသည်။

“ဦးလေးဆီ ဖုန်းဆက်မထားလို့ ရုံးခန်းမှာ ဦးလေးမရှိရင် အခက်ပဲဆိုပြီး စိုးရိမ်နေမိတာ”

“အေး - ကံကောင်းသွားတယ်ပေါ့။ တူမကြီး အိမ်ထောင်ကျပြီး နောက်ပိုင်း တစ်ကြိမ်လားပဲ တွေ့ဖြစ် တယ်ထင်တယ်။ အတော်ကြာသွားပြီ။ အခု အမေနဲ့အတူနေတာ မဟုတ်လား”

“ဟုတ်ပါတယ်။ ဦးလေး၊ အမေက ဆီးချိုတက်နေလို့ပြန်ပြီး အနားယူနေရတယ်”

“အင်းပေါ့လေ။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးမှတော့ ခန္ဓာကိုယ်က ချို့ယွင်းလာပြီပေါ့။ ထူးထူးထွေ ထွေဘာကိစ္စရှိလို့လဲ”

“ထူးထူးထွေထွေလို့ပဲ ပြောရမလား။ သမီးတို့နှစ်ယောက် သန်လျင်မှာ မြေတစ်ကွက်ဝယ်ဖို့သွားကြည့်တယ်။ တချို့ကပြောတော့ ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။ တချို့ကလည်း စလစ်မြေလို့ ပြောပြန်တယ်။ သေချာ နားမလည်ဖြစ်နေတယ်”

“သန်လျင်ဘက်မှာတော့ လယ်ယာမြေ ဥယျာဉ်ခြံမြေ၊ စလစ်မြေ၊ ပါမစ်မြေ အစုံပဲ သမီးရဲ့၊ သေချာ လေ့လာစိစစ်ပြီးမှ ဝယ်ဖို့လိုတယ်။ ဘယ်လိုဖြစ်လို့ သန်လျင်ဘက်ကို မျက်စိကျသွားရတာလဲ၊ နေဖို့ရည် ရွယ်တာလား”

“သမီးတို့အခုနေတဲ့ တိုက်ခန်းကလည်း အဆောက်အအုံတစ်ခုလုံး ဆွေးနေပြီဆိုတော့ အန္တရာယ်ရှိလာပြီး အမေကလည်း အသက်ကြီးလာပြီဆိုတော့ ငါးထပ်ကိုတက်ဖို့ အဆင်မပြေတော့ဘူး”

“မြေနဲ့အိမ်နဲ့ကတော့ ကောင်းပါတယ်။ ဒါပေမယ့် သန်လျင်ဘက်ဆိုတော့ သမီးတို့အလုပ်နဲ့ အဆင်ပြေ ပါ့မလား”

“သူလုပ်နေတဲ့ ကုမ္ပဏီက သန်လျင်ဘက်မှာလုပ်ငန်းတွေရှိတယ်” တူမဖြစ်သူက သူ၏ ခင်ပွန်းဘက်သို့ လှည့်၍ ရှင်းပြပါသည်။

“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ နေရာကို သွားကြည့်ပြီးပြီလား၊ အခြေအနေက ဘယ်လိုရှိသလဲ”

“ပေ ၄၀ x ပေ ၆၀ အကွက် ရိုက်ထားတဲ့ မြေကွက်တွေဖြစ်တယ်”

“ဒါဆိုရင် လယ်ယာမြေတွေအနေနဲ့ပဲ ရှိဦးမယ်ထင်တယ်။ သန်လျင် မြို့ကြေးတိုင်မြေစာရင်းရုံးဝိုင်းထဲမှာပဲ ထင်တယ်။ လယ်ယာမြေစီမံခန့်ခွဲရေးရုံးရှိတယ်။ အဲဒီကို သွားရောက်စုံစမ်း ဖို့တော့ လိုမယ်”

“ဟုတ်ကဲ့ ကျွန်တော်တို့ရောက်ခဲ့ပါတယ်။ မြို့သစ်စီမံကိန်းတော့ရှိတယ်။ အဲဒီလယ်ယာမြေတွေကို အခြား နည်းဆောင်ရွက်ခွင့်လျှောက်ထားတယ်လို့ သိရတယ်။ ဒါကြောင့် မြေကိုအကွက်ရိုက်ပြီး ရောင်းနေတာ ဦးလေး”

“အခြားနည်းနဲ့ လျှောက်ထားတာက ပုံစံ (၇) ထုတ်ပေးထားတဲ့ သူက လျှောက်တာလား။ မြို့သစ်စီမံ ကိန်းရှိလို့ နိုင်ငံတော်အစိုးရကဘဲ အခြားနည်းနဲ့ ဆောင်ရွက်ခွင့်လျှောက် တာလားဆိုတာ ကွဲပြားသိဖို့လိုလိမ့်မယ်”

“ပုံစံ (၇) ဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့်ကို ချပေးတဲ့ လက်မှတ်ဖြစ်တယ်။ မကြာသေးမီအချိန်က မန်္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်းဝန်ကြီးက လယ်ယာမြေပေါ်မှာ အကွက်ချ ရောင်းနေကြတယ်။ လယ်ယာမြေအပြင် သစ်တောမြေနှင့် မြေလွတ်မြေ ရိုင်းတွေမှာ အကွက်ရိုက်ရောင်းချမှုရှိ နေတယ်။ ဒါဟာ ဥပဒေအရ ဘယ်လိုမှ မကိုက်ညီဘူး။ မသမာသူတွေ လုပ်ဆောင်နေတာကို အမြန်ဆုံးဟန့် တားသွားမှာပါ။ လက်ရှိလုပ်နေသူတွေကိုလည်း ရပ်တန့်ဖို့ပြောကြားလိုကြောင်း ရှင်းလင်းသွားတာရှိတယ်။ ဒါကြောင့် မန္တလေးတိုင်းတစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဖြစ်နိုင်တာဖြစ်လို့ ဝယ်ရင် သတိထားဝယ်ဖို့ လိုလိမ့်မယ်”

“စလစ်မြေဆိုတာက ဘယ်လိုလဲ ခင်ဗျာ”

“စလစ်မြေဆိုတာ အိမ်ဆောက် လုပ်နေထိုင်ခွင့်ရထားတဲ့ မြေဖြစ်တယ်။ အခုမြေက စလစ်မြေမဟုတ် သေးဘူး”

“အခုရောင်းတဲ့သူက မြေကွက် ရဲ့ ပုံစံ (၇) လုပ်ပိုင်ခွင့်စာရွက်မိတ္တူတော့ရမယ်ပြောတယ်”

“ဘယ်နှဆင့်လက်လွှဲပြောင်း ထားသလဲဆိုတာ ရှိလိမ့်မယ်။ တိုက်ရိုက် အမည်ပေါက်သူက ရောင်းတာလား”

“နှစ်ဆင့်ရှိတယ်ပြောပါတယ်။ အဆင့်ဆင့်စာချုပ်တွေတော့ရမယ် ပြောပါတယ်”

“စာချုပ်အဆင့်ဆင့်က မူရင်းရဖို့ လိုလိမ့်မယ်”

“ရောင်းသူက ပိုခိုင်မာအောင် ပုံစံ (၇) ရထားသူထံက ကိုယ်စားလှယ်လွှဲစာရယူထားသူနဲ့ စာချုပ် ချုပ် ပေးပါမယ်လို့ ပြောပါတယ်”

“တစ်ခုရှိတာက ကိုယ်စားလှယ်လွှဲစာက စာချုပ်စာတမ်းရုံးမှာ ပြုလုပ်ထားတဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ဖို့ လိုတယ်”

“တချို့ကပြောတော့ လယ်ယာ မြေဥပဒေအရ လယ်ယာမြေတွေကို ခွဲစိတ်ရောင်းခွင့်ရှိတယ်လို့ ပြောတယ် ဟုတ်ပါသလား”

“မှန်ပါတယ်။ အဲဒါက လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ၊ လယ်ယာမြေ၏ လုပ် ပိုင်ခွင့်ကို ရောင်းချခြင်းဖြစ်တယ်။ မြေကွက်ကို ရောင်းချခြင်းမဟုတ်ဘူး။ လယ်ယာမြေဥပဒေပုဒ်မ - (၁၂) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လွှဲပြောင်း၊ လဲလှယ်ပေးကမ်းခြင်းပြုရာမှာ ကြေး တိုင်နှင့် မြေစာရင်း ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် ဘယ်အချိန်မှ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချ ခွင့်ရှိပါသလဲ”

“လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ပြုသည့်အမိန့်စာရမှ မြေကွက်ကို တရားဝင်ခွဲစိတ်ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်”

“ခွင့်ပြုချက်မရသေးဘဲ ရောင်း ချရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“လယ်ယာမြေဥပဒေပုဒ်မ - ၁၂ (ဆ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို ခွင့် ပြုမိန့်မရဘဲ အခြားနည်းသုံးစွဲခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်”

“အရေးယူတဲ့အပိုင်းက ဘယ် လိုရှိပါသလဲ”

လယ်ယာမြေဥပဒေပုဒ်မ - (၁၉) မှာ ဤဥပဒေပုဒ်မ (၁၂) ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ်္စအလို့ငှာခန့်အပ် သည့် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့်နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ပါအမိန့် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်””

“အဲဒီအမိန့်တွေက ဘယ်လိုပါလဲဦး။ မြေက ဖယ်ရှားပေးဖို့ ရှိပါသလား”

“အေး ...(က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း။ (ခ) မူလသတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း။ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊ (ဃ) လယ်ယာမြေပေါ် တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်းများပြုလုပ်နိုင်တယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့်မရမီ မြေ ကွက်ရိုက်ပြီး အဆောက်အအုံ ဆောက်ခဲ့ရင် ဥပဒေနဲ့ မညီဘူးပေါ့”

“မှန်ပါတယ်။ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရမှ ဝယ်ရင်တော့ ပိုင်ဆိုင်ခွင့်သေချာနိုင်တာပေါ့။ ဒါပေမယ့် အဲဒီအချိန်ဆိုရင် မြေကွက်ဈေးကတက်သွားနိုင်တာမို့ အခြားနည်းနဲ့ လျှောက်ထားဆဲ လယ်ယာ မြေလို့ ပြောဆိုချက်ကို စွန့်စားဝယ်နေတာဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးရုံးမှာ သေချာစုံစမ်းပြီးမှ ဝယ်ပါ” ဟု အကြံပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အကြက္႐ုိက္ထားသည့္ လယ္ယာေျမကုိ ၀ယ္မည္ဆုိလွ်င္

မၾကာေသးမီရက္ပုိင္းကျဖစ္သည္။ ေဆြမ်ဳိးနီးစပ္ တူမေတာ္စပ္သူတုိ႔ ဇနီးေမာင္ႏွံသည္ စာေရးသူ၏ ႐ုံး ခန္းသုိ႔ ေရာက္ရွိလာၾကသည္။

“ဦးေလးဆီ ဖုန္းဆက္မထားလုိ႔ ႐ုံးခန္းမွာ ဦးေလးမရွိရင္ အခက္ပဲဆုိၿပီး စုိးရိမ္ေနမိတာ”

“ေအး - ကံေကာင္းသြားတယ္ေပါ့။ တူမႀကီး အိမ္ေထာင္က်ၿပီး ေနာက္ပိုင္း တစ္ႀကိမ္လားပဲ ေတြ႕ျဖစ္ တယ္ထင္တယ္။ အေတာ္ၾကာသြားၿပီ။ အခု အေမနဲ႔အတူေနတာ မဟုတ္လား”

“ဟုတ္ပါတယ္။ ဦးေလး၊ အေမက ဆီးခ်ဳိတက္ေနလုိ႔ျပန္ၿပီး အနားယူေနရတယ္”

“အင္းေပါ့ေလ။ အသက္ေျခာက္ဆယ္ေက်ာ္ ခုနစ္ဆယ္နီးမွေတာ့ ခႏၶာကုိယ္က ခ်ဳိ႕ယြင္းလာၿပီေပါ့။ ထူးထူးေထြ ေထြဘာကိစၥရွိလုိ႔လဲ”

“ထူးထူးေထြေထြလုိ႔ပဲ ေျပာရမလား။ သမီးတုိ႔ႏွစ္ေယာက္ သန္လ်င္မွာ ေျမတစ္ကြက္၀ယ္ဖုိ႔သြားၾကည့္တယ္။ တခ်ဳိ႕ကေျပာေတာ့ ဥယ်ာဥ္ ၿခံေျမလုိ႔ ေျပာၾကတယ္။ တခ်ဳိ႕ကလည္း စလစ္ေျမလုိ႔ ေျပာျပန္တယ္။ ေသခ်ာ နားမလည္ျဖစ္ေနတယ္”

“သန္လ်င္ဘက္မွာေတာ့ လယ္ယာေျမ ဥယ်ာဥ္ၿခံေျမ၊ စလစ္ေျမ၊ ပါမစ္ေျမ အစုံပဲ သမီးရဲ႕၊ ေသခ်ာ ေလ့လာစိစစ္ၿပီးမွ ၀ယ္ဖုိ႔လုိတယ္။ ဘယ္လုိျဖစ္လုိ႔ သန္လ်င္ဘက္ကုိ မ်က္စိက်သြားရတာလဲ၊ ေနဖုိ႔ရည္ ရြယ္တာလား”

“သမီးတုိ႔အခုေနတဲ့ တုိက္ခန္းကလည္း အေဆာက္အအုံတစ္ခုလုံး ေဆြးေနၿပီဆုိေတာ့ အႏၲရာယ္ရွိလာၿပီး အေမကလည္း အသက္ႀကီးလာၿပီဆုိေတာ့ ငါးထပ္ကိုတက္ဖုိ႔ အဆင္မေျပေတာ့ဘူး”

“ေျမနဲ႔အိမ္နဲ႔ကေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ သန္လ်င္ဘက္ဆုိေတာ့ သမီးတုိ႔အလုပ္နဲ႔ အဆင္ေျပ ပါ့မလား”

“သူလုပ္ေနတဲ့ ကုမၸဏီက သန္လ်င္ဘက္မွာလုပ္ငန္းေတြရွိတယ္” တူမျဖစ္သူက သူ၏ ခင္ပြန္းဘက္သုိ႔ လွည့္၍ ရွင္းျပပါသည္။

“ဒါဆုိရင္ေတာ့ အဆင္ေျပတာေပါ့။ ေနရာကို သြားၾကည့္ၿပီးၿပီလား၊ အေျခအေနက ဘယ္လုိရွိသလဲ”

“ေပ ၄၀ x ေပ ၆၀ အကြက္ ႐ုိက္ထားတဲ့ ေျမကြက္ေတြျဖစ္တယ္”

“ဒါဆုိရင္ လယ္ယာေျမေတြအေနနဲ႔ပဲ ရွိဦးမယ္ထင္တယ္။ သန္လ်င္ ၿမိဳ႕ေၾကးတုိင္ေျမစာရင္း႐ုံး၀ုိင္းထဲမွာပဲ ထင္တယ္။ လယ္ယာေျမစီမံခန္႔ခြဲေရး႐ုံးရွိတယ္။ အဲဒီကို သြားေရာက္စုံစမ္း ဖုိ႔ေတာ့ လုိမယ္”

“ဟုတ္ကဲ့ ကၽြန္ေတာ္တုိ႔ေရာက္ခဲ့ပါတယ္။ ၿမိဳ႕သစ္စီမံကိန္းေတာ့ရွိတယ္။ အဲဒီလယ္ယာေျမေတြကို အျခား နည္းေဆာင္ရြက္ခြင့္ေလွ်ာက္ထားတယ္လုိ႔ သိရတယ္။ ဒါေၾကာင့္ ေျမကိုအကြက္႐ုိက္ၿပီး ေရာင္းေနတာ ဦးေလး”

“အျခားနည္းနဲ႔ ေလွ်ာက္ထားတာက ပုံစံ (၇) ထုတ္ေပးထားတဲ့ သူက ေလွ်ာက္တာလား။ ၿမိဳ႕သစ္စီမံ ကိန္းရွိလုိ႔ ႏုိင္ငံေတာ္အစုိးရကဘဲ အျခားနည္းနဲ႔ ေဆာင္ရြက္ခြင့္ေလွ်ာက္ တာလားဆုိတာ ကြဲျပားသိဖုိ႔လုိလိမ့္မယ္”

“ပုံစံ (၇) ဆုိတာက လယ္ယာေျမလုပ္ပုိင္ခြင့္ကုိ ခ်ေပးတဲ့ လက္မွတ္ျဖစ္တယ္။ မၾကာေသးမီအခ်ိန္က မႏ္ၲေလးတုိင္းလႊတ္ေတာ္ အစည္းအေ၀းမွာ မႏၲေလးတုိင္း၀န္ႀကီးက လယ္ယာေျမေပၚမွာ အကြက္ခ် ေရာင္းေနၾကတယ္။ လယ္ယာေျမအျပင္ သစ္ေတာေျမႏွင့္ ေျမလြတ္ေျမ ႐ုိင္းေတြမွာ အကြက္႐ုိက္ေရာင္းခ်မႈရွိ ေနတယ္။ ဒါဟာ ဥပေဒအရ ဘယ္လုိမွ မကုိက္ညီဘူး။ မသမာသူေတြ လုပ္ေဆာင္ေနတာကို အျမန္ဆုံးဟန္႔ တားသြားမွာပါ။ လက္ရွိလုပ္ေနသူေတြကိုလည္း ရပ္တန္႔ဖုိ႔ေျပာၾကားလုိေၾကာင္း ရွင္းလင္းသြားတာရွိတယ္။ ဒါေၾကာင့္ မႏၲေလးတုိင္းတစ္ခုတည္း မဟုတ္ဘူး။ တစ္ႏုိင္ငံလုံးမွာ ျဖစ္ႏုိင္တာျဖစ္လုိ႔ ၀ယ္ရင္ သတိထား၀ယ္ဖုိ႔ လုိလိမ့္မယ္”

“စလစ္ေျမဆုိတာက ဘယ္လုိလဲ ခင္ဗ်ာ”

“စလစ္ေျမဆုိတာ အိမ္ေဆာက္ လုပ္ေနထုိင္ခြင့္ရထားတဲ့ ေျမျဖစ္တယ္။ အခုေျမက စလစ္ေျမမဟုတ္ ေသးဘူး”

“အခုေရာင္းတဲ့သူက ေျမကြက္ ရဲ႕ ပုံစံ (၇) လုပ္ပုိင္ခြင့္စာရြက္မိတၱဴေတာ့ရမယ္ေျပာတယ္”

“ဘယ္ႏွဆင့္လက္လႊဲေျပာင္း ထားသလဲဆုိတာ ရွိလိမ့္မယ္။ တုိက္႐ုိက္ အမည္ေပါက္သူက ေရာင္းတာလား”

“ႏွစ္ဆင့္ရွိတယ္ေျပာပါတယ္။ အဆင့္ဆင့္စာခ်ဳပ္ေတြေတာ့ရမယ္ ေျပာပါတယ္”

“စာခ်ဳပ္အဆင့္ဆင့္က မူရင္းရဖုိ႔ လုိလိမ့္မယ္”

“ေရာင္းသူက ပိုခုိင္မာေအာင္ ပုံစံ (၇) ရထားသူထံက ကုိယ္စားလွယ္လႊဲစာရယူထားသူနဲ႔ စာခ်ဳပ္ ခ်ဳပ္ ေပးပါမယ္လုိ႔ ေျပာပါတယ္”

“တစ္ခုရွိတာက ကုိယ္စားလွယ္လႊဲစာက စာခ်ဳပ္စာတမ္း႐ုံးမွာ ျပဳလုပ္ထားတဲ့ ကုိယ္စားလွယ္လႊဲစာျဖစ္ဖုိ႔ လုိတယ္”

“တခ်ဳိ႕ကေျပာေတာ့ လယ္ယာ ေျမဥပေဒအရ လယ္ယာေျမေတြကို ခြဲစိတ္ေရာင္းခြင့္ရွိတယ္လုိ႔ ေျပာတယ္ ဟုတ္ပါသလား”

“မွန္ပါတယ္။ အဲဒါက လယ္ယာေျမကို အားလုံးျဖစ္ေစ၊ တစ္စိတ္ တစ္ပုိင္းျဖစ္ေစ၊ လယ္ယာေျမ၏ လုပ္ ပုိင္ခြင့္ကို ေရာင္းခ်ျခင္းျဖစ္တယ္။ ေျမကြက္ကုိ ေရာင္းခ်ျခင္းမဟုတ္ဘူး။ လယ္ယာေျမဥပေဒပုဒ္မ - (၁၂) မွာ လယ္ယာေျမ လုပ္ပုိင္ခြင့္ကို ေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္း၊ လႊဲေျပာင္း၊ လဲလွယ္ေပးကမ္းျခင္းျပဳရာမွာ ေၾကး တုိင္ႏွင့္ ေျမစာရင္း ဦးစီးဌာနက သတ္မွတ္ထားသည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ခတုိ႔ကုိ ေပးေဆာင္၍ ၿမိဳ႕နယ္ေၾကးတုိင္ႏွင့္ ေျမစာရင္းဦးစီးဌာန႐ုံးမွာ မွတ္ပုံတင္ရမည္လုိ႔ ျပ႒ာန္းထားပါတယ္”

“ဒါဆုိရင္ ဘယ္အခ်ိန္မွ လယ္ယာေျမေတြကို အကြက္႐ုိက္ေရာင္းခ် ခြင့္ရွိပါသလဲ”

“လယ္ယာေျမကုိ အျခားနည္း သုံးစြဲခြင့္ျပဳသည့္အမိန္႔စာရမွ ေျမကြက္ကုိ တရား၀င္ခြဲစိတ္ေရာင္းခ်ခြင့္ရွိမွာ ျဖစ္ပါတယ္”

“ခြင့္ျပဳခ်က္မရေသးဘဲ ေရာင္း ခ်ရင္ ဘယ္လုိျဖစ္ႏုိင္ပါသလဲ”

“လယ္ယာေျမဥပေဒပုဒ္မ - ၁၂ (ဆ) မွာ လယ္ယာေျမလုပ္ပုိင္ခြင့္ ရရွိသူသည္ လယ္ယာေျမကို ခြင့္ ျပဳမိန္႔မရဘဲ အျခားနည္းသုံးစြဲျခင္း မျပဳရလုိ႔ ျပ႒ာန္းထားပါတယ္”

“အေရးယူတဲ့အပုိင္းက ဘယ္ လုိရွိပါသလဲ”

လယ္ယာေျမဥပေဒပုဒ္မ - (၁၉) မွာ ဤဥပေဒပုဒ္မ (၁၂) ပါ စည္းကမ္းခ်က္အားလုံးကိုျဖစ္ေစ၊ စည္းကမ္းခ်က္ တစ္ခုခုကိုျဖစ္ေစ လုိက္နာရန္ ပ်က္ကြက္လွ်င္ ၀န္ႀကီးဌာနက ဤကိစ္ၥအလုိ႔ငွာခန္႔အပ္ သည့္ လယ္ယာေျမစီမံ ခန္႔ခြဲမႈအဖြဲ႕သည္ ဤဥပေဒႏွင့္နည္းဥပေဒမ်ားႏွင့္အညီ စုံစမ္းစစ္ေဆးၿပီးေနာက္ ေအာက္ပါအမိန္႔ တစ္ရပ္ကိုျဖစ္ေစ၊ တစ္ရပ္ထက္ပို၍ျဖစ္ေစ ခ်မွတ္ႏုိင္တယ္လုိ႔ ေဖာ္ျပထားပါတယ္””

“အဲဒီအမိန္႔ေတြက ဘယ္လုိပါလဲဦး။ ေျမက ဖယ္ရွားေပးဖုိ႔ ရွိပါသလား”

“ေအး ...(က) သတ္မွတ္သည့္ ဒဏ္ေၾကးေငြေပးေဆာင္ေစျခင္း။ (ခ) မူလသတ္မွတ္ထားသည့္ နည္းလမ္းအတုိင္း လယ္ယာေျမကို ေဆာင္ရြက္ေစျခင္း။ (ဂ) လယ္ယာေျမေပၚမွ ႏွင္ထုတ္ထုိက္သူမ်ားကုိ ႏွင္ထုတ္ျခင္း၊ (ဃ) လယ္ယာေျမေပၚ တြင္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားေသာ အေဆာက္အအုံမ်ားကို ဖယ္ရွားျခင္းမ်ားျပဳလုပ္ႏုိင္တယ္လုိ႔ သတ္မွတ္ျပ႒ာန္းထားပါတယ္”

“ဒါဆုိရင္ လယ္ယာေျမကုိ အျခားနည္းနဲ႔ အသုံးျပဳခြင့္မရမီ ေျမ ကြက္႐ုိက္ၿပီး အေဆာက္အအုံ ေဆာက္ခဲ့ရင္ ဥပေဒနဲ႔ မညီဘူးေပါ့”

“မွန္ပါတယ္။ လယ္ယာေျမကုိ အျခားနည္းျဖင့္ အသုံးျပဳခြင့္ရမွ ၀ယ္ရင္ေတာ့ ပုိင္ဆုိင္ခြင့္ေသခ်ာႏုိင္တာေပါ့။ ဒါေပမယ့္ အဲဒီအခ်ိန္ဆုိရင္ ေျမကြက္ေစ်းကတက္သြားႏုိင္တာမုိ႔ အျခားနည္းနဲ႔ ေလွ်ာက္ထားဆဲ လယ္ယာ ေျမလုိ႔ ေျပာဆုိခ်က္ကုိ စြန္႔စား၀ယ္ေနတာျဖစ္တယ္။ ဒါေၾကာင့္ သက္ဆုိင္ရာ လယ္ယာေျမစီမံခန္႔ခြဲေရး႐ုံးမွာ ေသခ်ာစုံစမ္းၿပီးမွ ၀ယ္ပါ” ဟု အႀကံေပးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
mya-villa
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service