စရန်ငွေပေး ကတိစာချုပ်၏ အဓိကကျမှု

စရန်ငွေပေး ကတိစာချုပ်၏ အဓိကကျမှု - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2020 2:47 pm တွင် တင်ခဲ့သည်
3331 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အိမ်ခြံမြေ တိုက်ခန်းအရောင်းအဝယ်ပြုကြရာတွင် စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။ ဤတွင် သတ်မှတ် သည့်ရက် ၌ ရောင်းသူ သို့မဟုတ် ဝယ်သူတစ်ဦးဦးဘက်က ပျက်ကွက်လျှင် ပဋိညာဉ်ဖျက်သိမ်းနိုင် ခြင်း၊ ပဋိညာဉ် ပျက်ပြယ်ခြင်းများ ဖြစ်ပြီး စရန်ငွေဆုံးရှုံးခြင်း၊ ပစ္စည်း လက်မဲ့ဖြစ်ရခြင်းများနှင့် ကြုံတွေ့ တတ်ကြပေသည်။

စရန်ငွေပေးကတိစာချုပ်

ပစ္စည်းအရောင်းအဝယ် ပြုသည်ဆိုလျှင် ရောင်းသူက အဆိုပါ ပစ္စည်းကို အခြားသူအားမ ရောင်းရန် ဝယ်သူမှ စရန်ငွေအ ဖြစ်ရောင်း ဖိုးငွေ၏ တစ်စိတ်တစ် ပိုင်းကို ရောင်းသူအားပေးလေ့ရှိ သည်။ ထိုအတူပစ္စည်းရောင်းသူက လည်း အရောင်းအဝယ်မပျက်စေရန် စရန်ငွေတစ်စိတ်တစ်ပိုင်းကို ရယူထားလေ့ရှိပေသည်။

တစ်နည်းအားဖြင့် စရန် ငွေပေးခြင်းဆိုသည်မှာ -အာမခံငွေအဖြစ်စိတ်တစ်ပိုင်းပေးထား ခြင်းဖြစ်သည်။ ဥပဒေအရ နှစ်ဖက် သဘော တူ ပဋိညာဉ် (သဘော တူညီချက်) ပြုလုပ်ထား ခြင်းဖြစ် သည်။

ဥပဒေနှင့်ညီညွတ်သော ကတိ စာချုပ်များ

- ဥပဒေအရ သဘောတူညီချက် ပဋိညာဉ်တိုင်းသည် စာချုပ်စာတမ်းဟု မဆိုနိုင်သော်လည်း စာချုပ်စာတမ်းတိုင်းသည် ပဋိ ညာဉ်များ သာဖြစ်သည်။ ဥပမာ - ပစ္စည်းအရောင်းအဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊ စွန့်လွှတ်စာချုပ် စသည်တို့ဖြစ်သည်။

- ကတိစာချုပ် ချုပ်ဆိုရာတွင် တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန် လိုအပ်ပေသည်။

- သို့မှသာ ဥပဒေအရ ပိုင်ခွင့်များကို မဆုံးရှုံးနိုင် မည်ဖြစ်သည်။

ပဋိညာဉ်အက်ဥပဒေ အရ တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်မှာ

(၁) နှစ်ဦးနှစ်ဖက် သဘောတူ ညီချက်ရှိရမည်။ ဆိုလိုသည်မှာ တစ်ဦးက ကမ်းလှမ်းချက် သို့မ ဟုတ် အဆိုပြုချက်ရှိပြီး ကျန်တစ် ဦးက ယင်းအဆိုပြုချက်၊ ကမ်း လှမ်းချက်ကို လက်ခံသဘောတူညီ မှုရှိရမည်။

(၂) နှစ်ဦးနှစ်ဖက် လိမ်လည် လှည့်ဖြား မတရားသြဇာသုံး၍ သဘောတူညီချက်မျိုးမဟုတ်ဘဲ လွတ်လပ်စွာပေးသည့် သဘော တူညီချက်ဖြစ်ရမည်။

(၃) ပဋိညာဉ်ပြုလုပ်သူများ သည် ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းရှိသူများဖြစ်ရမည်။ အရွယ်မရောက်သေးသူ၊ ရူးသွပ်သူ များ မဖြစ်စေရပေ။

(၄) ပဋိညာဉ်ပြုလုပ်သည့်အ ကြောင်းအရာတစ်ရပ်တွင် ပဋိ ညာဉ်ပြုသူ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် အကျိုးပြုချက် သို့မ ဟုတ် ကတိနှင့် ညီညွတ်သည့် အဖိုးစားနားပါရှိရမည်ဖြစ်ပေသည်။

သို့မှသာ ဥပဒေအရအတည်ပြုနိုင်သည့် ပဋိညာဉ် တစ်နည်းအားဖြင့် ဥပဒေနှင့် ညီညွတ်သည့် တည်မြဲခိုင်မာသော ပဋိညာဉ် စာချုပ်ဖြစ်လာမည်ဖြစ်သည်။

*** ''တံဆိပ်ခေါင်းခွန် ဥပဒေအရ ကတိစာချုပ်များတွင် အခွန်တံဆိပ်ခေါင်း သုံးရာကျပ်တိတိ ထမ်းဆောင်ရပေသည်။ သို့မှသာ တရားဝင် ကတိစာချုပ်များ ဖြစ် လာပေမည်။" ***

"စရန်ငွေဆုံးရှုံးရခြင်း"

ဥပဒေနှင့်အညီချုပ်ဆို ထားသော ပစ္စည်း၊အိမ်ခြံမြေ တိုက် ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ စည်းကမ်းချက်များ ကို မလိုက်နာပျက်ကွက်ပါက ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံး တတ်ကြပေသည်။ သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ် ဆက်လက် ဆောင်ရွက်အတည်ပြုရန် တောင်း ဆိုခွင့်ရှိပေသည်။

စရန်ငွေပေးကတိစာချုပ်ပါအတိုင်း မလိုက်နာခဲ့သဖြင့် စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ် ဆုံးရှုံး ခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသု တအဖြစ် ဖော်ပြလိုပါသည်။

"ဒေါ်လှနွဲ့ (၎င်း၏အခွင့် ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့် ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး စာမျက် နှာ ၄ဝ၃'' အမှုမှာ -

(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ် ၈.၃.၉ဝ နေ့ စွဲပါ မြေရောင်းရန် စရန်ပေးကတိ စာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့် "မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊ ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ် နာကြေးငွေ တစ်သောင်းကျပ်ပေးစေရန် အမိန့်ချမှတ်ခဲ့သဖြင့် ဒေါ်လှနွဲ့မှ တရားမအထူးအယူခံ ရုံး အထိ အယူခံ ဝင်လာသော အမှု ဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်သည်မှာ -(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်း ညွန့်သို့ အချင်းဖြစ် မြေကွက်ကို ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်း ချရန် သဘောတူညီကြပြီး၊ ၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။

မြေရောင်း ရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက ပေးအပ် ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန် သဘောတူပါသည်ဟုလည်းကောင်း၊ ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင် ငွေကျပ်တစ် သောင်းလေးထောင်တိတိ ပေးအပ် ခဲ့ သည်ဟု လည်းကောင်း၊ ပထမအရစ်အဖြစ် ငွေကျပ်သုံးသောင်း သုံးထောင်ကျပ်တိတိ ၇.၉.၉ဝ နေ့တွင်အပြီး အပြတ်ပေးချေပါ မည်ဟု နှစ်ဦးနှစ်ဖက်သဘောတူ အောက်တွင် လက်မှတ်ရေးထိုးကြ ပါသည်ဟု လည်းကောင်း ဖော်ပြ ထားသည်။

ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည် ဆိုသော်လည်း ဒေါ်သန်းနွဲ့နှင့် မြေ ရောင်းရန်စရန်ပေး ကတိစာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိကြောင်းငြင်းဆို ထားခြင်း မရှိပေ။

ထို့ကြောင့် မြေ ရောင်း ရန် စရန်ပေးကတိစာချုပ် တွင် ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိကထား၍ စာချုပ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့ကြ ကြောင်းထင်ရှားသည်။

ဦးသန်း ညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသော နေ့တွင်ပေးရန် ပျက်ကွက် သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို ချိုးဖောက်ရာရောက်ပေသည်။

ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက ထိုပဋိ ညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက်သိမ်းခွင့်ရှိကြောင်း ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထား ပေသည်။

မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူ ဦးသန်းညွန့်က ရောင်းသူ ဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင်ကျပ် ကို ပေးအပ်ရာလက်ခံရရှိ ကြောင်း ဖော်ပြထားသည်။ ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ အာမခံ သဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲ ပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။

အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ စည်းကမ်းချက် များနှင့် အညီအရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သဖြင့် စရန်ပေးကတိစာချုပ်ပါ အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန် ငွေ ဆုံးရှုံး သည့်အပြင် တစ်ခါတစ်ရံ စရန်ငွေပေးပြီး လက်ရောက်ရယူထားမှုကိုပါ ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့် စရန်ပေးကတိ စာချုပ်ကို အထူးဂရုပြု ချုပ်ဆိုသင့်ကြောင်း အကြံပြုရေးသားလိုက် ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

စရန္ေငြေပး ကတိစာခ်ဳပ္၏ အဓိကက်မႈ

အိမ္ၿခံေျမ တိုက္ခန္းအေရာင္းအဝယ္ျပဳၾကရာတြင္ စရန္ ေငြေပးကတိစာခ်ဳပ္ကို ခ်ဳပ္ဆိုတတ္ၾကသည္။ ဤတြင္ သတ္မွတ္ သည့္ရက္ ၌ ေရာင္းသူ သို႔မဟုတ္ ဝယ္သူတစ္ဦးဦးဘက္က ပ်က္ကြက္လွ်င္ ပဋိညာဥ္ဖ်က္သိမ္းႏိုင္ ျခင္း၊ ပဋိညာဥ္ ပ်က္ျပယ္ျခင္းမ်ား ျဖစ္ၿပီး စရန္ေငြဆုံးရႈံးျခင္း၊ ပစၥည္း လက္မဲ့ျဖစ္ရျခင္းမ်ားႏွင့္ ႀကဳံေတြ႕ တတ္ၾကေပသည္။

စရန္ေငြေပးကတိစာခ်ဳပ္

ပစၥည္းအေရာင္းအဝယ္ ျပဳသည္ဆိုလွ်င္ ေရာင္းသူက အဆိုပါ ပစၥည္းကို အျခားသူအားမ ေရာင္းရန္ ဝယ္သူမွ စရန္ေငြအ ျဖစ္ေရာင္း ဖိုးေငြ၏ တစ္စိတ္တစ္ ပိုင္းကို ေရာင္းသူအားေပးေလ့ရွိ သည္။ ထိုအတူပစၥည္းေရာင္းသူက လည္း အေရာင္းအဝယ္မပ်က္ေစရန္ စရန္ေငြတစ္စိတ္တစ္ပိုင္းကို ရယူထားေလ့ရွိေပသည္။

တစ္နည္းအားျဖင့္ စရန္ ေငြေပးျခင္းဆိုသည္မွာ -အာမခံေငြအျဖစ္စိတ္တစ္ပိုင္းေပးထား ျခင္းျဖစ္သည္။ ဥပေဒအရ ႏွစ္ဖက္ သေဘာ တူ ပဋိညာဥ္ (သေဘာ တူညီခ်က္) ျပဳလုပ္ထား ျခင္းျဖစ္ သည္။

ဥပေဒႏွင့္ညီၫြတ္ေသာ ကတိ စာခ်ဳပ္မ်ား

- ဥပေဒအရ သေဘာတူညီခ်က္ ပဋိညာဥ္တိုင္းသည္ စာခ်ဳပ္စာတမ္းဟု မဆိုႏိုင္ေသာ္လည္း စာခ်ဳပ္စာတမ္းတိုင္းသည္ ပဋိ ညာဥ္မ်ား သာျဖစ္သည္။ ဥပမာ - ပစၥည္းအေရာင္းအဝယ္စာခ်ဳပ္၊ လက္ထပ္စာခ်ဳပ္၊ စြန႔္လႊတ္စာခ်ဳပ္ စသည္တို႔ျဖစ္သည္။

- ကတိစာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ တည္ၿမဲခိုင္မာေသာ ပဋိညာဥ္ျဖစ္ရန္ လိုအပ္ေပသည္။

- သို႔မွသာ ဥပေဒအရ ပိုင္ခြင့္မ်ားကို မဆုံးရႈံးႏိုင္ မည္ျဖစ္သည္။

ပဋိညာဥ္အက္ဥပေဒ အရ တည္ၿမဲခိုင္မာေသာ ပဋိညာဥ္ျဖစ္ရန္မွာ

(၁) ႏွစ္ဦးႏွစ္ဖက္ သေဘာတူ ညီခ်က္ရွိရမည္။ ဆိုလိုသည္မွာ တစ္ဦးက ကမ္းလွမ္းခ်က္ သို႔မ ဟုတ္ အဆိုျပဳခ်က္ရွိၿပီး က်န္တစ္ ဦးက ယင္းအဆိုျပဳခ်က္၊ ကမ္း လွမ္းခ်က္ကို လက္ခံသေဘာတူညီ မႈရွိရမည္။

(၂) ႏွစ္ဦးႏွစ္ဖက္ လိမ္လည္ လွည့္ျဖား မတရားၾသဇာသုံး၍ သေဘာတူညီခ်က္မ်ိဳးမဟုတ္ဘဲ လြတ္လပ္စြာေပးသည့္ သေဘာ တူညီခ်က္ျဖစ္ရမည္။

(၃) ပဋိညာဥ္ျပဳလုပ္သူမ်ား သည္ ပဋိညာဥ္ျပဳလုပ္ႏိုင္သည့္ အရည္အခ်င္းရွိသူမ်ားျဖစ္ရမည္။ အ႐ြယ္မေရာက္ေသးသူ၊ ႐ူးသြပ္သူ မ်ား မျဖစ္ေစရေပ။

(၄) ပဋိညာဥ္ျပဳလုပ္သည့္အ ေၾကာင္းအရာတစ္ရပ္တြင္ ပဋိ ညာဥ္ျပဳသူ တစ္ဦးႏွင့္တစ္ဦး အ ျပန္အလွန္ အက်ိဳးျပဳခ်က္ သို႔မ ဟုတ္ ကတိႏွင့္ ညီၫြတ္သည့္ အဖိုးစားနားပါရွိရမည္ျဖစ္ေပသည္။

သို႔မွသာ ဥပေဒအရအတည္ျပဳႏိုင္သည့္ ပဋိညာဥ္ တစ္နည္းအားျဖင့္ ဥပေဒႏွင့္ ညီၫြတ္သည့္ တည္ၿမဲခိုင္မာေသာ ပဋိညာဥ္ စာခ်ဳပ္ျဖစ္လာမည္ျဖစ္သည္။

*** ''တံဆိပ္ေခါင္းခြန္ ဥပေဒအရ ကတိစာခ်ဳပ္မ်ားတြင္ အခြန္တံဆိပ္ေခါင္း သုံးရာက်ပ္တိတိ ထမ္းေဆာင္ရေပသည္။ သို႔မွသာ တရားဝင္ ကတိစာခ်ဳပ္မ်ား ျဖစ္ လာေပမည္။" ***

"စရန္ေငြဆုံးရႈံးရျခင္း"

ဥပေဒႏွင့္အညီခ်ဳပ္ဆို ထားေသာ ပစၥည္း၊အိမ္ၿခံေျမ တိုက္ ခန္းအေရာင္းအဝယ္ စရန္ေငြေပး ကတိစာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ား ကို မလိုက္နာပ်က္ကြက္ပါက ပဋိညာဥ္ဥပေဒအရ စရန္ေငြဆုံးရႈံး တတ္ၾကေပသည္။ သို႔မဟုတ္ စရန္ေငြေပးကတိစာခ်ဳပ္ပါအတိုင္း အေရာင္းအဝယ္ ဆက္လက္ ေဆာင္႐ြက္အတည္ျပဳရန္ ေတာင္း ဆိုခြင့္ရွိေပသည္။

စရန္ေငြေပးကတိစာခ်ဳပ္ပါအတိုင္း မလိုက္နာခဲ့သျဖင့္ စရန္ေငြဆုံးရႈံးသည္ သာမက ပစၥည္းလက္ရွိမွ လက္လႊတ္ ဆုံးရႈံး ခဲ့ရသည့္ မႈခင္းတစ္ရပ္ကို ဗဟုသု တအျဖစ္ ေဖာ္ျပလိုပါသည္။

"ေဒၚလွႏြဲ႕ (၎၏အခြင့္ ရ ကိုယ္စားလွယ္ဦးထြန္းေအာင္) ႏွင့္ ဦးသန္းၫြန႔္ ၂ဝဝ၁ ခုႏွစ္ ျမန္မာႏိုငံတရားစီရင္ထုံး စာမ်က္ ႏွာ ၄ဝ၃'' အမႈမွာ -

(ေရာင္းသူ) ေဒၚလွႏြဲ႕က (ဝယ္သူ) ဦးသန္းၫြန႔္အေပၚ ၈.၃.၉ဝ ေန႔ စြဲပါ ေျမေရာင္းရန္ စရန္ေပးကတိ စာခ်ဳပ္ကို ဖ်က္သိမ္း၍ ေရာင္းရန္ ကတိျပဳထားသည့္ "ေျမကိုလက္ေရာက္ ျပန္လည္ေပးအပ္ေစလိုမႈ" စြဲဆိုရာ၊ ရန္ကုန္တိုင္းတရား႐ုံးက ဦးသန္းၫြန႔္မွ ေဒၚလွႏြဲ႕အား နစ္ နာေၾကးေငြ တစ္ေသာင္းက်ပ္ေပးေစရန္ အမိန႔္ခ်မွတ္ခဲ့သျဖင့္ ေဒၚလွႏြဲ႕မွ တရားမအထူးအယူခံ ႐ုံး အထိ အယူခံ ဝင္လာေသာ အမႈ ျဖစ္သည္။

အထူးအယူခံ႐ုံးက သုံးသပ္သည္မွာ -(ေရာင္းသူ) ေဒၚလွႏြဲ႕က (ဝယ္သူ) ဦးသန္း ၫြန႔္သို႔ အခ်င္းျဖစ္ ေျမကြက္ကို ေငြ ၈ဝဝဝဝ (ရွစ္ေသာင္းက်ပ္) ျဖင့္ ေရာင္း ခ်ရန္ သေဘာတူညီၾကၿပီး၊ ၈.၃.၉ဝ ေန႔စြဲပါ ေျမေရာင္းရန္ စရန္ေပးကတိစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ေၾကာင္း အျငင္းမပြားေပ။

ေျမေရာင္း ရန္စရန္ေပး ကတိစာခ်ဳပ္တြင္ ပ်က္ကြက္ပါက ေပးအပ္ ထားသည့္ စရန္ေငြကို ဝယ္ယူက အရႈံးခံရန္ သေဘာတူပါသည္ဟုလည္းေကာင္း၊ ေငြရွစ္ေသာင္းက်ပ္တိတိထဲမွ စရန္ေငြအျဖစ္ ၈.၃.၉ဝ ေန႔တြင္ ေငြက်ပ္တစ္ ေသာင္းေလးေထာင္တိတိ ေပးအပ္ ခဲ့ သည္ဟု လည္းေကာင္း၊ ပထမအရစ္အျဖစ္ ေငြက်ပ္သုံးေသာင္း သုံးေထာင္က်ပ္တိတိ ၇.၉.၉ဝ ေန႔တြင္အၿပီး အျပတ္ေပးေခ်ပါ မည္ဟု ႏွစ္ဦးႏွစ္ဖက္သေဘာတူ ေအာက္တြင္ လက္မွတ္ေရးထိုးၾက ပါသည္ဟု လည္းေကာင္း ေဖာ္ျပ ထားသည္။

ဦးသန္းၫြန႔္က အခ်င္းျဖစ္ ေျမႏွင့္အိမ္ကို ဦးဘေမာင္ထံမွ အရပ္စာခ်ဳပ္ျဖင့္ ဝယ္ယူလက္ ေရာက္ေနထိုင္လ်က္ရွိသည္ ဆိုေသာ္လည္း ေဒၚသန္းႏြဲ႕ႏွင့္ ေျမ ေရာင္းရန္စရန္ေပး ကတိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္း မရွိေၾကာင္းျငင္းဆို ထားျခင္း မရွိေပ။

ထို႔ေၾကာင့္ ေျမ ေရာင္း ရန္ စရန္ေပးကတိစာခ်ဳပ္ တြင္ ေဒၚလွႏြဲ႕ႏွင့္ ဦးသန္းၫြန႔္တို႔သည္ စာခ်ဳပ္ပါ အခ်ိန္ကို အဓိကထား၍ စာခ်ဳပ္ကို အေကာင္အထည္ေဖာ္ရန္ ရည္႐ြယ္ခဲ့ၾက ေၾကာင္းထင္ရွားသည္။

ဦးသန္း ၫြန႔္သည္ ပထမအရစ္ေငြကို သတ္မွတ္ထားေသာ ေန႔တြင္ေပးရန္ ပ်က္ကြက္ သျဖင့္ ပဋိညာဥ္ပါ စည္းကမ္းကို ခ်ိဳးေဖာက္ရာေရာက္ေပသည္။

ကတိျပဳသူသည္ ပဋိညာဥ္ သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္း ေဆာင္႐ြက္ရန္ ပ်က္ကြက္ သည့္အခါ ကတိရသူက ထိုပဋိ ညာဥ္ကို ပယ္ဖ်က္ႏိုင္ခြင့္၊ ဖ်က္သိမ္းခြင့္ရွိေၾကာင္း ပဋိညာဥ္အက္ ဥပေဒ ပုဒ္မ ၅၅ တြင္ ျပ႒ာန္းထား ေပသည္။

ေျမေရာင္းရန္ စရန္ေပးကတိစာခ်ဳပ္တြင္ ဝယ္သူ ဦးသန္းၫြန႔္က ေရာင္းသူ ေဒၚလွႏြဲ႕သို႔ စရန္ေငြ တစ္ေသာင္းေလးေထာင္က်ပ္ ကို ေပးအပ္ရာလက္ခံရရွိ ေၾကာင္း ေဖာ္ျပထားသည္။ ထိုေငြမွာ ေရာင္းေငြအတြက္ တစ္စိတ္တစ္ပိုင္းေပးခဲ့ျခင္း မဟုတ္ဘဲ အာမခံ သေဘာျဖင့္ ေပးျခင္းသာျဖစ္၍ ဝယ္သူက ပ်က္ကြက္ပါက ထိုေငြကို ျပန္လည္ရရွိႏိုင္မည္ မဟုတ္ေပ။ သို႔ျဖစ္၍ ၈.၃.၉ဝ ေန႔စြဲ ပါ ေျမေရာင္း ရန္စရန္ေပးကတိစာခ်ဳပ္ကို ပယ္ဖ်က္ေၾကာင္း အမိန႔္ခ်မွတ္ခဲ့ပါသည္။

ထို႔ေၾကာင့္ အိမ္ၿခံေျမ တိုက္ခန္း အေရာင္းအဝယ္ျပဳၾကရာတြင္ အၿပီးအပိုင္ အေရာင္းအဝယ္စာခ်ဳပ္ထက္ အေရာင္းအဝယ္စရန္ေပး ကတိစာခ်ဳပ္ကို ၿပီးျပည့္စုံစြာခ်ဳပ္ဆိုရန္ အထူးလိုအပ္ပါသည္။

အေရာင္းအဝယ္ စရန္ေပး ကတိစာခ်ဳပ္ပါ စည္းကမ္းခ်က္ မ်ားႏွင့္ အညီအေရာင္းအဝယ္ကို ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ သျဖင့္ စရန္ေပးကတိစာခ်ဳပ္ပါ အခ်ိန္ေန႔ရက္ အပါအဝင္ စည္းကမ္းခ်က္ တစ္ခုခုကို ေဖာက္ဖ်က္ခဲ့ပါလွ်င္ ဝယ္သူအေနျဖင့္ စရန္ ေငြ ဆုံးရႈံး သည့္အျပင္ တစ္ခါတစ္ရံ စရန္ေငြေပးၿပီး လက္ေရာက္ရယူထားမႈကိုပါ ဆုံးရႈံးသြားတတ္သျဖင့္ ဝယ္သူမ်ားအေနျဖင့္ စရန္ေပးကတိ စာခ်ဳပ္ကို အထူးဂ႐ုျပဳ ခ်ဳပ္ဆိုသင့္ေၾကာင္း အႀကံျပဳေရးသားလိုက္ ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service