သင့်၏ နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

သင့်၏ နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2020 1:14 pm တွင် တင်ခဲ့သည်
17096 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသည်။ ထိုယတြာ နည်းများစွာတွင် လူတစ်ဦးတစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာများပါတယ်။

အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင်လာဘ်လာဘ ရွှင်လန်းအောင်ဆောင်ရွက်ရသောနည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသားအားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့်သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ်က ဘယ်ဘက် ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့အရပ် ကို မျက်နှာလှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့ အရပ် ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။ ထို အိမ်တွင် နေထိုင်သူအပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည်ကပ်လှူနိုင်သည်။

ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့တောင်အရပ် ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များအား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထိုယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။

တောင်အရပ် ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင်တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင်အရပ် ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။

သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွားတိုးတက်ခြင်းများ ရရှိခံစားရမည်။

အနောက်မြောက်အရပ် ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော်များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

မြောက် အရပ် ကို မျက်နှာ လှည့်သောနေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင် နေထိုင် သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ်ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရား အား အုန်းသီးကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မင်းခယောကျ်ား

 

[Zawgyi]

သင့္၏ ေနအိ္မ္ မ်က္ႏွာလွည့္ေသာအရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာနည္း

လာဘ္ပြင့္ေစေသာ ယၾတာမ်ိဳးစံု ရွိပါသည္။ ထိုယၾတာ နည္းမ်ားစြာတြင္ လူတစ္ဦးတစ္ေယာက္ ၏ ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္မ်ားကို အဓိကထား၍ ေဆာင္ရြက္ျခင္းမ်ားကိုသာ တင္ထားတာမ်ားပါတယ္။

အခုေျပာမွာကေတာ့ မိမိေနအိမ္၏ မ်က္ႏွာလွည့္ရာ အရပ္ကို အဓိကထား၍ လာဘ္ပြင့္ေအာင္လာဘ္လာဘ ရႊင္လန္းေအာင္ေဆာင္ရြက္ရေသာနည္းကို ေျပာျပပါမည္။

အဲဒီလို ေဆာင္ရြက္တဲ့အတြက္ ဘာအက်ိဳးေက်းဇူးေတြကို ရရွိႏိုင္သလဲဆိုေတာ့ အဲဒီေနအိမ္မွာ ေနထိုင္တဲ့ လူသားအားလံုး မိမိတို႔၏ လုပ္ငန္းေဆာင္တာမ်ားမွာ ထူးထူးကဲကဲ ေအာင္ျမင္ျခင္း၊ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ျခင္း၊ စီးပြားေရးမ်ား ေအာင္ျမင္ႏိုင္ျခင္း ႀကံဳေတြ႕ရမယ့္ အခက္အခဲေတြ ျပႆနာေတြ အဆင္မေျပမႈ႔ေတြ အတိုက္အခို္က္ေတြကေန လြတ္ေျမာက္ႏိုင္ပါတယ္။

မိမိတို႔ေနအိမ္ သယာေစရန္ တိုးတက္ေစရန္ အက်ိဳးျပဳေစပါတယ္။ ဒီနည္းကို ေဆာင္ရြက္မယ့္သူေတြ က ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္ တိတိက်က် သိစရာမလိုပါဘူး။ မိမိေနအိမ္က ဘယ္ဘက္ ကို မ်က္ႏွာမူသလဲ။ အဲဒီ မ်က္ႏွာမူရာ အရပ္ေဒသကို အဓိကထားၿပီး ေဆာင္ရြက္ရတဲ့ နည္းျဖစ္ပါတယ္။

အေရွ႕အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား တြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ အရပ္ ကို မ်က္ႏွာ လွည့္ေသာ အိမ္ကို တနလၤာၿဂိဳဟ္မင္းက စိုးမိုး အက်ိဳးျပဳေသာ အိမ္ဟု သတ္မွတ္ သည္။ ထို အိမ္တြင္ ေနထိုင္သူအေပါင္း တို႔သည္ ႀကံရည္ လွဴဒါန္းျခင္း ျပဳလုပ္သင့္သည္။ ရဟန္း သံဃာေတာ္ မ်ားကို ႀကံရည္ကပ္လွဴႏိုင္သည္။

ႀကံေခ်ာင္းကို ကိုးဆစ္ျဖတ္၍ အိမ္တံခါးတြင္ ေထာင္ထားႏိုင္ပါသည္။ ဘုရားတစ္ဆူဆူ ၏ တနလၤာေဒါင့္ တြင္လည္း လွဴဒါန္းႏိုင္ပါသည္။ ႀကံပန္းခုိင္တို႔ ႀကံသကာတို႔ လွဴဒါန္းႏိုင္ပါသည္။

အေရွ႕ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားလာဘ္ပြင့္ေစရန္

အေရွ႕ေတာင္အရပ္ ကို မ်က္ႏွာလွည့္ေသာအိမ္ကို အဂၤါၿဂိဳဟ္မင္းက စိုးမိုးေစာင့္ေရွာက္ျခင္းကို ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ဘုရားတြင္ စံပယ္ပန္း မၾကာခဏ လွဴဒါန္း ဆက္ကပ္ႏိုင္ပါသည္။ ဆပ္သြားဖူး လွဴ၍လည္း ရပါသည္။ ဆီးယိုလည္း မၾကာခန ဒါနျပဳႏိုင္ပါသည္။

သံဃာေတာ္မ်ားအား ဆပ္ျပာ အလွဴ ဒါနျပဳႏိုင္ပါသည္။ ထိုယၾတာ ကိုျပဳလုပ္ျခင္းအားျဖင့္ ထိုေနအိမ္တြင္ ေနထိုင္သူမ်ားသည္ စြမ္းအားေကာင္းျခင္း ၊ ၾသဇာ တိုးျခင္း၊ စီးပြားတက္ျခင္းမ်ား ျဖစ္ႏိုင္ပါသည္။

ေတာင္အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေတာင္ အရပ္ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ဗုဒၶဟူးၿဂိဳဟ္မင္း စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ေလတိုက္လွ်င္တဖ်တ္ဖ်တ္ လႈပ္ေသာ ၾကက္လွ်ာ ကို အိမ္ေရွ႕တြင္ထုိးပါ။ ဘုရား တင္ပါ။ ရြက္လွညြန္႔ လွဴပါ။ သံဃာေတာ္ မ်ား အား ေရ ၊ ယပ္ အစရွိသည္ တို႔ ဒါနျပဳကပ္လွဴပါ။ ေအးခ်မ္းျခင္း ၊ စီးပြားတက္ျခင္း ေရႊေငြ ရတနာ ေပါၾကြယ္၀ျခင္းမ်ား ျဖစ္မည္။

အေနာက္ေတာင္အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားလာဘ္ပြင့္ေစရန္

အေနာက္ေတာင္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို စေနၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ အိမ္ ဘုရားတြင္ ထီးနီ တစ္လက္ တင္ထားပါ။

သံဃာေတာ္ မ်ားကို ထီး ဒါနျပဳပါ။ နာနတ္ယို လွဴဒါန္း ဆက္ကပ္ေပးပါ။ ဘုန္းတန္ခိုးႀကီးျခင္း၊ လာဘ္ပြင့္ျခင္း၊ စီးပြား တိုးတက္ျခင္းမ်ား ျဖစ္ေပၚလာမည္။

အေနာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ၾကာသပေတးၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ပန္းပြင့္မ်ား ဘုရားစင္ တြင္ မျပတ္ လွဴဒါန္း ဆက္ကပ္ေပးပါ။ ဆီမီး (လွ်ပ္စစ္မီး၊ ဖေယာင္းတိုင္မီး) အလွဴဒါနျပဳေပးပါ။ ေပါက္ေပါက္ပြင့္ ဘုရားတင္ျခင္း ဆြမ္းေတာ္ကပ္ျခင္း မၾကာခဏ ၿပဳပါ။

သံဃာေတာ္ မ်ားကို မုန္႔၊ ပဲ၊ မၾကာခဏ လွဴေပးပါ။ ဘုန္းကံႀကီးမားျခင္း ဥစၥာစီးပြားတိုးတက္ျခင္းမ်ား ရရွိခံစားရမည္။

အေနာက္ေျမာက္အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားကို ရာဟုၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ေရွ႕တြင္ ေရအိုးစင္ လွဴဒါန္းေပးပါ။ အိမ္ေရွ႕တြင္ မၾကာခန ေရျဖန္း ပက္ေပးပါ။ ရဲယိုညြန္႔ ဘုရားလွဴပါ။ ေရႊသကၤန္း မၾကာခဏ ဆက္ကပ္လွဴဒါန္းေပးပါ။ ေရွာက္ယို ၊ ေရွာက္သီး သုပ္ ဆက္ကပ္လွဴဒါန္ေပးပါ။

သံဃာေတာ္မ်ားကိုလည္း ဆက္ကပ္ လွဴဒါန္းႏိုင္ပါသည္။ စီးပြားဥစၥာ တိုးတက္ျခင္း ၊ ကံဇာတာျမင့္မားျခင္း၊ အလိုျပည့္စံုျခင္း မ်ား ျဖစ္မည္။

ေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို ေသာၾကာၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ဘုရားတြင္ သစ္သီး မျပတ္တင္ပါ။ သီဟိုဠ္ညြန္႔ ဒါနျပဳပါ။

သံဃာေတာ္ မ်ားကို သတ္သတ္လြတ္ ဟင္းမ်ား မၾကာခဏ ေလာင္းလွဴ ပါ။ ေနအိမ္ တြင္ ေနထိုင္ သူမ်ားလည္း မၾကာခဏ သတ္သတ္လြတ္ စားေပးပါ။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အေရွေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို တနဂၤေႏြၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္းခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။

အိမ္ေရွ႕တြင္ အုန္းခြံ စာကေလး အိမ္ခ်ိတ္ဆြဲထားျခင္း၊ အိမ္ဘုရား အား အုန္းသီးကပ္လွဴျခင္း၊ အုန္းဆြမ္း၊ အုန္းႏို႔ေခါက္ဆြဲ လွဴဒါန္းေပးျခင္း သံဃာေတာ္မ်ားအား လည္း ကပ္ လွဴဒါန္းေပးျခင္း ၊ ေအာင္အိုး တစ္လံုးတြင္ အုန္းညြန္ ႔(၆) ညြန္႔ထိုးထား ၍ အိမ္ေရွ႕တြင္ ထားျခင္း ေဆာင္ ရြက္ႏိုင္ပါသည္။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: မင္းခေယာက်္ား

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service