ဆောက်လုပ်ရေးကဏ္ဍာအတွက် အရေးပါသည့် လက်ရှိဝင်ငွေခွန်ကို ယခုနှုန်းထားအတိုင်း သက်တမ်းတိုးပေးရန် MCEF တောင်းဆိုထား

ဆောက်လုပ်ရေးကဏ္ဍာအတွက် အရေးပါသည့် လက်ရှိဝင်ငွေခွန်ကို ယခုနှုန်းထားအတိုင်း သက်တမ်းတိုးပေးရန် MCEF တောင်းဆိုထား - Property News in Myanmar from iMyanmarHouse.com
6 Jul 2020 11:31 am တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှော့ချပေးထားသည့် ဝင်ငွေခွန်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးပေးရန်နှင့် Covid-19 ကာလ ဝယ်ယူသူများအတွက် ဝင်ငွေခွန်ကိုအထူးလျော့ချပေးရန် ပို၍လိုအပ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌဦးရှိန်ဝင်းက ပြောသည်။

နိုင်ငံတော်အစိုးရသည် ကိုဗစ်ကာလအခက်အခဲကြုံတွေ့နေကြသည့် လုပ်ငန်းရှင်ပြည်သူများအားနိုင်ငံတော်အစိုးရမှဝင်ငွေခွန်နှုန်းထားများကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေး နှစ်တစ်နှစ် စမ်းသပ်လျော့ပေါ့ကောက်ခံလျက်ရှိသောကြောင်း ယင်းသို့ ဆောက်လုပ်ရေးကဏ္ဍအတွက်အရေးပါသည့် ဝင်ငွေခွန်ကိုလျော့ချပေးရန် တောင်းဆိုခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း လျှော့ထားပေးထားသည့် ဝင်ငွေခွန်နှုန်းထားသည် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် တစ်နှစ်သက်တမ်းကုန်တော့မည်ဖြစ်ပြီး နှုန်းထားအသစ်ပြောင်းလဲမှုကြောင့် အခွန်မှကောက်ခံရရှိမှုသည် အောက်တိုဘာ ၁ ရက်မှ မေလ ၃၁ ရက်နေ့အထိ ၁၇၀၄ ဒသမ ၆ ဘီလီယံ အထိရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

၂ဝ၁၉-၂ဝ၂ဝ ဝင်ငွေခွန် လျော့ပေါ့နှုန်းထားများကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းအသီးသီး သတ်မှတ်ခဲ့သော်လည်း ကိုဗစ်ကာလဝယ်ယူသူများ၏ ဝယ်ယူသည့်တန်ဖိုးငွေအားလုံး အတွက် ၃ ရာခိုင်နှုန်းထက် မပိုသောနှုန်းထား သတ်မှတ်ပေးပါရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှတာဝန်ရှိသူများက တွက်ချက်သဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသေရး အမျိုးသားအဆင့်ဗဟိုကော်မတီအား တင်ပြတောင်းခံထားကြောင်းသိရပြီး တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ပေါင်းပါက နိုင်ငံတော်အခွန်ငွေ ၇ ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝင်ငွေခွန်လျှော့ပေါ့ကောက်ခံခြင်းကြောင့် ပထမ ၃ လပတ်တွင် အခွန်ထမ်းဦးရေ တိုးတက်မှုရာခိုင်နှုန်း၂၅၈ ဒသမ ၃၁၉ ရာခိုင်နှုန်း၊ ကောက်ခံရရှိသည့် ဝင်ငွေပေါင်း ကျပ်သန်း ၃၇ဝဝဝ၊ တိုးတက်မှုရာခိုင်နှုန်း ၆၆ ဒသမ ၄၅၃ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ရရှိငွေ ၉၆၂၉ သန်း ၊ တိုးတက်မှု ရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်းအသီးသီး အခွန်ငွေ တိုးတက်လာကြောင်း၊ နောက်ထပ် ယခင်နှစ်ကာလတူ ဒုတိယ ၃ လပတ်တွင်လည်း ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ တိုးတက်ကြောင်းစီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကာလတရားဝင်ခွင့်ပြုချက်ကျပြီး တည်ဆောက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်း ၂ မျိုးရှိရာ ထိုသို့ဝင်ငွေခွန်ကို အထူးလျော့ချပေးပါက ပုဂ္ဂလိကနှင့် နိုင်ငံတော်အကျိုးတူ ပြုလုပ်ထားသည့် လုပ်ငန်းများဖြစ်သော BOT၊ PPP စီမံကိန်းများနှင့် ပုဂ္ဂလိကပိုင်မြေပေါ် ၌ Developer များဆောက်လုပ်သည့် Apartment ၊ Condominium ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
pan-swal-taw
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service