မိလ္လာရေက COVID-19 ကူးစက်ဖြစ်ပွားမှုများကို ရပ်တန့်စေရာတွင် အဓိကကျနိုင်

မိလ္လာရေက COVID-19 ကူးစက်ဖြစ်ပွားမှုများကို ရပ်တန့်စေရာတွင် အဓိကကျနိုင် - Property News in Myanmar from iMyanmarHouse.com
5 Jun 2020 12:44 pm တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမနီနိုင်ငံတစ်ဝန်းရှိ မိလ္လာသန့်စင်စက်ရုံများသို့ စီးဝင်သော မိလ္လာရေများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းသစ်ကို စောစီးစွာ ထောက်လှမ်းသိရှိနိုင်ရန် အဓိကကျနိုင်ကြောင်း သိပ္ပံပညာရှင်များက စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားလိုက်သည်။

ဟမ်းဟော့သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနဌာနက ဂျာမနီရှိ အကြီးဆုံးမြို့ပြဧရိယာအချို့ကို ဝန်ဆောင်မှုပေးနေသည့် မိလ္လာသန့်စင်စက်ရုံများမှ ရေဆိုးများအား လူအုပ်စုအမျိုးအစားခွဲသည့် စမ်းသပ်မှုတစ်ခုကို ဦးဆောင်နေပြီး ကိုရိုနာဗိုင်းရပ်စ်အသစ်၏ အထောက်အထားကို ရှာဖွေရန် ကြိုးစားနေပြီဖြစ်သည်။

COVID-19 ပျံ့နှံ့မှုလမ်းကြောင်းကို ခြေရာကောက်နိုင်ရန်အလို့ငှာ မိလ္လာသန့်စင်စက်ရုံအားလုံးနီးပါးတွင် ထိုကိုရိုနာဗိုင်းရပ်စ်အစောပိုင်းသတိပေးစနစ်များကို တပ်ဆင်ရန်မှာ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း သိရသည်။

“ဒါဟာ ရောဂါရှိမရှိ စစ်ဆေးမှုရဲ့ ရှေ့တန်းအဆင့်ဖြစ်လာပါလိမ့်မယ်။ မိလ္လာစက်ရုံတစ်ခုမှာ ပိုးတွေ့ပြီဆိုရင် သက်ဆိုင်ရာဧရိယာကလူတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။” ဟု လေ့လာမှု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ အဏုဇီဝဗေဒပညာရှင် ဟုခ်ဟမ်းက ပြောကြားခဲ့သည်။

အဆိုပါနည်းလမ်းသည် အတော်လေးရိုးရှင်းသည်ဟု ယူဆရသည်။ မိလ္လာရေတွင် လူ့မစင်မှ ဗိုင်းရပ်စ်အကြွင်းအကျန်များ ပါဝင်ပါသည်။ သို့ဖြစ်ရာ မိလ္လာရေတွင် ကိုရိုနာဗိုင်းရပ်စ်ပါဝင်လာပါက မိလ္လာသန့်စင်စက်ရုံများက ၎င်းဗိုင်းရပ်စ်ကို တွေ့ရှိသတိပြုမိ၍ စစ်ဆေးကာ အာဏာပိုင်များထံ ထိုမိလ္လာ၏မူလသက်ဆိုင်ရာဧရိယာကိုစစ်ဆေးဆောင်ရွက်ရန် သတိပေးမည်ဖြစ်သည်။

ဂျာမနီနိုင်ငံအရှေ့ပိုင်း Leipzig မြို့ရှိ လူဦးရေ တစ်သိန်းမှ ခြောက်သိန်းကြားအတွက် ဝန်ဆောင်မှုပေးနိုင်သော မိလ္လာသန့်စင်စက်ရုံများသည် အဆိုပါလေ့လာမှုတွင် ပါဝင်ထားကြသည်။

“တကယ်လို့ မိလ္လာရေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပါဝင်တာဖြစ်နိုင်တယ်ဆိုရင် Leipzig မြို့က ရောဂါကူးစက်သူအရေအတွက်ကို ကျွန်တော်တို့ တွက်ချက်နိုင်မယ်။ အဲဒီလိုဆိုရင် ဒါဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်နည်းဗျူဟာဖြစ်ပါလိမ့်မယ်။” ဟု အဆိုပါမြို့သောက်သုံးရေအခြေခံအဆောက်အအုံစနစ်၏ နည်းပညာဆိုင်ရာဒါရိုက်တာ ‌‌‌ဒေါက်တာအာလ်ရစ်ချ်မေယာက ပြောကြားခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် ယင်းသည် စင်စစ်မရိုးရှင်းပေ။ အဘယ်ကြောင့်ဆိုသော် မြို့၏ ပင်မမိလ္လာသန့်စင်ရုံတွင် မိလ္လာ‌‌ရေများသည် ၂၄ နာရီ တစ်နေ့တာပတ်လုံး တောက်လျှောက် စီးဆင်းနေပြီး နမူနာများကို နှစ်မိနစ်လျှင်တစ်ကြိမ် ညှစ်ယူခြင်းကြောင့် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်မှ မျိုးဗီဇဆိုင်ရာပစ္စည်းဖြစ်သော RNA ကို ရိုင်ဗိုနျူကလီယစ်အက်စစ် ပမာဏအနည်းငယ်ကို စက်ရုံသို့စီးဝင်သော မိလ္လာရေထဲတွင် တွေ့ရှိခြင်းကို မဟာလုပ်ငန်းတစ်ရပ်အဖြစ် ဟမ်းဟော့သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနဌာနမှ သိပ္ပံပညာရှင်များက လက်ခံထားကြသည်။

“ကျွန်တော်တို့မှာ အရမ်းအရမ်းကိုများတဲ့ မိလ္လာရေတွေ ရှိပါတယ်။ ဒီတော့ အဲဒီမိလ္လာရေတွေထဲကနေ ဗိုင်းရပ်စ်တစ်စွန်းတစ်စကို တွေ့ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါ။ ဒါကြောင့် RNA ထုတ်ယူဖို့ လုံလောက်တဲ့ပမာဏရဖို့အတွက် မိလ္လာရေပမာဏကို ချုံ့ချရပါမယ်။ ဒါက စိန်ခေါ်မှုပါ။” ဟု ထိုစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးဖြစ်သူ ရီးန်ကယ်လီက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sewage could hold the key to stopping new coronavirus outbreaks (CNN)

[Zawgyi]

မိလႅာေရက COVID-19 ကူးစက္ျဖစ္ပြားမႈမ်ားကို ရပ္တန႔္ေစရာတြင္ အဓိကက်ႏိုင္

ဂ်ာမနီႏိုင္ငံတစ္ဝန္းရွိ မိလႅာသန႔္စင္စက္႐ုံမ်ားသို႔ စီးဝင္ေသာ မိလႅာေရမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈလႈိင္းသစ္ကို ေစာစီးစြာ ေထာက္လွမ္းသိရွိႏိုင္ရန္ အဓိကက်ႏိုင္ေၾကာင္း သိပၸံပညာရွင္မ်ားက စီအင္န္အင္န္သတင္းဌာနသို႔ ေျပာၾကားလိုက္သည္။

ဟမ္းေဟာ့သဘာဝပတ္ဝန္းက်င္ဆိုင္ရာသုေတသနဌာနက ဂ်ာမနီရွိ အႀကီးဆုံးၿမိဳ႕ျပဧရိယာအခ်ိဳ႕ကို ဝန္ေဆာင္မႈေပးေနသည့္ မိလႅာသန႔္စင္စက္႐ုံမ်ားမွ ေရဆိုးမ်ားအား လူအုပ္စုအမ်ိဳးအစားခြဲသည့္ စမ္းသပ္မႈတစ္ခုကို ဦးေဆာင္ေနၿပီး ကို႐ိုနာဗိုင္းရပ္စ္အသစ္၏ အေထာက္အထားကို ရွာေဖြရန္ ႀကိဳးစားေနၿပီျဖစ္သည္။

COVID-19 ပ်ံ႕ႏွံ႔မႈလမ္းေၾကာင္းကို ေျခရာေကာက္ႏိုင္ရန္အလို႔ငွာ မိလႅာသန႔္စင္စက္႐ုံအားလုံးနီးပါးတြင္ ထိုကို႐ိုနာဗိုင္းရပ္စ္အေစာပိုင္းသတိေပးစနစ္မ်ားကို တပ္ဆင္ရန္မွာ ေနာက္ဆုံးရည္မွန္းခ်က္ပန္းတိုင္ျဖစ္ေၾကာင္း သိရသည္။

“ဒါဟာ ေရာဂါရွိမရွိ စစ္ေဆးမႈရဲ႕ ေရွ႕တန္းအဆင့္ျဖစ္လာပါလိမ့္မယ္။ မိလႅာစက္႐ုံတစ္ခုမွာ ပိုးေတြ႕ၿပီဆိုရင္ သက္ဆိုင္ရာဧရိယာကလူေတြကို စစ္ေဆးရမွာျဖစ္ပါတယ္။” ဟု ေလ့လာမႈ၏ ေခါင္းေဆာင္တစ္ဦးျဖစ္သူ အဏုဇီဝေဗဒပညာရွင္ ဟုခ္ဟမ္းက ေျပာၾကားခဲ့သည္။

အဆိုပါနည္းလမ္းသည္ အေတာ္ေလး႐ိုးရွင္းသည္ဟု ယူဆရသည္။ မိလႅာေရတြင္ လူ႔မစင္မွ ဗိုင္းရပ္စ္အႂကြင္းအက်န္မ်ား ပါဝင္ပါသည္။ သို႔ျဖစ္ရာ မိလႅာေရတြင္ ကို႐ိုနာဗိုင္းရပ္စ္ပါဝင္လာပါက မိလႅာသန႔္စင္စက္႐ုံမ်ားက ၎ဗိုင္းရပ္စ္ကို ေတြ႕ရွိသတိျပဳမိ၍ စစ္ေဆးကာ အာဏာပိုင္မ်ားထံ ထိုမိလႅာ၏မူလသက္ဆိုင္ရာဧရိယာကိုစစ္ေဆးေဆာင္႐ြက္ရန္ သတိေပးမည္ျဖစ္သည္။

ဂ်ာမနီႏိုင္ငံအေရွ႕ပိုင္း Leipzig ၿမိဳ႕ရွိ လူဦးေရ တစ္သိန္းမွ ေျခာက္သိန္းၾကားအတြက္ ဝန္ေဆာင္မႈေပးႏိုင္ေသာ မိလႅာသန႔္စင္စက္႐ုံမ်ားသည္ အဆိုပါေလ့လာမႈတြင္ ပါဝင္ထားၾကသည္။

“တကယ္လို႔ မိလႅာေရထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပါဝင္တာျဖစ္ႏိုင္တယ္ဆိုရင္ Leipzig ၿမိဳ႕က ေရာဂါကူးစက္သူအေရအတြက္ကို ကြၽန္ေတာ္တို႔ တြက္ခ်က္ႏိုင္မယ္။ အဲဒီလိုဆိုရင္ ဒါဟာ သိပ္စိတ္ဝင္စားစရာေကာင္းတဲ့ ကို႐ိုနာဗိုင္းရပ္စ္နည္းဗ်ဴဟာျဖစ္ပါလိမ့္မယ္။” ဟု အဆိုပါၿမိဳ႕ေသာက္သုံးေရအေျခခံအေဆာက္အအုံစနစ္၏ နည္းပညာဆိုင္ရာဒါ႐ိုက္တာ ‌‌‌ေဒါက္တာအာလ္ရစ္ခ်္ေမယာက ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း လက္ေတြ႕တြင္ ယင္းသည္ စင္စစ္မ႐ိုးရွင္းေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ၿမိဳ႕၏ ပင္မမိလႅာသန႔္စင္႐ုံတြင္ မိလႅာ‌‌ေရမ်ားသည္ ၂၄ နာရီ တစ္ေန႔တာပတ္လုံး ေတာက္ေလွ်ာက္ စီးဆင္းေနၿပီး နမူနာမ်ားကို ႏွစ္မိနစ္လွ်င္တစ္ႀကိမ္ ညႇစ္ယူျခင္းေၾကာင့္ ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္မွ မ်ိဳးဗီဇဆိုင္ရာပစၥည္းျဖစ္ေသာ RNA ကို ႐ိုင္ဗိုန်ဴကလီယစ္အက္စစ္ ပမာဏအနည္းငယ္ကို စက္႐ုံသို႔စီးဝင္ေသာ မိလႅာေရထဲတြင္ ေတြ႕ရွိျခင္းကို မဟာလုပ္ငန္းတစ္ရပ္အျဖစ္ ဟမ္းေဟာ့သဘာဝပတ္ဝန္းက်င္ဆိုင္ရာသုေတသနဌာနမွ သိပၸံပညာရွင္မ်ားက လက္ခံထားၾကသည္။

“ကြၽန္ေတာ္တို႔မွာ အရမ္းအရမ္းကိုမ်ားတဲ့ မိလႅာေရေတြ ရွိပါတယ္။ ဒီေတာ့ အဲဒီမိလႅာေရေတြထဲကေန ဗိုင္းရပ္စ္တစ္စြန္းတစ္စကို ေတြ႕ဖို႔ဆိုတာ စိန္ေခၚမႈတစ္ခုပါ။ ဒါေၾကာင့္ RNA ထုတ္ယူဖို႔ လုံေလာက္တဲ့ပမာဏရဖို႔အတြက္ မိလႅာေရပမာဏကို ခ်ဳံ႕ခ်ရပါမယ္။ ဒါက စိန္ေခၚမႈပါ။” ဟု ထိုစီမံကိန္းတြင္ ပါဝင္လုပ္ေဆာင္ေနသည့္ ေရာဂါပိုးမႊားေဗဒပညာရွင္တစ္ဦးျဖစ္သူ ရီးန္ကယ္လီက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားနွင့္ ကမာၻတဝန္းရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္   ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sewage could hold the key to stopping new coronavirus outbreaks (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service