ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား

ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
4 Jun 2020 12:05 pm တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်လူမျိုးအများစုနှင့် မတူဘဲ ဘရိုက်စ် ဒရွှန်းသည်ကား အိမ်ပိုင်ရှင်တစ်ဦးဖြစ်လာစေရန် တခါဖူးမျှ အိပ်မက် မမက်ခဲ့ဖူးချေ။

သို့သော် အိမ်ငှားခများမှာ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်မားလာသည်ကို တွေ့မြင်နေရခြင်းအပေါ် စိတ်ပျက်လာပြီး အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် ကိုယ်ပိုင်နေရာတစ်ခုရှိမှဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

အိမ်ငှားခများ တက်လာနေသည်ကို ရင်ဆိုင်မည့်အစား ပုံသေအိမ်ခြံမြေချေးငွေကို ပြန်လည်ပေးဆပ်ရခြင်းမှာ ဘဏ္ဍာရေးအရ ပိုမိုအကျိုးရှိကြောင်း ဘရိုက်စ်က သုံးသပ်မိသည်။

ထို့ကြောင့် အိမ်ခြံမြေအကျိုးဆောင်မိတ်ဆွေတစ်ဦးကို ခေါ်လိုက်ပြီး နေအိမ်ခန်းများ လိုက်လံရှာဖွေတော့သည်။

ထိုအချိန်က ဘရိုက်စ်သည် အခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁၂၀၀ ဖြင့် ငှားရမ်းနေထိုင်ခြင်းဖြစ်၏။

ထို့ကြောင့် အခွန်အခများ၊ အိမ်ပိုင်ရှင်များအသင်း ပေးသွင်းရငွေများအပါအဝင် စုစုပေါင်း အဆိုပါငွေ ပမာဏခန့်သာ လစဉ်ပေးသွင်းကာ ဝယ်ယူနိုင်မည့် ကွန်ဒိုခန်းကို ဘရိုက်စ်က လိုက်လံရှာဖွေခဲ့သည်။

လက်ငင်းပေးသွင်းရမည့်ငွေအတွက်လည်း သူ့တွင် စုဆောင်းထားသည့်ငွေများ ရှိနေသည်။

သို့ဖြင့် ဘရိုက်စ်က အော်စတင်မြို့တွင် ကွန်ဒိုခန်း ၁၀ ခန်းခန့် ကြည့်ရှုခဲ့၏။ နောက်ဆုံးတွင်ကား သူ၏ လိုလားချက်အားလုံးနှင့် ကိုက်ညီသည့် ကွန်ဒိုခန်းတစ်ခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သူလိုလားသောအချက်များမှာ တန်ဖိုးသင့်ခြင်း၊ အိမ်ပိုင်ရှင်များအသင်းအတွက် ပေးသွင်းရငွေ (HOA fees) နည်းပါးခြင်း၊ အောက်ခြေတွင် သန့်ရှင်းသပ်ရပ်ခြင်း၊ အဆောက်အအုံသက်တမ်း မအိုဟောင်းလွန်းခြင်းတို့ ဖြစ်သည်။

အော်စတင်သည် အမေရိကန်ပြည်ထောင်စုတွင် အလျင်မြန်ဆုံးဖွံ့ဖြိုးလာနေသည့် မြို့ကြီးများ၌ ပါဝင်ပြီး အလယ်အလတ်တန်းစား အိမ်ခြံမြေဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀၀၀၀ ခန့် ဖြစ်သည်။

ဘရိုက်စ်က လူကြိုက်များသည့်နေရာများတွင် မဝယ်ယူခြင်းကြောင့် ပိုမိုဈေးသက်သာသည့်အခန်းကို ရှာဖွေနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဘရိုက်စ်က ပထမဆုံးနေအိမ်ခန်းကို ဝယ်ယူလိုက်သည်။

တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ စတုရန်းပေ ၆၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၁ ခန်းပါသော ကွန်ဒိုခန်း ဖြစ်သည်။

အခန်း၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၄၀၀၀၀ ဖြစ်ပြီး လက်ငင်းပေးချေရငွေမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းသာဖြစ်ကာ ဒေါ်လာ ၆၀၀၀ သာ ပေးရ၏။

ကိုယ်ပိုင်နေရာဖြစ်လာပြီဖြစ်သောကြောင့် ဘရိုက်စ်အနေဖြင့် သူ၏ စိတ်ကြိုက်လွတ်လပ်စွာ ပြုပြင်မွမ်းမံနိုင်ပြီ ဖြစ်သည်။

ဒေါ်လာ ၉၀၀၀ ခန့် ထပ်မံသုံးစွဲကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ဗီရိုများ၊ သစ်သားမျက်နှာကြက်တို့ ထည့်သွင်းခဲ့သည်။

သူ၏ ပန်းတိုင်မှာ ကွန်ဒိုခန်းအတွက် ပေးသွင်းနေရသည့် အိမ်ခြံမြေချေးငွေကို လျင်မြန်စွာ ပေးဆပ်နိုင်ရေးဖြစ်ပြီး ၁၀ နှစ်အတွင်း ပေးဆပ်နိုင်ရန် မျှော်မှန်းထားသည်။

“ကျွန်တော်က အကြွေးတွေရှိနေတာ မကြိုက်ဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အကြွေးက ဒီကွန်ဒိုခန်းပဲ။ ထရပ်ကားကိုတော့ ဝယ်လိုက်တဲ့နှစ်ထဲမှာပဲ အကြွေးကြေခဲ့ပါပြီ”

ဘရိုက်စ်သည် အကြွေးပြန်လည်ပေးသွင်းမှုကို ပိုမိုမြန်ဆန်စေရန်အတွက် သူ၏ကွန်ဒိုခန်းကို အိမ်ခြံမြေငှားရမ်းသည့် ဝက်ဘ်ဆိုက်တွင် အငှားတင်ခဲ့ပြီး ထရပ်ကားနောက်တွင် ကိုယ်တိုင်ပြုလုပ်ထားသည့် ရွက်ဖျင်တဲတွင် အိပ်စက်ခဲ့၏။

မူလက ဘရိုက်စ်သည် ဗင်ကားထဲတွင် တစ်နေကုန်နေပြီး အမေရိကန်ပြည်တစ်ဝန်းလှည့်လည်သွားလာနေကာ အလုပ်ကို အဝေးမှ လုပ်ကိုင်ရန် လိုလားခဲ့၏။

သို့သော် ဘရိုက်စ်က ကွန်ဒိုခန်းကို အငှားဈေးကွက်တင်ကာ သူ၏အချိန်အများစုကို ၂၀၁၈ ခုနှစ်ထုတ် Chevy Colorado ထရပ်ကား၏ နောက်ဘက်တွင် ဆောက်လုပ်ထားသည့် နေစွမ်းအင်စနစ်တပ်ဆင်ထားသော ရွက်ဖျင်တဲတွင် အချိန်ကုန်ဆုံးခဲ့သည်။

ရွက်ဖျင်တဲအတွက် လိုအပ်သော ပစ္စည်းများ ဖြည့်တင်းရန် ဒေါ်လာ ၆၀၀၀ ခန့် သုံးစွဲခဲ့ရပြီး သစ်သားနံရံနှင့် ဆွဲချ ဆွဲတင်သိမ်းဆည်းနိုင် သော ရုပ်ရှင်ကြည့် စခရင်များ ထည့်သွင်းထားရာ ကွန်ဒိုခန်းအသေးစားအသွင် ခံစားရကြောင်း ဘရိုက်စ်က ပြောကြားသည်။

ပတ်လည်တွင် မှိတ်တုတ်မှိတ်တုတ် ခရစ္စမတ်မီးများ လင်းလက်နေပြီး နောက်ဘက်တွင်ကား မွေ့ယာတစ်ခုလည်း ထည့်သွင်းထားသည်။

ပန်ကာ၊ မီးလုံးနှင့် အခြားသော လျှပ်စစ်ပစ္စည်းများကို ဓာတ်အားပေးရန် ဘရိုက်စ်က ဘက်ထရီတစ်လုံးတပ်ဆင်ထားသည်။

သားနားစွာဆောက်လုပ်ထားခြင်းဖြစ်သော်လည်း နေရာမှာ ကျဉ်းမြောင်းပြီး မီးဖိုနှင့် ရေချိုးရန် နေရာတို့ မပါဝင်ချေ။

တစ်နေ့တစ်နေ့ နေထိုင်လုပ်ကိုင်ရမှုတွေကတော့ မသက်သာလှပါဘူး ဟု ဘရိုက်စ်က ဝန်ခံသည်။ တောအုပ်များထဲတွင် မီးပုံပွဲဟန် ညစာချက်ပြုတ်ရခြင်း၊ လက်ဝါးအရွယ် သတ္တုအိုးငယ်ကို မီးဖိုပေါ်တွင်တင်ကာ ချက်ပြုတ်ရသည်မှာ အလေ့အကျုင့်မရှိခဲ့ချေ။ သို့သော် ထိုသို့မိမိ၏ သက်တောင့်သက်သာဖြစ်မှုများကို စတေးလိုက်ရသည့်အတွက် အပိုဝင်ငွေများစွာ ရလာသည်။

တစ်လကို ဒေါ်လာ ၁၇၀၀ လောက်ရတယ်။ ရေချိုးဖို့အတွက်ကတော့ အားကစားလေ့ကျင့်ရုံကို သွားရပါတယ်၊ ကွန်ဒိုခန်း ငှားရမ်းရာမှ ရရှိလာသောငွေအားလုံးကို အိမ်ခြံမြေချေးငွေအတွက် ပြန်လည်ပေးသွင်းခဲ့ပြီး တစ်လလျှင် ဒေါ်လာ ၁၅၀၀ ခန့် ပေးသွင်းနိုင်သည်ဟု ဆိုသည်။

“အော်စတင်တောင်ပိုင်းက နေချင်တဲ့သူများတယ်။ ဒါကြောင့် ကျွန်တော်က မြောက်ပိုင်းမှာ ဝယ်ခဲ့ပါတယ်။ ဒီနေရာမှာက ဖွံ့ဖြိုးလာဖို့ အလားအလာတွေ အများကြီးရှိနေပါသေးတယ်”

ကွန်ဒိုခန်းဝယ်ရာတွင် အနည်းဆုံးပေးရမည့် လက်ငင်းပေးသွင်းငွေမှာ ၃ ရာခိုင်နှုန်းဖြစ်၏။ ဘရိုက်စ်က ထို့ထက်ပိုပြီး ပေးသွင်းလိုသော်လည်း စုဆောင်းထားသည့်ငွေအားလုံး ကုန်သွားမည်ကို မလိုလားချေ။ လက်ငင်းပေးချေငွေအပြင် စုံစမ်းစစ်ဆေးခ ဒေါ်လာ ၁၅၀ နှင့် အရောင်းအဝယ်ပြုလုပ်မှုအတွက် ဒေါ်လာ ၁၃၀၀ ခန့် ကုန်ကျခဲ့သေးသည်။

သူ့တွင် ပရိဘောဂများစွာမရှိသည့်အတွက် အိမ်ပြောင်းရွှေ့စရိတ်ကား မကုန်ကျခဲ့။

လက်ရှိအားဖြင့် ဘရိုက်စ်၏ ကွန်ဒိုခန်းပေးသွင်းမှုအတွက် လစဉ်ကုန်ကျမှုစာရင်းမှာ…

အိမ်ခြံမြေချေးငွေ= ၉၈၄ ဒေါ်လာ

အိမ်ပိုင်ရှင်များအသင်းကြေး= ၂၄၀ ဒေါ်လာ (ရေ၊ အမှိုက်၊ အင်တာနက်တို့ ပါဝင်)

အိမ်ခွန်= ၁၆၇ ဒေါ်လာ (တစ်နှစ်လျှင် ဒေါ်လာ ၂၀၀၀ ပေးရခြင်းဖြစ်)

အိမ်ခြံမြေချေးငွေအာမခံ= ၁၀၀ ဒေါ်လာ

လျှပ်စစ်မီး၊ ဓာတ်ငွေ့= ၆၀ ဒေါ်လာ

အိမ်ပိုင်ရှင်များ အာမခံ= ၃၃ ဒေါ်လာ

အိမ်ခြံမြေ ချေးငွေရင်းအပြင် အပိုကုန်ကျမှု စုစုပေါင်း = ၁၅၀၀ ဒေါ်လာဝန်းကျင် (လ အလိုက်ကွဲပြား)

(မှတ်ချက်- အိမ်ပိုင်ရှင်များအသင်းကြေး (HOA fee) သည် အချို့သော နေအိမ်အမျိုးအစားများတွင် နေထိုင်သူများ လစဉ်ပေးဆောင်ရသည့်ငွေဖြစ်သည်။ အများအားဖြင့် ကွန်ဒိုပိုင်ရှင်များပေးဆောင်ရခြင်းဖြစ်ပြီး အချို့သောဒေသများတွင်နေထိုင်သည့် လုံးချင်းအိမ်များလည်း ပေးဆောင်ရလေ့ရှိသည်။ ကွန်ဒိုနေထိုင်သူတို့မှာ ကွန်ဒိုမီနီယံ၏ ဝန်းကျင် အများသုံးနေရာများဖြစ်သော ဧည့်သည်နားနေဆောင်များ၊ ဆင်ဝင်နေရာများ၊ မြေယာအလှပြုပြင်မှု၊ ရေကူးကန်များ၊ ဓာတ်လှေကားများ အစရှိသည်တို့ကို မွမ်းမံထိန်းသိမ်းရန် ကောက်ခံခြင်းဖြစ်သည်။)

ယနေ့တွင်ကား ဘရိုက်စ်သည် ဝက်ဘ်ဆိုက် developer တစ်ဦးအဖြစ် အချိန်ပြည့်အလုပ်၊ အိမ်မွေးတိရ စ္ဆာန်ဓာတ်ပုံရိုက်ကူးမှု နှင့် ခွေးနေ့ထိန်း အချိန်ပိုင်းအလုပ်တို့မှ တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀၀၀ ကျော် ဝင်ငွေရနေပြီ ဖြစ်သည်။

ဘရိုက်စ်သည် ကွန်ဒိုခန်းဝယ်ယူလိုက်သော်လည်း ကွန်ဒိုတွင် မနေရဘဲ အချိန်အများစုကို ထရပ်ကားပေါ်တွင်သာ နေထိုင်နေရသော်လည်း သူ၏လက်ရှိဘဝကို ကျေနပ်လျက်ရှိသည်။

သို့သော် ကွန်ဒိုခန်းကို အပြည့်အဝပိုင်ဆိုင်မည့်နေ့ရက်ကို ဘရိုက်စ်က မျှော်လင့်စောင့်ဆိုင်းနေ၏။

အဆိုပါအခန်းသည် မိမိအခန်းဖြစ်သည်ဟူသော ခံစားချက်မှာ အလွန်စိတ်ကျေနပ်မှုရစေကြောင်း၊ အကြွေးများကြေပြီး မည်သူ့ထံတွင်မှ ကြွေးမြီတင်မနေတော့ဘဲ လွတ်လပ်သွားသည့်နေ့ကို မျှော်လင့်နေကြောင်း ဘရိုက်စ်က ပြောကြားသည်။

“လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ နံပါတ် ၁ ပန်းတိုင်ကတော့ အဲ့ဒီလွတ်လပ်မှုပါပဲ”

(အကယ်၍ သင်၏အိမ်ခြံမြေ ဝယ်ယူရေးကြိုးပမ်းပုံဖြစ်ရပ်ကို CNBC သတင်းဌာနတွင် ရေးသားဖော်ပြခြင်းခံရလိုပါက သတင်းထောက် Alicia Adamczyk ထံသို့ alicia.adamczyk@nbcuni.com အီးမေးလ်လိပ်စာမှတဆင့် ဆက်သွယ်နိုင်ပါသည်)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This 37-year-old makes $100,000 in Austin, but lives in his truck and rents his condo for extra money (cnbc)

 

 

[Zawgyi]

ကြန္ဒိုခန္း အေၾကြးျဖင့္ ဝယ္ယူလိုက္ျပီး အငွားခ်ထားကာ ထရပ္ကားေပၚတြင္သာေနထိုင္ရင္း အရစ္က်ေငြ ျပန္လည္ေပးဆပ္ႏိုင္ရန္ ၾကိဳးပမ္းေနေသာ အေမရိကန္ႏိုင္ငံသား

အေမရိကန္လူမ်ဳိးအမ်ားစုႏွင့္ မတူဘဲ ဘရိုက္စ္ ဒရႊန္းသည္ကား အိမ္ပိုင္ရွင္တစ္ဦးျဖစ္လာေစရန္ တခါဖူးမွ် အိပ္မက္ မမက္ခဲ့ဖူးေခ်။

သို႔ေသာ္ အိမ္ငွားခမ်ားမွာ တစ္ႏွစ္ထက္တစ္ႏွစ္ ေစ်းႏႈန္းျမင့္မားလာသည္ကို ေတြ႔ျမင္ေနရျခင္းအေပၚ စိတ္ပ်က္လာျပီး အဆိုပါ ျပႆနာကို ေျဖရွင္းရန္အတြက္ ကိုယ္ပိုင္ေနရာတစ္ခုရွိမွျဖစ္မည္ဟု ဆံုးျဖတ္ခဲ့သည္။

အိမ္ငွားခမ်ား တက္လာေနသည္ကို ရင္ဆိုင္မည့္အစား ပံုေသအိမ္ျခံေျမေခ်းေငြကို ျပန္လည္ေပးဆပ္ရျခင္းမွာ ဘ႑ာေရးအရ ပိုမိုအက်ဳိးရွိေၾကာင္း ဘရိုက္စ္က သံုးသပ္မိသည္။

ထို႔ေၾကာင့္ အိမ္ျခံေျမအက်ဳိးေဆာင္မိတ္ေဆြတစ္ဦးကို ေခၚလိုက္ျပီး ေနအိမ္ခန္းမ်ား လိုက္လံရွာေဖြေတာ့သည္။

ထိုအခ်ိန္က ဘရိုက္စ္သည္ အခန္းတစ္ခန္းကို တစ္လလွ်င္ ေဒၚလာ ၁၂၀၀ ျဖင့္ ငွားရမ္းေနထိုင္ျခင္းျဖစ္၏။

ထို႔ေၾကာင့္ အခြန္အခမ်ား၊ အိမ္ပိုင္ရွင္မ်ားအသင္း ေပးသြင္းရေငြမ်ားအပါအဝင္ စုစုေပါင္း အဆိုပါေငြ ပမာဏခန္႔သာ လစဥ္ေပးသြင္းကာ ဝယ္ယူႏိုင္မည့္ ကြန္ဒိုခန္းကုိ ဘရိုက္စ္က လိုက္လံရွာေဖြခဲ့သည္။

လက္ငင္းေပးသြင္းရမည့္ေငြအတြက္လည္း သူ႔တြင္ စုေဆာင္းထားသည့္ေငြမ်ား ရွိေနသည္။

သို႔ျဖင့္ ဘရိုက္စ္က ေအာ္စတင္ျမိဳ ႔တြင္ ကြန္ဒိုခန္း ၁၀ ခန္းခန္႔ ၾကည့္ရႈခဲ့၏။ ေနာက္ဆံုးတြင္ကား သူ၏ လိုလားခ်က္အားလံုးႏွင့္ ကိုက္ညီသည့္ ကြန္ဒိုခန္းတစ္ခန္းကို ရွာေဖြေတြ႔ရွိခဲ့သည္။

သူလိုလားေသာအခ်က္မ်ားမွာ တန္ဖိုးသင့္ျခင္း၊ အိမ္ပိုင္ရွင္မ်ားအသင္းအတြက္ ေပးသြင္းရေငြ (HOA fees) နည္းပါးျခင္း၊ ေအာက္ေျခတြင္ သန္႔ရွင္းသပ္ရပ္ျခင္း၊ အေဆာက္အအံုသက္တမ္း မအိုေဟာင္းလြန္းျခင္းတို႔ ျဖစ္သည္။

ေအာ္စတင္သည္ အေမရိကန္ျပည္ေထာင္စုတြင္ အလ်င္ျမန္ဆံုးဖြံ႔ျဖိဳးလာေနသည့္ ျမိဳ႕ၾကီးမ်ား၌ ပါဝင္ျပီး အလယ္အလတ္တန္းစား အိမ္ျခံေျမေစ်းႏႈန္းမွာ ကန္ေဒၚလာ ၄၀၀၀၀၀ ခန္႔ ျဖစ္သည္။

ဘရိုက္စ္က လူၾကိဳက္မ်ားသည့္ေနရာမ်ားတြင္ မဝယ္ယူျခင္းေၾကာင့္ ပိုမိုေစ်းသက္သာသည့္အခန္းကို ရွာေဖြႏိုင္ခဲ့သည္။

၂၀၁၇ ခုႏွစ္တြင္ ဘရိုက္စ္က ပထမဆံုးေနအိမ္ခန္းကို ဝယ္ယူလိုက္သည္။

တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕ရွိ စတုရန္းေပ ၆၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၁ ခန္းပါေသာ ကြန္ဒိုခန္း ျဖစ္သည္။

အခန္း၏ တန္ဖိုးမွာ ကန္ေဒၚလာ ၁၄၀၀၀၀ ျဖစ္ျပီး လက္ငင္းေပးေခ်ရေငြမွာ ၄ ဒသမ ၂ ရာခိုင္ႏႈန္းသာျဖစ္ကာ ေဒၚလာ ၆၀၀၀ သာ ေပးရ၏။

ကိုယ္ပိုင္ေနရာျဖစ္လာျပီျဖစ္ေသာေၾကာင့္ ဘရိုက္စ္အေနျဖင့္ သူ၏ စိတ္ၾကိဳက္လြတ္လပ္စြာ ျပဳျပင္မြမ္းမံႏိုင္ျပီ ျဖစ္သည္။

ေဒၚလာ ၉၀၀၀ ခန္႔ ထပ္မံသံုးစြဲကာ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ဗီရိုမ်ား၊ သစ္သားမ်က္ႏွာၾကက္တို႔ ထည့္သြင္းခဲ့သည္။

သူ၏ ပန္းတိုင္မွာ ကြန္ဒိုခန္းအတြက္ ေပးသြင္းေနရသည့္ အိမ္ျခံေျမေခ်းေငြကို လ်င္ျမန္စြာ ေပးဆပ္ႏိုင္ေရးျဖစ္ျပီး ၁၀ ႏွစ္အတြင္း ေပးဆပ္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

“ကၽြန္ေတာ္က အေၾကြးေတြရွိေနတာ မၾကိဳက္ဘူး။ ကၽြန္ေတာ့္ရဲ႕ တစ္ခုတည္းေသာ အေၾကြးက ဒီကြန္ဒိုခန္းပဲ။ ထရပ္ကားကိုေတာ့ ဝယ္လိုက္တဲ့ႏွစ္ထဲမွာပဲ အေၾကြးေၾကခဲ့ပါျပီ”

ဘရိုက္စ္သည္ အေၾကြးျပန္လည္ေပးသြင္းမႈကို ပိုမိုျမန္ဆန္ေစရန္အတြက္ သူ၏ကြန္ဒိုခန္းကို အိမ္ျခံေျမငွားရမ္းသည့္ ဝက္ဘ္ဆုိက္တြင္ အငွားတင္ခဲ့ျပီး ထရပ္ကားေနာက္တြင္ ကိုယ္တိုင္ျပဳလုပ္ထားသည့္ ရြက္ဖ်င္တဲတြင္ အိပ္စက္ခဲ့၏။

မူလက ဘရိုက္စ္သည္ ဗင္ကားထဲတြင္ တစ္ေနကုန္ေနျပီး အေမရိကန္ျပည္တစ္ဝန္းလွည့့္လည္သြားလာေနကာ အလုပ္ကို အေဝးမွ လုပ္ကိုင္ရန္ လိုလားခဲ့၏။

သို႔ေသာ္ ဘရိုက္စ္က ကြန္ဒိုခန္းကို အငွားေစ်းကြက္တင္ကာ သူ၏အခ်ိန္အမ်ားစုကို ၂၀၁၈ ခုႏွစ္ထုတ္ Chevy Colorado ထရပ္ကား၏ ေနာက္ဘက္တြင္ ေဆာက္လုပ္ထားသည့္ ေနစြမ္းအင္စနစ္တပ္ဆင္ထားေသာ ရြက္ဖ်င္တဲတြင္ အခ်ိန္ကုန္ဆံုးခဲ့သည္။

ရြက္ဖ်င္တဲအတြက္ လိုအပ္ေသာ ပစၥည္းမ်ား ျဖည့္တင္းရန္ ေဒၚလာ ၆၀၀၀ ခန္႔ သံုးစြဲခဲ့ရျပီး သစ္သားနံရံႏွင့္ ဆြဲခ် ဆြဲတင္သိမ္းဆည္းႏိုင္ ေသာ ရုပ္ရွင္ၾကည့္ စခရင္မ်ား ထည့္သြင္းထားရာ ကြန္ဒိုခန္းအေသးစားအသြင္ ခံစားရေၾကာင္း ဘရိုက္စ္က ေျပာၾကားသည္။

ပတ္လည္တြင္ မွိတ္တုတ္မွိတ္တုတ္ ခရစၥမတ္မီးမ်ား လင္းလက္ေနျပီး ေနာက္ဘက္တြင္ကား ေမြ႔ယာတစ္ခုလည္း ထည့္သြင္းထားသည္။

ပန္ကာ၊ မီးလံုးႏွင့္ အျခားေသာ လွ်ပ္စစ္ပစၥည္းမ်ားကို ဓာတ္အားေပးရန္ ဘရိုက္စ္က ဘက္ထရီတစ္လံုးတပ္ဆင္ထားသည္။

သားနားစြာေဆာက္လုပ္ထားျခင္းျဖစ္ေသာ္လည္း ေနရာမွာ က်ဥ္းေျမာင္းျပီး မီးဖိုႏွင့္ ေရခ်ဳိးရန္ ေနရာတို႔ မပါဝင္ေခ်။

တစ္ေန႔တစ္ေန႔ ေနထိုင္လုပ္ကိုင္ရမႈေတြကေတာ့ မသက္သာလွပါဘူး ဟု ဘရိုက္စ္က ဝန္ခံသည္။ ေတာအုပ္မ်ားထဲတြင္ မီးပံုပြဲဟန္ ညစာခ်က္ျပဳတ္ရျခင္း၊ လက္ဝါးအရြယ္ သတၱဳအိုးငယ္ကို မီးဖိုေပၚတြင္တင္ကာ ခ်က္ျပဳတ္ရသည္မွာ အေလ့အက်ုင့္မရွိခဲ့ေခ်။ သို႔ေသာ္ ထိုသို႔မိမိ၏ သက္ေတာင့္သက္သာျဖစ္မႈမ်ားကို စေတးလိုက္ရသည့္အတြက္ အပိုဝင္ေငြမ်ားစြာ ရလာသည္။

တစ္လကို ေဒၚလာ ၁၇၀၀ ေလာက္ရတယ္။ ေရခ်ဳိးဖို႔အတြက္ကေတာ့ အားကစားေလ့က်င့္ရံုကို သြားရပါတယ္၊ ကြန္ဒိုခန္း ငွားရမ္းရာမွ ရရွိလာေသာေငြအားလံုးကို အိမ္ျခံေျမေခ်းေငြအတြက္ ျပန္လည္ေပးသြင္းခဲ့ျပီး တစ္လလွ်င္ ေဒၚလာ ၁၅၀၀ ခန္႔ ေပးသြင္းႏိုင္သည္ဟု ဆိုသည္။

“ေအာ္စတင္ေတာင္ပိုင္းက ေနခ်င္တဲ့သူမ်ားတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္က ေျမာက္ပိုင္းမွာ ဝယ္ခဲ့ပါတယ္။ ဒီေနရာမွာက ဖြံ႔ျဖိဳးလာဖို႔ အလားအလာေတြ အမ်ားၾကီးရွိေနပါေသးတယ္”

ကြန္ဒိုခန္းဝယ္ရာတြင္ အနည္းဆံုးေပးရမည့္ လက္ငင္းေပးသြင္းေငြမွာ ၃ ရာခိုင္ႏႈန္းျဖစ္၏။ ဘရိုက္စ္က ထို႔ထက္ပိုျပီး ေပးသြင္းလိုေသာ္လည္း စုေဆာင္းထားသည့္ေငြအားလံုး ကုန္သြားမည္ကို မလိုလားေခ်။ လက္ငင္းေပးေခ်ေငြအျပင္ စံုစမ္းစစ္ေဆးခ ေဒၚလာ ၁၅၀ ႏွင့္ အေရာင္းအဝယ္ျပဳလုပ္မႈအတြက္ ေဒၚလာ ၁၃၀၀ ခန္႔ ကုန္က်ခဲ့ေသးသည္။

သူ႔တြင္ ပရိေဘာဂမ်ားစြာမရွိသည့္အတြက္ အိမ္ေျပာင္းေရႊ႕စရိတ္ကား မကုန္က်ခဲ့။

လက္ရွိအားျဖင့္ ဘရိုက္စ္၏ ကြန္ဒိုခန္းေပးသြင္းမႈအတြက္ လစဥ္ကုန္က်မႈစာရင္းမွာ…

အိမ္ျခံေျမေခ်းေငြ= ၉၈၄ ေဒၚလာ

အိမ္ပိုင္ရွင္မ်ားအသင္းေၾကး= ၂၄၀ ေဒၚလာ (ေရ၊ အမႈိက္၊ အင္တာနက္တို႔ ပါဝင္)

အိမ္ခြန္= ၁၆၇ ေဒၚလာ (တစ္ႏွစ္လွ်င္ ေဒၚလာ ၂၀၀၀ ေပးရျခင္းျဖစ္)

အိမ္ျခံေျမေခ်းေငြအာမခံ= ၁၀၀ ေဒၚလာ

လွ်ပ္စစ္မီး၊ ဓာတ္ေငြ႔= ၆၀ ေဒၚလာ

အိမ္ပိုင္ရွင္မ်ား အာမခံ= ၃၃ ေဒၚလာ

အိမ္ျခံေျမ ေခ်းေငြရင္းအျပင္ အပိုကုန္က်မႈ စုစုေပါင္း = ၁၅၀၀ ေဒၚလာဝန္းက်င္ (လ အလိုက္ကြဲျပား)

(မွတ္ခ်က္- အိမ္ပိုင္ရွင္မ်ားအသင္းေၾကး (HOA fee) သည္ အခ်ဳိ႕ေသာ ေနအိမ္အမ်ဳိးအစားမ်ားတြင္ ေနထိုင္သူမ်ား လစဥ္ေပးေဆာင္ရသည့္ေငြျဖစ္သည္။ အမ်ားအားျဖင့္ ကြန္ဒိုပိုင္ရွင္မ်ားေပးေဆာင္ရျခင္းျဖစ္ျပီး အခ်ဳိ႕ေသာေဒသမ်ားတြင္ေနထိုင္သည့္ လံုးခ်င္းအိမ္မ်ားလည္း ေပးေဆာင္ရေလ့ရွိသည္။ ကြန္ဒိုေနထိုင္သူတို႔မွာ ကြန္ဒိုမီနီယံ၏ ဝန္းက်င္ အမ်ားသံုးေနရာမ်ားျဖစ္ေသာ ဧည့္သည္နားေနေဆာင္မ်ား၊ ဆင္ဝင္ေနရာမ်ား၊ ေျမယာအလွျပဳျပင္မႈ၊ ေရကူးကန္မ်ား၊ ဓာတ္ေလွကားမ်ား အစရွိသည္တို႔ကို မြမ္းမံထိန္းသိမ္းရန္ ေကာက္ခံျခင္းျဖစ္သည္။)

ယေန႔တြင္ကား ဘရိုက္စ္သည္ ဝက္ဘ္ဆုိက္ developer တစ္ဦးအျဖစ္ အခ်ိန္ျပည့္အလုပ္၊ အိမ္ေမြးတိရ စၦာန္ဓာတ္ပံုရိုက္ကူးမႈ ႏွင့္ ေခြးေန႔ထိန္း အခ်ိန္ပိုင္းအလုပ္တို႔မွ တစ္ႏွစ္လွ်င္ ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ ဝင္ေငြရေနျပီ ျဖစ္သည္။

ဘရိုက္စ္သည္ ကြန္ဒိုခန္းဝယ္ယူလိုက္ေသာ္လည္း ကြန္ဒိုတြင္ မေနရဘဲ အခ်ိန္အမ်ားစုကို ထရပ္ကားေပၚတြင္သာ ေနထိုင္ေနရေသာ္လည္း သူ၏လက္ရွိဘဝကို ေက်နပ္လ်က္ရွိသည္။

သို႔ေသာ္ ကြန္ဒိုခန္းကို အျပည့္အဝပိုင္ဆိုင္မည့္ေန႔ရက္ကို ဘရိုက္စ္က ေမွ်ာ္လင့္ေစာင့္ဆိုင္းေန၏။

အဆိုပါအခန္းသည္ မိမိအခန္းျဖစ္သည္ဟူေသာ ခံစားခ်က္မွာ အလြန္စိတ္ေက်နပ္မႈရေစေၾကာင္း၊ အေၾကြးမ်ားေၾကျပီး မည္သူ႔ထံတြင္မွ ေၾကြးျမီတင္မေနေတာ့ဘဲ လြတ္လပ္သြားသည့္ေန႔ကို ေမွ်ာ္လင့္ေနေၾကာင္း ဘရိုက္စ္က ေျပာၾကားသည္။

“လက္ရွိအခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕ နံပါတ္ ၁ ပန္းတိုင္ကေတာ့ အဲ့ဒီလြတ္လပ္မႈပါပဲ”

(အကယ္၍ သင္၏အိမ္ျခံေျမ ဝယ္ယူေရးၾကိဳးပမ္းပံုျဖစ္ရပ္ကို CNBC သတင္းဌာနတြင္ ေရးသားေဖာ္ျပျခင္းခံရလိုပါက သတင္းေထာက္ Alicia Adamczyk ထံသို႔ alicia.adamczyk@nbcuni.com အီးေမးလ္လိပ္စာမွတဆင့္ ဆက္သြယ္ႏိုင္ပါသည္)

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This 37-year-old makes $100,000 in Austin, but lives in his truck and rents his condo for extra money (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service