လူနေထိုင်ခွင့် B.C.C မကျသေးတဲ့ တိုက်ခန်းမှာဝင်နေရင် ပြဿနာဖြစ်နိုင်သလား ?

လူနေထိုင်ခွင့် B.C.C မကျသေးတဲ့ တိုက်ခန်းမှာဝင်နေရင် ပြဿနာဖြစ်နိုင်သလား ? - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2020 12:41 pm တွင် တင်ခဲ့သည်
3104 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့်တင်ပြလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ကော်မတီမှ အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်းတင်ပြရန် ညွှန်ကြားရပါမည်။

ကော်မတီမှ အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်၍ ဆောက်လုပ်ခြင်း ပြီးစီးကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ အဆောက်အအုံတွင် လူနေထိုင်ခွင့် လက်မှတ် B.C.C ကိုထုတ်ပေးမည် ဖြစ်သည်။

အကယ်၍ သတ်မှတ်ပုံစံနှင့် ကိုက်ညီခြင်းမရှိသည့် အဆောက်အအုံများဖြစ်ပါက ပြန်လည်ပြင်ဆင်ဆောက် လုပ်ရန် ညွှန်ကြားပြီး သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ရရှိမှသာ လူနေထိုင်ခွင့်ကိုခွင့်ပြု ပေးမည်ဖြစ်ပါသည်။

ယင်းအချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၆၁ (င) တွင်-မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင် ဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊အသုံးပြုခြင်းမပြုရ ဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့် လက်မှတ် မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခွင့် ရှိမည်မဟုတ်ပါကြောင်း ဗဟုသုတသိရှိစေရန် ဖော်ပြပေးခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လူေနထိုင္ခြင့္ B.C.C မက်ေသးတဲ့ တိုက္ခန္းမွာဝင္ေနရင္ ျပႆနာျဖစ္ႏိုင္သလား ?

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားတဲ့ နည္းဥပေဒမွာ အေဆာက္အအုံ ေဆာက္လုပ္ျခင္း လုပ္ငန္းၿပီးစီးေၾကာင္းကို လုပ္ငန္းၿပီးစီးသည့္ေန႔မွ ရက္ေပါင္း ၃ဝ အတြင္း ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔ စာျဖင့္တင္ျပေလွ်ာက္ထားရမည္ဟု ျပ႒ာန္းထားပါသည္။

ေကာ္မတီမွ အေဆာက္အအုံၿပီးစီးေၾကာင္း တင္ျပခ်က္ကို အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) အား သက္ဆိုင္ရာ အေဆာက္အအုံကို စစ္ေဆး၍ ရက္ေပါင္း ၃ဝ အတြင္းတင္ျပရန္ ၫႊန္ၾကားရပါမည္။

ေကာ္မတီမွ အေဆာက္အအုံပုံစံႏွင့္အညီ ေဆာက္လုပ္၍ ေဆာက္လုပ္ျခင္း ၿပီးစီးေၾကာင္း စိစစ္ေတြ႕ရွိပါက အဆိုပါ အေဆာက္အအုံတြင္ လူေနထိုင္ခြင့္ လက္မွတ္ B.C.C ကိုထုတ္ေပးမည္ ျဖစ္သည္။

အကယ္၍ သတ္မွတ္ပုံစံႏွင့္ ကိုက္ညီျခင္းမရွိသည့္ အေဆာက္အအုံမ်ားျဖစ္ပါက ျပန္လည္ျပင္ဆင္ေဆာက္ လုပ္ရန္ ၫႊန္ၾကားၿပီး သတ္မွတ္ပုံစံျဖင့္ ျပင္ဆင္ေဆာက္လုပ္ၿပီးေၾကာင္း စိစစ္ရရွိမွသာ လူေနထိုင္ခြင့္ကိုခြင့္ျပဳ ေပးမည္ျဖစ္ပါသည္။

ယင္းအခ်က္ႏွင့္ ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ-၆၁ (ဃ) တြင္ မည္သူမွ် ေကာ္မတီ၏ ခြင့္ျပဳထားသည့္ အေဆာက္အအုံပုံစံႏွင့္ ကြဲလြဲျခားနားသည့္ အေဆာက္အအုံကို ေဆာက္လုပ္ျခင္းမျပဳရဟုလည္းေကာင္း၊ ပုဒ္မ ၆၁ (င) တြင္-မည္သူမွ် ေဆာက္လုပ္ၿပီးေသာ အေဆာက္အအုံတစ္ခုတြင္ျဖစ္ေစ၊ ယင္းအေဆာက္အအုံ၏ အစိတ္အပိုင္းတစ္ခုတြင္ ျဖစ္ေစ၊ ေကာ္မတီ၏ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ေနထိုင္ျခင္း၊အသုံးျပဳျခင္းမျပဳရ ဟုလည္းေကာင္း တားျမစ္ျပ႒ာန္းထားပါသည္။

ထို႔ေၾကာင့္ လူေနထိုင္ခြင့္ လက္မွတ္ မရရွိဘဲ အေဆာက္အအုံအတြင္း ဝင္ေရာက္ေနထိုင္ခြင့္ ရွိမည္မဟုတ္ပါေၾကာင္း ဗဟုသုတသိရွိေစရန္ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service