တက္ကဆပ်က mask ယဉ်ကျေးမှု တိုက်ပွဲ (သို့မဟုတ်) အမေရိကန်တွင် mask တပ်ထားသူများကို ဝန်ဆောင်မှုမပေးသည့်လုပ်ငန်းနှင့် mask မတပ်သူများကို ဝန်ဆောင်မှုမပေးသည့်လုပ်ငန်းများ အားပြိုင်လာ
တက္ကဆပ်က mask ယဉ်ကျေးမှု တိုက်ပွဲ (သို့မဟုတ်) အမေရိကန်တွင် mask တပ်ထားသူများကို ဝန်ဆောင်မှုမပေးသည့်လုပ်ငန်းနှင့် mask မတပ်သူများကို ဝန်ဆောင်မှုမပေးသည့်လုပ်ငန်းများ အားပြိုင်လာ - Property News in Myanmar from iMyanmarHouse.com
29 May 2020 1:28 pm တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကီဗင်စမစ်သည် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာလ အမိန့်များကို လိုက်နာပြီး သူ၏ အရက်ဘားဆိုင် Liberty Tree Tavern ကို ပိတ်ထားခဲ့ရသည်မှာ ၆၄ ရက်ရှိပြီဖြစ်သည်။
ယခုအခါ lockdown ကာလရုပ်သိမ်းလိုက်ပြီဖြစ်ရာ ဆိုင်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးသတ်ခြင်းနှင့် ခုံအရေအတွက် ၄ ပုံ ၃ ပုံလျှော့ချရန် ခုံများဖယ်ရှားခြင်းတို့ ပြုလုပ်ပြီး ဆိုင်ပြန်ဖွင့်ရန် စီစဉ်လျက်ရှိသည်။
သူနေထိုင်ရာဒေသ တက္ကဆပ်ပြည်နယ်၊ အယ်လ်ဂျင်းမြို့တွင်ကား ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အပြင်ထွက်လျှင် မဖြစ်မနေ mask တပ်ရမည်ဟု ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်မထားသော်လည်း ဒေသခံတို့သည် အပြင်ထွက်လျှင် mask များ တပ်ဆင်နေကြဆဲ ဖြစ်သည်။
ထိုသို့လုပ်ဆောင်နေကြခြင်းများသည် မလိုအပ်ဟု ကီဗင်က ရှုမြင်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် mask များတပ်ဆင်ကြသည့်အပေါ် ပြန်လည်တိုက်ခိုက်ချင်သည်။
သို့နှင့် သူ၏ အရက်ဘားရှေ့တံခါးတွင် “ဝမ်းနည်းပါတယ်။ mask တပ်ဆင်သူများ ဝင်ခွင့်မပြုပါ” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်။
ပြည်နယ်တစ်ခုလုံးတွင် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကို ဖြေလျော့ပေးလိုက်ပြီဖြစ်သော်လည်း စတိုးဆိုင်များစွာနှင့် စားသောက်ဆိုင်များစွာတွင်မူ mask တပ်မထားသူများကို ဝန်ဆောင်မှုမပေးဘဲ တရားရုံးသို့ ပို့ဆောင်ခြင်းများပင် ရှိသည်။
ထို့ကြောင့် တက္ကဆပ်တွင် mask ယဉ်ကျေးမှုတိုက်ပွဲကြီး ပေါ်ပေါက်လာတော့သည်။ ကီဗင်စမစ်၏ Liberty Tree Tavern အရက်ဘားဆိုင် အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကမူ mask ယဉ်ကျေးမှုကို ခုခံတော်လှန်သူများ ဖြစ်လာသည်။
“ဆိုင်မှာရှိတဲ့ ဝန်ဆောင်နိုင်မှုအတိုင်းအတာရဲ့ ၂၅ ရာခိုင်နှုန်းပဲ ခွင့်ပြုမယ်ဆိုရင် ဒီ ၂၅ ရာခိုင်နှုန်းကို လူတွေပဲဖြစ်စေချင်ပါတယ်။ သူတို့ဟာ သိုးတွေမဟုတ်ပါဘူး။ အမြဲတမ်းကြောက်လန့်နေတာဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်’ ဟု ကီဗင်စမစ်က The Washington Post သို့ ပြောကြားသည်။
ကင်တပ်ကီပြည်နယ်ရှိ ဓာတ်ငွေ့ဆိုင်နှင့်ကပ်လျက် စတိုးဆိုင်တစ်ခုတွင်လည်း mask တပ်ထားသူများကို ဝင်ခွင့်မပြုချေ။
လော့စ်အိန်ဂျလိမြို့အနီးရှီ ကြမ်းခင်းပစ္စည်းအရောင်းဆိုင်တွင်လည်း mask တပ်ခြင်းကို တားမြစ်ထားသည့်အပြင် ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများ ပြုလုပ်ရန် အားပေးထားသည်။
သိပ္ပံနှင့် ဆေးဘက်ပညာရှင်တို့ကမူ အများပြည်သူအတွင်းသွားလာရာတွင် mask တပ်ထားခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ရပ်တန့်စေနိုင်ကြောင်း သဘောတူကြသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန (CDC) ကလည်း လူချင်းခပ်ခွာခွာနေရန်မဖြစ်နိုင်သည့်နေရာဖြစ်သော လူထူထပ်သည့် နေရာများသို့ သွားလာရာတွင် mask တပ်ကာ အကာအကွယ်ပြုလုပ်ရန် အရေးကြီးကြောင်း ထုတ်ပြန်ထားသည်။
ကီဗင်စမစ်ကမူ ကိုရိုနာဗိုင်းရပ်စ်သည် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုဟု မယုံကြည်ကြောင်းပြောကြားသည်။ သူသည် ထိုင်ခုံ ၆၀ ဆန့် အရက်ဘားကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူဖြစ်ပြီး တက္ကဆပ်တွင် ၂ လကြာ lockdown လုပ်လိုက်သောအခါ ဆိုင်ပိတ်ကာ အနီးရှိ အော်စတင်မြို့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
အော်စတင်မြို့၊ bastrop ခရိုင်တွင်မူ ရက်သတ္တ ၃ ပတ်ကြာ mask တပ်ရန်နှင့် မလိုက်နာပါက ထောင်ဒဏ် ရက် ၁၈၀ ကျခံရန် အမိန့်ထုတ်ထားခဲ့သည်။
အရက်ဘားတည်ရှိရာ အယ်လ်ဂျင်းမြို့သည် လူဦးရေ ၁၀၀၀၀ ခန့် နေထိုင်သောမြို့ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၃ ဦးရှိခဲ့ကာ ၁ ဦးသေဆုံးခဲ့သည်။
တက္ကဆပ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် mask တပ်ကြရန် ဒေသတွင်း အာဏာပိုင်တို့က တိုက်တွန်းထားသော်လည်း ကီဗစ်စမစ်ကမူ mask တပ်ရန် လိုအပ်သည်ဟု မယုံကြည်ကြောင်း ပြောကြားသည်။
အရက်ဘားဝန်ထမ်းတို့သည် ဖောက်သည်မည်သူဖြစ်သည်ကို သိနိုင်ရန်နှင့် အရက်များစွာ သောက်သုံးခဲ့သည့် အခြေအနေရှိ၊ မရှိ သိနိုင်ရန်အတွက် မျက်နှာတွေ့မြင်ရရန် လိုအပ်ကြောင်း ကီဗင်က ထောက်ပြသည်။
ထို့အပြင် ကီဗင်က ဆက်လက်ပြောကြားသည်မှာ မျက်နှာတွင် mask တပ်ဆင်ပြီး မည်သို့ဘီယာသောက်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Sorry, no mask allowed’: Some businesses pledge to keep out customers who cover their faces (MSN)
[Zawgyi]
သိပံ္ပနှင့် ဆေးဘက်ပညာရှင်တို့ကမူ အများပြည်သူအတွင်းသွားလာရာတွင် mask တပ်ထားခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ ပွားမှုကို ရပ်တန့်စေနိုင်ကြောင်း သဘောတူကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
kalaw-garden-valley
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service