ခရီးထွက်ချင်သူများအတွက် COVID-19 ဆန့်ကျင်ရေး ဆွီဒင်မြက်ခင်းပြင်စားသောက်ဆိုင်
ခရီးထွက်ချင်သူများအတွက် COVID-19 ဆန့်ကျင်ရေး ဆွီဒင်မြက်ခင်းပြင်စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
23 May 2020 1:25 pm တွင် တင်ခဲ့သည်
447 ကြိမ် ကြည့်ရှု့ ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
[Unicode]
ဆွီဒင်နိုင်ငံ ရန်စေတာမြို့ငယ်လေးရဲ့ မြစ်နီးချောင်းပါးရှိ ခြောက်သွေ့နေတဲ့ မြက်ခင်းပြင်တစ်ခုထဲမှာ  စားပွဲတစ်လုံးထိုင်ခုံတစ်လုံးနဲ့ပဲ ပြင်ဆင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံစားသောက်ဆိုင်တစ်ဆိုင်ဟာ ၎င်းရဲ့ပထမဆုံးဧည့်သည်ကို ကြိုဆိုလိုက်ပါပြီ။
တစ်ဦးတည်းအတွက် စားပွဲလို့ အဓိပ္ပာယ်ရတဲ့ Bord for En အမည်ရ ဆိုင်လေးမှာ စားပွဲထိုးတွေ မရှိပါဘူး။ အစားအသောက်တွေကို စားဖိုဆောင်ပြတင်းပေါက်ကနေ ခြင်းတောင်းတစ်ခုနဲ့ စားပွဲဆီသို့ စက်သီးစနစ်နဲ့ပို့ဆောင်တာပဲဖြစ်ပါတယ်။
စားပွဲဆီပထမဆုံးရောက်ရှိလာတဲ့ ခြင်းတောင်းက သောက်စရာတစ်မျိုးကို သယ်ဆောင်လာပါလိမ့်မယ်လို့ စားဖိုမှုူး Rasmus Persson က ပြောပါတယ်။
အဲဒီဆိုင်ကို Persson က သူ့လက်တွဲဖော် Linda Karlsson နဲ့အတူ တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ Karlsson ရဲ့ မိဘတွေ မတ်လတုန်းက လာလည်ကြတုန်းက အထက်ပါပုံစံမျိုးနဲ့ တည်ခင်းဧည့်ခံခဲ့ရာကနေ ဆိုင်အဖြစ်ဖွင့်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့လည်း သူတို့စုံတွဲက ပြောပါတယ်။
“ကျွန်တော်တို့တွေ ဒီအချိန်မှာ အလွမ်းဆုံးအရာတစ်ခုက ခရီးသွားခြင်းဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။” ဟုလည်း စားသုံးသူတွေကို ခရီးလည်းထွက်ဖြစ်စေပြီး social distancing မရှိမှာ လူတစ်ဦးနဲ့တစ်ဦးထိတွေ့မိမှာ မစိုးရိမ်ရတဲ့ ၎င်းဆိုင်ဖွင့်ဖြစ်ပုံနဲ့ပတ်သက်ပြီး Persson က ပြောခဲ့ပါသေးတယ်။
ဆွီဒင်က စားသောက်ဆိုင်တွေဟာ အခြားနိုင်ငံတွေနဲ့မတူစွာဘဲ COVID-19 ကာလမှာ social distancing လမ်းညွှန်ချက်တွေနဲ့ ဆက်ဖွင့်ခွင့်ပေးထားဆဲဖြစ်ပါတယ်။
တစ်ဦးတည်းသီးသန့်စားသောက်ဆိုင်လေးဟာ မေတစ်လလုံး ဘွတ်ကင်တွေပြည့်နေပြီး ဇွန်နဲ့ ဇူလိုင်အတွက်တော့ ထိုင်ခုံနေရာအမှာလက်ခံသေးကာ မိုးရွာတဲ့နေ့တွေအတွက်လည်း လုံခြုံရေးအကာကွယ်တွေ သူတို့မှာရှိတယ်လို့ Karlsson ကလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
Credit: iMyanmarHouse.com
Ref: Swedish pop-up restaurant fights coronavirus one guest at a time (REUTERS)
[Zawgyi]
စားပွဲဆီပထမဆုံးရောက်ရှိလာတဲ့ ခြင်းတောင်းက သောက်စရာတစ်မျိုးကို သယ်ဆောင်လာပါလိမ့်မယ်လို့ စားဖိုမှုး Rasmus Persson က ပြောပါတယ်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...
ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား...
ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား...
မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက်...
မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက်...
COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို
COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို
အလုပ်လက်မဲ့အထည်ချုပ်လုပ်သားများအတွက် ဥရောပသမဂ္ဂက ကျပ်တစ်ဘီလီယံထောက်ပံ့ပြီးဟုဆို
အလုပ်လက်မဲ့အထည်ချုပ်လုပ်သားများအတွက် ဥရောပသမဂ္ဂက ကျပ်တစ်ဘီလီယံထောက်ပံ့ပြီးဟုဆို
နိုင်ငံခြားအလုပ်သွားလုပ်သူများက ပြန်ပို့ငွေ ၂၀၁၉ တွင် ဒေါ်လာ တစ်ဘီလံယံရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော...
နိုင်ငံခြားအလုပ်သွားလုပ်သူများက ပြန်ပို့ငွေ ၂၀၁၉ တွင် ဒေါ်လာ တစ်ဘီလံယံရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော...
စီးပွားရေးလုပ်ငန်းတွေကိုငွေထုတ်ချေးတာ ဘီလီယံ (၃၀)ကျော်သွားပြီဖြစ်
စီးပွားရေးလုပ်ငန်းတွေကိုငွေထုတ်ချေးတာ ဘီလီယံ (၃၀)ကျော်သွားပြီဖြစ်
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ...
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ...
လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ...
လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)