Covid-19 ပျောက်ကင်းသွားပြီး ပြန်လည် positive ဖြစ်သောသူများသည် အခြားသူများကို ကူးစက်စေခြင်းမရှိကြောင်း တောင်ကိုရီးယား သုတေသနပညာရှင်များ တွေ့ရှိ

Covid-19 ပျောက်ကင်းသွားပြီး ပြန်လည် positive ဖြစ်သောသူများသည် အခြားသူများကို ကူးစက်စေခြင်းမရှိကြောင်း တောင်ကိုရီးယား သုတေသနပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
23 May 2020 1:13 pm တြင္ တင္ခဲ့သည္
377 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by ႏွင္းအိခင္ (iMyanmarHouse.com)

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာပျောက်ကင်းသွားပြီးနောက် တဖန်ပြန်လည် positive စစ်ဆေးတွေ့ရှိရသူတို့သည် အခြားသူများကို ရောဂါကူးစက်စေခြင်းမရှိကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။

တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (KCDC) မှ သုတေသနပညာရှင်တို့သည် ရောဂါကူးစက်ခံရ ပြီးနောက် သက်သာပျောက်ကင်း (negative) ပြပြီးမှ တဖန်ပြန်လည် positive စစ်ဆေးတွေ့ရှိသူ ၂၈၅ ဦးကို လေ့လာခဲ့ကြသည်။

အဆိုပါ ၂၈၅ ဦးနှင့် ထိတွေ့ခဲ့သူ ၇၉၀ ဦးလုံးသည် covid-19 ကူးစက်ခြင်းမခံရကြောင်း တွေ့ရှိခဲ့ကြသည်။

ယခင်က ယုံကြည်ခဲ့သည်များနှင့် နှိုင်းယှဉ်လျှင် ယခုတွေ့ရှိချက်က ပြသသည်မှာ အချို့သောနေရာများကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု သုတေသီအဖွဲ့က ပြောကြားသည်။

သို့အတွက် သုတေသနပညာရှင်တို့က ယခုကဲ့သို့ positive စစ်ဆေးတွေ့ရှိခြင်းသည် ရောဂါပြန်လည်ကူးစက်ခံရခြင်း မဟုတ်ဘဲ ဗိုင်းရပ်စ်အသေတို့၏ အမှုန်များရှိနေခြင်းသာဖြစ်ကြောင်း ယူဆကြသည်။

“သူတို့ဆီကနေ ရောဂါကူးစက်ခံရမှု အထောက်အထားမတွေ့ရတာကြောင့် ဗိုင်းရပ်စ်အသေတွေရဲ့ အပိုင်းအစတွေဟာ ဆက်ရှိနေတယ်ဆိုတဲ့ သီအိုရီ ပိုပြီးအားကောင်းလာစေပါတယ်” ဟု National Cancer Center Graduate School မှ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ Ki Moran က ဝေါစထရိဂျာနယ်သို့ ပြောကြားသည်။

ယခုရလဒ်အရ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးသည် ပြန်လည်ကျန်းမာသွားပြီဆိုပါက ရောဂါကူးစက်နိုင်တော့ခြင်းမရှိရာ negative ရလဒ်များရအောင် စောင့်ဆိုင်းရန် မလိုဘဲ ကျောင်း (သို့မဟုတ်) အလုပ်ခွင်များသို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်သည်။

လုပ်ထုံးလုပ်နည်းသစ်များအရ ရောဂါပျောက်ကင်းသွားသူတို့ကို အကြိမ်ကြိမ်ပြန်လည်စစ်ဆေးရန် မလိုအပ်တော့ကြောင်း KCDC က အစီရင်ခံရေးသားခဲ့သည်ဟု Bloomberg တွင် ဖော်ပြသည်။

အဆိုပါအစီရင်ခံစာတွင် လေ့လာခဲ့သော ၂၈၅ ဦးတွင် အားလုံးနီးပါး၌ ရောဂါခုခံကာကွယ်သည့် ပဋိပစ္စည်းများတွေ့ရသည်ဟု ဆိုသည်။

သို့သော် လူတစ်ဦး ရောဂါပြန်လည်ကူးစက်မခံရစေအောင် ကာကွယ်နိုင်ရန်အတွက် ပဋိပစ္စည်းမည်မျှ လိုအပ်သည်ဆိုခြင်းနှင့် ခန္ဓာကိုယ်အတွင်း အချိန်မည်မျှကြာအောင် ရှိနေမည်ကိုမူ မသိနိုင်သေးချေ။

ယခုတွေ့ရှိချက်သည် တောင်ကိုရီးယားအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ အရေးကြီးသည့် တွေ့ရှိချက်တစ်ခုဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အစိုးရတို့သည် အန္တရာယ်ကင်းကင်းဖြင့် lockdown မည်သို့ပြန်လည်ဖွင့်လှစ်ရေး ပြဿနာနှင့် ရင်ဆိုင်နေရသည်။

အကြံဉာဏ်တစ်ခုမှာ ရောဂါကူးစက်ခံရပြီးနောက် ပျောက်ကင်းသွားသူတို့ကို ကိုယ်ခံအားလက်မှတ် (သို့မဟုတ်) အန္တရာယ်မရှိသူလက်မှတ်များ ထုတ်ပေးရေး ဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကမူ ကိုရိုနာဗိုင်းရပ်စ် သက်သာပျောက်ကင်းသွားပြီးနောက် ပဋိပစ္စည်းရှိနေသူများသည် ဒုတိယအကြိမ် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်သည်ဟူသော အထောက်အထားမရှိသေးကြောင်း WHO က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: People who recover from coronavirus and test positive again are NOT contagious: Korean CDC finds 're-positive' patients did not infect any of their 790 contacts (Daily Mail)

 

[Zawgyi]

Covid-19 ေပ်ာက္ကင္းသြားၿပီး ျပန္လည္ positive ျဖစ္ေသာသူမ်ားသည္ အျခားသူမ်ားကို ကူးစက္ေစျခင္းမရွိေၾကာင္း ေတာင္ကိုရီးယား သုေတသနပညာရွင္မ်ား ေတြ႕ရွိ

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သက္သာေပ်ာက္ကင္းသြားၿပီးေနာက္ တဖန္ျပန္လည္ positive စစ္ေဆးေတြ႕ရွိရသူတို႔သည္ အျခားသူမ်ားကို ေရာဂါကူးစက္ေစျခင္းမရွိေၾကာင္း ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႕ရွိခဲ့သည္။

ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ႀကိဳတင္ကာကြယ္ေရးဗဟို (KCDC) မွ သုေတသနပညာရွင္တို႔သည္ ေရာဂါကူးစက္ခံရ ၿပီးေနာက္ သက္သာေပ်ာက္ကင္း (negative) ျပၿပီးမွ တဖန္ျပန္လည္ positive စစ္ေဆးေတြ႕ရွိသူ ၂၈၅ ဦးကို ေလ့လာခဲ့ၾကသည္။

အဆိုပါ ၂၈၅ ဦးႏွင့္ ထိေတြ႕ခဲ့သူ ၇၉၀ ဦးလုံးသည္ covid-19 ကူးစက္ျခင္းမခံရေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

ယခင္က ယုံၾကည္ခဲ့သည္မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ယခုေတြ႕ရွိခ်က္က ျပသသည္မွာ အခ်ိဳ႕ေသာေနရာမ်ားကို ေဘးကင္းစိတ္ခ်စြာျဖင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း ျပသေနျခင္းျဖစ္သည္ဟု သုေတသီအဖြဲ႕က ေျပာၾကားသည္။

သို႔အတြက္ သုေတသနပညာရွင္တို႔က ယခုကဲ့သို႔ positive စစ္ေဆးေတြ႕ရွိျခင္းသည္ ေရာဂါျပန္လည္ကူးစက္ခံရျခင္း မဟုတ္ဘဲ ဗိုင္းရပ္စ္အေသတို႔၏ အမႈန္မ်ားရွိေနျခင္းသာျဖစ္ေၾကာင္း ယူဆၾကသည္။

“သူတို႔ဆီကေန ေရာဂါကူးစက္ခံရမႈ အေထာက္အထားမေတြ႕ရတာေၾကာင့္ ဗိုင္းရပ္စ္အေသေတြရဲ႕ အပိုင္းအစေတြဟာ ဆက္ရွိေနတယ္ဆိုတဲ့ သီအိုရီ ပိုၿပီးအားေကာင္းလာေစပါတယ္” ဟု National Cancer Center Graduate School မွ ပါေမာကၡတစ္ဦးျဖစ္သူ ေဒါက္တာ Ki Moran က ေဝါစထရိဂ်ာနယ္သို႔ ေျပာၾကားသည္။

ယခုရလဒ္အရ ကို႐ိုနာဗိုင္းရပ္စ္လူနာတစ္ဦးသည္ ျပန္လည္က်န္းမာသြားၿပီဆိုပါက ေရာဂါကူးစက္ႏိုင္ေတာ့ျခင္းမရွိရာ negative ရလဒ္မ်ားရေအာင္ ေစာင့္ဆိုင္းရန္ မလိုဘဲ ေက်ာင္း (သို႔မဟုတ္) အလုပ္ခြင္မ်ားသို႔ ျပန္လည္ဝင္ေရာက္ႏိုင္မည္ ျဖစ္သည္။

လုပ္ထုံးလုပ္နည္းသစ္မ်ားအရ ေရာဂါေပ်ာက္ကင္းသြားသူတို႔ကို အႀကိမ္ႀကိမ္ျပန္လည္စစ္ေဆးရန္ မလိုအပ္ေတာ့ေၾကာင္း KCDC က အစီရင္ခံေရးသားခဲ့သည္ဟု Bloomberg တြင္ ေဖာ္ျပသည္။

အဆိုပါအစီရင္ခံစာတြင္ ေလ့လာခဲ့ေသာ ၂၈၅ ဦးတြင္ အားလုံးနီးပါး၌ ေရာဂါခုခံကာကြယ္သည့္ ပဋိပစၥည္းမ်ားေတြ႕ရသည္ဟု ဆိုသည္။

သို႔ေသာ္ လူတစ္ဦး ေရာဂါျပန္လည္ကူးစက္မခံရေစေအာင္ ကာကြယ္ႏိုင္ရန္အတြက္ ပဋိပစၥည္းမည္မွ် လိုအပ္သည္ဆိုျခင္းႏွင့္ ခႏၶာကိုယ္အတြင္း အခ်ိန္မည္မွ်ၾကာေအာင္ ရွိေနမည္ကိုမူ မသိႏိုင္ေသးေခ်။

ယခုေတြ႕ရွိခ်က္သည္ ေတာင္ကိုရီးယားအတြက္သာမက တစ္ကမာၻလုံးအတြက္ပါ အေရးႀကီးသည့္ ေတြ႕ရွိခ်က္တစ္ခုျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ျပည္နယ္အစိုးရတို႔သည္ အႏၲရာယ္ကင္းကင္းျဖင့္ lockdown မည္သို႔ျပန္လည္ဖြင့္လွစ္ေရး ျပႆနာႏွင့္ ရင္ဆိုင္ေနရသည္။

အႀကံဉာဏ္တစ္ခုမွာ ေရာဂါကူးစက္ခံရၿပီးေနာက္ ေပ်ာက္ကင္းသြားသူတို႔ကို ကိုယ္ခံအားလက္မွတ္ (သို႔မဟုတ္) အႏၲရာယ္မရွိသူလက္မွတ္မ်ား ထုတ္ေပးေရး ျဖစ္သည္။ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ကမူ ကို႐ိုနာဗိုင္းရပ္စ္ သက္သာေပ်ာက္ကင္းသြားၿပီးေနာက္ ပဋိပစၥည္းရွိေနသူမ်ားသည္ ဒုတိယအႀကိမ္ ကူးစက္ခံရျခင္းမွ ကာကြယ္ႏိုင္သည္ဟူေသာ အေထာက္အထားမရွိေသးေၾကာင္း WHO က ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: People who recover from coronavirus and test positive again are NOT contagious: Korean CDC finds 're-positive' patients did not infect any of their 790 contacts (Daily Mail)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...
ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား...
ကွန်ဒိုခန်း အကြွေးဖြင့် ဝယ်ယူလိုက်ပြီး အငှားချထားကာ ထရပ်ကားပေါ်တွင်သာနေထိုင်ရင်း အရစ်ကျငွေ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးပမ်းနေသော အမေရိကန်နိုင်ငံသား...
မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက်...
မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက်...
COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို
COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို
အလုပ်လက်မဲ့အထည်ချုပ်လုပ်သားများအတွက် ဥရောပသမဂ္ဂက ကျပ်တစ်ဘီလီယံထောက်ပံ့ပြီးဟုဆို
အလုပ်လက်မဲ့အထည်ချုပ်လုပ်သားများအတွက် ဥရောပသမဂ္ဂက ကျပ်တစ်ဘီလီယံထောက်ပံ့ပြီးဟုဆို
နိုင်ငံခြားအလုပ်သွားလုပ်သူများက ပြန်ပို့ငွေ ၂၀၁၉ တွင် ဒေါ်လာ တစ်ဘီလံယံရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော...
နိုင်ငံခြားအလုပ်သွားလုပ်သူများက ပြန်ပို့ငွေ ၂၀၁၉ တွင် ဒေါ်လာ တစ်ဘီလံယံရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော...
စီးပွားရေးလုပ်ငန်းတွေကိုငွေထုတ်ချေးတာ ဘီလီယံ (၃၀)ကျော်သွားပြီဖြစ်
စီးပွားရေးလုပ်ငန်းတွေကိုငွေထုတ်ချေးတာ ဘီလီယံ (၃၀)ကျော်သွားပြီဖြစ်
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ...
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ...
လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ...
လူဦးရေ ၉၇ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ တစ်ယောက်မှ မရှိစေဖို့ ဘယ်လိုကိုင်တွယ်စီမံခဲ့သလဲ...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)