မိုးဦးကျလာပြီမို့ အသိုက်အမြုံ ရှာကြသူများ

မိုးဦးကျလာပြီမို့ အသိုက်အမြုံ ရှာကြသူများ - Property Knowledge in Myanmar from iMyanmarHouse.com
21 May 2020 1:11 pm တွင် တင်ခဲ့သည်
958 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဒီတစ်ပတ် တနင်္ဂနွေကတော့ အတော်ထူးခြားတယ်လို့ ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် တိုက်ခန်းဝယ်သူနှစ်ဦးနဲ့ အိမ်ခြံမြေဝယ်သူတစ်ဦးပေါင်း (၃)ဦးလုံး ဒီတနင်္ဂနွေနေ့မှာပဲ အပြီးအပိုင်ငွေချေးစာချုပ်ချင်တယ်လို့ ပြောလာကြပါတယ်။ (၃)ဦး စလုံး ဒီနေ့မှာ ငွေချေးချင်တယ်လို့ ပြောပေမယ့် ချိန်းထားတဲ့ရက်လည်း မဟုတ်ဘူး။ ရုံးဖွင့်ရက်လည်း မဟုတ်ဘူးဆိုတော့ ဘဏ်က ငွေထုတ်ဖို့ အခက်အခဲရှိကြလိမ့်မယ် ထင်တာပေါ့။

စမ်းချောင်းက တိုက်ခန်းဝယ်သူဆိုရင် သိန်း (၃၀၀)ကျော် ငွေချေရမှာလေ။ အဲဒိၤငွေ ဘယ်ဘဏ်မှာ သွားထုတ်လို့ရမှာလဲ။ ဒီလို မောင်ကောင်းဖေ စဉ်းစားကြည့်နေတာ ၊ ပြီးတော့ ဝယ်မယ့်သူတွေက ပဲခူးတိုင်း ၊ ဖြူးမြို့နယ်က လာရမှာ ၊စာချုပ်မယ်ဆိုတော့လည်း ၈း၃၀ နာရီမှာ ချုပ်ချင်သတဲ့ ။အကျိုးဆောင် “ ကိုတင်ဆန်း ” က စာချုပ်ဖို့ လာခေါ်လို့သာ လိုက်လာရတာ။ စိတ်ထဲမှာတော့ မယုံတစ်ဝက်ယုံတစ်ဝက် ဖြစ်နေတယ်။

ဟော … ကျွန်ုပ်တို့ ရောက်သွားတဲ့ အချိန်မှာ ဝယ်မယ့်သူနဲ့ မိသားစု (၅)ယောက်က ပြုံးပြုံး ပြုံးပြုံးနဲ့ လာရောက်ဆီးကြိုကြတယ်။ သူတို့လက်ထဲမှာလည်း ငွေထုပ်ကြီးကိုပိုက်လို့လေ။ ရထားနဲ့ လာတာလို့ပြောတယ်။ရောင်းသူက ဘာကြောင့်ငွေသားနဲ့ ချေးတာကို ကြိုက်တာလဲလို့ မေးကြည့်မိတယ်။ ဒီတော့ “ ကိုတင်ဆန်း ” က “ ရောင်းသူက တိုက်ခန်းဝယ်ရောင်းပွဲစားလေ။ ဒါကြောင့်သူက ဒီကပိုက်ဆံရရင် နောက်တစ်ဦးကို စရန်ငွေချဖို့ ပြောထားပြီးသားလို့ ပြောတယ်။ ”

ဒီတော့မှ ကျွန်လည်း “ ဒါကြောင့် ကိုး ” လို့ အံ့သြနေမိပါတယ်။ဝယ်သူတွေ ကလည်း ဖြူးမြို့က ရန်ကုန်ကို အလာမှာ ဒီငွေထုတ်ကြီးကို အမျိုးတွေခေါ်ပြီး ဝန်းရံလာရတာပေါ့။ တိုက်ခန်းရောင်းသူက လည်း ဝယ်ရောင်းသမားဆိုတော့ ကျွန်ုပ်ပြတဲ့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ကြည့်ပြီးတာနဲ့ လက်မှတ်ထိုးပေးဖို့ သဘောတူပါတယ်။ ဒါပေမဲ့ အခုရောင်းတဲ့ တိုက်ခန်းက အဟောင်းဖြစ်တဲ့အတွက် အိုးအိမ် ၊ စည်ပင်တို့မှာ ဖြေရှင်းပေးရတာ မရှိပါဘူး။ စာချုပ်စာတမ်းရုံးမှာ ကိုယ်စားလှယ်လွှဲပေးရတာလည်း မရှိပါဘူး။ ဒါကြောင့် အဲဒီစာပိုဒ်ကို ဖြုတ်ပေးပါဆိုလို့ ဖြုတ်ပေးလိုက်ရသေးတယ် ။ နောက်တစ်ချက်ကိုတော့ သူကလက်ခံတယ်။

တိုက်ခန်းကျယ်အတိအကျ မသိလို့ အာမမခံရဲသူ

ဘာလဲဆိုတော့ အကယ်၍ အခွန်ဦးစီးဌာနက ရောင်းခွန်ဝယ်ခွန်တွေ တောင်းလာခဲ့ရင် ရောင်းခွန်ကို ရောင်းသူကပေးမယ် ၊ ဝယ်ခွန်ကို ဝယ်သူကပေးရမှာ အမှန်ပေါ့။ ဒါကြောင့် ရောင်းခွန်တောင်းလာရင် ပေးပါ့မယ်လို့ ကတိပြုပါတယ်။ ကျွန်ုပ် ရေးထားတဲ့ စာချုပ်ထဲမှာ တိုက်ခန်းရဲ့အကျယ်က ( 111/2 ‘x 57’) လား အတိအကျ မသိလို့ ဘယ်လိုရေးသွင်းပေးလိုက်ရမလဲ မေးကြည့်တော့ “ ‘ဒါတော့ ပေ အတိအကျ မထည့်ပါနဲ့ ၊ အရှိကို အရှိအတိုင်းပဲ ရောင်းတာ ဖြစ်ပါတယ် ၊ ပြီးတော့ ကျွန်ုပ်တော်ကလည်း (၂)ဦးလောက်လက်ပြောင်းပြီးမှ ဝယ်တာဖြစ်လို့ အာမမခံရဲဘူး ” ဆိုပါတယ်။

“ အတွေ့အကြုံတစ်ခုက အဲဒီလို တိုက်ခန်းအရောင်အဝယ်လုပ်တဲ့အခါမှာ အခန်းအကျယ်ကို အတိအကျရေးပေးမိလိုက်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေလို့ ပြဿနာဖြစ်ကြတဲ့အခါ စာချုပ်ထဲမှာပါတဲ့ အခန်းအကျယ်က အခုမပြည့်ပါဘူး ၊ အဲဒီအတွက် ဝယ်သူနစ်နာပါတယ်၊ ရောင်းဖို့ငွေထဲက ပြန်ပေးပါဆိုပြီး တရားစွဲအတောင်းခံရဖူးတယ်တဲ့လေ ”

အလို … ဒါလည်း မှတ်သားစရာပဲနော်။ အမှတ်တမဲ့ကနေ အမှတ်တရတွေဖြစ်ကုန်တာပေါ့။အဲဒီနောက်မှာတော့ ဘာမှ အထွေအထူး ပြောစရာမရှိတဲ့အတွက် ငွေပေးချေးပြီးတဲ့နောက် အခန်းသော့ပေးလို့ ဝယ်သူတွေ ဝယ်တဲ့ တိုက်ခန်းသွားကြလေရဲ့ကျွနု်ပ်ကတော့ မလိုက်တော့ဘဲ တောင်ဥက္ကလာတိုက်ခန်း ဝယ်သူတွေထံကို ပြေးခဲ့ရသေးတယ်။

အဲဒီမှာလည်း ဝယ်ရောင်းသူတွေ အဆင်သင့်စောင့်နေကြတာမို့ အရောင်းအဝယ် စရန်ပေးစာချုပ် အမြန်ချုပ်နိုင်ပါတယ်။ တောင်ဥက္ကလာမှာ စာချုပ်ပြီးတာနဲ့ သာကေတမှာ မြေနဲ့ အိမ်ဝယ်ထားတဲ့ သူတွေကလည်း ငွေချေးပြီး ဒီနေ့ပဲ အိမ်တက်ချင်တယ်ဆိုလို့ စာချုပ်အမြန်ပြင်ဆင်ပြီး ညနေပိုင်းမှာ သွားချုပ်ပေးရတယ် ။

မြေဆိုရင် မြို့မြေစာရင်းမှာ ရှင်းမရှင်း ကြည့်ရတယ်

မြေဆိုတာကတော့ တိုက်ခန်းလို မဟုတ်ဘူး ။ပါမစ်ဖြစ်နေတော့၊ ပါမစ်စစ်မစစ် ၊ မြို့မြေစာရင်းမှာ အမည်၊ ပေါက်မပေါက် ကန့်ကွက်ချက်တွေ ရှိမရှိ၊ ရှေ့ပြေးကြိုတင်စစ်ဆေးရသေးတယ်၊ အားလုံးရှင်းမှ ဝယ်လို့ရတာ။ အဲဒီၤကိစ္စတွေ စရန်ပေးစဉ်ထဲက ကြိုတင်စစ်ဆေးပြီးဖြစ်လို့ အခုလို အမြန်စာချုပ်ချုပ်ပေမယ့် အခက်အခဲ မရှိတော့ဘူးပေါ့။

ဒါတောင် ကိုယ့်အရပ်နဲ့ ကိုယ့်ဓလေ့အရောင်းအဝယ်စာချုပ်ချုပ်တဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာလည်း အမြန်ရောက်လာပြီး စာချုပ်ပေါ်မှာ ရုံးစည်းတံဆိပ်တွေရိုက်ပြီး အသိသက်သေထိုးပေးလိုက် သေးတယ်။ အားလုံး အဆင်ပြေပါတယ် မောင့်တနင်္ဂနွေရယ်။ဒါနဲ့ ရောင်းသူက အသက် (၈၀)ကျော် စာမတတ်လို့ ရောင်းသူနေရာမှာ ကြက်ခြေခတ်ခိုင်းပြီး လက်ဗွေယူထားလိုက်ရသေးတယ်။အဲဒါကြောင့် ဒီတနင်္ဂနွေကတော့ အတော်ကို ထူးခြားပါလားလို့ တွေးနေမိပါတော့တယ်။

ရောင်းသူဝယ်သူအားလုံး မင်္ဂလာအခါရက်မှာ ကျန်းမာချမ်းသာကြပါစေ...

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

မိုးဦးက်လာျပီမို႕ အသိုက္အျမံဳ ရွာၾကသူမ်ား

ဒီတစ္ပတ္ တနဂၤေႏြကေတာ့ အေတာ္ထူးျခားတယ္လို႕ ဆိုရမယ္။ တိုက္တိုက္ဆိုင္ဆိုင္ တိုက္ခန္းဝယ္သူနွစ္ဦးနဲ႕ အိမ္ျခံေျမဝယ္သူတစ္ဦးေပါင္း (၃)ဦးလံုး ဒီတနဂၤေႏြေန႕မွာပဲ အျပီးအပိုင္ေငြေခ်းစာခ်ဳပ္ခ်င္တယ္လို႕ ေျပာလာၾကပါတယ္။ (၃)ဦး စလံုး ဒီေန႕မွာ ေငြေခ်းခ်င္တယ္လို႕ ေျပာေပမယ့္ ခ်ိန္းထားတဲ့ရက္လည္း မဟုတ္ဘူး။ ရုံးဖြင့္ရက္လည္း မဟုတ္ဘူးဆိုေတာ့ ဘဏ္က ေငြထုတ္ဖို႕ အခက္အခဲရွိၾကလိမ့္မယ္ ထင္တာေပါ့။

စမ္းေခ်ာင္းက တိုက္ခန္းဝယ္သူဆိုရင္ သိန္း (၃၀၀)ေက်ာ္ ေငြေခ်ရမွာေလ။ အဲဒိၤေငြ ဘယ္ဘဏ္မွာ သြားထုတ္လို႕ရမွာလဲ။ ဒီလို ေမာင္ေကာင္းေဖ စဥ္းစားၾကည့္ေနတာ ၊ ျပီးေတာ့ ဝယ္မယ့္သူေတြက ပဲခူးတိုင္း ၊ ျဖဴးျမိဳ႕နယ္က လာရမွာ ၊စာခ်ဳပ္မယ္ဆိုေတာ့လည္း ၈း၃၀ နာရီမွာ ခ်ဳပ္ခ်င္သတဲ့ ။အက်ိဳးေဆာင္ “ ကိုတင္ဆန္း ” က စာခ်ဳပ္ဖို႕ လာေခၚလို႕သာ လိုက္လာရတာ။ စိတ္ထဲမွာေတာ့ မယံုတစ္ဝက္ယံုတစ္ဝက္ ျဖစ္ေနတယ္။

ေဟာ … ကၽြႏ္ုပ္တို႕ ေရာက္သြားတဲ့ အခ်ိန္မွာ ဝယ္မယ့္သူနဲ႕ မိသားစု (၅)ေယာက္က ျပံဳးျပံဳး ျပံဳးျပံဳးနဲ႕ လာေရာက္ဆီးၾကိဳၾကတယ္။ သူတို႕လက္ထဲမွာလည္း ေငြထုပ္ၾကီးကိုပိုက္လို႕ေလ။ ရထားနဲ႕ လာတာလို႕ေျပာတယ္။ေရာင္းသူက ဘာေၾကာင့္ေငြသားနဲ႕ ေခ်းတာကို ၾကိဳက္တာလဲလို႕ ေမးၾကည့္မိတယ္။ ဒီေတာ့ “ ကိုတင္ဆန္း ” က “ ေရာင္းသူက တိုက္ခန္းဝယ္ေရာင္းပြဲစားေလ။ ဒါေၾကာင့္သူက ဒီကပိုက္ဆံရရင္ ေနာက္တစ္ဦးကို စရန္ေငြခ်ဖို႕ ေျပာထားျပီးသားလို႕ ေျပာတယ္။ ”

ဒီေတာ့မွ ကၽြန္လည္း “ ဒါေၾကာင့္ ကိုး ” လို႕ အံ့ၾသေနမိပါတယ္။၀ယ္သူေတြ ကလည္း ျဖဴးျမိဳ႕က ရန္ကုန္ကို အလာမွာ ဒီေငြထုတ္ၾကီးကို အမ်ိဳးေတြေခၚျပီး ဝန္းရံလာရတာေပါ့။ တိုက္ခန္းေရာင္းသူက လည္း ဝယ္ေရာင္းသမားဆိုေတာ့ ကၽြႏ္ုပ္ျပတဲ့ အျပီးအပိုင္ အေရာင္းအဝယ္စာခ်ဳပ္ကို ၾကည့္္ျပီးတာနဲ႕ လက္မွတ္ထိုးေပးဖို႕ သေဘာတူပါတယ္။ ဒါေပမဲ့ အခုေရာင္းတဲ့ တိုက္ခန္းက အေဟာင္းျဖစ္တဲ့အတြက္ အိုးအိမ္ ၊ စည္ပင္တို႕မွာ ေျဖရွင္းေပးရတာ မရွိ္ပါဘူး။ စာခ်ဳပ္စာတမ္းရုံးမွာ ကိုယ္စားလွယ္လႊဲေပးရတာလည္း မရွိပါဘူး။ ဒါေၾကာင့္ အဲဒီစာပုိဒ္ကို ျဖဳတ္ေပးပါဆိုလို႕ ျဖဳတ္ေပးလိုက္ရေသးတယ္ ။ ေနာက္တစ္ခ်က္ကိုေတာ့ သူကလက္ခံတယ္။

တိုက္ခန္းက်ယ္အတိအက် မသိလို႕ အာမမခံရဲသူ

ဘာလဲဆိုေတာ့ အကယ္၍ အခြန္ဦးစီးဌာနက ေရာင္းခြန္ဝယ္ခြန္ေတြ ေတာင္းလာခဲ့ရင္ ေရာင္းခြန္ကို ေရာင္းသူကေပးမယ္ ၊ ဝယ္ခြန္ကို ဝယ္သူကေပးရမွာ အမွန္ေပါ့။ ဒါေၾကာင့္ ေရာင္းခြန္ေတာင္းလာရင္ ေပးပါ့မယ္လို႕ ကတိျပဳပါတယ္။ ကၽြႏ္ုပ္ ေရးထားတဲ့ စာခ်ဳပ္ထဲမွာ တိုက္ခန္းရဲ႕အက်ယ္က ( 111/2 ‘x 57’) လား အတိအက် မသိလို႕ ဘယ္လိုေရးသြင္းေပးလိုက္ရမလဲ ေမးၾကည့္ေတာ့ “ ‘ဒါေတာ့ ေပ အတိအက် မထည့္ပါနဲ႕ ၊ အရွိကို အရွိအတိုင္းပဲ ေရာင္းတာ ျဖစ္ပါတယ္ ၊ ျပီးေတာ့ ကၽြႏ္ုပ္ေတာ္ကလည္း (၂)ဦးေလာက္လက္ေျပာင္းျပီးမွ ဝယ္တာျဖစ္လို႕ အာမမခံရဲဘူး ” ဆိုပါတယ္။

“ အေတြ႕အၾကံဳတစ္ခုက အဲဒီလို တိုက္ခန္းအေရာင္အဝယ္လုပ္တဲ့အခါမွာ အခန္းအက်ယ္ကို အတိအက်ေရးေပးမိလိုက္ပါတယ္။တစ္ေယာက္နဲ႕တစ္ေယာက္အဆင္မေျပလို႕ ျပႆနာျဖစ္ၾကတဲ့အခါ စာခ်ဳပ္ထဲမွာပါတဲ့ အခန္းအက်ယ္က အခုမျပည့္ပါဘူး ၊ အဲဒီအတြက္ ဝယ္သူနစ္နာပါတယ္၊ ေရာင္းဖို႕ေငြထဲက ျပန္ေပးပါဆိုျပီး တရားစြဲအေတာင္းခံရဖူးတယ္တဲ့ေလ ”

အလို … ဒါလည္း မွတ္သားစရာပဲေနာ္။ အမွတ္တမဲ့ကေန အမွတ္တရေတြျဖစ္ကုန္တာေပါ့။အဲဒီေနာက္မွာေတာ့ ဘာမွ အေထြအထူး ေျပာစရာမရွိတဲ့အတြက္ ေငြေပးေခ်းျပီးတဲ့ေနာက္ အခန္းေသာ့ေပးလို႕ ဝယ္သူေတြ ဝယ္တဲ့ တိုက္ခန္းသြားၾကေလရဲ႕ကၽြႏု္ပ္ကေတာ့ မလိုက္ေတာ့ဘဲ ေတာင္ဥကၠလာတိုက္ခန္း ဝယ္သူေတြထံကို ေျပးခဲ့ရေသးတယ္။

အဲဒီမွာလည္း ဝယ္ေရာင္းသူေတြ အဆင္သင့္ေစာင့္ေနၾကတာမို႕ အေရာင္းအဝယ္ စရန္ေပးစာခ်ဳပ္ အျမန္ခ်ဳပ္ႏိုင္ပါတယ္။ ေတာင္ဥကၠလာမွာ စာခ်ဳပ္ျပီးတာနဲ႕ သာေကတမွာ ေျမနဲ႕ အိမ္ဝယ္ထားတဲ့ သူေတြကလည္း ေငြေခ်းျပီး ဒီေန႕ပဲ အိမ္တက္ခ်င္တယ္ဆိုလို႕ စာခ်ဳပ္အျမန္ျပင္ဆင္ျပီး ညေနပိုင္းမွာ သြားခ်ဳပ္ေပးရတယ္ ။

ေျမဆိုရင္ ျမိဳ႕ေျမစာရင္းမွာ ရွင္းမရွင္း ၾကည့္ရတယ္

ေျမဆိုတာကေတာ့ တိုက္ခန္းလို မဟုတ္ဘူး ။ပါမစ္ျဖစ္ေနေတာ့၊ ပါမစ္စစ္မစစ္ ၊ ျမိဳ႕ေျမစာရင္းမွာ အမည္၊ ေပါက္မေပါက္ ကန္႕ကြက္ခ်က္ေတြ ရွိမရွိ၊ ေရွ႕ေျပးၾကိဳတင္စစ္ေဆးရေသးတယ္၊ အားလံုးရွင္းမွ ဝယ္လို႕ရတာ။ အဲဒီၤကိစၥေတြ စရန္ေပးစဥ္ထဲက ၾကိဳတင္စစ္ေဆးျပီးျဖစ္လို႕ အခုလို အျမန္စာခ်ဳပ္ခ်ဳပ္ေပမယ့္ အခက္အခဲ မရွိေတာ့ဘူးေပါ့။

ဒါေတာင္ ကို္ယ့္အရပ္နဲ႕ ကိုယ့္ဓေလ့အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တဲ့အခ်ိန္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွာလည္း အျမန္ေရာက္လာျပီး စာခ်ဳပ္ေပၚမွာ ရုံးစည္းတံဆိပ္ေတြရုိက္ျပီး အသိသက္ေသထိုးေပးလိုက္ ေသးတယ္။ အားလံုး အဆင္ေျပပါတယ္ ေမာင့္တနဂၤေႏြရယ္။ဒါနဲ႕ ေရာင္းသူက အသက္ (၈၀)ေက်ာ္ စာမတတ္လို႕ ေရာင္းသူေနရာမွာ ၾကက္ေျခခတ္ခိုင္းျပီး လက္ေဗြယူထားလိုက္ရေသးတယ္။အဲဒါေၾကာင့္ ဒီတနဂၤေႏြကေတာ့ အေတာ္ကို ထူးျခားပါလားလို႕ ေတြးေနမိပါေတာ့တယ္။

ေရာင္းသူဝယ္သူအားလံုး မဂၤလာအခါရက္မွာ က်န္းမာခ်မ္းသာၾကပါေစ...

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service