ဗိုင်းရပ်စ်ပျံ့ပွားမှုကာလအတွင်း အိမ်တွင်ကြောင်များရှိလျှင် သတိထားပါ
ဗိုင်းရပ်စ်ပျံ့ပွားမှုကာလအတွင်း အိမ်တွင်ကြောင်များရှိလျှင် သတိထားပါ - Property News in Myanmar from iMyanmarHouse.com
9 Apr 2020 12:03 pm တွင် တင်ခဲ့သည်
12916 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြီးပေါ်ပေါက်နေစဉ်အတွင်း သင်သည် ဗိုင်းရပ်စ်ကူးစက်မခံရရန် တစ်ဦးတည်းခွဲကာ နေထိုင်နေပါက သင်၏အိမ်မှ ကြောင်များကို သတိထားရမည်ဖြစ်ပြီး ၎င်းတို့အိမ်ပြင်မထွက်အောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း တိရ စ္ဆာန်ဆေးကုအဖွဲ့တစ်ခုက အကြံပြုထားကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Covid-19 ရောဂါလက္ခဏာရှိနေသူများအနေဖြင့်လည်း မိမိတို့၏ ကြောင်များကို အိမ်ပြင်မထွက်အောင် ဂရုစိုက်သင့်ကြောင်းနှင့် ကြောင်များ၏ အမွှေးများတွင် ဗိုင်းရပ်စ်များ ကပ်ပါသွားနိုင်ကြောင်းလည်း အကြံပြုထားသည်။
ဗြိတိသျှ တိရ စ္ဆာန်ကု ဆရာဝန်များအသင်း (British Veterinary Association- BVA) က ထုတ်ပြန်ရာတွင် တိရ စ္ဆာန်များသည် ကူးစက်ရောဂါ သယ်ဆောင်ပေးသူများဖြစ်နိုင်ကြောင်း၊ ရောဂါကူးစက်ခံရသူတို့က ပွေ့ပိုက် ပွတ်သပ်ရာမှတဆင့် ၎င်းတို့၏ အမွှေးများတွင် ရောဂါပိုးများ သယ်ဆောင်လာနိုင်ကြောင်း ထုတ်ပြန်သည်။
“Covid-19 ရောဂါပိုး ကူးစက်ခံထားရသူတွေ (ဒါမှမဟုတ်) တစ်ဦးတည်း သီးသန့်ခွဲနေထိုင်နေရသူတွေအနေနဲ့ ဒီကာလအတွင်းမှာ ဖြစ်နိုင်ရင် ကြောင်တွေကို အိမ်ထဲမှာပဲ ထားရှိဖို့ ကျွန်တော်တို့ အကြံပြုပါတယ်။ စားပွဲတွေ၊ တံခါးလက်ကိုင်တွေ အစရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်ရှိနေနိုင်တဲ့နည်းတူ ကြောင်တွေရဲ့ အမွှေးတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်” ဟု BVA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် ကြောင်ပိုင်ရှင်များအတွက် BVA ၏ အဓိကအကြံပြုချက်မှာ လက်ကိုသန့်ရှင်းစွာထားသည့် အကျင့်ကို ကျင့်သုံးရန် ဖြစ်သည်။
Bronx တိရ စ္ဆာန်ရုံရှိ ကျားတစ်ကောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော်လည်း တိရ စ္ဆာန်များတွင် Covid-19 ကူးစက်ဖြစ်ပွားသည့် ဖြစ်ရပ်များအလွန် နည်းပါးသည်။
အဆိုပါ ကူးစက်ခံရမှုများတွင်ပင် တိရ စ္ဆာန်များထံမှ လူတို့ထံသို့ ဗိုင်းရပ်စ် ပျံ့နှံ့သွားနိုင်သည်ဟူသော အထောက်အထားကား မရှိသေးချေ။
ယခုရတက်မအေးဖြစ်ကြသည့်အချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတို့သည် ၎င်းတို့၏ ကြောင်ကလေးများကို ပွတ်သပ်ကိုင်တွယ်လိုက်ကြပြီးနောက် ကြောင်သည် အိမ်ပြင်ထွက်သွားကာ သူစိမ်းများ၏ ပွတ်သပ်ကိုင်တွယ်ခြင်း ခံရသည့်ဖြစ်ရပ်မျိုးဖြင့် ရောဂါကူးစက်မည့်အရေး ဖြစ်သည်။
သို့သော် ထိုသို့သောနည်းလမ်းဖြင့် အိမ်မွေးတိရ စ္ဆာန်များက ဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်သည်ဟူသော အယူအဆအပေါ်  အမြင်အမျိုးမျိုး ကွဲပြားနေသည်။
“Covid-19 ကူးစက်ခံရတဲ့မိသားစုတွေမှာ အိမ်မွေးတိရ စ္ဆာန်တွေကို ဖယ်ရှားပစ်ဖို့ အကြောင်းရင်း မရှိပါဘူး။ အဲဒီ အိမ်မွေးတိရ စ္ဆာန်ကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်မှု မပေးနိုင်တော့ဘူးဆိုတာကလွဲလို့ပေါ့.။ ဒီအချိန်မှာ တိရ စ္ဆာန်တွေဟာ covid-19 ပျံ့ပွားစေတဲ့ အကြောင်းရင်းဖြစ်နိုင်တယ်ဆိုပြီး ယူဆဖို့ အကြောင်းရင်းမရှိပါဘူး” ဟု အမေရိကန်၏ ဦးဆောင်တိရ စ္ဆာန်ဆေးကု ဆရာဝန်များအဖွဲ့ (American Veterinary Medical Association-AVMA) က ထုတ်ပြန်သည်။
“သီအိုရီအရ နှာခေါင်းမှာ ဗိုင်းရပ်စ်ပိုးတွေရှိနေတဲ့လူနာဟာ နှာခေါင်းကို ပွတ်လိုက်မယ်။ ဒီတော့ သူ့လက်မှာ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ပါသွားမယ်။ ပြီးတော့ အဲဒီလက်နဲ့ အိမ်ကခွေးကို ပွတ်သပ်လိုက်မယ်။ အဲဒီနောက်မှာ တခြားမိသားစုဝင်တစ်ယောက်က ခွေးကို ပထမလူ ပွတ်သပ်ခဲ့တဲ့နေရာကို ပွတ်သပ်မယ်၊ ပြီးရင် နှာခေါင်းကို ပွတ်မယ်။ ဒီလိုနည်းနဲ့လည်း ပြန့်ပွားတယ်လို့ ဆိုပါတယ်။” ဟု ပစ္စဘာ့ဂျ်ရှိ University of Pittsburgh Medical Center Children’s Hospital of Pittsburgh မှ ကလေးကူးစက်ရောဂါဌာန အကြီးအကဲ ဒေါက်တာ ဂျွန်ဝီလျံစ်က ပြောကြားသည်။
“ဒါပေမယ့် ခင်ဗျားဟာ ဗိုင်းရပ်စ်ရှိတဲ့သူနဲ့ တစ်အိမ်တည်းနေရတယ်ဆိုရင် ရောဂါထုတ်လွှတ်မှုရင်းမြစ်က လူပါ။ အိမ်မွေးတိရ စ္ဆာန်တွေ မဟုတ်ပါဘူး” ဟု ဒေါက်တာ ဂျွန်ဝီလျံစ်က ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Keep your cat indoors if you're self-isolating to limit spread of coronavirus, vets advise owners (CNN)
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service