ဟောင်ကောင်အရောင်းဆိုင်ရှင်များ ဆိုင်ခန်းပိုင်ရှင်များထံမှ ဆိုင်ငှားခသက်သာခွင့်တောင်းခံ

ဟောင်ကောင်အရောင်းဆိုင်ရှင်များ ဆိုင်ခန်းပိုင်ရှင်များထံမှ ဆိုင်ငှားခသက်သာခွင့်တောင်းခံ - Property News in Myanmar from iMyanmarHouse.com
9 Apr 2020 11:15 am တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ယခုနှစ်ပထမသုံးလပတ်အတွင်း ရောင်းအား ၅၀ ရာခိုင်နှုန်းဝန်းကျင်မှ ၈၀ ရာခိုင်နှုန်းအကြား ကြီးကြီးမားမားကျဆင်းမှုနှင့် လက်လီရောင်းချသူများ ရင်ဆိုင်လာရခြင်းက သူတို့ဆိုင်ငှားရမ်းဖွင့်လှစ်ထားသည့် ဆိုင်ခန်းပိုင်ရှင်များထံမှ ဆိုင်ခန်းငှားခသက်သာခွင့်ကို တောင်းဆိုစေရန် တွန်းအားပေးခဲ့ပြီဖြစ်ကြောင်း Retail News Asia ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ဟောင်ကောင်တွင် ရှော့ပင်းစင်တာဆိုင်ခန်းပိုင်ရှင်အများအပြားသည် နိုင်ငံရေးဆန္ဒပြမှုများနှင့် ယခုဖြစ်ပွားနေသည့် COVID-19 အပါအဝင် ယခုနှစ်အတွင်း အကျပ်အတည်းများကြောင့် ဆိုင်ခန်းငှားရမ်းသူများအတွက် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအကြား ယာယီဘဏ္ဍာရေးအထောက်အပံ့ကို ပံ့ပိုးပေးထားနှင့်ပြီးဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ Savills မှ ထုတ်ပြန်သည့်အချက်အလက်များက ညွှန်ပြခဲ့သည်။

ငှားရန်ရှိသည့် လစ်လပ်နေသော ရှော့ပင်းမောလ်ဆိုင်ခန်းအရေအတွက် မြင့်တက်လာသည့်တိုင် မည်သို့ပင်ဖြစ်စေ ငှားရမ်းခအထောက်အပံ့‌‌ပေးရန် တုံ့ဆိုင်းနေသော ‌ရှော့ပင်း‌မောလ်ဆိုင်ခန်းပိုင်ရှင်အချို့ ရှိနေဆဲဖြစ်သည်။

ဟောင်ကောင်ရှိ လက်လီဆိုင်ခန်းငှားခများသည် ယခုနှစ်ပထမသုံးလပတ်တွင် ၂၀၁၉ စတုတ္ထသုံးလပတ်အောက် ၁၄ ရာခိုင်နှုန်းနှင့် ၂၀၁၉ ပထမသုံးလပတ်အောက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

“‌ဆွဲဆောင်မှုအားလုံးဝမရှိတော့တာနဲ့အတူ ပိုမိုခက်ခဲလာတဲ့ ပြည်တွင်းအခြေအနေက လက်ရှိအကျပ်အတည်းအပေါ် ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ဆိုင်ခန်းငှားရမ်းသူတွေရဲ့ အမျိုးမျိုးသောတုံ့ပြန်ချက်များစွာကို ဖြစ်ပေါ်စေနေပါတယ်။” ဟု Savills ၏ သုတေသနနှင့်အတိုင်ပင်ခံမှုဆိုင်ရာအကြီးတန်းဒါရိုက်တာ ဆိုင်မွန်စမစ်က ပြောကြားခဲ့သည်။

ငှားရမ်းခနှုန်းထားများကို ပြင်ဆင်ပေးခဲ့သူများအတွက် ဆိုင်မွန်က ပြောကြားခဲ့သည်မှာ “ဆိုင်ငှားခတွေလျှော့ချပေးလိုက်ခြင်းက ကမ္ဘာ့လုပ်ငန်းလုပ်ကိုင်ရန်စရိတ်စကအမြင့်မားဆုံးဈေးကွက်အဖြစ် ကာလအတော်ကြာရပ်တည်လာခဲ့တဲ့ ဟောင်ကောင်ဈေးကွက်ထဲကို လူသစ်တွေဝင်ရောက်လာကြဖို့ ဆွဲဆောင်သလိုဖြစ်ပါလိမ့်မယ်။” ဟူ၍ ဖြစ်သည်။

“ကျွန်တော်တို့ခန့်မှန်းရသလောက်တော့ လာမယ့်‌ခြောက်လကနေ ၁၂ လအတွင်း ဆိုင်ခန်းနေရာလစ်လပ်မှုတွေ မြင့်တက်ဖို့ရှိပါတယ်။ အခုနှစ်ထဲ ဆိုင်ခန်းငှားခတွေနဲ့ပတ်သက်ပြီး ဖိအားပိုများလာဦးမှဦးမှာပါ။” ဟုလည်း Savills ၏ ဦးဆောင်ညွှန်ကြားရေးမှူး နစ်ခ်ဘရတ်စထရိက အဆုံးသတ်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong retailers plead for rental assistance from reluctant landlords (Propertyreport)

### Zawgyi Version ###

ေဟာင္ေကာင္အေရာင္းဆိုင္ရွင္မ်ား ဆိုင္ခန္းပိုင္ရွင္မ်ားထံမွ ဆိုင္ငွားခသက္သာခြင့္ေတာင္းခံ

ယခုႏွစ္ပထမသုံးလပတ္အတြင္း ေရာင္းအား ၅၀ ရာခိုင္ႏႈန္းဝန္းက်င္မွ ၈၀ ရာခိုင္ႏႈန္းအၾကား ႀကီးႀကီးမားမားက်ဆင္းမႈႏွင့္ လက္လီေရာင္းခ်သူမ်ား ရင္ဆိုင္လာရျခင္းက သူတို႔ဆိုင္ငွားရမ္းဖြင့္လွစ္ထားသည့္ ဆိုင္ခန္းပိုင္ရွင္မ်ားထံမွ ဆိုင္ခန္းငွားခသက္သာခြင့္ကို ေတာင္းဆိုေစရန္ တြန္းအားေပးခဲ့ၿပီျဖစ္ေၾကာင္း Retail News Asia ဝက္ဘ္ဆိုက္၏ ေဖာ္ျပခ်က္အရ သိရသည္။

ေဟာင္ေကာင္တြင္ ေရွာ့ပင္းစင္တာဆိုင္ခန္းပိုင္ရွင္အမ်ားအျပားသည္ ႏိုင္ငံေရးဆႏၵျပမႈမ်ားႏွင့္ ယခုျဖစ္ပြားေနသည့္ COVID-19 အပါအဝင္ ယခုႏွစ္အတြင္း အက်ပ္အတည္းမ်ားေၾကာင့္ ဆိုင္ခန္းငွားရမ္းသူမ်ားအတြက္ ၃၀ ရာခိုင္ႏႈန္းမွ ၆၀ ရာခိုင္ႏႈန္းအၾကား ယာယီဘ႑ာေရးအေထာက္အပံ့ကို ပံ့ပိုးေပးထားႏွင့္ၿပီးျဖစ္ေၾကာင္း ကမာၻ႔အိမ္ၿခံေျမကုမၸဏီ Savills မွ ထုတ္ျပန္သည့္အခ်က္အလက္မ်ားက ၫႊန္ျပခဲ့သည္။

ငွားရန္ရွိသည့္ လစ္လပ္ေနေသာ ေရွာ့ပင္းေမာလ္ဆိုင္ခန္းအေရအတြက္ ျမင့္တက္လာသည့္တိုင္ မည္သို႔ပင္ျဖစ္ေစ ငွားရမ္းခအေထာက္အပံ့‌‌ေပးရန္ တုံ႔ဆိုင္းေနေသာ ‌ေရွာ့ပင္း‌ေမာလ္ဆိုင္ခန္းပိုင္ရွင္အခ်ိဳ႕ ရွိေနဆဲျဖစ္သည္။

ေဟာင္ေကာင္ရွိ လက္လီဆိုင္ခန္းငွားခမ်ားသည္ ယခုႏွစ္ပထမသုံးလပတ္တြင္ ၂၀၁၉ စတုတၳသုံးလပတ္ေအာက္ ၁၄ ရာခိုင္ႏႈန္းႏွင့္ ၂၀၁၉ ပထမသုံးလပတ္ေအာက္ ၄၃ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း သိရသည္။

“‌ဆြဲေဆာင္မႈအားလုံးဝမရွိေတာ့တာနဲ႔အတူ ပိုမိုခက္ခဲလာတဲ့ ျပည္တြင္းအေျခအေနက လက္ရွိအက်ပ္အတည္းအေပၚ ဆိုင္ခန္းပိုင္ရွင္ေတြနဲ႔ ဆိုင္ခန္းငွားရမ္းသူေတြရဲ႕ အမ်ိဳးမ်ိဳးေသာတုံ႔ျပန္ခ်က္မ်ားစြာကို ျဖစ္ေပၚေစေနပါတယ္။” ဟု Savills ၏ သုေတသနႏွင့္အတိုင္ပင္ခံမႈဆိုင္ရာအႀကီးတန္းဒါ႐ိုက္တာ ဆိုင္မြန္စမစ္က ေျပာၾကားခဲ့သည္။

ငွားရမ္းခႏႈန္းထားမ်ားကို ျပင္ဆင္ေပးခဲ့သူမ်ားအတြက္ ဆိုင္မြန္က ေျပာၾကားခဲ့သည္မွာ “ဆိုင္ငွားခေတြေလွ်ာ့ခ်ေပးလိုက္ျခင္းက ကမာၻ႔လုပ္ငန္းလုပ္ကိုင္ရန္စရိတ္စကအျမင့္မားဆုံးေဈးကြက္အျဖစ္ ကာလအေတာ္ၾကာရပ္တည္လာခဲ့တဲ့ ေဟာင္ေကာင္ေဈးကြက္ထဲကို လူသစ္ေတြဝင္ေရာက္လာၾကဖို႔ ဆြဲေဆာင္သလိုျဖစ္ပါလိမ့္မယ္။” ဟူ၍ ျဖစ္သည္။

“ကြၽန္ေတာ္တို႔ခန႔္မွန္းရသေလာက္ေတာ့ လာမယ့္‌ေျခာက္လကေန ၁၂ လအတြင္း ဆိုင္ခန္းေနရာလစ္လပ္မႈေတြ ျမင့္တက္ဖို႔ရွိပါတယ္။ အခုႏွစ္ထဲ ဆိုင္ခန္းငွားခေတြနဲ႔ပတ္သက္ၿပီး ဖိအားပိုမ်ားလာဦးမွဦးမွာပါ။” ဟုလည္း Savills ၏ ဦးေဆာင္ၫႊန္ၾကားေရးမႉး နစ္ခ္ဘရတ္စထရိက အဆုံးသတ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong retailers plead for rental assistance from reluctant landlords (Propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
shwe-moe-kaung
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service