ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသော နိုင်ငံများမှ Avigan ဆေး တောင်းခံလာပါက အခမဲ့ထောက်ပံ့လှူဒါန်းသွားမည်ဟု ဂျပန်အစိုးရ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသော နိုင်ငံများမှ Avigan ဆေး တောင်းခံလာပါက အခမဲ့ထောက်ပံ့လှူဒါန်းသွားမည်ဟု ဂျပန်အစိုးရ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
6 Apr 2020 12:18 pm တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တုပ်ကွေးရောဂါကုသဆေးတစ်မျိုးဖြစ်သော Avigan ဆေးဝါးကို ကိုရိုနာဗိုင်းရပ်စ်ကုသရန်အတွက် တောင်းခံလာသည့် နိုင်ငံများကို အခကြေးငွေမယူဘဲ ပေးအပ်သွားမည်ဟု ဂျပန်အစိုးရက ထုတ်ပြန်ကြေညာကြောင်း ဂျပန်အခြေစိုက် Nikkei Asian Review တွင် ဖော်ပြသည်။

အစိုးရအဖွဲ့ရုံးဝန်ကြီး Yoshihide Suga က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ၌ သံတမန်လမ်းကြောင်းမှတဆင့် Avigan ဆေးဝါး ရနိုင်ရန် ကြိုးပမ်းလာသည့်နိုင်ငံပေါင်း ၃၀ ခန့်ရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီဆေးကို အခမဲ့ပေးဖို့ စီစဉ်နေပါတယ်” ဟု Yoshihide က ပြောကြားသည်။

ယခုကဲ့သို့ ထောက်ပံ့ကူညီခြင်းအားဖြင့် Avigan ဆေးဝါးနှင့် စပ်လျဉ်းပြီး လူတို့၏ ကျန်းမာရေးအခြေအနေနှင့် ရောဂါဘယ အခြေအနေတို့ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်စေမည်ဖြစ်ကြောင်း Yoshihide က ပြောကြားသည်။

Avigan ဆေးသည် favipiravir ၏ ဈေးကွက်အမည်ဖြစ်ပြီး ဂျပန်မှ Fujifilm Holdings ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Toyama Chemical က ထုတ်လုပ်ခြင်းဖြစ်သည်။

Favipiravir သည် တုပ်ကွေးဗိုင်းရပ်စ်ပိုးများ၊ အသားဝါရောဂါဗိုင်းရပ်စ်အပါအဝင် အခြားသော ဗိုင်းရပ်စ်ရောဂါ အများအပြားကို ကုသနိုင်သည့် ဆေးဝါးဖြစ်သည်။

သောကြာနေ့ အချက်အလက်များအရ လူပေါင်းတစ်သန်းကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွင် ဂျပန်နိုင်ငံ၌ ၂၆၁၇ ဦးသာ ကူးစက်ခံထားရသေးရာ ဆေးဝါးများကို စမ်းသပ်ခြင်း (clinical trial) ပြုလုပ်ရန် အခက်အခဲရှိသည်။

အင်ဒိုနီးရှားနိုင်ငံက မတ်လ ၂၀ ရက်တွင် Avigan ဆေး တစ်ကြိမ်သောက်စာ ၂ သန်းခန့် မှာယူထားပြီး ဆေးများ ရောက်ရှိသည်နှင့် စမ်းသပ်သွားရန် စီစဉ်ထားသည်။

အင်ဒိုနီးရှားတွင် သေဆုံးသူ ၁၈၁ ဦးရှိနေရာ တောင်ကိုရီးယားထက် မြင့်မားသည့်ပမာဏ ဖြစ်သည်။

ဂျပန်သည် တူရကီနိုင်ငံထံမှ တောင်းဆိုချက်ကိုလည်း လက်ခံရရှိခဲ့သည်။ တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင် ကိုကာသည် တူရကီဆိုင်ရာ ဂျပန်သံအမတ်ကြီး အာကီယို မီယာကျိမနှင့် တွေ့ဆုံပြီး Avigan ဆေးများ ရယူနိုင်ရန် ဆွေးနွေးခဲ့သည်ဟု သံတမန် သတင်းရင်းမြစ်များက Nikkei Asian Review သို့ ပြောကြားသည်။ ဖာရက်တင် ကိုကာက မတ်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ၌ Covid-19 ကူးစက်ခံရသူတို့ကို တရုတ်ပြည်မှ ရရှိထားသော ဆေးတစ်မျိုးကို အသုံးပြုကာ ကုသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီသတင်းမီဒီယာတို့နှင့် ဆရာဝန်တို့က အဆိုပါဆေးဝါးအမည်ကို နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားလာရာ Avigan ဆေးတစ်မျိုးဖြစ်သော favipiravir ဖြစ်သည်ဟု ဆိုသည်။

ကိုကာက ပြောကြားရာတွင် အဆိုပါဆေးသည် ကိုရိုနာဗိုင်းရပ်စ် အစောပိုင်းဝေဒနာရှင်များကို ကုသရာတွင် ပိုမိုထိရောက်ကြောင်း ပြောကြားသည်။

သောကြာနေ့ အချက်အလက်များအရ တူရကီတွင် အတည်ပြုထားသည့် ကူးစက်ခံရသူအရေအတွက် ၂၀၉၂၁ ဦးနှင့် သေဆုံးသူ ၄၂၅ ဦး ရှိသည်။

ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အတွင်းတွင်လည်း Avigan ဆေးကို ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် အသုံးပြုရန် ဆွေးနွေးလျက်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Japan offers Avigan for free to countries fighting coronavirusNikkei (Asian Review)

### Zawgyi Version ###

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံေနရေသာ ႏိုင္ငံမ်ားမွ Avigan ေဆး ေတာင္းခံလာပါက အခမဲ့ေထာက္ပံ့လွဴဒါန္းသြားမည္ဟု ဂ်ပန္အစိုးရ ထုတ္ျပန္

တုပ္ေကြးေရာဂါကုသေဆးတစ္မ်ဳိးျဖစ္ေသာ Avigan ေဆးဝါးကို ကိုရိုနာဗိုင္းရပ္စ္ကုသရန္အတြက္ ေတာင္းခံလာသည့္ ႏိုင္ငံမ်ားကို အခေၾကးေငြမယူဘဲ ေပးအပ္သြားမည္ဟု ဂ်ပန္အစိုးရက ထုတ္ျပန္ေၾကညာေၾကာင္း ဂ်ပန္အေျခစိုက္ Nikkei Asian Review တြင္ ေဖာ္ျပသည္။

အစိုးရအဖြဲ႔ရံုးဝန္ၾကီး Yoshihide Suga က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ရာ၌ သံတမန္လမ္းေၾကာင္းမွတဆင့္ Avigan ေဆးဝါး ရႏိုင္ရန္ ၾကိဳးပမ္းလာသည့္ႏိုင္ငံေပါင္း ၃၀ ခန္႔ရွိေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ဒီေဆးကို အခမဲ့ေပးဖို႔ စီစဥ္ေနပါတယ္” ဟု Yoshihide က ေျပာၾကားသည္။

ယခုကဲ့သို႔ ေထာက္ပံ့ကူညီျခင္းအားျဖင့္ Avigan ေဆးဝါးႏွင့္ စပ္လ်ဥ္းျပီး လူတို႔၏ က်န္းမာေရးအေျခအေနႏွင့္ ေရာဂါဘယ အေျခအေနတို႔ကို က်ယ္က်ယ္ျပန္႔ျပန္႔ေလ့လာႏိုင္ေစမည္ျဖစ္ေၾကာင္း Yoshihide က ေျပာၾကားသည္။

Avigan ေဆးသည္ favipiravir ၏ ေစ်းကြက္အမည္ျဖစ္ျပီး ဂ်ပန္မွ Fujifilm Holdings ၏ ကုမၸဏီခြဲတစ္ခုျဖစ္ေသာ Toyama Chemical က ထုတ္လုပ္ျခင္းျဖစ္သည္။

Favipiravir သည္ တုပ္ေကြးဗိုင္းရပ္စ္ပိုးမ်ား၊ အသားဝါေရာဂါဗိုင္းရပ္စ္အပါအဝင္ အျခားေသာ ဗိုင္းရပ္စ္ေရာဂါ အမ်ားအျပားကို ကုသႏိုင္သည့္ ေဆးဝါးျဖစ္သည္။

ေသာၾကာေန႔ အခ်က္အလက္မ်ားအရ လူေပါင္းတစ္သန္းေက်ာ္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈတြင္ ဂ်ပန္ႏိုင္ငံ၌ ၂၆၁၇ ဦးသာ ကူးစက္ခံထားရေသးရာ ေဆးဝါးမ်ားကို စမ္းသပ္ျခင္း (clinical trial) ျပဳလုပ္ရန္ အခက္အခဲရွိသည္။

အင္ဒိုနီးရွားႏိုင္ငံက မတ္လ ၂၀ ရက္တြင္ Avigan ေဆး တစ္ၾကိမ္ေသာက္စာ ၂ သန္းခန္႔ မွာယူထားျပီး ေဆးမ်ား ေရာက္ရွိသည္ႏွင့္ စမ္းသပ္သြားရန္ စီစဥ္ထားသည္။

အင္ဒိုနီးရွားတြင္ ေသဆံုးသူ ၁၈၁ ဦးရွိေနရာ ေတာင္ကိုရီးယားထက္ ျမင့္မားသည့္ပမာဏ ျဖစ္သည္။

ဂ်ပန္သည္ တူရကီႏိုင္ငံထံမွ ေတာင္းဆိုခ်က္ကိုလည္း လက္ခံရရွိခဲ့သည္။ တူရကီက်န္းမာေရးဝန္ၾကီး ဖာရက္တင္ ကိုကာသည္ တူရကီဆိုင္ရာ ဂ်ပန္သံအမတ္ၾကီး အာကီယို မီယာက်ိမႏွင့္ ေတြ႔ဆံုျပီး Avigan ေဆးမ်ား ရယူႏိုင္ရန္ ေဆြးေႏြးခဲ့သည္ဟု သံတမန္ သတင္းရင္းျမစ္မ်ားက Nikkei Asian Review သို႔ ေျပာၾကားသည္။ ဖာရက္တင္ ကိုကာက မတ္လ ၂၃ ရက္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ရာ၌ Covid-19 ကူးစက္ခံရသူတုိ႔ကုိ တရုတ္ျပည္မွ ရရွိထားေသာ ေဆးတစ္မ်ဳိးကို အသံုးျပဳကာ ကုသသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တူရကီသတင္းမီဒီယာတို႔ႏွင့္ ဆရာဝန္တို႔က အဆိုပါေဆးဝါးအမည္ကို ေနာက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာၾကားလာရာ Avigan ေဆးတစ္မ်ဳိးျဖစ္ေသာ favipiravir ျဖစ္သည္ဟု ဆိုသည္။

ကိုကာက ေျပာၾကားရာတြင္ အဆိုပါေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ အေစာပိုင္းေဝဒနာရွင္မ်ားကို ကုသရာတြင္ ပိုမိုထိေရာက္ေၾကာင္း ေျပာၾကားသည္။

ေသာၾကာေန႔ အခ်က္အလက္မ်ားအရ တူရကီတြင္ အတည္ျပဳထားသည့္ ကူးစက္ခံရသူအေရအတြက္ ၂၀၉၂၁ ဦးႏွင့္ ေသဆံုးသူ ၄၂၅ ဦး ရွိသည္။

ေဒၚနယ္ထရမ့္၏ အစိုးရအဖြဲ႔အတြင္းတြင္လည္း Avigan ေဆးကို ကိုရိုနာဗိုင္းရပ္စ္ကုသရာတြင္ အသံုးျပဳရန္ ေဆြးေႏြးလ်က္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  Japan offers Avigan for free to countries fighting coronavirusNikkei (Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service