သြစတေးလျနိုင်ငံမှ သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကို ၄၈ နာရီအတွင်း ချေမှုန်းနိုင်သည့်ဆေး ရှာဖွေတွေ့ရှိပြီ

သြစတေးလျနိုင်ငံမှ သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကို ၄၈ နာရီအတွင်း ချေမှုန်းနိုင်သည့်ဆေး ရှာဖွေတွေ့ရှိပြီ - Property News in Myanmar from iMyanmarHouse.com
5 Apr 2020 11:53 am တွင် တင်ခဲ့သည်
35236 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်၊ မဲလ်ဘုန်းမြို့ရှိ သုတေသန တက္ကသိုလ်တစ်ခုဖြစ်သော Monash University မှ သိပ္ပံပညာရှင်များ က ကိုရိုနာဗိုင်းရပ်စ်ကို ၄၈ နာရီအတွင်း ချေမှုန်းနိုင်သည့်ဆေး ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း Monash တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.monash.edu တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက် ရက်စွဲဖြင့် ဖော်ပြထားသည်။

Monash တက္ကသိုလ်၏ ဇီဝဆေးဝါးရှာဖွေရေးအင်စတီကျု (Biomedicine Discovery Institute- BDI) မှ သိပ္ပံပညာရှင်များသည် Ivermectin အမည်ရှိ ဆေးကို တစ်ကြိမ်ပေးရုံမျှဖြင့် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) က လူ့ခန္ဓာကိုယ် ဆဲလ်များအတွင်း ကြီးထွားမှု ဖြစ်စဉ်ကို ရပ်တန့်စေနိုင်ကြောင်း ပြသခဲ့ကြသည်။

(BDI ကလည်း အဆိုပါသတင်းကို ၎င်းတို့၏ စာမျက်နှာတွင် ဖော်ပြထားရာ https://bit.ly/39FuC1L အင်တာနက်လင့်ခ်တွင် မူရင်းသတင်းကို ဖတ်ရှုနိုင်ပါသည်)

ယခုလေ့လာမှုကို Biomedicine Discovery Institute- BDI နှင့် Peter Doherty Institute of Infection and Immunity (Doherty Institute) တို့ ပူးတွဲပြုလုပ်ခြင်းဖြစ်ပြီး မဲလ်ဘုန်းတက္ကသိုလ် (University of Melbourne) နှင့် မဲလ်ဘုန်းတော်ဝင်ဆေးရုံ ( Royal Melbourne Hospital) တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။

ယခုလေ့လာချက်တွင် တွေ့ရှိခဲ့သည့်ဆေး Ivermectin သည် ကပ်ပါးပိုးများတိုက်ဖျက်သည့်ဆေးဝါးဖြစ်ပြီး လက်ရှိအားဖြင့် တစ်ကမ္ဘာလုံးတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဖြစ်သည်။

Ivermectin ဆေးကို ဆရာဝန်တို့က ရောဂါအမျိုးမျိုး ကုသရာတွင် အခြားဆေးများနှင့် တွဲဖက်ပေးကာ ကုသလေ့ရှိသည်။ ဥပမာအားဖြင့် ဆင်ခြေထောက်ရောဂါ အဖြစ်များသည့်ဒေသများတွင် Ivermectin ကို Albendazole  (400 mg) နှင့် တွဲဖက်ပေးလေ့ရှိသည်။ ဝဲပေါက်ခြင်းအတွက်လည်း Ivermectin ပေးလေ့ရှိသည်။ HIV ၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်များ ကုသရေးအတွက်လည်း အသုံးဝင်သည့် ဆေးဖြစ်သည်။

ထို့အပြင် ခေါင်းတွင် သန်းတွယ်ခြင်းများအတွက်လည်း Ivermectin ဆေးကို အသုံးပြုကုသသည်။ သန်းအတွက် Ivermectin ဖြင့် ကုသပုံကိုမူ ဆရာဝန်ကြီးဒေါက်တာတင့်ဆွေက သူ၏ဖေ့စ်ဘုတ်အကောင့်တွင် ရေးသားတင်ပြခဲ့ဖူးသည်။ (https://bit.ly/2UGPEbZ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ယခုလေ့လာချက်ကို ဦးဆောင်ခဲ့သည့် BDI မှ ဒေါက်တာ ကိုင်လီ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) က ပြောကြားရာတွင် “ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ Ivermectin ဆေးတစ်ကြိမ် ပေးရုံမျှဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ RNA (ribonucleic acid) အားလုံးကို ၄၈ နာရီအတွင်း ချေမှုန်းနိုင်ပြီး ၂၄ နာရီမျှဖြင့်လည်း သိသာစွာလျှော့ချပေးနိုင်တာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။

Ivermectin သည် FDA အသိအမှတ်ပြု ကပ်ပါးပိုးတိုက်ဖျက်ရေးဆေးဝါးဖြစ်သည်။

ဒေါက်တာ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) က ပြောကြားရာတွင် ယခုစမ်းသပ်ချက်များမှ ဓာတ်ခွဲခန်းစမ်းသပ်မှုအဆင့်သာ ရှိသေးပြီး လူတို့တွင် ဆက်လက်လေ့လာရန်လည်း လိုအပ်သေးကြောင်း ပြောကြားသည်။

“Ivermectin ကို ကျယ်ပြန့်စွာ အသုံးပြုကြပြီး ဘေးကင်းတဲ့ဆေးဝါးတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။ ကျွန်မတို့ အခုဆက်လက် ဖော်ထုတ်ရမှာက လူတွေမှာ ဆေးအတိုင်းအတာဘယ်လောက်ပေးရင် (ကိုရိုနာဗိုင်းရပ်စ်အတွက်) ထိရောက်မလဲဆိုတာပါပဲ။ ဒါကတော့ နောက်တစ်ဆင့်ပါ” ဟု ဒေါက်တာ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) က ပြောကြားသည်။

“ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရတဲ့ ဒီလိုကာလမျိုးမှာ အတည်ပြုပေးထားတဲ့ ကုထုံးမရှိသေးပါဘူး။ တကယ်လို့ တစ်ကမ္ဘာလုံးမှာရနိုင်တဲ့ ဒြပ်ပေါင်းတစ်ခုခုနဲ့ ကုသနိုင်မယ်ဆိုရင် ဒါကလူတွေကို ပိုပြီး အဆောတလျင် ကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) က ဆက်လက်ပြောကြားသည်။

Ivermectin သည် ကိုရိုနာဗိုင်းရပ်စ်ကို မည်သို့မည်ပုံချေမှုန်းကြောင်း မသိရသေးသော်လည်း အခြားဗိုင်းရပ်စ်များပေါ်တွင် ၎င်း၏ ပြုမူပုံများကို အခြေခံတွက်ချက်မည်ဆိုလျှင် ဗိုင်းရပ်စ်ကို လက်ခံလိုက်ရသည့်ဆဲလ်မှ ပြန်လည်တိုက်ထုတ်နိုင်စွမ်းကို အဆိုပါဗိုင်းရပ်စ်က တိုက်ခိုက်နေခြင်းအပေါ် အားနည်းသွားနေရန် Ivermectin က လုပ်ဆောင်ခြင်း ဖြစ်သည်။

တော်ဝင်မဲလ်ဘုန်းဆေးရုံ (Royal Melbourne Hospital) မှ ဒေါက်တာ လီယွန်ကာလီ (Dr.Leon Caly) သည် ယခုလေ့လာမှုကို ပထမဆုံးစတင်ခဲ့သူဖြစ်သည်။

ဒေါက်တာ လီယွန်ကာလီသည် အသက်ရှိနေသော ကိုရိုနာဗိုင်းရပ်စ်များနှင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ပြုလုပ်နေသည့် Doherty Institute ၏ ဝိတိုရိယ ကူးစက်ရောဂါ ရည်ညွှန်းဓာတ်ခွဲခန်း (Victorian Infectious Diseases Reference Laboratoty – VIDRL) မှ ဆေးသိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ် (SARS-COV2) ကို ပထမဆုံးခွဲထုတ်ရယူပြီး ၂၀၂၀ ဇန်နဝါရီမှာ တရုတ်ပြည်ရဲ့ပြင်ပကို သယ်ယူနိုင်ခဲ့တဲ့ အဖွဲ့က ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ Ivermectin ဆေးကို Covid-19 အတွက် အသုံးပြုနိုင်တော့မယ့် အလားအလာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမိပါတယ်” ဟု ဒေါက်တာ လီယွန်ကာလီက ပြောကြားသည်။

ဒေါက်တာ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း Ivermectin ဆေးနှင့် စပ်လျဉ်းပြီး သမိုင်းဝင် ရှာဖွေတွေ့ရှိချက်တစ်ရပ်ကို Biomedicine Discovery Institute မှ ပါမောက္ခ ဒေးဗစ် ဂျန်စ် (Professor David Jans) နှင့်အတူ ပူးပေါင်းတွေ့ရှိခဲ့ဖူးသည်။

ပါမောက္ခ ဒေးဗစ် ဂျန်စ်နှင့် သူ၏အဖွဲ့သည် Ivermectin ဆေးကို အခြားသော ရောဂါပိုးမွှားအမျိုးမျိုးနှင့် ၁၀ နှစ်ကျော် အချိန်ယူကာ စမ်းသပ်ခဲ့ဖူးသည်။

Ivermectin ဆေးကို Covid-19 အတွက် အသုံးပြုရေးအလားအလာမှာ ဆက်လက်ပြုလုပ်မည့် စမ်းသပ်ချက်များအပေါ် မူတည်နေပြီး စမ်းသပ်မှုများပြုလုပ်ရန် ရန်ပုံငွေအဆောတလျင်လိုအပ်နေကြောင်း ဒေါက်တာ ဝက်ဂျ်စတပ်ဖ် (Dr.Kylie Wagstaff ) က ပြောကြားသည်။

ယခုသတင်းနှင့်စပ်လျဉ်းပြီး ပိုမိုသိရှိလိုသူများအနေဖြင့် Monash University ၏ ဖုန်းနံပါတ် +61 3 9903 4840 သို့ လည်းကောင်း၊ အီးမေးလ်ဖြင့် စာရေးသားမေးမြန်းလိုပါက media@monash.edu အီးမေးလိပ်စာသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း Monash တက္ကသိုလ်က သတင်းထုတ်ပြန်ထားသည်။ 

(မှတ်ချက်- ယခုတွေ့ရှိချက်နှင့် စပ်လျဉ်းပြီး ဆေးဘက်ပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုလည်း ဖော်ထုတ်တင်ပြထားရာ ဆေးပညာရှင်များအနေဖြင့်  https://bit.ly/2R6OX9J အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Possible coronavirus drug identified by Monash University scientists (Monash University)

### Zawgyi Version ###

ၾသစေတးလ်ႏိုင္ငံမွ သိပၸံပညာရွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ကို ၄၈ နာရီအတြင္း ေခ်မႈန္းႏိုင္သည့္ေဆး ရွာေဖြေတြ႕ရွိၿပီ

ၾသစေတးလ်ႏိုင္ငံ၊ ဝိတိုရိယျပည္နယ္၊ မဲလ္ဘုန္းၿမိဳ႕ရွိ သုေတသန တကၠသိုလ္တစ္ခုျဖစ္ေသာ Monash University မွ သိပၸံပညာရွင္မ်ား က ကို႐ိုနာဗိုင္းရပ္စ္ကို ၄၈ နာရီအတြင္း ေခ်မႈန္းႏိုင္သည့္ေဆး ရွာေဖြေတြ႕ရွိၿပီျဖစ္ေၾကာင္း Monash တကၠသိုလ္၏ ဝက္ဘ္ဆိုက္ျဖစ္သည့္ www.monash.edu တြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၄ ရက္ ရက္စြဲျဖင့္ ေဖာ္ျပထားသည္။

Monash တကၠသိုလ္၏ ဇီဝေဆးဝါးရွာေဖြေရးအင္စတီက်ဳ (Biomedicine Discovery Institute- BDI) မွ သိပၸံပညာရွင္မ်ားသည္ Ivermectin အမည္ရွိ ေဆးကို တစ္ႀကိမ္ေပး႐ုံမွ်ျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ (SARS-CoV-2) က လူ႔ခႏၶာကိုယ္ ဆဲလ္မ်ားအတြင္း ႀကီးထြားမႈ ျဖစ္စဥ္ကို ရပ္တန႔္ေစႏိုင္ေၾကာင္း ျပသခဲ့ၾကသည္။

(BDI ကလည္း အဆိုပါသတင္းကို ၎တို႔၏ စာမ်က္ႏွာတြင္ ေဖာ္ျပထားရာ https://bit.ly/39FuC1L အင္တာနက္လင့္ခ္တြင္ မူရင္းသတင္းကို ဖတ္ရႈႏိုင္ပါသည္)

ယခုေလ့လာမႈကို Biomedicine Discovery Institute- BDI ႏွင့္ Peter Doherty Institute of Infection and Immunity (Doherty Institute) တို႔ ပူးတြဲျပဳလုပ္ျခင္းျဖစ္ၿပီး မဲလ္ဘုန္းတကၠသိုလ္ (University of Melbourne) ႏွင့္ မဲလ္ဘုန္းေတာ္ဝင္ေဆး႐ုံ ( Royal Melbourne Hospital) တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုျဖစ္သည္။

ယခုေလ့လာခ်က္တြင္ ေတြ႕ရွိခဲ့သည့္ေဆး Ivermectin သည္ ကပ္ပါးပိုးမ်ားတိုက္ဖ်က္သည့္ေဆးဝါးျဖစ္ၿပီး လက္ရွိအားျဖင့္ တစ္ကမာၻလုံးတြင္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ေသာ ေဆးျဖစ္သည္။

Ivermectin ေဆးကို ဆရာဝန္တို႔က ေရာဂါအမ်ိဳးမ်ိဳး ကုသရာတြင္ အျခားေဆးမ်ားႏွင့္ တြဲဖက္ေပးကာ ကုသေလ့ရွိသည္။ ဥပမာအားျဖင့္ ဆင္ေျခေထာက္ေရာဂါ အျဖစ္မ်ားသည့္ေဒသမ်ားတြင္ Ivermectin ကို Albendazole (400 mg) ႏွင့္ တြဲဖက္ေပးေလ့ရွိသည္။ ဝဲေပါက္ျခင္းအတြက္လည္း Ivermectin ေပးေလ့ရွိသည္။ HIV ၊ ေသြးလြန္တုပ္ေကြး၊ ရာသီတုပ္ေကြးႏွင့္ ဇီကာဗိုင္းရပ္စ္မ်ား ကုသေရးအတြက္လည္း အသုံးဝင္သည့္ ေဆးျဖစ္သည္။

ထို႔အျပင္ ေခါင္းတြင္ သန္းတြယ္ျခင္းမ်ားအတြက္လည္း Ivermectin ေဆးကို အသုံးျပဳကုသသည္။ သန္းအတြက္ Ivermectin ျဖင့္ ကုသပုံကိုမူ ဆရာဝန္ႀကီးေဒါက္တာတင့္ေဆြက သူ၏ေဖ့စ္ဘုတ္အေကာင့္တြင္ ေရးသားတင္ျပခဲ့ဖူးသည္။ (https://bit.ly/2UGPEbZ လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

ယခုေလ့လာခ်က္ကို ဦးေဆာင္ခဲ့သည့္ BDI မွ ေဒါက္တာ ကိုင္လီ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) က ေျပာၾကားရာတြင္ “ဓာတ္ခြဲခန္း စမ္းသပ္ခ်က္မ်ားအရ Ivermectin ေဆးတစ္ႀကိမ္ ေပး႐ုံမွ်ျဖင့္ ကို႐ိုနာဗိုင္းရပ္စ္၏ RNA (ribonucleic acid) အားလုံးကို ၄၈ နာရီအတြင္း ေခ်မႈန္းႏိုင္ၿပီး ၂၄ နာရီမွ်ျဖင့္လည္း သိသာစြာေလွ်ာ့ခ်ေပးႏိုင္တာကို ေတြ႕ရပါတယ္” ဟု ေျပာၾကားသည္။

Ivermectin သည္ FDA အသိအမွတ္ျပဳ ကပ္ပါးပိုးတိုက္ဖ်က္ေရးေဆးဝါးျဖစ္သည္။

ေဒါက္တာ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) က ေျပာၾကားရာတြင္ ယခုစမ္းသပ္ခ်က္မ်ားမွ ဓာတ္ခြဲခန္းစမ္းသပ္မႈအဆင့္သာ ရွိေသးၿပီး လူတို႔တြင္ ဆက္လက္ေလ့လာရန္လည္း လိုအပ္ေသးေၾကာင္း ေျပာၾကားသည္။

“Ivermectin ကို က်ယ္ျပန႔္စြာ အသုံးျပဳၾကၿပီး ေဘးကင္းတဲ့ေဆးဝါးတစ္ခုအျဖစ္ ရႈျမင္ထားၾကပါတယ္။ ကြၽန္မတို႔ အခုဆက္လက္ ေဖာ္ထုတ္ရမွာက လူေတြမွာ ေဆးအတိုင္းအတာဘယ္ေလာက္ေပးရင္ (ကို႐ိုနာဗိုင္းရပ္စ္အတြက္) ထိေရာက္မလဲဆိုတာပါပဲ။ ဒါကေတာ့ ေနာက္တစ္ဆင့္ပါ” ဟု ေဒါက္တာ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) က ေျပာၾကားသည္။

“ကမာၻ႔ကပ္ေရာဂါႀကီးနဲ႔ ရင္ဆိုင္ေနရတဲ့ ဒီလိုကာလမ်ိဳးမွာ အတည္ျပဳေပးထားတဲ့ ကုထုံးမရွိေသးပါဘူး။ တကယ္လို႔ တစ္ကမာၻလုံးမွာရႏိုင္တဲ့ ျဒပ္ေပါင္းတစ္ခုခုနဲ႔ ကုသႏိုင္မယ္ဆိုရင္ ဒါကလူေတြကို ပိုၿပီး အေဆာတလ်င္ ကူညီႏိုင္မွာ ျဖစ္ပါတယ္” ဟု ေဒါက္တာ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) က ဆက္လက္ေျပာၾကားသည္။

Ivermectin သည္ ကို႐ိုနာဗိုင္းရပ္စ္ကို မည္သို႔မည္ပုံေခ်မႈန္းေၾကာင္း မသိရေသးေသာ္လည္း အျခားဗိုင္းရပ္စ္မ်ားေပၚတြင္ ၎၏ ျပဳမူပုံမ်ားကို အေျခခံတြက္ခ်က္မည္ဆိုလွ်င္ ဗိုင္းရပ္စ္ကို လက္ခံလိုက္ရသည့္ဆဲလ္မွ ျပန္လည္တိုက္ထုတ္ႏိုင္စြမ္းကို အဆိုပါဗိုင္းရပ္စ္က တိုက္ခိုက္ေနျခင္းအေပၚ အားနည္းသြားေနရန္ Ivermectin က လုပ္ေဆာင္ျခင္း ျဖစ္သည္။

ေတာ္ဝင္မဲလ္ဘုန္းေဆး႐ုံ (Royal Melbourne Hospital) မွ ေဒါက္တာ လီယြန္ကာလီ (Dr.Leon Caly) သည္ ယခုေလ့လာမႈကို ပထမဆုံးစတင္ခဲ့သူျဖစ္သည္။

ေဒါက္တာ လီယြန္ကာလီသည္ အသက္ရွိေနေသာ ကို႐ိုနာဗိုင္းရပ္စ္မ်ားႏွင့္ ဓာတ္ခြဲခန္းတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ေနသည့္ Doherty Institute ၏ ဝိတိုရိယ ကူးစက္ေရာဂါ ရည္ၫႊန္းဓာတ္ခြဲခန္း (Victorian Infectious Diseases Reference Laboratoty – VIDRL) မွ ေဆးသိပၸံပညာရွင္တစ္ဦးလည္း ျဖစ္သည္။

“ကို႐ိုနာဗိုင္းရပ္စ္ (SARS-COV2) ကို ပထမဆုံးခြဲထုတ္ရယူၿပီး ၂၀၂၀ ဇန္နဝါရီမွာ တ႐ုတ္ျပည္ရဲ႕ျပင္ပကို သယ္ယူႏိုင္ခဲ့တဲ့ အဖြဲ႕က ေရာဂါပိုးမႊားေဗဒပညာရွင္တစ္ဦးျဖစ္တဲ့ ကြၽန္ေတာ့္အေနနဲ႔ Ivermectin ေဆးကို Covid-19 အတြက္ အသုံးျပဳႏိုင္ေတာ့မယ့္ အလားအလာနဲ႔ ပတ္သက္ၿပီး စိတ္လႈပ္ရွားမိပါတယ္” ဟု ေဒါက္တာ လီယြန္ကာလီက ေျပာၾကားသည္။

ေဒါက္တာ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) သည္ ၂၀၁၂ ခုႏွစ္အတြင္းကလည္း Ivermectin ေဆးႏွင့္ စပ္လ်ဥ္းၿပီး သမိုင္းဝင္ ရွာေဖြေတြ႕ရွိခ်က္တစ္ရပ္ကို Biomedicine Discovery Institute မွ ပါေမာကၡ ေဒးဗစ္ ဂ်န္စ္ (Professor David Jans) ႏွင့္အတူ ပူးေပါင္းေတြ႕ရွိခဲ့ဖူးသည္။

ပါေမာကၡ ေဒးဗစ္ ဂ်န္စ္ႏွင့္ သူ၏အဖြဲ႕သည္ Ivermectin ေဆးကို အျခားေသာ ေရာဂါပိုးမႊားအမ်ိဳးမ်ိဳးႏွင့္ ၁၀ ႏွစ္ေက်ာ္ အခ်ိန္ယူကာ စမ္းသပ္ခဲ့ဖူးသည္။

Ivermectin ေဆးကို Covid-19 အတြက္ အသုံးျပဳေရးအလားအလာမွာ ဆက္လက္ျပဳလုပ္မည့္ စမ္းသပ္ခ်က္မ်ားအေပၚ မူတည္ေနၿပီး စမ္းသပ္မႈမ်ားျပဳလုပ္ရန္ ရန္ပုံေငြအေဆာတလ်င္လိုအပ္ေနေၾကာင္း ေဒါက္တာ ဝက္ဂ်္စတပ္ဖ္ (Dr.Kylie Wagstaff ) က ေျပာၾကားသည္။

ယခုသတင္းႏွင့္စပ္လ်ဥ္းၿပီး ပိုမိုသိရွိလိုသူမ်ားအေနျဖင့္ Monash University ၏ ဖုန္းနံပါတ္ +61 3 9903 4840 သို႔ လည္းေကာင္း၊ အီးေမးလ္ျဖင့္ စာေရးသားေမးျမန္းလိုပါက media@monash.edu အီးေမးလိပ္စာသို႔လည္းေကာင္း ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း Monash တကၠသိုလ္က သတင္းထုတ္ျပန္ထားသည္။

(မွတ္ခ်က္- ယခုေတြ႕ရွိခ်က္ႏွင့္ စပ္လ်ဥ္းၿပီး ေဆးဘက္ပညာရပ္ဆိုင္ရာ စာတမ္းတစ္ခုလည္း ေဖာ္ထုတ္တင္ျပထားရာ ေဆးပညာရွင္မ်ားအေနျဖင့္ https://bit.ly/2R6OX9J အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Possible coronavirus drug identified by Monash University scientists (Monash University)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service