ဗြိတိန်သို့ တင်ပို့မည့် Covid-19 စမ်းသပ်ပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

ဗြိတိန်သို့ တင်ပို့မည့် Covid-19 စမ်းသပ်ပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
2 Apr 2020 1:42 pm တွင် တင်ခဲ့သည်
208508 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

[(1)Coronavirus testing delayed after kits found to be contaminated by Covid-19 နှင့် (2) Coronavirus testing kits heading to the UK found to be contaminated with Covid-19 ဆောင်းပါးများကို ဘာသာပြန်ဆိုသည်။]

ဗြိတိန်နိုင်ငံသို့ တင်ပို့မည့် Covid-19 စမ်းသပ်ပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဗြိတိန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

လူဇင်ဘတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Eurofins မှ တင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ (သတင်းထဲတွင် ဖော်ပြထားပါသည်။)

ဗြိတိန်အစိုးရက ထုတ်ပြန်ရာတွင် လက်ရှိအားဖြင့် ဗိုင်းရပ်စ် စစ်ဆေးနိုင်စွမ်းမှာ တစ်ရက်လျှင် ၁၁၀၀၀ ဦးဖြစ်ကြောင်း၊ ဧပြီလလယ်သို့ ရောက်လျှင် တစ်ရက်လျှင် လူပေါင်း ၂၅၀၀၀ စစ်ဆေးပေးနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်သည်။

အင်္ဂလန်တွင် ကျန်းမာရေးဌာန (NHS) က တစ်ရက်လျှင် လူပေါင်း ၁၀၀၀၀ ကျော် စစ်ဆေးနိုင်စွမ်းရှိသော်လည်း ပြီးခဲ့သော၂၄ နာရီအတွင်း လူပေါင်း ၈၀၀၀ သာ စစ်ဆေးနိုင်ခဲ့ကြောင်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) က ထုတ်ပြန်သည်။

University College London မှ ပါမောက္ခ အန်သိုနီ ကိုစတယ်လိုက ဘီဘီစီသို့ ပြောကြားရာတွင် ဗြိတိန်သည် ၎င်း၏ ရင်းမြစ်များကို ထိရောက်စွာ အသုံးမပြုကြောင်း၊ ဂျာမနီတွင်ဆိုလျှင် တစ်ရက်လျှင် လူပေါင်း ၇၀၀၀၀ ခန့် စစ်ဆေးပေးနေကြောင်း ပြောကြားသည်။

“တောင်ကိုရီးယားကို ကြည့်မယ်ဆိုရင် စမ်းသပ်စစ်ဆေးမှုပေါင်း ၄၉၀၀၀၀ ကျော်လုပ်ပြီးပြီ။ သူတို့ရဲ့ သေဆုံးနှုန်းက လူတစ်သန်းကို ၃ ဦးနှုန်းပဲရှိတယ်။ သူတို့ဟာ ရောဂါကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့အတွက် ဗြိတိန်သည် ဗိုင်းရပ်စ်စစ်ဆေးရန် လိုအပ်ချက်ဖြည့်တင်းရေးအတွက် ပုဂ္ဂိလက ကုမ္ပဏီများမှ မှာယူနေခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်ခ်က ပြီးခဲ့သော သီတင်းပတ်အတွင်း ပြောကြားခဲ့ရာတွင် ဗိုင်းရပ်စ်စစ်ဆေးသည့် ကိရိယာပေါင်း ၃ ဒသမ ၅ သန်း မှာယူထားကြောင်း ပြောကြားသည်။

Daily Telegraph သတင်းစာတွင် ဖော်ပြချက်အရ စမ်းသပ်ပစ္စည်းများကို လူဇင်ဘတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Eurofins မှ မှာယူခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါစမ်းသပ်ပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများရှိနေသောကြောင့် ဗြိတိန်သို့ တင်ပို့ရန် နှောင့်နှေးလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားရာ၌ Eurofins က ဗြိတိန်ရှိ ဓာတ်ခွဲခန်းများကို သတိပေးချက် ပေးပို့ခဲ့ကြောင်း၊ ၎င်းတို့ ပေးပို့သော စမ်းသပ်ပစ္စည်းများ၏ “probe နှင့် primer” ဟု ရည်ညွှန်းထားသော နေရာများတွင် ဗိုင်းရပ်စ်များရှိနေကြောင်း သတိပေးခဲ့သည်။

ဗိုင်းရပ်စ် စမ်းသပ်ပစ္စည်း၏ အထက်ပါ အရေးပါသော ဆက်စပ်ပစ္စည်းများကို Eurofins က ပြည်ပကုမ္ပဏီများမှ မှာယူခဲ့ခြင်းဖြစ်ပြီး ယင်းပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်များ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Eurofins က ပြောကြားရာတွင် အဆိုပါပစ္စည်းများကို အသေအချာသန့်စင်လိုက်ခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း၊ သို့ရာတွင် ဗိုင်းရပ်စ်များရှိနေမှု ရှာဖွေခြင်းရခြင်းကြောင့် နှောင့်နှေးနိုင်ကြောင်း ဝန်ခံခဲ့သည်။

Eurofins Genomics ၏ တင်းကျပ်သော အရည်အသွေးထိန်းချုပ်မှု လုပ်ထုံးလုပ်နည်းအရ အချို့သော အော်ဒါမှာယူထားမှုများ နှောင့်နှေးနိုင်ကြောင်း Eurofins ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ကြီးတွင် ဗြိတိန်သည် လူပေါင်းများစွာကို စစ်ဆေးရန် ဖိအားများရှိနေသည်။ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက သတိပေးရာတွင် ဗြိတိန်ပြည်သူတိုင်းကို အကြိမ်ပေါင်းများစွာ စစ်ဆေးရန် လိုအပ်ကြောင်း သတိပေးထားသည်။

“ပြဿနာက lockdown ချတာ ပြန်ဖွင့်လိုက်ပြီဆိုတာနဲ့ ရောဂါပြန်ပြီးခေါင်းထောင်လာမှာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါ။ ဒါက တရုတ်နဲ့ တောင်ကိုရီးယားတို့ ရင်ဆိုင်နေရတဲ့အဖြစ်မျိုးပါပဲ” ဟု တိုနီဘလဲက Sky News သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင်  ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Sun, Standard, Express

### Zawgyi Version ###

ျဗိတိန္သို႔ တင္ပို႔မည့္ Covid-19 စမ္းသပ္ပစၥည္းမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္မ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႔ရွိ

[ (1)Coronavirus testing delayed after kits found to be contaminated by Covid-19 ႏွင့္ (2) Coronavirus testing kits heading to the UK found to be contaminated with Covid-19 ေဆာင္းပါးမ်ားကို ဘာသာျပန္ဆိုသည္။ ]

ျဗိတိန္ႏိုင္ငံသို႔ တင္ပို႔မည့္ Covid-19 စမ္းသပ္ပစၥည္းမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္မ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႔ရွိသည္ဟု ျဗိတိန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

လူဇင္ဘတ္ႏိုင္ငံ အေျခစိုက္ ကုမၸဏီျဖစ္ေသာ Eurofins မွ တင္ပို႔ျခင္းျဖစ္ေၾကာင္း သိရပါသည္။ (သတင္းထဲတြင္ ေဖာ္ျပထားပါသည္။)

ျဗိတိန္အစိုးရက ထုတ္ျပန္ရာတြင္ လက္ရွိအားျဖင့္ ဗိုင္းရပ္စ္ စစ္ေဆးႏိုင္စြမ္းမွာ တစ္ရက္လွ်င္ ၁၁၀၀၀ ဦးျဖစ္ေၾကာင္း၊ ဧျပီလလယ္သို႔ ေရာက္လွ်င္ တစ္ရက္လွ်င္ လူေပါင္း ၂၅၀၀၀ စစ္ေဆးေပးႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ထုတ္ျပန္သည္။

အဂၤလန္တြင္ က်န္းမာေရးဌာန (NHS) က တစ္ရက္လွ်င္ လူေပါင္း ၁၀၀၀၀ ေက်ာ္ စစ္ေဆးႏိုင္စြမ္းရွိေသာ္လည္း ျပီးခဲ့ေသာ၂၄ နာရီအတြင္း လူေပါင္း ၈၀၀၀ သာ စစ္ေဆးႏိုင္ခဲ့ေၾကာင္း အဂၤလန္ျပည္သူ႔က်န္းမာေရးဌာန (PHE) က ထုတ္ျပန္သည္။

University College London မွ ပါေမာကၡ အန္သိုနီ ကိုစတယ္လိုက ဘီဘီစီသို႔ ေျပာၾကားရာတြင္ ျဗိတိန္သည္ ၎၏ ရင္းျမစ္မ်ားကို ထိေရာက္စြာ အသံုးမျပဳေၾကာင္း၊ ဂ်ာမနီတြင္ဆိုလွ်င္ တစ္ရက္လွ်င္ လူေပါင္း ၇၀၀၀၀ ခန္႔ စစ္ေဆးေပးေနေၾကာင္း ေျပာၾကားသည္။

“ေတာင္ကိုရီးယားကို ၾကည့္မယ္ဆိုရင္ စမ္းသပ္စစ္ေဆးမႈေပါင္း ၄၉၀၀၀၀ ေက်ာ္လုပ္ျပီးျပီ။ သူတို႔ရဲ ႔ ေသဆံုးႏႈန္းက လူတစ္သန္းကို ၃ ဦးႏႈန္းပဲရွိတယ္။ သူတို႔ဟာ ေရာဂါကို ထိန္းခ်ဳပ္ထားႏိုင္ျပီ ျဖစ္တယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

သို႔အတြက္ ျဗိတိန္သည္ ဗိုင္းရပ္စ္စစ္ေဆးရန္ လိုအပ္ခ်က္ျဖည့္တင္းေရးအတြက္ ပုဂၢိလက ကုမၸဏီမ်ားမွ မွာယူေနျခင္း ျဖစ္သည္။

က်န္းမာေရးဝန္ၾကီး မက္ထ္ ဟန္းကြပ္ခ္က ျပီးခဲ့ေသာ သီတင္းပတ္အတြင္း ေျပာၾကားခဲ့ရာတြင္ ဗိုင္းရပ္စ္စစ္ေဆးသည့္ ကိရိယာေပါင္း ၃ ဒသမ ၅ သန္း မွာယူထားေၾကာင္း ေျပာၾကားသည္။

Daily Telegraph သတင္းစာတြင္ ေဖာ္ျပခ်က္အရ စမ္းသပ္ပစၥည္းမ်ားကို လူဇင္ဘတ္ႏိုင္ငံ အေျခစိုက္ ကုမၸဏီျဖစ္ေသာ Eurofins မွ မွာယူခဲ့ျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ အဆိုပါစမ္းသပ္ပစၥည္းမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးမ်ားရွိေနေသာေၾကာင့္ ျဗိတိန္သို႔ တင္ပို႔ရန္ ေႏွာင့္ေႏွးလိမ့္မည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

အဆိုပါသတင္းတြင္ ဆက္လက္ေဖာ္ျပထားရာ၌ Eurofins က ျဗိတိန္ရွိ ဓာတ္ခြဲခန္းမ်ားကို သတိေပးခ်က္ ေပးပို႔ခဲ့ေၾကာင္း၊ ၎တို႔ ေပးပို႔ေသာ စမ္းသပ္ပစၥည္းမ်ား၏ “probe ႏွင့္ primer” ဟု ရည္ညႊန္းထားေသာ ေနရာမ်ားတြင္ ဗိုင္းရပ္စ္မ်ားရွိေနေၾကာင္း သတိေပးခဲ့သည္။

ဗိုင္းရပ္စ္ စမ္းသပ္ပစၥည္း၏ အထက္ပါ အေရးပါေသာ ဆက္စပ္ပစၥည္းမ်ားကို Eurofins က ျပည္ပကုမၸဏီမ်ားမွ မွာယူခဲ့ျခင္းျဖစ္ျပီး ယင္းပစၥည္းမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္မ်ား စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

Eurofins က ေျပာၾကားရာတြင္ အဆိုပါပစၥည္းမ်ားကို အေသအခ်ာသန္႔စင္လိုက္ျခင္းျဖင့္ ေျဖရွင္းႏိုင္ေၾကာင္း၊ သို႔ရာတြင္ ဗိုင္းရပ္စ္မ်ားရွိေနမႈ ရွာေဖြျခင္းရျခင္းေၾကာင့္ ေႏွာင့္ေႏွးႏိုင္ေၾကာင္း ဝန္ခံခဲ့သည္။

Eurofins Genomics ၏ တင္းက်ပ္ေသာ အရည္အေသြးထိန္းခ်ဳပ္မႈ လုပ္ထံုးလုပ္နည္းအရ အခ်ဳိ ႔ေသာ ေအာ္ဒါမွာယူထားမႈမ်ား ေႏွာင့္ေႏွးႏိုင္ေၾကာင္း Eurofins ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ကပ္ၾကီးတြင္ ျဗိတိန္သည္ လူေပါင္းမ်ားစြာကို စစ္ေဆးရန္ ဖိအားမ်ားရွိေနသည္။ ဝန္ၾကီးခ်ဳပ္ေဟာင္း တိုနီဘလဲက သတိေပးရာတြင္ ျဗိတိန္ျပည္သူတိုင္းကို အၾကိမ္ေပါင္းမ်ားစြာ စစ္ေဆးရန္ လိုအပ္ေၾကာင္း သတိေပးထားသည္။

“ျပႆနာက lockdown ခ်တာ ျပန္ဖြင့္လိုက္ျပီဆိုတာနဲ႔ ေရာဂါျပန္ျပီးေခါင္းေထာင္လာမွာကို ဘယ္လိုေျဖရွင္းမလဲဆိုတာပါ။ ဒါက တရုတ္နဲ႔ ေတာင္ကိုရီးယားတို႔ ရင္ဆိုင္ေနရတဲ့အျဖစ္မ်ဳိးပါပဲ” ဟု တိုနီဘလဲက Sky News သို႔ ေျပာၾကားသည္။

ျမန္မာနုိင္ငံ၊ အာဆီယံနိုင္ငံမ်ားႏွင့္ ကမၻာတစ္ဝွမ္းလုံး ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Sun, Standard, Express

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service