ကိုရိုနာဗိုင်းရပ်စ်အားကုသရန် ဂျပန်ရှိ Fujifilm က လူနာများတွင် Avigan ဆေးစမ်းသပ်မှုကို စတင်
ကိုရိုနာဗိုင်းရပ်စ်အားကုသရန် ဂျပန်ရှိ Fujifilm က လူနာများတွင် Avigan ဆေးစမ်းသပ်မှုကို စတင် - Property News in Myanmar from iMyanmarHouse.com
2 Apr 2020 11:50 am တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ဂျပန်နိုင်ငံရှိ ဓာတ်ပုံပညာဆိုင်ရာစက်ပစ္စည်းများနှင့် (ဆေးဘက်ဆိုင်ရာအပါအဝင်) ပုံရိပ်ဖော်စက်ပစ္စည်းများထုတ်လုပ်ရောင်းချသည့် Fujifilm ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ကုသရာတွင် ၎င်း၏ တုပ်ကွေးကုသဆေး Avigan ၏ ထိရောက်မှုကို စမ်းသပ်ရန် လက်တွေ့စမ်းသပ်မှုများ စတင်လိုက်ပြီဖြစ်သည်။ ယင်းစမ်းသပ်မှုသည် တရုတ်တွင် အလားအလာကောင်းသည့်ရလဒ်များ ရရှိခဲ့ပြီးနောက် စတင်လိုက်ခြင်းဖြစ်သည်။
တရုတ်တွင် စမ်းသပ်မှုများက Avigan (ယေဘုယျအမည် - favipiravir) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများအတွက် နာလန်ထူရန်ကြာချိန်အား တိုတောင်းစေရာတွင် အရေးပါနိုင်ကြောင်း ညွှန်ပြထားသည်။
“စမ်းသပ်မှုကို ဇွန်လကုန်အထိ လူနာအယာက် ၁၀၀ မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုဆေးအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်၊ အဆုတ်ရောင်ရောဂါအဆင့်အားပျော့သော၊ အသက် ၂၀ မှ ၇၄ နှစ်အကြားရှိ လူနာများတွင် အများဆုံး ၁၄ ရက်အထိ တိုက်ကျွေးစမ်းသပ်မည်ဖြစ်ကြောင်းလည်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ယခုစမ်းသပ်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပါဝင်စမ်းသပ်ခံစေမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိရိစ္ဆာန်များတွင် စမ်းသပ်ချက်အရ ဘေးထွက်ဆိုးကျိုးများပြသဖြင့် ဖြစ်ကြောင်းလည်း ၎င်းပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။
ယခုအဆင့်သုံးစမ်းသပ်မှုသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်းတို့အစိုးရသည် Avigan အား ကိုရိုနာဗိုင်းရပ်စ်ကုသဆေးတစ်ခုအဖြစ် တရားဝင်အတည်ပြုရန် လိုအပ်သည့်လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ကြောင်း ပြောကြားလိုက်ပြီးနောက် ထွက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ဂျပန်တွင် ပြုလုပ်ခဲ့ပြီးသည့် အဆင့်တစ်နှင့် အဆင့်နှစ်စမ်းသပ်မှုများက ထိုဆေးသည် လူနာများတွင် ပြန်လည်နာလန်ထူရန်ကြာချိန်အား တိုသွားစေကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုစမ်းသပ်မှုအဆင့်နှစ်ခုတွင်မူ Fujifilm က မပါဝင်ခဲ့ပေ။
ကမ္ဘာတစ်ဝန်းရှိ သုတေသီများနှင့် ကုမ္ပဏီများသည် ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသဆေးတွေ့ရှိရန် အဆောတလျင်အင်တိုက်အားတိုက်စမ်းသပ်ဆောင်ရွက်နေကြပြီး အထူးသဖြင့် ငှက်ဖျားနှင့် HIV ကုသဆေးများကဲ့သို့သော တည်ရှိဖော်စပ်နိုင်ပြီးသား ဆေးဝါးများကို အဓိကအခြေခံအာရုံစိုက်ကာ ဆောင်ရွက်နေကြကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ယနေ့(၁-၄-၂၀၂၀) နံနက်မြန်မာစံတော်ချိန် ၉ နာရီအထိ သတင်းပေးပို့ချက်များအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ၄ သောင်း ၇ ထောင်ကျော်သွားပြီဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ -  အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: bangkokpost
### Zawgyi Version ###
Ref: bangkokpost
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
mya-villa
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service