ဘဏ္ဍာရေးအကျပ်အတည်းကြုံနေသော တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang က နယ်သာလန်နိုင်ငံရှိ ရုံးခန်းတာဝါ အဆောက်အအုံများကို ယူရို သန်း ၇၀၀ ဖြင့် ရောင်းချ
ဘဏ္ဍာရေးအကျပ်အတည်းကြုံနေသော တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang က နယ်သာလန်နိုင်ငံရှိ ရုံးခန်းတာဝါ အဆောက်အအုံများကို ယူရို သန်း ၇၀၀ ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2020 12:23 pm တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
နယူးယောက်မြို့မှ ကမ္ဘာကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကြီးကို ပိုင်ဆိုင်ခဲ့ဖူးသည့် တရုတ်အာမခံကုမ္ပဏီကြီး Anbang သည် ယခုနှစ်အတွင်း ၎င်းတို့၏ အိမ်ခြံမြေများကို ဒုတိယအကြိမ်မြောက် ရောင်းထုတ်လာသည်။
ဥရောပ သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Anbang သည် နယ်သာလန်နိုင်ငံရှိ ရုံးခန်းအဆောက်အအုံများကို ယူရို သန်း ၇၀၀ (ကန်ဒေါ်လာ ၇၆၃ သန်း) ဖြင့် ရောင်းချခဲ့ကြောင်း ဖော်ပြကြသည်။
Anbang က ရောင်းချခဲ့သည်မှာ နယ်သာလန်နိုင်ငံမှ အမ်စတာဒမ်၊ ရို့တာဒမ်နှင့် သည်ဟိတ်မြို့များရှိ ရုံးခန်းအဆောက်အအုံ ၆ ခုဖြစ်ပြီး ပြိုင်ဖက်အာမခံကုမ္ပဏီဖြစ်သော ဗြိတိန်မှ Aviva သို့ ရောင်းချခဲ့ခြင်းဖြစ်သည်။
Anbang သည် အဆိုပါရုံးခန်းအဆောက်အအုံများကို အမေရိကန်ကုမ္ပဏီကြီး Blackstone ထံမှ ယူရို သန်း ၅၀၀ ဖြင့် ဝယ်ယူထားသည်မှာ ၃ နှစ်ပင် မပြည့်သေးချေ။
Anbang သည် ဥက္ကဌဟောင်း ဝူရှောက်ဟွေ၏ လက်ထက်တွင် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ကြေးရှိသော အိမ်ခြံမြေများ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ကြွေးမြီများစွာတင်ရှိလာခဲ့ရာ အိမ်ခြံမြေများကို ပြန်လည်ရောင်းထုတ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။ Anbang ဥက္ကဌ ဝူရှောက်ဟွေမှာလည်း ဘဏ္ဍာရေးဆိုင်ရာ မသမာမှုပြုလုပ်မှုဖြင့် ၂၀၁၈ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
Aviva က ပိုင်ဆိုင်လာမည့် အဆောက်အအုံများမှာ သည်ဟိတ်မြို့ရှိ Forum, Sirius နှင့် Orion အဆောက်အအုံများ၊ ရို့တာဒမ်ရှိ Weenatoren နှင့် 200 Weena အဆောက်အအုံများ ပါဝင်သည်။
အမ်စတာဒမ်တွင်မူ ၂၃ ထပ်မြင့်မားသော the Cross Towers အဆောက်အအုံကြီးဖြစ်သည်။
အဆိုပါအဆောက်အအုံ ၆ ခုလုံးကို အမေရိကန်ကုမ္ပဏီကြီး Blackstone ၏ နယ်သာလန် အာမခံကုမ္ပဏီခွဲဖြစ်သော Vivat NV ထံမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း Anbang က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအရောင်းအဝယ်တွင် CBRE ကုမ္ပဏီက Anbang အတွက် အကြံပေးခြင်းများ ပြုလုပ်ခဲ့သည်။
(ဆက်စပ်သတင်းများ)
(၁) တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ပိုင်ဆိုင်ထားသော ဂျပန်နိုင်ငံရှိ တိုက်ခန်းပေါင်းများစွာကို အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ယန်းငွေ ၃၀၀ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီး ဂျပန်၏ အကြီးမားဆုံးအိမ်ခြံမြေအရောင်းအဝယ်ဖြစ် စံချိန်တင်
https://www.imyanmarhouse.com/news/read/892058
(၂) တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကြီးကိုလည်း ထိန်းချုပ်လိုက်ပြီ
https://www.imyanmarhouse.com/news/read/713731
(၃) တရုတ်အစိုးရက ပြည်သူပိုင်သိမ်းယူလိုက်သော ထိပ်သီးကုမ္ပဏီကြီး Anbang ၏ ပြည်ပတွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများကို ရောင်းချရန် စီစဉ်
https://www.imyanmarhouse.com/news/read/752346
(၄) တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ
https://www.imyanmarhouse.com/news/read/760917
(၅) တရုတ်အစိုးရက သိမ်းယူလိုက်သော Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို အမေရိကန် developer တို့ ဝယ်ယူရန် ပြင်ဆင်လျက်ရှိ
https://www.imyanmarhouse.com/news/read/762056
(၆) တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang က အမေရိကန်ရှိ ဟိုတယ်များ ရောင်းချရေးကို ကိုင်တွယ်ပေးရန် Bank of America ကို ငှားရမ်း
https://www.imyanmarhouse.com/news/read/785587
(၇) တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang ပိုင် ဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ယှဉ်ပြိုင်လေလံဆွဲလျက်ရှိ
https://www.imyanmarhouse.com/news/read/829483
(၈) တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang က နယူးယောက်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီး ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ ကွန်ဒိုခန်း များကို ဈေးကွက်တင်ရန် စီစဉ်
https://www.imyanmarhouse.com/news/read/834270
(၉) တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ်
https://www.imyanmarhouse.com/news/read/856967
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
thukha-garden-residence
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service