အမေရိကန်ပြည်၊ ဟတ်စ်တန်မြို့တွင် အိမ်ရာမဲ့တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် ဆေးကုပေးပြီး တစ်ပတ်ကြာသောအခါ လမ်းပေါ်တွင်ပင် ပြန်လည်ထားရှိ

အမေရိကန်ပြည်၊ ဟတ်စ်တန်မြို့တွင် အိမ်ရာမဲ့တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် ဆေးကုပေးပြီး တစ်ပတ်ကြာသောအခါ လမ်းပေါ်တွင်ပင် ပြန်လည်ထားရှိ - Property News in Myanmar from iMyanmarHouse.com
26 Mar 2020 11:20 am တွင် တင်ခဲ့သည်
6785 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟတ်စ်တန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အိမ်ရာမဲ့တစ်ဦးကို ဆေးကုပေးပြီးနောက် လမ်းပေါ်တွင်ပင် ပြန်လည်ထားရှိခဲ့သည်။

အဆိုပါအမျိုးသားသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဟတ်စ်တန်မြို့၊ စိန့်ဂျိုးဆက် ဆေးရုံတွင်စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ရာ နေစရာနေရာမရှိဘဲ ယခုအခါလမ်းပေါ်သို့ ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။

“စိန့်ဂျိုးဆက်ဆေးရုံဟာ သူ့ကို အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရက်အတော်ကြာထားခဲ့ပြီး အခုအခါ ဆင်းရုံဆင်းခွင့် ပေးလိုက်ပါတယ်။ သူ့ကို လမ်းတွေပေါ် ပြန်ထားလိုက်တာဖြစ်ပါတယ်” ဟု ဟတ်စ်တန်မြို့တွင် အိမ်ရာမဲ့များကို အကူအညီပေးနေသည့် Open Door Mission အဖွဲ့မှ အမှုဆောင်အရာရှိချုပ် တွမ်မီသွမ်ဆန်က ပြောကြားသည်။

ဒေသတွင်းတွင် အိမ်ရာမဲ့တို့အရေး ဆောင်ရွက်ပေးနေသူများက အဆိုပါအမျိုးသားကို သိရှိကြပြီး ၎င်းနေထိုင်ရန် နေရာတစ်ခု ရှာဖွေပေးနိုင်ရေး ကြိုးစားနေခဲ့ကြသော်လည်း ဆေးရုံက ၎င်းကိုဆင်းစေခဲ့ခြင်းကြောင့် ယခုအခါ သွားစရာနေရာမရှိဘဲ လမ်းပေါ် ပြန်ရောက်လာခြင်း ဖြစ်သည်။

အဆိုပါလူနာသည် ဟတ်စ်တန်တွင် နေထိုင်လျက်ရှိသော အခြားသူများစွာအတွက် အန္တရာယ်ဖြစ်လာစေမည်ကို တွမ်မီသွမ်ဆန်က ရတက်မအေးဖြစ်နေသည်။

“ဒီရောဂါက ပြန့်နှံ့မှုသိပ်ကို မြန်ပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ အိမ်ရာမဲ့တဲစခန်းတွေကို ကြည့်ပါ။ တစ်ယောက် ရောဂါဖြစ်ပြီဆိုတာနဲ့ အားလုံးကူးစက်ခံရလိမ့်မှာဖြစ်ပါတယ်”

စိန့်ဂျိုးဆက်ဆေးရုံက ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင်မူ ၎င်းတို့ဆေးရုံသည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို (CDC) နှင့် ဟတ်စ်တန်ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်စည်းမျဉ်းများအတိုင်း ကိုရိုနာဗိုင်းရပ်စ်သံသယလူနာများကို ကုသခြင်း၊ ဆေးရုံဆင်းခွင့် ပြုခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဟားရစ်ခရိုင်အရာရှိတို့က ပြောကြားရာတွင် ယင်းသို့သောအခြေအနေမျိုး ဖြစ်မလာစေရန် ကြိုးစားကာကွယ်နေကြောင်း ပြောကြားသည်။

“ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ အခြေခံလူတန်းစားတွေကို ထားရှိနိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ဟားရစ်ခရိုင်ရုံးမှ အရေးပေါ်စီမံခန့်ခွဲရေးမှူး ဖရန်စစ္စကို ဆန်းချက်ဇ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အေမရိကန္ျပည္၊ ဟတ္စ္တန္ျမိဳ႕တြင္ အိမ္ရာမဲ့တစ္ဦးကို ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာေၾကာင့္ ေဆးကုေပးျပီး တစ္ပတ္ၾကာေသာအခါ လမ္းေပၚတြင္ပင္ ျပန္လည္ထားရွိ

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ ဟတ္စ္တန္ျမိဳ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာ အိမ္ရာမဲ့တစ္ဦးကို ေဆးကုေပးျပီးေနာက္ လမ္းေပၚတြင္ပင္ ျပန္လည္ထားရွိခဲ့သည္။

အဆိုပါအမ်ဳိးသားသည္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ဟတ္စ္တန္ျမိဳ႕၊ စိန္႔ဂ်ဳိးဆက္ ေဆးရံုတြင္စစ္ေဆးေတြ႔ရွိခဲ့ျပီး ေဆးရံုမွ ဆင္းခြင့္ျပဳလိုက္ရာ ေနစရာေနရာမရွိဘဲ ယခုအခါလမ္းေပၚသို႔ ျပန္လည္ေရာက္ရွိေနျခင္း ျဖစ္သည္။

“စိန္႔ဂ်ိဳးဆက္ေဆးရံုဟာ သူ႔ကို အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ရက္အေတာ္ၾကာထားခဲ့ျပီး အခုအခါ ဆင္းရံုဆင္းခြင့္ ေပးလိုက္ပါတယ္။ သူ႔ကို လမ္းေတြေပၚ ျပန္ထားလိုက္တာျဖစ္ပါတယ္” ဟု ဟတ္စ္တန္ျမိဳ႕တြင္ အိမ္ရာမဲ့မ်ားကို အကူအညီေပးေနသည့္ Open Door Mission အဖြဲ႔မွ အမႈေဆာင္အရာရွိခ်ဳပ္ တြမ္မီသြမ္ဆန္က ေျပာၾကားသည္။

ေဒသတြင္းတြင္ အိမ္ရာမဲ့တို႔အေရး ေဆာင္ရြက္ေပးေနသူမ်ားက အဆိုပါအမ်ဳိးသားကို သိရွိၾကျပီး ၎ေနထုိင္ရန္ ေနရာတစ္ခု ရွာေဖြေပးႏိုင္ေရး ၾကိဳးစားေနခဲ့ၾကေသာ္လည္း ေဆးရံုက ၎ကိုဆင္းေစခဲ့ျခင္းေၾကာင့္ ယခုအခါ သြားစရာေနရာမရွိဘဲ လမ္းေပၚ ျပန္ေရာက္လာျခင္း ျဖစ္သည္။

အဆိုပါလူနာသည္ ဟတ္စ္တန္တြင္ ေနထုိင္လ်က္ရွိေသာ အျခားသူမ်ားစြာအတြက္ အႏၱရာယ္ျဖစ္လာေစမည္ကို တြမ္မီသြမ္ဆန္က ရတက္မေအးျဖစ္ေနသည္။

“ဒီေရာဂါက ျပန္႔ႏွံ႔မႈသိပ္ကို ျမန္ပါတယ္။ တစ္ျမိဳ႕လံုးမွာရွိတဲ့ အိမ္ရာမဲ့တဲစခန္းေတြကို ၾကည့္ပါ။ တစ္ေယာက္ ေရာဂါျဖစ္ျပီဆိုတာန႔ဲ အားလံုးကူးစက္ခံရလိမ့္မွာျဖစ္ပါတယ္”

စိန္႔ဂ်ဳိးဆက္ေဆးရံုက ေၾကညာခ်က္ထုတ္ျပန္ခဲ့ရာတြင္မူ ၎တို႔ေဆးရံုသည္ ေရာဂါကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးဗဟို (CDC) ႏွင့္ ဟတ္စ္တန္က်န္းမာေရးဌာန၏ လမ္းညႊန္ခ်က္စည္းမ်ဥ္းမ်ားအတိုင္း ကိုရိုနာဗိုင္းရပ္စ္သံသယလူနာမ်ားကို ကုသျခင္း၊ ေဆးရံုဆင္းခြင့္ ျပဳျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ဟားရစ္ခရိုင္အရာရွိတို႔က ေျပာၾကားရာတြင္ ယင္းသို႔ေသာအေျခအေနမ်ဳိး ျဖစ္မလာေစရန္ ၾကိဳးစားကာကြယ္ေနေၾကာင္း ေျပာၾကားသည္။

“ေရာဂါပိုးစစ္ေဆးေတြ႔ရွိတဲ့ အေျခခံလူတန္းစားေတြကို ထားရွိႏိုင္ဖို႔ ကၽြန္ေတာ္တို႔ စီစဥ္ေနပါတယ္” ဟု ဟားရစ္ခရိုင္ရံုးမွ အေရးေပၚစီမံခန္႔ခြဲေရးမွဴး ဖရန္စစၥကို ဆန္းခ်က္ဇ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service