ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION)

ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION) - Property Knowledge in Myanmar from iMyanmarHouse.com
274 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဗဟုသုတ | Posted by ႏွင္းအိခင္ (iMyanmarHouse.com)

### Unicode Version ###

အိမ်ခြံမြေလောကတွင် အိမ်ခြံမြေပိုင်းအရောင်းအဝယ်ဆိုင်ရာကိစ္စရပ်များသည် ပိုင်ဆိုင်မှုများစွာ ရှုပ်ထွေးပွေလီလျှက်ရှိပါသည်။ အိမ်တစ်ဆောင်ရောင်းမည်၊ ဝယ်မည်ဆိုသည်နှင့် ပိုင်ရှင်ဖြစ်လာမည့် ပုဂ္ဂိလ်တစ်ဦး (သို့) အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးအနေနှင့် မသိမဖြစ် သိထားသင့်သော အချက်မှာ ပစ္စည်းလက်ဝယ်ရှိခြင်းဆိုသည့် အချက်ပင်ဖြစ်ပါသည်။

ဥပစာတစ်ခုတွင် နေထိုင်သူသည် အောက်ပါ အကြောင်းတစ်မျိုးမျိုးဖြင့် နေထိုင်ကြခြင်းဖြစ်ပါသည်။

၁။ ပိုင်ရှင်အနေဖြင့် လက်ရှိပိုင်ဆိုင်ကာနေထိုင်သူ၊

၂။ ပိုင်ရှင်အားမှီတင်းနေထိုင်သူ (အတူတကွ နေထိုင်သူ)၊

၃။ ပိုင်ရေးဆိုင်ခွင့် ရှိသူအနေနှင့် နေထိုင်သူ၊

၄။ စာချုပ်စာတမ်းချုပ်ဆိုပြီး ဝယ်ယူထားသည့် လက်ရောက်ရယူပိုင်ဆိုင်ထားသူ၊

၅။ အပေါင်ပစ္စည်းအဖြစ်လက်ခံကာ လက်ဝယ်ရယူထားသူ၊

၆။ အိမ်ငှားရမ်းခြင်းစာချုပ်အရ လက်ဝယ်နေထိုင်သူ၊ (တစ်ဆင့်ခံအိမ်ငှားများလည်းပါဝင်သည်)

၇။ တစ်စုံတစ်ယောက်၏ခွင့်ပြုချက်အရ လက်ဝယ်ရရှိထားသူ၊

၈။ ဝင်ရောက်ကျုးကျော်ခြင်းဖြင့် လက်ရောက်နေထိုင်ရရှိထားသူတို့ဖြစ်ကြသည်။

အမှတ်စဉ် (၁) ပုဂ္ဂိုလ်သည် ဥပဒေအရ လက်ဝယ်ရှိသူ( Judical Possession) ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များသည် (Physical Possession) လက်ရောက်လက်ဝယ် ရရှိသူများဖြစ်သည်။

အိမ်ခြံမြေကို လွှဲပြောင်းရောင်းချမည်ဆိုပါက ဥပဒေအရ လက်ဝယ်ရှိသူ(Judical Possession)ထံမှ ဝယ်ယူရရှိမှသာ ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်မှုရရှိမည်ဖြစ်သည်။

တိုက်ခန်းတစ်ခုကို လူနေထိုင်ခြင်းမရှိပဲ သော့ခတ်ထားခြင်းသည် သော့ခတ်ထားသူက ၎င်းလက်ဝယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်းပေါ်လွင်သည်။

ပစ္စည်းလက်ရှိ ရှိသူကို နှင်ထုတ်လိုပါက တရားစွဲဆိုနှင်ထုတ်သည့်နည်းတစ်ခုသာ ဥပဒေနှင့်အညီဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ပိုင္ဆိုင္မႈလက္၀ယ္ရွိျခင္း (POSSESSION)

အိမ္ျခံေျမေလာကတြင္ အိမ္ျခံေျမပိုင္းအေရာင္းအ၀ယ္ဆိုင္ရာကိစၥရပ္မ်ားသည္ ပိုင္ဆိုင္မႈမ်ားစြာ ရႈပ္ေထြးေပြလီလွ်က္ရွိပါသည္။ အိမ္တစ္ေဆာင္ေရာင္းမည္၊ ၀ယ္မည္ဆိုသည္ႏွင့္ ပိုင္ရွင္ျဖစ္လာမည့္ ပုဂၢိလ္တစ္ဦး (သို႔) အိမ္ျခံေျမ လုပ္ငန္းရွင္တစ္ဦးအေနႏွင့္ မသိမျဖစ္ သိထားသင့္ေသာ အခ်က္မွာ ပစၥည္းလက္၀ယ္ရွိျခင္းဆိုသည့္ အခ်က္ပင္ျဖစ္ပါသည္။

ဥပစာတစ္ခုတြင္ ေနထိုင္သူသည္ ေအာက္ပါ အေၾကာင္းတစ္မ်ိဳးမ်ိဳးျဖင့္ ေနထိုင္ၾကျခင္းျဖစ္ပါသည္။

၁။ ပိုင္ရွင္အေနျဖင့္ လက္ရွိပိုင္ဆိုင္ကာေနထိုင္သူ၊

၂။ ပိုင္ရွင္အားမွီတင္းေနထိုင္သူ (အတူတကြ ေနထိုင္သူ)၊

၃။ ပိုင္ေရးဆိုင္ခြင့္ ရွိသူအေနႏွင့္ ေနထိုင္သူ၊

၄။ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုၿပီး ၀ယ္ယူထားသည့္ လက္ေရာက္ရယူပိုင္ဆိုင္ထားသူ၊

၅။ အေပါင္ပစၥည္းအျဖစ္လက္ခံကာ လက္၀ယ္ရယူထားသူ၊

၆။ အိမ္ငွားရမ္းျခင္းစာခ်ဳပ္အရ လက္၀ယ္ေနထိုင္သူ၊ (တစ္ဆင့္ခံအိမ္ငွားမ်ားလည္းပါ၀င္သည္)

၇။ တစ္စုံတစ္ေယာက္၏ခြင့္ျပဳခ်က္အရ လက္၀ယ္ရရွိထားသူ၊

၈။ ၀င္ေရာက္က်ဳးေက်ာ္ျခင္းျဖင့္ လက္ေရာက္ေနထိုင္ရရွိထားသူတို႔ျဖစ္ၾကသည္။

အမွတ္စဥ္ (၁) ပုဂၢိဳလ္သည္ ဥပေဒအရ လက္၀ယ္ရွိသူ( Judical Possession) ျဖစ္ၿပီး က်န္ပုဂၢိဳလ္မ်ားသည္ (Physical Possession) လက္ေရာက္လက္၀ယ္ ရရွိသူမ်ားျဖစ္သည္။

အိမ္ျခံေျမကို လႊဲေျပာင္းေရာင္းခ်မည္ဆိုပါက ဥပေဒအရ လက္၀ယ္ရွိသူ(Judical Possession)ထံမွ ၀ယ္ယူရရွိမွသာ ဥပေဒႏွင့္အညီ တရား၀င္ပိုင္ဆိုင္မႈရရွိမည္ျဖစ္သည္။

တိုက္ခန္းတစ္ခုကို လူေနထိုင္ျခင္းမရွိပဲ ေသာ့ခတ္ထားျခင္းသည္ ေသာ့ခတ္ထားသူက ၎လက္၀ယ္ ပိုင္ဆိုင္ထားျခင္း ျဖစ္ေၾကာင္းေပၚလြင္သည္။

ပစၥည္းလက္ရွိ ရွိသူကို ႏွင္ထုတ္လိုပါက တရားစြဲဆိုႏွင္ထုတ္သည့္နည္းတစ္ခုသာ ဥပေဒႏွင့္အညီျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ေနာက္ဆံုးရ အိမ္ၿခံေျမ ဗဟုသုတမ်ား

မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်
မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်
ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။
ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။
မြေငှားစာချုပ်အသစ်ထုတ်ပေးနိုင်သော မြေအမျိုးအစားများနှင့် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များ...
မြေငှားစာချုပ်အသစ်ထုတ်ပေးနိုင်သော မြေအမျိုးအစားများနှင့် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များ...
ပါမစ်မြေများ (နေထိုင်ခွင့်ပါမစ်) နှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
ပါမစ်မြေများ (နေထိုင်ခွင့်ပါမစ်) နှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ
မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ
စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း...
စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း...
အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။
အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။
မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ
မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။...
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)