မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ

မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ - Property Knowledge in Myanmar from iMyanmarHouse.com
277 ကြိမ် ကြည့်ရှု့ ပြီး

ဗဟုသုတ | Posted by နှင်းအိခင် (iMyanmarHouse.com)

### Unicode Version ###

မိခင်ဖြစ်စေ၊ ဖခင်ဖြစ်စေ ၂ဦးအနက်မှ တစ်ဦးကွယ်လွန်ခဲ့ပြီး ကျန်ရစ်သူမိဘသည် နောက်အိမ်ထောင်ပြု သည့်အခါ ကွယ်လွန်သူနှင့် ရရှိခဲ့သော သားသမီးများသည် ကွယ်လွန်သူ၏အမွေဝေစုကို ရရှိသည်။

အကယ်၍ သေဆုံးသူ၏အမွေဝေစုကို ရယူခဲ့ပြီးဖြစ်လျှင် ကျန်ရစ်သူမိဘမှ ကွယ်လွန်သည့်အခါတွင် အမွေတောင်းခံခွင့် မရှိတော့ပါ။

အကယ်၍ သေဆုံးသူအမွေဝေစုကို အမွေတောင်းခံခြင်းမရှိခဲ့လျှင် ကျန်ရစ်သူမိဘကွယ်လွန်ပြီး နောက်အိမ်ထောင်ဖြစ်သော မိထွေး၊ ပထွေးထံမှ အမွေတောင်းခံခွင့်ရှိပါသည်။

ဖခင်ဖြစ်သူနှင့် မိထွေးတို့ပိုင်အမွေဝေစု၏ (၆)ပုံ (၁)ပုံကိုသာ လင်ပါ မယားပါသားသမီးတို့ ရပိုင်ခွင့်ရှိသည်။သို့သော် ယင်းဥပဒေသည် တစ်လင်တစ်မယားအိမ်ထောင်ရေး ဥပဒေနှင့်သာ သက်ဆိုင် ပါသည်။

ဇနီးဖြစ်သူသေဆုံး၍ နောက်ထပ်အိမ်ထောင်ပြုခြင်းသည်လည်း တစ်လင်တစ်မယား အိမ်ထောင်ရေးအဖြစ် အကျုံးဝင်ပါသည်။ မယားပြိုင်များ ရှိသော အိမ်ထောင်နှင့် သက်ဆိုင်သော ဓမ္မသတ်များမရှိပါ။

လင်ပါသားသမီး မယားပါသားသမီးများသည် သေဆုံးသူဖခင်ရင်း၏ဝေစုကိုသာလျှင် အထိုက်အလျောက် အမွေရခွင့်ရှိပါကြောင်း အမွေမှုစီရင်ထုံးများတွင် ဖော်ညွှန်းထားပါသည်။

မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် အမွေမတောင်းခဲ့သော လင်ပါသားသမီးများသည် ၎င်းတို့၏ဖခင်ရင်းပါ ကွယ်လွန်သည့်အခါ မိခင်ထံမှရရှိရမည့် ကျန်ရစ်အမွေများအပြင် ဖခင်အရင်း၏ အပြီးအပိုင်ရရှိပြီးဖြစ်သော အမွေဝေစုတို့ကို မိထွေးနှင့်ပူးတွဲ အမွေဆက်ခံခွင့်ရှိပါသည်။ ထိုအမွေဝေစုများကို မိထွေးတစ်ဦးတည်း ပိုင်ဆိုင်အကျိုးခံစားခွင့် မရှိပါဟု ဓမ္မသတ်များတွင် ဖော်ပြထားပါသည်။

အမွေမှုဆိုင်ရာ ဗဟုသုတရစေရန် ရည်ရွယ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်
မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်
ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။
ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။
မြေငှားစာချုပ်အသစ်ထုတ်ပေးနိုင်သော မြေအမျိုးအစားများနှင့် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များ...
မြေငှားစာချုပ်အသစ်ထုတ်ပေးနိုင်သော မြေအမျိုးအစားများနှင့် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များ...
ပါမစ်မြေများ (နေထိုင်ခွင့်ပါမစ်) နှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
ပါမစ်မြေများ (နေထိုင်ခွင့်ပါမစ်) နှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ
မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ
စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း...
စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း...
အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။
အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။
ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION)
ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION)
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။...
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)