ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ၏ နယူးဂျာစီပြည်နယ်စံအိမ် အရောင်းဈေးကွက်ဝင်လာသော်လည်း ဈေးနှုန်းကြေညာထားခြင်းမရှိဘဲ စုံစမ်းမှသာ ဈေးနှုန်းပြောကြားမည်ဟုဆို

ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ၏ နယူးဂျာစီပြည်နယ်စံအိမ် အရောင်းဈေးကွက်ဝင်လာသော်လည်း ဈေးနှုန်းကြေညာထားခြင်းမရှိဘဲ စုံစမ်းမှသာ ဈေးနှုန်းပြောကြားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
21 Feb 2020 11:32 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဘွန်ဂျိုဗီ၏ သီချင်းများကို မြန်မာနိုင်ငံတွင် လူသိများကြသည်။

ဘွန်ဂျိုဗီ၏ Blaze of glory ကို ဇော်ဝင်းထွဋ်က ကန္တာရခရီးသည်ဟုလည်းကောင်း၊ Billy Get Your Guns ကို ကော်နီက ရင်ကိုဖွင့်လိုက်စမ်းဟုလည်းကောင်း၊ You Give Love A Bad Name ကို ဖြူဖြူကျော်သိန်းက အတွင်းကြေဟု လည်းကောင်း၊ in these arms ကို မျိုးကြီးက ရင်ခုန်သံအရင်းနှီးဆုံးဟုလည်းကောင်း၊ runaway ကို လေးဖြူက လှမ်းအဝေးဟုလည်းကောင်း ပြန်လည် သီဆိုခဲ့ကြရာတွင်လည်း မြန်မာပရိသတ်တို့အကြား များစွာအောင်မြင်မှုရခဲ့သည်။

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ၏ ပရိသတ်များအနေဖြင့် ၎င်းတို့၏ ကြယ်ပွင့်သည် မည်သို့သော စံအိမ်မျိုးဖြင့် နေထိုင်သည်ကို သိလိုကြပေမည်။

ယခု အရောင်းဈေးကွက်ဝင်လာသော အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှ စံအိမ်ကို ကြည့်လျှင် ဂန္ထဝင်ရော့ခ်ကြယ်ပွင့်ကြီး နေထိုင်ရန် ထိုက်တန်သည့် ခမ်းနားမှုများရှိကြောင်း တွေ့ရမည်ဖြစ်သည်။

အတ္တလန္တိတ်သမုဒ္ဒရာနှင့် နဗီဆင့်ခ်မြစ်တို့အကြားတည်ရှိသော နယူးဂျာစီပြည်နယ်၊ မစ်ဒယ်လ်တန်မြို့ကလေးရှိ မြေ ၁၅ ဧကပေါ်တွင် တည်ရှိသည်။

နယူးယောက်မြို့မှ တစ်နာရီခရီးသာဝေးကွာပြီး စံအိမ်အကျယ်အဝန်း စတုရန်းပေ ၁၈၀၀၀ ရှိပြီး ပြင်သစ် ချာတူးဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

စံအိမ်တန်ဖိုး မည်မျှရှိသနည်း။

ဘွန်ဂျိုဗီက ဈေးနှုန်းကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ပြီး Christie's ၏ ဈေးကွက်တင်မှတ်တမ်းအရ ဝယ်ယူရန် စုံစမ်းသူများကိုသာ ဈေးနှုန်းသိရှိခွင့်ပြုမည်ဟု ဆိုသည်။

ဗိသုကာပညာရှင် ရောဘတ် အေ-အမ်-စတန်းက ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားပြီး High Point Estate ဟု အမည်ပေးထားသော စံအိမ်ကြီးသည် ပုံမှန်ထက် ၂ ဆကြီးမားသည့် တံခါးကြီးများ၊ ကြီးမားသော ပြတင်းပေါက်များ၊ ပြင်သစ်လသာဆောင်များနှင့် ပုံမှန်ထက်ကြီးမားသည့် ကားလမ်းဝင်ပေါက်တို့ ပါဝင်သည်။

ခြံဝန်းအတွင်း ပင်မစံအိမ်အပြင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံးနှင့် ဘွန်ဂျိုဗီ၏ အသံဖမ်းစတူဒီယိုတစ်ခုတို့လည်း ပါဝင်သေးသည်။

ဧည့်ခန်းမှာ အလွန်ကြီးမားလှပြီး ၁၂ မြင့်သော မျက်နှာကြက်ရှိပြီး လှပခမ်းနားသော မီးလင်းဖိုကြီး တွေ့ရမည်ဖြစ်သည်။

ဧည့်ခန်းမှသည် အရက်ဘားသို့ ရောက်ရှိမည်ဖြစ်ပြီး ကြီးမားလှသည့် ပြတင်းပေါက်ကြီးတစ်ခုရှိရာ အလည်အပတ်လာသည့် ဧည့်သည့်များအနေဖြင့် မြစ်၏ရှုမျှော်ခင်းများကို ရှုမြင်ခံစားနိုင်မည် ဖြစ်သည်။

နေအိမ်အတွင်း အိမ်တွင်းရုပ်ရှင်ရုံ၊ မီးလင်းဖိုတစ်ခုပါဝင်သော မီသားစုနားနေခန်း၊ outdoor မီးလင်းဖိုတစ်ခု ပါဝင်သော နေအိမ်ပြင်ပ နားနေနေရာတစ်ခုတို့လည်း ပါဝင်သည်။

အပေါ်ထပ်များတွင်မူ ဝန်ထမ်းများအတွက်နှင့် မိသားစုအတွက်ဟု ထားရှိပေးထားပြီး မိသားစုအတွက်နေရာတွင် master bedroom ၄ ခန်း ပါဝင်သည်။

ယခုစံအိမ်ကို ဈေးကွက်တင်ရာတွင် ဘွန်ဂျိုဗီက ဈေးနှုန်းကို ဖော်ထုတ်ခဲ့ခြင်း မရှိချေ။

အိမ်ခြံမြေပိုင်ရှင်တို့က ဈေးနှုန်းမကြေညာဘဲ မေးမြန်းစုံစမ်းမှသာ ဈေးနှုန်းသိရမည်ဟုဆိုခြင်းမှာ တန်ဖိုးကြီးအိမ်ခြံဈေးကွက်တို့၏ သဘောအရ “ဒီ ဈေးနှုန်းကို မင်းမဝယ်နိုင်ပါဘူး” ဟု ဆိုလိုခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်မှ အိမ်ခြံမြေ developer တစ်ဦးဖြစ်သူ တိုင်လာ ဒရူးက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ေရာ့ခ္ၾကယ္ပြင့္ ဘြန္ဂ်ဳိဗီ၏ နယူးဂ်ာစီျပည္နယ္စံအိမ္ အေရာင္းေစ်းကြက္ဝင္လာေသာ္လည္း ေစ်းႏႈန္းေၾကညာထားျခင္းမရွိဘဲ စံုစမ္းမွသာ ေစ်းႏႈန္းေျပာၾကားမည္ဟုဆို

ဘြန္ဂ်ဳိဗီ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ လူသိမ်ားၾကသည္။

ဘြန္ဂ်ဳိဗီ၏ Blaze of glory ကို ေဇာ္ဝင္းထြဋ္က ကႏၱာရခရီးသည္ဟုလည္းေကာင္း၊ Billy Get Your Guns ကို ေကာ္နီက ရင္ကိုဖြင့္လိုက္စမ္းဟုလည္းေကာင္း၊ You Give Love A Bad Name ကို ျဖဴျဖဴေက်ာ္သိန္းက အတြင္းေၾကဟု လည္းေကာင္း၊ in these arms ကို မ်ဳိးၾကီးက ရင္ခုန္သံအရင္းႏွီးဆံုးဟုလည္းေကာင္း၊ runaway ကို ေလးျဖဴက လွမ္းအေဝးဟုလည္းေကာင္း ျပန္လည္ သီဆိုခဲ့ၾကရာတြင္လည္း ျမန္မာပရိသတ္တို႔အၾကား မ်ားစြာေအာင္ျမင္မႈရခဲ့သည္။

ကမၻာေက်ာ္ ေရာ့ခ္ၾကယ္ပြင့္ ဘြန္ဂ်ဳိဗီ၏ ပရိသတ္မ်ားအေနျဖင့္ ၎တို႔၏ ၾကယ္ပြင့္သည္ မည္သို႔ေသာ စံအိမ္မ်ဳိးျဖင့္ ေနထိုင္သည္ကို သိလိုၾကေပမည္။

ယခု အေရာင္းေစ်းကြက္ဝင္လာေသာ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္မွ စံအိမ္ကို ၾကည့္လွ်င္ ဂႏၳဝင္ေရာ့ခ္ၾကယ္ပြင့္ၾကီး ေနထုိင္ရန္ ထိုက္တန္သည့္ ခမ္းနားမႈမ်ားရွိေၾကာင္း ေတြ႔ရမည္ျဖစ္သည္။

အတၱလႏၱိတ္သမုဒၵရာႏွင့္ နဗီဆင့္ခ္ျမစ္တို႔အၾကားတည္ရွိေသာ နယူးဂ်ာစီျပည္နယ္၊ မစ္ဒယ္လ္တန္ျမိဳ႕ကေလးရွိ ေျမ ၁၅ ဧကေပၚတြင္ တည္ရွိသည္။

နယူးေယာက္ျမိဳ႕မွ တစ္နာရီခရီးသာေဝးကြာျပီး စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၁၈၀၀၀ ရွိျပီး ျပင္သစ္ ခ်ာတူးဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း ပါဝင္သည္။

စံအိမ္တန္ဖုိး မည္မွ်ရွိသနည္း။

ဘြန္ဂ်ဳိဗီက ေစ်းႏႈန္းကို လွ်ိဳ႕ဝွက္ထားရန္ ဆံုးျဖတ္ခဲ့ျပီး Christie's ၏ ေစ်းကြက္တင္မွတ္တမ္းအရ ဝယ္ယူရန္ စံုစမ္းသူမ်ားကိုသာ ေစ်းႏႈန္းသိရွိခြင့္ျပဳမည္ဟု ဆိုသည္။

ဗိသုကာပညာရွင္ ေရာဘတ္ ေအ-အမ္-စတန္းက ဒီဇိုင္းေရးဆြဲေဆာက္လုပ္ထားျပီး High Point Estate ဟု အမည္ေပးထားေသာ စံအိမ္ၾကီးသည္ ပံုမွန္ထက္ ၂ ဆၾကီးမားသည့္ တံခါးၾကီးမ်ား၊ ၾကီးမားေသာ ျပတင္းေပါက္မ်ား၊ ျပင္သစ္လသာေဆာင္မ်ားႏွင့္ ပံုမွန္ထက္ၾကီးမားသည့္ ကားလမ္းဝင္ေပါက္တို႔ ပါဝင္သည္။

ျခံဝန္းအတြင္း ပင္မစံအိမ္အျပင္ အိပ္ခန္း ၃ ခန္းပါ ေနအိမ္တစ္လံုးႏွင့္ ဘြန္ဂ်ဳိဗီ၏ အသံဖမ္းစတူဒီယိုတစ္ခုတို႔လည္း ပါဝင္ေသးသည္။

ဧည့္ခန္းမွာ အလြန္ၾကီးမားလွျပီး ၁၂ ျမင့္ေသာ မ်က္ႏွာၾကက္ရွိျပီး လွပခမ္းနားေသာ မီးလင္းဖိုၾကီး ေတြ႔ရမည္ျဖစ္သည္။

ဧည့္ခန္းမွသည္ အရက္ဘားသို႔ ေရာက္ရွိမည္ျဖစ္ျပီး ၾကီးမားလွသည့္ ျပတင္းေပါက္ၾကီးတစ္ခုရွိရာ အလည္အပတ္လာသည့္ ဧည့္သည့္မ်ားအေနျဖင့္ ျမစ္၏ရႈေမွ်ာ္ခင္းမ်ားကို ရႈျမင္ခံစားႏိုင္မည္ ျဖစ္သည္။

ေနအိမ္အတြင္း အိမ္တြင္းရုပ္ရွင္ရံု၊ မီးလင္းဖိုတစ္ခုပါဝင္ေသာ မီသားစုနားေနခန္း၊ outdoor မီးလင္းဖိုတစ္ခု ပါဝင္ေသာ ေနအိမ္ျပင္ပ နားေနေနရာတစ္ခုတို႔လည္း ပါဝင္သည္။

အေပၚထပ္မ်ားတြင္မူ ဝန္ထမ္းမ်ားအတြက္ႏွင့္ မိသားစုအတြက္ဟု ထားရွိေပးထားျပီး မိသားစုအတြက္ေနရာတြင္ master bedroom ၄ ခန္း ပါဝင္သည္။

ယခုစံအိမ္ကို ေစ်းကြက္တင္ရာတြင္ ဘြန္ဂ်ဳိဗီက ေစ်းႏႈန္းကို ေဖာ္ထုတ္ခဲ့ျခင္း မရွိေခ်။

အိမ္ျခံေျမပိုင္ရွင္တို႔က ေစ်းႏႈန္းမေၾကညာဘဲ ေမးျမန္းစံုစမ္းမွသာ ေစ်းႏႈန္းသိရမည္ဟုဆိုျခင္းမွာ တန္ဖုိးၾကီးအိမ္ျခံေစ်းကြက္တုိ႔၏ သေဘာအရ “ဒီ ေစ်းႏႈန္းကို မင္းမဝယ္ႏိုင္ပါဘူး” ဟု ဆိုလိုျခင္းျဖစ္ေၾကာင္း ကယ္လီဖိုးနီးယားျပည္နယ္မွ အိမ္ျခံေျမ developer တစ္ဦးျဖစ္သူ တိုင္လာ ဒရူးက ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service