ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ကျိုက်ထို-သထုံ-ပဲခူး-ရန်ကုန် ကို ADB ( အာရှဖွံဖြိုးရေးဘဏ်) အကူအညီဖြင့် အမြန်လမ်းဖောက်လုပ်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာနဒုတိယညွန့်ကြားရေးမှူး ဦးကြည်ဇော်မြင့်က ပြောသည်။
ထိုလမ်းမသည် အာဆီယံ၏ အရှေ့အနောက် စီးပွားစင်္ကနြ့်၏ အစိပ်အပိုင်းဖြစ်ပြီး ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် အတွင်း၊ အပြင်မိုးပျံအမြန်လမ်းနှစ်ခုဖြင့် ချိတ်ဆက်ရန်ဖြစ်သည်ဟု ၎င်းကဆိုသည်၊ ထိုလမ်းမသည် အာဆီယံအမြန်လမ်းကွန်ယက်ကို ချိတ်ဆက်ရန်အတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုအမြန်လမ်းတွင် စစ်တောင်းတံတားကိုပါ အသစ်တည်ဆောက်မည်ဖြစ်ပြီး မြဝတီမှ ရန်ကုန်အထိ အဆင့်လိုက်အကောင်ထည်ဖော်သွားမည်ဟု ၎င်းကဆိုသည်။
ကရင်ပြည်နယ်ရှိ အရှေ့အနောက် စင်္ကြံလမ်းမကြီးဖြစ်တဲ့ မြဝတီ-ကော့ကရိတ်-ဘားအံ-ကျိုက်ထို-ရန်ကုန်လမ်းရဲ့ အိန္ဒု-ကော့ကရိတ်အပိုင်းကို ADB ချေးငွေအစီအစဉ်နဲ့ ဆောင်ရွက်နေခြင်းဖြစ်သည်။
အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ချေးငွေဖြင့် ဂျိုင်း (ကော့ကရိတ်)၊ ဂျိုင်း(ဇာသပြင်) နှင့် အတ္ထရံတံတားများအသစ်တည်ဆောက်ရန် ဆောင်ရွက်နေသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ကျိုက်ထို-သထုံ-ပဲခူး-ရန်ကုန်တို့ကို ချိတ်ဆက်ရန် အမြန်လမ်းတစ်ခုဖောက်မည်ဟုဆို
ထိုလမ်းမသည် အာဆီယံ၏ အရှေ့အနောက် စီးပွားစင်္ကြန့်၏ အစိပ်အပိုင်းဖြစ်ပြီး ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် အတွင်း၊ အပြင်မိုးပျံအမြန်လမ်းနှစ်ခုဖြင့် ချိတ်ဆက်ရန်ဖြစ်သည်ဟု ၎င်းကဆိုသည်၊ ထိုလမ်းမသည် အာဆီယံအမြန်လမ်းကွန်ယက်ကို ချိတ်ဆက်ရန်အတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။