ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
စင်္ကာပူနိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော်များနှင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုတို့ရှိခဲ့သည့်တိုင် developer (မြေယာဝယ်ယူ၍ အဆောက်အအုံရောင်းချရေးလုပ်ငန်း) များက ဇန်နဝါရီအတွင်း ပုဂ္ဂလိကနေအိမ် ၆၁၈ ခု ရောင်းချခဲ့ရပြီး ယင်းမတိုင်မီလထက် ၁၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ယမန်နှစ်ကာလတူထက် ၄၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
၎င်းကိန်းဂဏန်းက ယခုနှစ်ဇန်နဝါရီအား ၂၀၂၈ ခန်း ရောင်းချခဲ့ရသည့် ၂၀၁၃ ဇန်နဝါရီနောက်ပိုင်း အကောင်းဆုံးဇန်နဝါရီဖြစ်စေခဲ့သည်ဟု သိရသည်။
“ဇန်နဝါရီလရောင်းအားဟာ ငုပ်နေတဲ့ဝယ်လိုအားကို ပြသလိုက်တာပဲဖြစ်ပါတယ်” ဟု Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်းက ပြောကြားခဲ့သည်။
၂၀၂၀ ဇန်နဝါရီရောင်းအားစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းသည် ၁ စတုရန်းပေလျှင် ပျမ်းမျှတန်ဖိုး စင်္ကာပူဒေါ်လာ ၁,၀၀၀ မှ ၂,၀၀၀ အကြား ရှိမည်ဟု ခန့်မှန်းရကြောင်းလည်း သူမက ပြောကြားခဲ့သည်။
တကယ်လည်း ရောင်းအားအများစုသည် အခန်းတန်ဖိုး စင်္ကာပူဒေါ်လာ ၁ သန်းမှ ၁ သန်းခွဲအကြား ရှိသည့် စီမံကိန်းများဖြစ်ခဲ့ကြသည်။
၅၆ ခန်းရောင်းချခဲ့ရသည့် Jadescape စီမံကိန်းက ပြီးခဲ့သည့်လအတွင်း ရောင်းအားအကောင်းဆုံးစီမံကိန်းဖြစ်ခဲ့ကာ အခန်း ၅၀ ရောင်းချခဲ့ရသည့် Treasure at Tempines က ဒုတိယ၊ ၄၄ ခန်းရောင်းချခဲ့ရသည့် Parc Esta က တတိယ၊ Parc Botannia (၃၉ ခန်း) က စတုတၳ (၁) နှင့် Parc Clematis (၃၉ ခန်း) စတုတၳ (၂) တို့ အသီးသီးရောင်းအားကောင်းခဲ့ကြကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် လူထုက အိမ်အရောင်းပြပွဲကဲ့သို့သော လူထူထပ်သောနေရာများကို ရှောင်ရှားလာကြခြင်းနှင့် အိမ်ဝယ်ယူမှုများကို နောက်ဆုတ်ရွှေ့ဆိုင်းလာကြခြင်းတို့ရှိသဖြင့် အိမ်ဝယ်လိုအားကျဆင်းမည်ကို စိုးရိမ်မှုများရှိခဲ့ကြောင်း ဆုန်းက ထုတ်ဖော်ပြောြကားခဲ့သည်။
သို့သော်လည်း ၎င်းဗိုင်းရပ်စ်က အိမ်ဝယ်လက်များကို မဟန့်တားနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ပထမကိုးရက်တာအတွင်း Executive condominium (အစိုးရနှင့်ပုဂ္ဂလိကဖက်စပ်ကွန်ဒို) မှအပ နေအိမ်အရောင်းအဝယ် ၁၄၆ ခု ရှိခဲ့ကြောင်းလည်း ဆုန်း၏ ပြောကြားချက်အရ သိရသည်။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ပုဂၢလိကေနအိမ္ေရာင္းအား ဇန္နဝါရီတြင္ ၁၄ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္
စကၤာပူႏိုင္ငံတြင္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္မ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈတို႔ရွိခဲ့သည့္တိုင္ developer (ေျမယာဝယ္ယူ၍ အေဆာက္အအုံေရာင္းခ်ေရးလုပ္ငန္း) မ်ားက ဇန္နဝါရီအတြင္း ပုဂၢလိကေနအိမ္ ၆၁၈ ခု ေရာင္းခ်ခဲ့ရၿပီး ယင္းမတိုင္မီလထက္ ၁၄ ဒသမ ၉ ရာခိုင္ႏႈန္းႏွင့္ ယမန္ႏွစ္ကာလတူထက္ ၄၁ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း ၿမိဳ႕ေတာ္စည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕က ထုတ္ျပန္ခဲ့သည္။
၎ကိန္းဂဏန္းက ယခုႏွစ္ဇန္နဝါရီအား ၂၀၂၈ ခန္း ေရာင္းခ်ခဲ့ရသည့္ ၂၀၁၃ ဇန္နဝါရီေနာက္ပိုင္း အေကာင္းဆုံးဇန္နဝါရီျဖစ္ေစခဲ့သည္ဟု သိရသည္။
“ဇန္နဝါရီလေရာင္းအားဟာ ငုပ္ေနတဲ့ဝယ္လိုအားကို ျပသလိုက္တာပဲျဖစ္ပါတယ္” ဟု Colliers International ၏ စကၤာပူႏိုင္ငံဆိုင္ရာ သုေတသနေခါင္းေဆာင္ ထရစ္ရွာဆုန္းက ေျပာၾကားခဲ့သည္။
၂၀၂၀ ဇန္နဝါရီေရာင္းအားစုစုေပါင္း၏ ၆၇ ရာခိုင္ႏႈန္းသည္ ၁ စတုရန္းေပလွ်င္ ပ်မ္းမွ်တန္ဖိုး စကၤာပူေဒၚလာ ၁,၀၀၀ မွ ၂,၀၀၀ အၾကား ရွိမည္ဟု ခန႔္မွန္းရေၾကာင္းလည္း သူမက ေျပာၾကားခဲ့သည္။
တကယ္လည္း ေရာင္းအားအမ်ားစုသည္ အခန္းတန္ဖိုး စကၤာပူေဒၚလာ ၁ သန္းမွ ၁ သန္းခြဲအၾကား ရွိသည့္ စီမံကိန္းမ်ားျဖစ္ခဲ့ၾကသည္။
၅၆ ခန္းေရာင္းခ်ခဲ့ရသည့္ Jadescape စီမံကိန္းက ၿပီးခဲ့သည့္လအတြင္း ေရာင္းအားအေကာင္းဆုံးစီမံကိန္းျဖစ္ခဲ့ကာ အခန္း ၅၀ ေရာင္းခ်ခဲ့ရသည့္ Treasure at Tempines က ဒုတိယ၊ ၄၄ ခန္းေရာင္းခ်ခဲ့ရသည့္ Parc Esta က တတိယ၊ Parc Botannia (၃၉ ခန္း) က စတုတၳ (၁) ႏွင့္ Parc Clematis (၃၉ ခန္း) စတုတၳ (၂) တို႔ အသီးသီးေရာင္းအားေကာင္းခဲ့ၾကေၾကာင္း သိရသည္။
ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနမႈေၾကာင့္ လူထုက အိမ္အေရာင္းျပပြဲကဲ့သို႔ေသာ လူထူထပ္ေသာေနရာမ်ားကို ေရွာင္ရွားလာၾကျခင္းႏွင့္ အိမ္ဝယ္ယူမႈမ်ားကို ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းလာၾကျခင္းတို႔ရွိသျဖင့္ အိမ္ဝယ္လိုအားက်ဆင္းမည္ကို စိုးရိမ္မႈမ်ားရွိခဲ့ေၾကာင္း ဆုန္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ၎ဗိုင္းရပ္စ္က အိမ္ဝယ္လက္မ်ားကို မဟန္႔တားႏိုင္ခဲ့ေၾကာင္း ေဖေဖာ္ဝါရီလ ပထမကိုးရက္တာအတြင္း Executive condominium (အစိုးရႏွင့္ပုဂၢလိကဖက္စပ္ကြန္ဒို) မွအပ ေနအိမ္အေရာင္းအဝယ္ ၁၄၆ ခု ရွိခဲ့ေၾကာင္းလည္း ဆုန္း၏ ေျပာၾကားခ်က္အရ သိရသည္။
(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသၫ္။)
Credit: iMyanmarHouse.com