ကျေးရွာမြေကို ပိုင်ဆိုင်မှုခိုင်မာအောင် ဆောင်ရွက်ခြင်း

ကျေးရွာမြေကို ပိုင်ဆိုင်မှုခိုင်မာအောင် ဆောင်ရွက်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2020 12:41 pm တွင် တင်ခဲ့သည်
1778 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

ကျေးရွာမြေဆိုတာ ပိုင်ဆိုင်မှုအထောက်အထား မရှိပါဘူး။ ကျေးရွာအတွင်းက မြေများသည် သာမန် အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇဝင် မှတ်တမ်းမထားပါဘူး၊ မြေတစ်ကွက်ချင်းအတွက် ဧရိယာ စာရင်းလည်း မရှိပါဘူး။ ကျေးရွာမြေတစ်ခုကို ပိုင်ဆိုင်မှုခိုင်မာအောင် ပိုင်ဆိုင်မှုမှတ်တမ်းရရှိရန် ကျေးရွာဂရန် လျှောက်ထားခြင်း၊ လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ်- ၃(က) လျှောက်ထားခြင်း စသည် ဖြင့် ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ လျှောက်ထားဆောင်ရွက်ရန်အတွက် အောက်ပါစာရွက်စာတမ်းများ လိုအပ်မည်ဖြစ်ပါသည်။

ကျေးရွာမြေငှားဂရန်လျှောက်ထားခြင်းကို သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပြီး အောက်ပါ စာရွက်စာတမ်းအချက်အလက်များ လိုအပ်မှာဖြစ်ပါသည်။

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်။

(ခ) လျှောက်ထားသူသည် ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူဖြစ်ရပါမည်။

(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆)။

(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း (၁၂)နှစ် နေထိုင်မှုရှိသူ။

(င) လျှောက်ထားသောမြေတည်နေရာ မြေကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ။

(စ) လျှောက်ထေားမြေ၏အလား(၄) ရပ် (အရှေ့၊အနောက်၊တောင်၊မြောက်အရပ်ရှိမြေများ)။

(ဆ) လျှောက်ထားမြေပေါ်တွင် တည်ဆောက်မည့် အဆောက်အအုံ၏အရွယ်အစားနှင့် ဆောက်လုပ်မည့်ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)။

(ဇ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်းပုံစံ (၁၀၅/၁၀၆)။

(ဈ) အဆောက်အအုံ ဘေးမြင်/ရှေ့မြင် ဓာတ်ပုံ (၂)ပုံ။

(ည) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား။

(ဋ) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။

(ဌ) မြေယာပိုင်ဆိုင်မှုအရှပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်။

အထက်ပါစာရွက်စာတမ်းအထောက်အထားများဖြင့် တင်ပြရမှာဖြစ်ပြီး ဌာနမှအောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း စိစစ်ဆောင်ရွက်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ(၁)ဧကအောက်ဖြစ်ပါက အမှုတွဲကိုစိစစ်၍ မြေငှား ဂရန်ထုတ်ပေးပါသည်။ (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ)နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉)အရဖြစ်ပါတယ်။

လျှောက်ထားမြေသည် မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးထံအမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင်ြ့ပုချက်ဖြင့် ခရိုင်အုပ်ချုပ် ရေးမှူးမှ မြေငှားဂရန်ထုတ်ပေးပါသည်။

မြေဧရိယာ(၅)ဧကအထက်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုချက်ရရှိပါက (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ)(ဂ) အရ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉ (ဂ)အရ နှစ်ရှည်မြေငှားဂရန်ပေးရန် သက်ဆိုင် ရာခရိုင်အုပ်ချုပ်ရေးမှူးအား လုပ်ပိုင်ခွင့်အပ်နှင်းပြီး ဂရန်ထုတ်ပေးမည်ဖြစ်ပါသည်။

ပေးသွင်းရမည့်မြေခွန်နှုန်းထားကတော့ မြို့နယ်အလိုက် သက်ဆိုင်ရာ တိုင်းအစိုးရမှ သတ်မှတ်ချက် အတိုင်းပေးသွင်းရမှာဖြစ်ပါတယ်။ လယ်ယာမြေမှကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ် ၃(က)လျှောက်ထားခြင်းဆိုတာ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်ဟူသော စကားရပ်အရဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ်ကို ၃(က) ကို ဆိုလိုပါတယ်။

၃(က) Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

ထို့ကြောင့် ၃(က)မြေကို ဝယ်ယူမည်ဆိုလျှင် အဆိုပါသက်သေခံလက်မှတ်ကို စစ်ဆေးယူရမှာ ဖြစ်ပါတယ်။ အဆိုပါ သက်သေခံလက်မှတ်မှန်ကံခြင်းရှိ/မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းဆိုလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် စစ်ဆေးနိုင်ပါတယ်။ ဝယ်ယူတဲ့အခါတွင် အရောင်းအဝယ်စာချုပ် အဆက်ဆက်ကို စစ်ဆေးရယူဖို့ လိုပါတယ်။ ၃(က)မြေကို ဝယ်ယူသူသည် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူရမှာဖြစ်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ခများကို ပေးသွင်းရမှာဖြစ်ပါတယ်။ အဆိုပါမှတ်ပုံတင်အရောင်းအဝယ် စာချုပ်ကို တင်ပြပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် Certificate တွင် ဝယ်ယူသူအမည်သို့ အမည်ပြောင်း လျှောက်ထား ရမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ေက်းရြာေျမကို ပိုင္ဆိုင္မႈခိုင္မာေအာင္ ေဆာင္ရြက္ျခင္း

ေက်းရြာေျမဆိုတာ ပိုင္ဆိုင္မႈအေထာက္အထား မရွိပါဘူး။ ေက်း႐ြာအတြင္းက ေျမမ်ားသည္ သာမန္ အားျဖင့္ ဦးပိုင္ခြဲ မထားသလို ဦးပိုင္လိုက္ ေျမရာဇဝင္ မွတ္တမ္းမထားပါဘူး၊ ေျမတစ္ကြက္ခ်င္းအတြက္ ဧရိယာ စာရင္းလည္း မ႐ွိပါဘူး။ ေက်း႐ြာေျမတစ္ခုကို ပိုင္ဆိုင္မႈခိုင္မာေအာင္ ပိုင္ဆိုင္မႈမွတ္တမ္းရ႐ွိရန္ ေက်းရြာဂရန္ ေလွ်ာက္ထားျခင္း၊ လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ၀န္ခံခ်က္လက္မွတ္- ၃(က) ေလွ်ာက္ထားျခင္း စသည္ ျဖင့္ ေဆာင္ရြက္ႏိုင္ပါသည္။ ထိုသို႔ ေလွ်ာက္ထားေဆာင္ရြက္ရန္အတြက္ ေအာက္ပါစာရြက္စာတမ္းမ်ား လိုအပ္မည္ျဖစ္ပါသည္။

ေက်းရြာေျမငွားဂရန္ေလွ်ာက္ထားျခင္းကို သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ေအာက္ပါ စာရြက္စာတမ္းအခ်က္အလက္မ်ား လိုအပ္မွာျဖစ္ပါသည္။

(က) ေလၽွာက္ထားသူအမည္၊ အမ်ိဳးသားမွတ္ပံုတင္အမွတ္၊ ေနရပ္လိပ္စာႏွင့္ အလုပ္အကိုင္။

(ခ) ေလွ်ာက္ထားသူသည္ ေက်းရြာအတြင္း အမွန္တကယ္ေနထိုင္သူျဖစ္ရပါမည္။

(ဂ) ေလွ်ာက္ထားသူပါ၀င္သည့္ အိမ္ေထာင္စုစာရင္း ပံုစံ (၆၆/၆)။

(ဃ) အျခားအရပ္ေဒသမွ ပံုစံ(၁၀)ျဖင့္ တရား၀င္ေျပာင္းေရႊ႕လာပါက တစ္ဆက္တစ္စပ္တည္း (၁၂)ႏွစ္ ေနထိုင္မႈရွိသူ။

(င) ေလၽွာက္ထားေသာေျမတည္ေနရာ ေျမကြက္၊ ဦးပိုင္အမွတ္၊ ေျမကြက္အမွတ္၊ လမ္း သို႔မဟုတ္ နယ္ေျမေဒသ။

(စ) ေလၽွာက္ေထားေျမ၏အလား(၄) ရပ္ (အေရွ႕၊အေနာက္၊ေတာင္၊ေျမာက္အရပ္ရွိေျမမ်ား)။

(ဆ) ေလွ်ာက္ထားေျမေပၚတြင္ တည္ေဆာက္မည့္ အေဆာက္အအုံ၏အရြယ္အစားႏွင့္ ေဆာက္လုပ္မည့္ပစၥည္းအမ်ိဳးအမည္မ်ား၊ (ဥပမာ - တိုက္အိမ္၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သစ္တိုင္အိမ္)။

(ဇ) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာန၏ သက္ေသခံေျမစာရင္းပံုစံ (၁၀၅/၁၀၆)။

(စ်) အေဆာက္အအံု ေဘးျမင္/ေရွ႕ျမင္ ဓာတ္ပံု (၂)ပံု။

(ည) ေလွ်ာက္ထားေျမအား ပိုင္ဆိုင္ေၾကာင္း အေထာက္အထား။

(ဋ) ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္။

(ဌ) ေျမယာပိုင္ဆိုင္မႈအရွပ္အရွင္းကင္းရွင္းေၾကာင္း ကိုယ္တိုင္၀န္ခံခ်က္။

အထက္ပါစာရြက္စာတမ္းအေထာက္အထားမ်ားျဖင့္ တင္ျပရမွာျဖစ္ၿပီး ဌာနမွေအာက္ပါလုပ္ထံုး လုပ္နည္းမ်ားအတိုင္း စိစစ္ေဆာင္ရြက္ပါတယ္။

ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးသည္ ဂရန္ေလွ်ာက္ထားေျမ(၁)ဧကေအာက္ျဖစ္ပါက အမႈတြဲကိုစိစစ္၍ ေျမငွား ဂရန္ထုတ္ေပးပါသည္။ (ေအာက္ျမန္မာျပည္ေျမ ႏွင့္အခြန္နည္းဥပေဒ - ၅၁(ခ)ႏွင့္ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားနည္းဥပေဒ - ၉)အရျဖစ္ပါတယ္။

ေလွ်ာက္ထားေျမသည္ ေျမဧရိယာ (၁)ဧကအထက္မွ (၅)ဧကအထိျဖစ္ပါက တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးထံအမႈတြဲတင္ျပ၍ တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး၏ ခြင္ျ့ပဳခ်က္ျဖင့္ ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴးမွ ေျမငွားဂရန္ထုတ္ေပးပါသည္။

ေျမဧရိယာ(၅)ဧကအထက္ေလၽွာက္ထားလာပါက တိုင္းေဒသၾကီး/ ျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနသည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ဆက္လက္တင္ျပ၍ ၫႊန္ၾကားေရးမွဴးခ်ဳပ္မွတစ္ဆင့္ ျပည္ေထာင္စုအစိုးအဖြဲ႕႐ုံးဝန္ၾကီးဌာနသို႔ တင္ျပ၍ ခြင့္ျပဳခ်က္ရယူရပါမည္။

ျပည္ေထာင္စုဝန္ၾကီး၏ခြင့္ျပဳခ်က္ရရွိပါက (ေအာက္ျမန္မာျပည္ေျမ ႏွင့္အခြန္နည္းဥပေဒ - ၅၁(ခ)(ဂ) အရ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားနည္းဥပေဒ - ၉ (ဂ)အရ ႏွစ္ရွည္ေျမငွားဂရန္ေပးရန္ သက္ဆိုင္ ရာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးအား လုပ္ပိုင္ခြင့္အပ္ႏွင္းၿပီး ဂရန္ထုတ္ေပးမည္ျဖစ္ပါသည္။

ေပးသြင္းရမည့္ေျမခြန္ႏႈန္းထားကေတာ့ ၿမိဳ႕နယ္အလိုက္ သက္ဆိုင္ရာ တိုင္းအစိုးရမွ သတ္မွတ္ခ်က္ အတိုင္းေပးသြင္းရမွာျဖစ္ပါတယ္။ လယ္ယာေျမမွကင္းလြတ္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ ၃(က)ေလွ်ာက္ထားျခင္းဆိုတာ ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒပုုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ ၿမိဳ႕နယ္နိမိတ္၊ ေက်း႐ြာနယ္နိမိိတ္ အတြင္း႐ွိ လူေနအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အဦႏွင့္ ပရိဝုဏ္မ်ား၊ အမ်ားပိုင္ဆိုင္၍ စိုက္ပ်ိဳးေရးအတြက္ အသုံးမျပဳေသာေျမမ်ား မပါ၀င္ဟူေသာ စကားရပ္အရဆိုပါက လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ၀န္ခံခ်က္ လက္မွတ္ကို ၃(က) ကို ဆိုလိုပါတယ္။

၃(က) Certificate ထုတ္ေပးရန္္ ရန္ကုန္ၿမိဳ႕ေတာ္္ စည္ပင္ယာေရးေကာ္မတီမွ လုပ္ထုံးလုပ္နည္း ထုတ္ျပန္ေဆာင္႐ြက္ေနေသာ္လည္း က်န္ေဒသမ်ားအတြက္ ဗဟိုလယ္စီအဖြဲ႕မွ ယေန႔ထိ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားျခင္း မ႐ွိေသးပါဘူး။ ဒါေၾကာင့္ ၫႊန္ၾကားခ်က္ရမွသာ ရ႐ွိႏိုင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ ရပါတယ္။

ထို႔ေၾကာင့္ ၃(က)ေျမကို ၀ယ္ယူမည္ဆိုလွ်င္ အဆိုပါသက္ေသခံလက္မွတ္ကို စစ္ေဆးယူရမွာ ျဖစ္ပါတယ္။ အဆိုပါ သက္ေသခံလက္မွတ္မွန္ကံျခင္းရွိ/မရွိကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္းဆိုလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန တြင္ စစ္ေဆးႏိုင္ပါတယ္။ ၀ယ္ယူတဲ့အခါတြင္ အေရာင္းအ၀ယ္စာခ်ဳပ္ အဆက္ဆက္ကို စစ္ေဆးရယူဖို႔ လိုပါတယ္။ ၃(က)ေျမကို ၀ယ္ယူသူသည္ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ၀ယ္ယူရမွာျဖစ္ၿပီး မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ၀ယ္ခြန္၊ တံဆိပ္ေခါင္းခြန္၊ မွတ္ပံုတင္ခမ်ားကို ေပးသြင္းရမွာျဖစ္ပါတယ္။ အဆိုပါမွတ္ပံုတင္အေရာင္းအ၀ယ္ စာခ်ဳပ္ကို တင္ျပၿပီး ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ံဳးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ Certificate တြင္ ၀ယ္ယူသူအမည္သို႔ အမည္ေျပာင္း ေလွ်ာက္ထား ရမွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service