ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မြဝတီ မြို့သစ်စီမံကိန်း မြေကွက်များအရောင်းပြပွဲကို ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၈ ၊ ၉ ) ရက်များတွင် မနက် ( ၉ ) နာရီ မှ ညနေ ( ၅ ) နာရီ အထိ ရန်ကုန်မြို့ရှိ Melia Hotel နှင့် မြဝတီမြို့ရှိ Grade One Hotel တို့တွင် တစ်ပြိုင်နက် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဖွင့်ပွဲအခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ဖေဖော်ဝါရီလ( ၈ )ရက်နေ့တွင် မြဝတီမြို့ရှိ Grade One Hotel တွင် Steel Stone Company နှင့် Chit Linn Myaing Company တို့မှ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ အရောင်းပြပွဲ (၂) ရက်အတွင်း အထူးသက်သာခွင့်များ ၊ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
မြဝတီ မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Steel Stone Company နှင့် Chit Linn Myaing Company တို့မှ ပူးပေါင်း၍ မြေအကျယ်အဝန်း ၅၄၃.၉၁ ဧက ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိမြဝတီမြို့ရှိ ရပ်ကွက်ကြီး ၅ ၏ အနီးတွင် ရပ်ကွက် ၆ နှင့် ၇ အဖြစ် ထပ်မံတိုးချဲ့မည်ဖြစ်သည်။ အဆိုပါစီမံကိန်းအတွင်းတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းပေးခြင်း ၊ ကွန်ကရစ်လမ်းများ ၊ ပန်းခြံနှင့်ရေကန် ၊ ဈေး ၊ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်း ၊ ဘောလုံးကွင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။
“ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ မြဝတီမြို့သစ်စီမံကိန်း ဟာ မြို့ှလည်ခေါင်မှ (၅) မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်နိုင်တဲ့နေရာမှာ တည်ရှိပါတယ်။ မြေဈေးကြီးတဲ့ မြဝတီမြို့မှာ အခုလိုမျိုး ဈေးသက်သက်သာသာဖြင့် ရောင်းချပေးနေတာဖြစ်လို့ နေထိုင်မဲ့သူတွေအတွက်ရော ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ကုန်သွယ်ရေးလုပ်ငန်း ၊ ကားဂိုထောင်များ ၊ ကုန်ပစ္စည်းဂိုထောင်များ ၊ စက်ရုံ ၊ အလုပ်ရုံများလည်း ဖွင့်ရန်အတွက် သင့်တော်ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ မုံရွာ၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက်ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၈၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
iMyanmarHouse.com မွ ၾကီးမွဴး၍ ျမဝတီ ၿမိဳ႕သစ္စီမံကိန္းေျမကြက္မ်ား စတင္အေရာင္းဖြင့္လွစ္
ျမန္မာနိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com ( အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း ) မွ ၾကီးမွဴး၍ ျမဝတီ ျမိဳ႕သစ္စီမံကိန္း ေျမကြက္မ်ားအေရာင္းျပပြဲကို ၂၀၂၀ ခုနွစ္ ၊ ေဖေဖာ္ဝါရီလ ( ၈ ၊ ၉ ) ရက္မ်ားတြင္ မနက္ ( ၉ ) နာရီ မွ ညေန ( ၅ ) နာရီ အထိ ရန္ကုန္ျမိဳ႕ရွိ Melia Hotel ႏွင့္ ျမဝတီျမိဳ႕ရွိ Grade One Hotel တို႔တြင္ တစ္ျပိဳင္နက္ ျပဳလုပ္က်င္းပခဲ့ေၾကာင္း သတင္းရရွိသည္။
ဖြင့္ပြဲအခမ္းအနားကို ျပပြဲပထမရက္ျဖစ္သည့္ ေဖေဖာ္ဝါရီလ( ၈ )ရက္ေန႔တြင္ ျမဝတီျမိဳ႕ရွိ Grade One Hotel တြင္ Steel Stone Company နွင့္ Chit Linn Myaing Company တို႔မွ တာဝန္ရွိသူမ်ားမွ ဖဲၾကိဳးျဖတ္ဖြင့္လွစ္ခဲ့သည္။ အေရာင္းျပပြဲ (၂) ရက္အတြင္း အထူးသက္သာခြင့္မ်ား ၊ အတုိးမဲ့အရစ္က်စနစ္မ်ားျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
ျမဝတီ ျမိဳ႕သစ္စီမံကိန္း သည္ ကရင္ျပည္နယ္အစိုးရအဖြဲ႔၏ ဦးေဆာင္မွုျဖင့္ Steel Stone Company နွင့္ Chit Linn Myaing Company တို႔မွ ပူးေပါင္း၍ ေျမအက်ယ္အဝန္း ၅၄၃.၉၁ ဧက ေပၚတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။ လက္ရွိျမဝတီျမိဳ႕ရွိ ရပ္ကြက္ၾကီး ၅ ၏ အနီးတြင္ ရပ္ကြက္ ၆ ႏွင့္ ၇ အျဖစ္ ထပ္မံတိုးခ်ဲ႕မည္ျဖစ္သည္။ အဆိုပါစီမံကိန္းအတြင္းတြင္ မဟာဓာတ္အားလိုင္းမွ လ်ွပ္စစ္မီးသြယ္တန္းေပးျခင္း ၊ ကြန္ကရစ္လမ္းမ်ား ၊ ပန္းျခံႏွင့္ေရကန္ ၊ ေစ်း ၊ ဌာနဆိုင္ရာရံုးမ်ား ၊ စာသင္ေက်ာင္း ၊ ေဘာလံုးကြင္း စသည္တို႔ ပါဝင္မည္ျဖစ္သည္။
“ ဒီကေန့ က်င္းပျပဳလုပ္တဲ့ ျမဝတီျမိဳ႕သစ္စီမံကိန္း ဟာ ျမိဳ႕ွလည္ေခါင္မွ (၅) မိနစ္ခန္႔ ကားေမာင္းရံုျဖင့္ ေရာက္ႏိုင္တဲ့ေနရာမွာ တည္ရွိပါတယ္။ ေျမေစ်းၾကီးတဲ့ ျမဝတီျမိဳ ႔မွာ အခုလိုမ်ိဳး ေစ်းသက္သက္သာသာျဖင့္ ေရာင္းခ်ေပးေနတာျဖစ္လို႔ ေနထိုင္မဲ့သူေတြအတြက္ေရာ ၊ စီးပြားေရးလုပ္ငန္းလုပ္ကိုင္လိုသူေတြအတြက္ပါ အဆင္ေျပေစပါတယ္။ ကုန္သြယ္ေရးလုပ္ငန္း ၊ ကားဂိုေထာင္မ်ား ၊ ကုန္ပစၥည္းဂိုေထာင္မ်ား ၊ စက္ရံု ၊ အလုပ္ရံုမ်ားလည္း ဖြင့္ရန္အတြက္ သင့္ေတာ္ပါတယ္။ ” ဟု ျပပြဲစီစဥ္က်င္းပသည့္ iMyanmarHouse.com ၏ မန္ေနဂ်င္းဒါရိုက္တာျဖစ္သူ ဦးေနမင္းသူမွ ေျပာၾကားသြားသည္။
“ ကြ်န္ေတာ္တို႔ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဟာ ျမန္မာနိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္နိုင္ေစရမယ္ဆိုတဲ့ေဆာင္ပုဒ္နဲ႔အညီ အမ်ားျပည္သူေတြ အလြယ္တကူ အိမ္ပိုင္ဆိုင္ႏိုင္ေစဖို႔ အိမ္ျခံေျမေလာကထဲမွာ အစြမ္းကုန္ ၾကိဳးစားေဆာင္ရြက္ေနပါတယ္။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ မံုရြာ၊ စစ္ေတြ အစရွိတဲ့ ျမန္မာတစ္နိုင္ငံလံုးမွာရွိတဲ့ အိမ္ျခံေျမေတြအျပင္ ထိုင္း၊ မေလးရွား၊ စင္ကာပူ အစရွိတဲ့ ျပည္ပႏိုင္ငံေတြမွာရွိတဲ့ အိမ္ျခံေျမမ်ားကိုလည္း ေရာင္းခ်ေပးေနပါတယ္။ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းက ေရာင္းခ်ေပးတဲ့ အိမ္ရာစီမံကိန္းတိုင္းနီးပါး ေရာင္းအားေကာင္းေကာင္းနဲ႔ ေအာင္ျမင္တာကို ေတြ႔ရပါတယ္။ ဒီလိုေအာင္ျမင္တာကလည္း ကြ်န္ေတာ္တို႔ကို တခဲနက္ယံုၾကည္အားေပးတဲ့ပရိသတ္ႀကီးနဲ႔ ေခတ္မွီဆန္းသစ္တဲ့ ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေတြ ေၾကာင့္ပါ။ စီမံကိန္းတစ္ခုေအာင္ျမင္ဖို႔အတြက္ ထိေရာက္တဲ့ အႀကံဥာဏ္ေတြ ေပးၿပီး ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေပါင္းစံုနဲ႔ ေရာင္းခ်ေပးပါတယ္။ အခုဆိုရင္ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဝဘ္ဆိုက္နဲ႔ ဖုန္းအက္ပလီေကးရွင္းေတြကို လစဥ္ ဝင္ေရာက္အသံုးျပဳေနသူေပါင္း (၃.၈) သန္းေက်ာ္ရွိပါတယ္။ iMyanmarHouse.com ကို ျမန္မာျပည္တြင္းသာမက ျပည္ပကပါဝင္ေရာက္ အသံုးျပဳကာ အိမ္ျခံေျမေတြရွာေဖြေနၾကပါတယ္။ ကြ်န္ေတာ္တို႔နဲလက္တြဲျပီး အလုပ္လုပ္ေနတဲ့ အက်ိဳးေဆာင္လုပ္ငန္းေပါင္း (၂၈၀၀) ေက်ာ္၊ ေဆာက္လုပ္ေရးကုမၸဏီေပါင္း (၇၀၀) ေက်ာ္ ရွိပါတယ္။ ကြ်န္ေတာ္တုိ႔နဲ႔ပူးေပါင္းေဆာင္႐ြက္လိုတဲ့ အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအားလံုးကိုၾကိဳဆိုပါတယ္ ” ဟု ဦးေနမင္းသူမွ ျဖည့္စြက္ေျပာၾကားသြားခဲ့သည္။
iMyanmarHouse.com
အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္
ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com