ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်၊မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုကို ခွင့်ပြုခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်က ကျင်းပသည့် (၂ /၂၀၂၀) အစည်းအဝေးအရ သိရသည်။
အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ဥက္ကဋ္ဌဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ယင်းအစည်းအဝေးမှ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်နိုင်သော LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း ရှစ်ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၉၄ ဒသမ ၀၉၅ သန်း နှင့် ကျပ် ၁၅၂၂၀ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၅၈၇ နေရာကို ပြည်တွင်းလုပ်သားများအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
### Unicode Version ###
မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က လျှပ်စစ်၊မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက် အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုကို ခွင့်ပြုခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်က ကျင်းပသည့် (၂ /၂၀၂၀) အစည်းအဝေးအရ သိရသည်။
အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီး မြှုုပ်နှံမှုကော်မရှင်အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ဥက္ကဋ္ဌဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ယင်းအစည်းအဝေးမှ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုုပ်နှံမည့် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်နိုင်သော LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက် အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း ရှစ်ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၉၄ ဒသမ ၀၉၅ သန်း နှင့် ကျပ် ၁၅၂၂၀ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၅၈၇ နေရာကို ပြည်တွင်းလုပ်သားများအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com