ကမၻာေက်ာ္ အေမရိကန္ေဘာလံုးသမား လန္ဒန္ ဒိုႏိုဗန္က နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္ရွိ စံအိမ္ကို အေရာင္းေစ်းကြက္တင္

ကမၻာေက်ာ္ အေမရိကန္ေဘာလံုးသမား လန္ဒန္ ဒိုႏိုဗန္က နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္ရွိ စံအိမ္ကို အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
24 Jan 2020 11:54 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

လန္ဒန္ဒိုႏိုဗန္၏ အမည္ရင္းမွာ လန္ဒန္ တင္မသီ ဒိုႏိုဗန္ျဖစ္ျပီး ၁၉၈၂ ခုႏွစ္၊ မတ္လ ၄ ရက္တြင္ ေမြးဖြားကာ အေမရိကန္ ေဘာလံုးၾကယ္ပြင့္တစ္ဦးျဖစ္သည္။

လန္ဒန္ ဒိုႏိုဗန္သည္ ေလဗာကူဆင္၊ ဘိုင္ယန္ျမဴးနစ္၊ အဲဗာတန္ ကလပ္အသင္းမ်ားတြင္ ကစားခဲ့ဖူးျပီး ၂၀၀၂ ကမၻာ့ဖလားတြင္ အေကာင္းဆံုးလူငယ္ကစားသမားဆု ရရွိခဲ့သည္။

၂၀၁၄ ခုႏွစ္တြင္ ကစားသမားဘဝမွ အနားယူခဲ့ျပီး လက္ရွိအားျဖင့္ San Diego Loyal SC ေဘာလံုးအသင္းကို တည္ေထာင္ထားျပီး နည္းျပအျဖစ္လည္း ေဆာင္ရြက္လ်က္ရွိသည္။

မန္ဟက္တန္ ကမ္းေျခေရျပင္မွ တစ္မိုင္ခန္႔သာ ေဝးကြာျပီး ေနအိမ္ ၂ လံုးပါေသာ ျခံကြက္သည္ တစ္ခ်ိန္က အေမရိကန္ ေဘာလံုးၾကယ္ပြင့္ လန္ဒန္ဒိုႏိုဗန္ပိုင္ဆိုင္ခဲ့ေသာေနရာျဖစ္ျပီး လက္ရွိတြင္ ကန္ေဒၚလာ ၆ ဒသမ ၇၅ သန္းေစ်းေခၚထားသည္။ ေနအိမ္ေနာက္ဘက္ရွိ ေရကူးကန္မွာ အုန္းပင္မ်ား၊ အျခားစိမ္းလန္းေသာ သစ္ပင္ပန္းမန္မ်ားျဖင့္ ဝန္းပတ္ေနသည္။

L.A. Galaxy အသင္းတြင္ အသင္းေခါင္းေဆာင္အျဖစ္ ကာလတာရွည္ပါဝင္ခဲ့သူ ဒိုႏိုဗန္သည္ အဆိုပါေနအိမ္ကို ၆ ႏွစ္ခန္႔ ပိုင္ဆိုင္ခဲ့ျပီး ၂၀၁၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

ျခံဝန္းတြင္းရွိ ေနအိမ္ ၂ လံုးလံုးကို ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး တစ္လံုးမွာ စတုရန္းေပ ၃၄၀၀ က်ယ္ဝန္းျပီး အျခားတစ္လံုးမွာ စတုရန္းေပ ၂၄၀၀ အက်ယ္အဝန္းရွိသည္။

ေနအိမ္ေနာက္ဘက္တြင္ အပန္းေျဖစခန္းအသြင္ ေရကူးကန္၊ spa ၂ ခုႏွင့္ ေရတံခြန္ ၂ ခုတို႔လည္း ပါဝင္သည္။

ေနအိမ္ ၂ လံုးအနက္ ၾကီးမားေသာ ေနအိမ္မွာ သမားရိုးက် ရိုးရာဟန္ ပိုဆန္ျပီး အခန္းဖြင့္ပံုစံျဖစ္ကာ မီးဖိုေဆာင္၊ နံနက္စာေနရာႏွင့္ ဧည့္ခန္းတို႔ကို တေပါင္းတည္း ဖြဲ႔ထားသည္။

မီးဆိုင္းတပ္ဆင္ထားေသာ ေလွကားၾကီးမွတဆင့္ ဒုတိယထပ္သို႔ ေရာက္ရွိမည္ျဖစ္ျပီး ဒုတိယထပ္တြင္ မီးလင္းဖိုတစ္ခုပါဝင္ေသာ master bedroom တစ္ခန္းပါရွိကာ သီးသန္႔ လသာေဆာင္လည္း ပါဝင္သည္။

ေနအိမ္အတြင္း အားကစားေလ့က်င့္ေရးခန္းမ၊ spa၊ ေခၽြးထုတ္ခန္း၊ ရုပ္ရွင္ရံု၊ အရက္ဘားတုိ႔ ပါဝင္သည္။

လန္ဒန္ ဒိုႏိုဗန္ကို အေမရိကန္သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုးေဘာလံုးသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္ဟု သတ္မွတ္ထားၾကသည္။

San Jose Earthquakes ႏွင့္ L.A. Galaxy အသင္းမ်ားတြင္ ပါဝင္ကစားစဥ္ MLS ဖလား ၆ ၾကိမ္ရရွိခဲ့သည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Christie’s International Real Estate မွ အက်ဳိးေဆာင္ အက္ဒ္ဝါ့ ကာမင္စကီး ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

လန်ဒန်ဒိုနိုဗန်၏ အမည်ရင်းမှာ လန်ဒန် တင်မသီ ဒိုနိုဗန်ဖြစ်ပြီး ၁၉၈၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် မွေးဖွားကာ အမေရိကန် ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်သည်။

လန်ဒန် ဒိုနိုဗန်သည် လေဗာကူဆင်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန် ကလပ်အသင်းများတွင် ကစားခဲ့ဖူးပြီး ၂၀၀၂ ကမ္ဘာ့ဖလားတွင် အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး လက်ရှိအားဖြင့် San Diego Loyal SC ဘောလုံးအသင်းကို တည်ထောင်ထားပြီး နည်းပြအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။

မန်ဟက်တန် ကမ်းခြေရေပြင်မှ တစ်မိုင်ခန့်သာ ဝေးကွာပြီး နေအိမ် ၂ လုံးပါသော ခြံကွက်သည် တစ်ချိန်က အမေရိကန် ဘောလုံးကြယ်ပွင့် လန်ဒန်ဒိုနိုဗန်ပိုင်ဆိုင်ခဲ့သောနေရာဖြစ်ပြီး လက်ရှိတွင် ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်းဈေးခေါ်ထားသည်။ နေအိမ်နောက်ဘက်ရှိ ရေကူးကန်မှာ အုန်းပင်များ၊ အခြားစိမ်းလန်းသော သစ်ပင်ပန်းမန်များဖြင့် ဝန်းပတ်နေသည်။

L.A. Galaxy အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကာလတာရှည်ပါဝင်ခဲ့သူ ဒိုနိုဗန်သည် အဆိုပါနေအိမ်ကို ၆ နှစ်ခန့် ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ခြံဝန်းတွင်းရှိ နေအိမ် ၂ လုံးလုံးကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး တစ်လုံးမှာ စတုရန်းပေ ၃၄၀၀ ကျယ်ဝန်းပြီး အခြားတစ်လုံးမှာ စတုရန်းပေ ၂၄၀၀ အကျယ်အဝန်းရှိသည်။

နေအိမ်နောက်ဘက်တွင် အပန်းဖြေစခန်းအသွင် ရေကူးကန်၊ spa ၂ ခုနှင့် ရေတံခွန် ၂ ခုတို့လည်း ပါဝင်သည်။

နေအိမ် ၂ လုံးအနက် ကြီးမားသော နေအိမ်မှာ သမားရိုးကျ ရိုးရာဟန် ပိုဆန်ပြီး အခန်းဖွင့်ပုံစံဖြစ်ကာ မီးဖိုဆောင်၊ နံနက်စာနေရာနှင့် ဧည့်ခန်းတို့ကို တပေါင်းတည်း ဖွဲ့ထားသည်။

မီးဆိုင်းတပ်ဆင်ထားသော လှေကားကြီးမှတဆင့် ဒုတိယထပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒုတိယထပ်တွင် မီးလင်းဖိုတစ်ခုပါဝင်သော master bedroom တစ်ခန်းပါရှိကာ သီးသန့် လသာဆောင်လည်း ပါဝင်သည်။

နေအိမ်အတွင်း အားကစားလေ့ကျင့်ရေးခန်းမ၊ spa၊ ချွေးထုတ်ခန်း၊ ရုပ်ရှင်ရုံ၊ အရက်ဘားတို့ ပါဝင်သည်။

လန်ဒန် ဒိုနိုဗန်ကို အမေရိကန်သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးဘောလုံးသမားများတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

San Jose Earthquakes နှင့် L.A. Galaxy အသင်းများတွင် ပါဝင်ကစားစဉ် MLS ဖလား ၆ ကြိမ်ရရှိခဲ့သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Christie’s International Real Estate မှ အကျိုးဆောင် အက်ဒ်ဝါ့ ကာမင်စကီး ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service