အေမရိကန္သမၼတေဟာင္း ေရာ္နယ္ေရဂင္ႏွင့္ ဇနီးျဖစ္သူ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီးတို႔၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၆ ဒ သမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္သမၼတေဟာင္း ေရာ္နယ္ေရဂင္ႏွင့္ ဇနီးျဖစ္သူ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီးတို႔၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၆ ဒ သမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
24 Jan 2020 11:08 am တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေရာ္နယ္ေရဂင္သည္ အေမရိကန္ျပည္ေထာင္စု၏ ၄၀ ဆက္ေျမာက္ သမၼတၾကီးျဖစ္ျပီး ၁၉၈၁ ခုႏွစ္မွ ၁၉၈၉ ခုႏွစ္အထိ သမၼတသက္တမ္း ၂ ၾကိမ္တာဝန္ထမ္းေဆာင္ခဲ့သည္။

သမၼတအျဖစ္ တာဝန္မထမ္းေဆာင္မီက ေရဂင္သည္ ေဟာလိဝုဒ္သရုပ္ေဆာင္တစ္ဦးျဖစ္ခဲ့သည္။

သူ၏ ဒုတိယသက္တမ္းကာလအတြင္း စစ္ေအးေခတ္ အဆံုးသတ္ျခင္း၊ လစ္ဗ်ားကို ဗံုးၾကဲတိုက္ခိုက္ျခင္း၊ အီရန္-အီရတ္စစ္ပြဲႏွင့္ အီရန္-ကြန္ထရာ အေရးမ်ား ေပၚေပါက္ခဲ့သည္။

Hellcats of the Navy ဟူေသာ ရုပ္ရွင္ဇာတ္ကားတြင္ ေရာ္နယ္ေရဂင္သည္ ဇနီးျဖစ္သူ နန္စီေရဂင္ႏွင့္အတူ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ယခုအခါ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ လူကံုထံရပ္ကြက္ တစ္ခုျဖစ္ေသာ Little Holmby တြင္ တည္ရွိသည့္ ေနအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာသည္။

Little Holmby သည္ ေလာ့စ္အိန္ဂ်လိ၏ နာမည္ေက်ာ္ Holmby Hills ၊ Bel Air အစရွိသည့္ ေဒသမ်ားႏွင့္ ကပ္လ်က္တည္ရွိျပီး ေလာ့စ္အိန္ဂ်လိတြင္ လူၾကိဳက္အမ်ားဆံုးေနရာတစ္ခုျဖစ္ကာ ေျမထဲပင္လယ္၊ စပိန္ရီဗိုက္ဗယ္အစရွိသည့္ ဗိသုကာလက္ရာဟန္ စံအိမ္မ်ားျဖင့္ နာမည္ေက်ာ္ေသာေဒသျဖစ္သည္။

ယခုေစ်းကြက္ဝင္လာသည့္ ေနအိမ္ကို ကိုလိုနီ ရီဗိုက္ဗယ္လ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး ေရာ္နယ္ေရဂင္ႏွင့္ ဇနီးျဖစ္သူ ဂ်ိန္း ဝိုင္မန္းတို႔ လက္ထပ္ျပီးေနာက္ ေနထိုင္ခဲ့ၾကသည့္ေနအိမ္ျဖစ္ကာ ကန္ေဒၚလာ ၆ ဒသမ ၇၅ သန္း ေစ်းေခၚထားသည္။ အဆိုပါစံအိမ္သည္ လြန္ခဲ့ေသာ ၂ ႏွစ္က ကန္ေဒၚလာ ၆ ဒသမ ၄၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ဖူးျပီး ၁၉၃၈ ခုႏွစ္အတြင္း စတင္ေဆာက္လုပ္ခဲ့စဥ္က ကုန္က်စရိတ္မွာ ကန္ေဒၚလာ ၁၂၈၀၀ သာ ကုန္က်ခဲ့သည္။

ေရဂင္သည္ ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ က်င္လည္ေနစဥ္ ၁၉၄၀ ျပည့္လြန္ကာလမ်ားအတြင္း အဆိုပါစံအိမ္ကို ဇနီးျဖစ္သူ ဝုိင္မန္းႏွင့္အတူ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဝိုင္မန္းသည္ ေအာ္စကာဆုရ ရုပ္ရွင္မင္းသမီးျဖစ္ျပီး ၁၉၄၉ ခုႏွစ္တြင္ ဇနီးေမာင္ႏွံကြာရွင္းျပီးေနာက္ပိုင္း ေနအိမ္ကို ဆက္လက္ပိုင္ဆိုင္ခဲ့သည္။

ေနအိမ္ကို ဒီဇိုင္းေရးဆြဲေပးခဲ့သည့္ ဗိသုကာပညာရွင္ ေပါလ္ ဝီလ်ံသည္ ဖရန္႔ စီနာထရာ၊ လူစီေဘာ၊ ေဒစီ အားနက္ဇ္ႏွင့္ ဘာဘရာ စတန္းဝစ္ခ္တို႔အတြက္လည္း ေနအိမ္ဒီဇိုင္းေရးဆြဲေပးခဲ့သူ ျဖစ္သည္။

စံအိမ္အတြင္း အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္း၊ စံမီညစာစားခန္းႏွင့္ အျဖဴ၊ အမည္းေရာင္မ်ားျဖင့္ မြမ္းမံထားေသာ မီးဖိုေဆာင္တစ္ခု ပါဝင္ကာ စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၆၁၅၃ ရွိသည္။

ပန္းေရာင္မ်ား လႊမ္းမိုးေသာ master bedroom တြင္ ျခံေနာက္ဘက္ ပန္းျခံကို စီးမိုးေတြ႔ျမင္ႏိုင္သည့္ လသာေဆာင္တစ္ခုလည္း ပါဝင္သည္။

ေရာ္နယ္ေရဂင္သည္ ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ ျဖတ္သန္းျပီးေနာက္ပိုင္း ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ၈ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ျပီး ၁၉၈၁ ခုႏွစ္မွ စတင္ကာ အေမရိကန္ျပည္ေထာင္စု၏ ၄၀ ဆက္ေျမာက္ သမၼတၾကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ျခင္းျဖစ္သည္။

၂၀၀၄ ခုႏွစ္တြင္ ေရာ္နယ္ေရဂင္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၃ ႏွစ္ရွိျပီ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ရော်နယ်ရေဂင်သည် အမေရိကန်ပြည်ထောင်စု၏ ၄၀ ဆက်မြောက် သမ္မတကြီးဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ သမ္မတသက်တမ်း ၂ ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။

သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီက ရေဂင်သည် ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။

သူ၏ ဒုတိယသက်တမ်းကာလအတွင်း စစ်အေးခေတ် အဆုံးသတ်ခြင်း၊ လစ်ဗျားကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ အီရန်-အီရတ်စစ်ပွဲနှင့် အီရန်-ကွန်ထရာ အရေးများ ပေါ်ပေါက်ခဲ့သည်။

Hellcats of the Navy ဟူသော ရုပ်ရှင်ဇာတ်ကားတွင် ရော်နယ်ရေဂင်သည် ဇနီးဖြစ်သူ နန်စီရေဂင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ယခုအခါ လော့စ်အိန်ဂျလိမြို့ရှိ လူကုံထံရပ်ကွက် တစ်ခုဖြစ်သော Little Holmby တွင် တည်ရှိသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

Little Holmby သည် လော့စ်အိန်ဂျလိ၏ နာမည်ကျော် Holmby Hills ၊ Bel Air အစရှိသည့် ဒေသများနှင့် ကပ်လျက်တည်ရှိပြီး လော့စ်အိန်ဂျလိတွင် လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်ကာ မြေထဲပင်လယ်၊ စပိန်ရီဗိုက်ဗယ်အစရှိသည့် ဗိသုကာလက်ရာဟန် စံအိမ်များဖြင့် နာမည်ကျော်သောဒေသဖြစ်သည်။

ယခုဈေးကွက်ဝင်လာသည့် နေအိမ်ကို ကိုလိုနီ ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ ဂျိန်း ဝိုင်မန်းတို့ လက်ထပ်ပြီးနောက် နေထိုင်ခဲ့ကြသည့်နေအိမ်ဖြစ်ကာ ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်း ဈေးခေါ်ထားသည်။ အဆိုပါစံအိမ်သည် လွန်ခဲ့သော ၂ နှစ်က ကန်ဒေါ်လာ ၆ ဒသမ ၄၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးပြီး ၁၉၃၈ ခုနှစ်အတွင်း စတင်ဆောက်လုပ်ခဲ့စဉ်က ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁၂၈၀၀ သာ ကုန်ကျခဲ့သည်။

ရေဂင်သည် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ကျင်လည်နေစဉ် ၁၉၄၀ ပြည့်လွန်ကာလများအတွင်း အဆိုပါစံအိမ်ကို ဇနီးဖြစ်သူ ဝိုင်မန်းနှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဝိုင်မန်းသည် အော်စကာဆုရ ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် ဇနီးမောင်နှံကွာရှင်းပြီးနောက်ပိုင်း နေအိမ်ကို ဆက်လက်ပိုင်ဆိုင်ခဲ့သည်။

နေအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင် ပေါလ် ဝီလျံသည် ဖရန့် စီနာထရာ၊ လူစီဘော၊ ဒေစီ အားနက်ဇ်နှင့် ဘာဘရာ စတန်းဝစ်ခ်တို့အတွက်လည်း နေအိမ်ဒီဇိုင်းရေးဆွဲပေးခဲ့သူ ဖြစ်သည်။

စံအိမ်အတွင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်း၊ စံမီညစာစားခန်းနှင့် အဖြူ၊ အမည်းရောင်များဖြင့် မွမ်းမံထားသော မီးဖိုဆောင်တစ်ခု ပါဝင်ကာ စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၁၅၃ ရှိသည်။

ပန်းရောင်များ လွှမ်းမိုးသော master bedroom တွင် ခြံနောက်ဘက် ပန်းခြံကို စီးမိုးတွေ့မြင်နိုင်သည့် လသာဆောင်တစ်ခုလည်း ပါဝင်သည်။

ရော်နယ်ရေဂင်သည် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဖြတ်သန်းပြီးနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၏ ၄၀ ဆက်မြောက် သမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ရော်နယ်ရေဂင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်ရှိပြီ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
pan-swal-taw
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service