ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကမ္ဘာ့ထိပ်တန်း နည်းပညာဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက်ခြင်းဖြစ်ပြီး ကေဘယ်အရှည်မှာ ကီလိုမီတာ ၁၁၀၀၀ ရှည်လျားပြီး ၂၀၂၂ ခုနှစ် ဇွန်လ တွင် လုပ်ငန်းစတင်လည်ပတ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
### Unicode Version ###
စင်ကာပူ-မြန်မာ-အိန္ဒိယသုံးနိုင်ငံကြား ရေအောက်ကေဘယ် တည်ဆောက်ရေးစီမံကိန်း စတင်နေပြီဖြစ်ကြောင်း ဆူးလေရှန်ဂီလာ၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ကမ္ဘာ့ထိပ်တန်း နည်းပညာဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက်ခြင်းဖြစ်ပြီး ကေဘယ်အရှည်မှာ ကီလိုမီတာ ၁၁၀၀၀ ရှည်လျားပြီး ၂၀၂၂ ခုနှစ် ဇွန်လ တွင် လုပ်ငန်းစတင်လည်ပတ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းထူထောင်နိုင်မှုကြောင့် ဒေတာစီမံခန့်ခွဲမှုဆော့ဝဲလ်နည်းပညာများ အလျင်အမြန်တိုးတက်လာမှာဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com