ပို႔စ္ အင္ပရက္ရွင္နစ္ဇင္၏ အေရးပါသူတစ္ဦးျဖစ္သူ ကမၻာေက်ာ္အဂၤလန္ပန္းခ်ီဆရာၾကီး ၾသဂတ္စတပ္ဂၽြန္က ဇနီး ၂ ဦးႏွင့္အတူ ေနထိုင္ခဲ့ေသာ စံအိမ္ၾကီး ေပါင္ ၁ သန္းေက်ာ္ျဖင့္ ေစ်းကြက္ဝင္လာ

ပို႔စ္ အင္ပရက္ရွင္နစ္ဇင္၏ အေရးပါသူတစ္ဦးျဖစ္သူ ကမၻာေက်ာ္အဂၤလန္ပန္းခ်ီဆရာၾကီး ၾသဂတ္စတပ္ဂၽြန္က ဇနီး ၂ ဦးႏွင့္အတူ ေနထိုင္ခဲ့ေသာ စံအိမ္ၾကီး ေပါင္ ၁ သန္းေက်ာ္ျဖင့္ ေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2020 10:58 am တွင် တင်ခဲ့သည်
1031 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ ပန္းခ်ီဆရာၾကီး ၾသဂတ္စတပ္ ဂၽြန္၏အမည္ရင္းမွာ ၾသဂတ္စတပ္ အက္ဒြင္ ဂၽြန္ျဖစ္ျပီး ေဝလလူမ်ဳိး ပန္းခ်ီပညာရွင္ ျဖစ္သည္။

၁၈၇၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္တြင္ ေမြးဖြားျပီး ၁၉၆၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္တြင္ ကြယ္လြန္ခဲ့သည္။

၁၉၁၀ ျပည့္ႏွစ္ ဝန္းက်င္တြင္ ၾသဂတ္စတပ္ ဂၽြန္သည္ ပို႔စ္ အင္ပရက္ရွင္နစ္ဇင္၏ အေရးပါသူတစ္ဦးအျဖစ္ ျဗိတိန္တြင္ ထင္ရွားခဲ့သည္။

ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ ၂ အုပ္လည္း ေရးသားခဲ့ရာ Chiaroscuro (၁၉၅၂) ႏွင့္ Finishing Touches (၁၉၆၄) တို႔ ၁၉၄၂ ခုႏွစ္တြင္ ျဗိတိသွ်အင္ပါယာ၏ အျမင့္ဆံုး ဆုတံဆိပ္ျဖစ္ေသာ Order of Merit ဂုဏ္ထူးေဆာင္ဆုကို ေဂ်ာ့ဘုရင္ VI က ခ်ီးျမွင့္ခဲ့သည္။

၁၉၀၁ ခုႏွစ္တြင္ ပထမဇနီး အိုင္ဒါ နစ္တဲလ္ရွစ္ပ္ (၁၈၇၇-၁၉၀၇) ႏွင့္ လက္ထပ္ခဲ့ျပီး သားသမီး ၅ ဦး ထြန္းကားသည္။

ဇနီးျဖစ္သူ ကြယ္လြန္ျပီးေနာက္ပိုင္း ဂၽြန္သည္ အိမ္ေတာ္ထိန္း ေဒၚရိုသီ မကၠနီးႏွင့္ ေပါင္းသင္းခဲ့ျပီး ကြယ္လြန္ခ်ိန္ ၁၉၀၄ ခုႏွစ္အထိ အတူေနထိုင္ခဲ့သည္။

ေဒၚရိုသီႏွင့္ သားသမီး ၂ ဦးထြန္းကားခဲ့ေသာ္လည္း လက္မထပ္ခဲ့ေခ်။

ပထမဇနီးႏွင့္ ထြန္းကားခဲ့ေသာ သားတစ္ဦးျဖစ္သူမွာ ထင္ရွားေသာ ျဗိတိသွ်ေရတပ္ဗိုလ္ခ်ဳပ္ၾကီး ဆာ ကက္စ္ပါ ဂၽြန္အျဖစ္ ထင္ရွားသည္။

ယခုအခါ ၾသဂတ္စတတ္ဂၽြန္ႏွုင့္ ၎၏ ဇနီး ၂ ဦးေနထိုင္ခဲ့ရာ စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာျပီး အဂၤလန္ႏိုင္ငံ၊ အက္ဆက္စ္ျပည္နယ္တြင္ တည္ရွိသည္။

အုတ္ျဖင့္ ေဆာက္လုပ္ထားျပီး ႏွစ္ေပါင္း ၁၆၀ သက္တမ္းရွိ စံအိမ္ကေလးျဖစ္ကာ Elm House ဟု အမည္ေပးထားသည္။

ဂၽြန္သည္ အဆိုပါေနအိမ္တြင္ ဇနီးျဖစ္သူ အိုင္ဒါ ၊ ေဒၚရိုသီတို႔ႏွင့္အတူ တစ္ခ်ိန္တည္းေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ေနအိမ္၏ ေနာက္ဆံုးပိုင္ရွင္မ်ားက ေခတ္မီ မိသားစုေနအိမ္အျဖစ္ ေျပာင္းလဲမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ေစ်းကြက္သို႔ ေပါင္ ၁ ဒသမ ၃၇၅ သန္း (ကန္ေဒၚလာ ၁ ဒသမ ၈ သန္း) ေစ်းေခၚကာ ဝင္ေရာက္လာေၾကာင္း ေစ်းကြက္တင္ေပးသည့္ Knight Frank ကုမၸဏီမွ အက်ဳိးေဆာင္မ်ားက ေျပာၾကားသည္။

ဂၽြန္တို႔ မိသားစုသည္ မက္ခ်င္းဂရင္းေက်းရြာရွိ အဆိုပါ တမူထူးျခားေသာ ေနအိမ္ကေလးသို႔ ၁၉၀၃ ခုႏွစ္တြင္ ေျပာင္းေရႊ႕ေနထိုင္ခဲ့ ၾကျခင္း ျဖစ္သည္။

မက္ခ်င္းဂရင္းသည္ အက္ဆက္စ္ျပည္နယ္တြင္ အၾကီးမားဆံုးေက်းရြာၾကီးတစ္ခု ျဖစ္သည္။

ဂၽြန္တို႔ ဇနီးေမာင္ႏွံအခ်င္းခ်င္း ေရးသားေပးပို႔ၾကသည့္ မိသားစုေပးစာမ်ားကို စုစည္းကာ ၂၀၁၇ ခုႏွစ္အတြင္း ထုတ္ေဝခဲ့သည့္ "The Good Bohemian: The Letters of Ida John" စာအုပ္တြင္ အိုင္ဒါႏွင့္ ဂၽြန္တုိ႔က အဆိုပါေနအိမ္အေၾကာင္း ထည့္သြင္းေရးသားခဲ့ပံုမ်ား ပါဝင္ခဲ့သည္။

စံအိမ္ၾကီး၏ ယေန႔ကာလျမင္ကြင္းမ်ားက ၾသဂတ္စတပ္ ဂၽြန္တို႔ ေနထုိင္ခဲ့စဥ္ကႏွင့္ ႏႈိင္းယွဥ္လွ်င္ မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားျပီ ျဖစ္သည္။

ဂၽြန္တုိ႔ေနထုိင္ခဲ့စဥ္က လွ်ပ္စစ္မီး၊ တယ္လီဖုန္းမ်ား မရွိေသးေခ်။

လက္ရွိပို္င္ရွင္မ်ားျဖစ္ေသာ ေရာဘတ္တိုႏွင့္ ဂ်ီယိုဗန္နာ ဇီယိုလိုတို႔က စတုရန္းေပ ၂၈၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၂ ခုအတြင္း အျပည့္အဝ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ျဖစ္သည္။ေခၚေစ်းမွာ ေပါင္ ၁ ဒသမ ၃၇၅ သန္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) Credit: iMyanmarHouse.com

### Unicode Version ###

ကမ္ဘာကျော် ပန်းချီဆရာကြီး သြဂတ်စတပ် ဂျွန်၏အမည်ရင်းမှာ သြဂတ်စတပ် အက်ဒွင် ဂျွန်ဖြစ်ပြီး ဝေလလူမျိုး ပန်းချီပညာရှင် ဖြစ်သည်။

၁၈၇၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မွေးဖွားပြီး ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

၁၉၁၀ ပြည့်နှစ် ဝန်းကျင်တွင် သြဂတ်စတပ် ဂျွန်သည် ပို့စ် အင်ပရက်ရှင်နစ်ဇင်၏ အရေးပါသူတစ်ဦးအဖြစ် ဗြိတိန်တွင် ထင်ရှားခဲ့သည်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ၂ အုပ်လည်း ရေးသားခဲ့ရာ Chiaroscuro (၁၉၅၂) နှင့် Finishing Touches (၁၉၆၄) တို့ ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော Order of Merit ဂုဏ်ထူးဆောင်ဆုကို ဂျော့ဘုရင် VI က ချီးမြှင့်ခဲ့သည်။

၁၉၀၁ ခုနှစ်တွင် ပထမဇနီး အိုင်ဒါ နစ်တဲလ်ရှစ်ပ် (၁၈၇၇-၁၉၀၇) နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားသည်။

ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း ဂျွန်သည် အိမ်တော်ထိန်း ဒေါ်ရိုသီ မက္ကနီးနှင့် ပေါင်းသင်းခဲ့ပြီး ကွယ်လွန်ချိန် ၁၉၀၄ ခုနှစ်အထိ အတူနေထိုင်ခဲ့သည်။

ဒေါ်ရိုသီနှင့် သားသမီး ၂ ဦးထွန်းကားခဲ့သော်လည်း လက်မထပ်ခဲ့ချေ။

ပထမဇနီးနှင့် ထွန်းကားခဲ့သော သားတစ်ဦးဖြစ်သူမှာ ထင်ရှားသော ဗြိတိသျှရေတပ်ဗိုလ်ချုပ်ကြီး ဆာ ကက်စ်ပါ ဂျွန်အဖြစ် ထင်ရှားသည်။

ယခုအခါ သြဂတ်စတတ်ဂျွန်နှုင့် ၎င်း၏ ဇနီး ၂ ဦးနေထိုင်ခဲ့ရာ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာပြီး အင်္ဂလန်နိုင်ငံ၊ အက်ဆက်စ်ပြည်နယ်တွင် တည်ရှိသည်။

အုတ်ဖြင့် ဆောက်လုပ်ထားပြီး နှစ်ပေါင်း ၁၆၀ သက်တမ်းရှိ စံအိမ်ကလေးဖြစ်ကာ Elm House ဟု အမည်ပေးထားသည်။

ဂျွန်သည် အဆိုပါနေအိမ်တွင် ဇနီးဖြစ်သူ အိုင်ဒါ ၊ ဒေါ်ရိုသီတို့နှင့်အတူ တစ်ချိန်တည်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်၏ နောက်ဆုံးပိုင်ရှင်များက ခေတ်မီ မိသားစုနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ဈေးကွက်သို့ ပေါင် ၁ ဒသမ ၃၇၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း) ဈေးခေါ်ကာ ဝင်ရောက်လာကြောင်း ဈေးကွက်တင်ပေးသည့် Knight Frank ကုမ္ပဏီမှ အကျိုးဆောင်များက ပြောကြားသည်။

ဂျွန်တို့ မိသားစုသည် မက်ချင်းဂရင်းကျေးရွာရှိ အဆိုပါ တမူထူးခြားသော နေအိမ်ကလေးသို့ ၁၉၀၃ ခုနှစ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ ကြခြင်း ဖြစ်သည်။

မက်ချင်းဂရင်းသည် အက်ဆက်စ်ပြည်နယ်တွင် အကြီးမားဆုံးကျေးရွာကြီးတစ်ခု ဖြစ်သည်။

ဂျွန်တို့ ဇနီးမောင်နှံအချင်းချင်း ရေးသားပေးပို့ကြသည့် မိသားစုပေးစာများကို စုစည်းကာ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် "The Good Bohemian: The Letters of Ida John" စာအုပ်တွင် အိုင်ဒါနှင့် ဂျွန်တို့က အဆိုပါနေအိမ်အကြောင်း ထည့်သွင်းရေးသားခဲ့ပုံများ ပါဝင်ခဲ့သည်။

စံအိမ်ကြီး၏ ယနေ့ကာလမြင်ကွင်းများက သြဂတ်စတပ် ဂျွန်တို့ နေထိုင်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပြီ ဖြစ်သည်။

ဂျွန်တို့နေထိုင်ခဲ့စဉ်က လျှပ်စစ်မီး၊ တယ်လီဖုန်းများ မရှိသေးချေ။

လက်ရှိပိုင်ရှင်များဖြစ်သော ရောဘတ်တိုနှင့် ဂျီယိုဗန်နာ ဇီယိုလိုတို့က စတုရန်းပေ ၂၈၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အပြည့်အဝ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၃၇၅ သန်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service