လက္သမားတစ္ဦးတည္းက လက္ခ်ည္းသက္သက္ျဖင့္ သံလံုးဝမသံုးဘဲ ေဆာက္လုပ္ခဲ့ကာ ေဆာက္လုပ္ျပီးစီးခ်ိန္တြင္ ပုဆိန္ကို ေရထဲလႊင့္ပစ္ျပီး ပံုစံတူ အျခားတစ္ခုမရွိရဟု ေၾကြးေၾကာ္ကာ ေဆာက္လုပ္ခဲ့ေသာ ဘုရားေက်ာင္း

လက္သမားတစ္ဦးတည္းက လက္ခ်ည္းသက္သက္ျဖင့္ သံလံုးဝမသံုးဘဲ ေဆာက္လုပ္ခဲ့ကာ ေဆာက္လုပ္ျပီးစီးခ်ိန္တြင္ ပုဆိန္ကို ေရထဲလႊင့္ပစ္ျပီး ပံုစံတူ အျခားတစ္ခုမရွိရဟု ေၾကြးေၾကာ္ကာ ေဆာက္လုပ္ခဲ့ေသာ ဘုရားေက်ာင္း - Property News in Myanmar from iMyanmarHouse.com
21 Jan 2020 12:10 pm တွင် တင်ခဲ့သည်
7705 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဥေရာပတိုက္၏ ေျမာက္ဖ်ား၊ ရုရွားႏိုင္ငံေျမာက္ပိုင္းတြင္ အြန္နက္ဂါဟု အမည္ရေသာ ေရကန္ၾကီးတစ္ခု တည္ရွိသည္။

အဆိုပါ ေရကန္ၾကီးသည္ ဥေရာပတိုက္တစ္ခုလံုးတြင္ ဒုတိယေျမာက္ အၾကီးမားဆံုးျဖစ္ကာ ေရကန္အတြင္း ကၽြန္းငယ္ေပါင္း ၁၆၀၀ ေက်ာ္ တည္ရွိေနသည္။

ကၽြန္းအမ်ားစုမွာ လူသူမရွိေသာ ကၽြန္းမ်ားျဖစ္ျပီး ထူးထူးျခားျခားမရွိလွ။ ယင္းတို႔အနက္မွ ကၽြန္းတစ္ကၽြန္းတြင္ကား ယဥ္ေက်းမႈ အေမြအႏွစ္ အံ့ဖြယ္တစ္ပါး တည္ရွိေနသည္။

Kizhi အမည္ရွိ ကၽြန္းေပၚတြင္ ႏွစ္ေပါင္း ၃၀၀ ေက်ာ္သက္တမ္းရွိ ခရစ္ယာန္ ေအာ္သိုေဒါ့ဘုရားေက်ာင္းတစ္ခု တည္ရွိေနျပီး Kizhi Pogost ဟု အမည္ေပးထားသည္။

အဆိုပါ ဘုရားေက်ာင္းဝန္းတြင္ ကပ္လ်က္တည္ရွိေသာ ဘုရားေက်ာင္း အေဆာက္အအံု ၂ ခုႏွင့္ ၈ ေထာင့္သ႑ာန္ ေခါင္းေလာင္းေမွ်ာ္စင္ တစ္ခုတို႔ ပါဝင္ျပီး အေဆာက္အအံုအားလံုးကို သစ္ခ်ည္းသက္သက္ျဖင့္ ေဆာက္လုပ္ထားသည္။

ဘုရားေက်ာင္း အေဆာက္အအံု ၂ ခုကို ၁၈ ရာစုအတြင္း ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ေခါင္းေလာင္းေမွ်ာ္စင္ကိုမူ ၁၈၆၂ ခုႏွစ္တြင္မွ ထည့္သြင္းခဲ့ျခင္း ျဖစ္သည္။ ဘုရားေက်ာင္း အေဆာက္အအံု ၂ ခုအနက္ ၾကီးမားသည့္အေဆာက္အအံုကို Church of Transfiguration ဟု ေခၚတြင္သည္။

အဆိုပါ ဘုရားေက်ာင္း၏ မူလအေဆာက္အအံုသည္ မိုးၾကိဳးပစ္ခံရကာ မီးသင့္ခဲ့မႈေၾကာင့္ ျပန္လည္ေဆာက္လုပ္ခဲ့ရျပီး ၁၇၁၄ ခုႏွစ္၊ ဇြန္လ ၆ ရက္တြင္ တရားဝင္ဖြင့္လွစ္ခဲ့သည္။ ၁၉ ရာစုအတြင္းတြင္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ယင္းသို႔ မြမ္းမံမႈျပဳလုပ္ခ်ိန္တြင္ ေခါင္းေလာင္းေမွ်ာ္စင္ကို ထည့္သြင္း ေဆာက္လုပ္ခဲ့ျခင္းလည္း ျဖစ္သည္။

Kizhi Pogost ဘုရားေက်ာင္းကို ရုရွားရိုးရာ လက္သမားပညာျဖင့္ သစ္ခ်င္း ခ်ိတ္ဆက္မႈပညာကိုအသံုးျပဳထားျပီး သံတစ္ေခ်ာင္းမွ် အသံုးမျပဳဘဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဘုရားေက်ာင္းတြင္ အမိုးခံုး ၂၂ ခုပါဝင္ျပီး ေနေရာင္ႏွင့္ေတြ႔လွ်င္ ေငြေရာင္ဖိတ္ဖိတ္ထေနသည္။

Church of Transfiguration တြင္ အပူေပးစနစ္မပါဝင္ရာ ေႏြရာသီဘုရားေက်ာင္းအျဖစ္သာ သတ္မွတ္ကာ ေႏြလမ်ားတြင္သာ အသံုးျပဳၾကသည္။

Church of Transfiguration ၏ အျမင့္မွာ ၃၇ မီတာေက်ာ္ရွိရာ ဥေရာပေျမာက္ပိုင္းတြင္ အျမင့္မားဆံုးသစ္သား အေဆာက္အအံုအျဖစ္ သတ္မွတ္ျခင္းခံရသည္။

Kizhi Pogost ဘုရားေက်ာင္းကို မည္သူက ေဆာက္လုပ္ခဲ့သည္ဟူေသာ ခိုင္မာသည့္ မွတ္တမ္းမ်ားမရွိေခ်။

သို႔ရာတြင္ ဒ႑ာရီမွတ္တမ္းမ်ားအရ လက္သမားတစ္ဦးက လက္ခ်ည္းသက္သက္ျဖင့္ ေဆာက္လုပ္ခဲ့ကာ ေဆာက္လုပ္ျပီးစီးခ်ိန္တြင္ ပုဆိန္ကို ေရကန္ထဲလႊင့္ပစ္ခဲ့ျပီး ယခုကဲ့သို႔ အေဆာက္အအံုၾကီးမ်ဳိး ေနာက္တစ္ခု ရွိလာမည္မဟုတ္ဟု ေၾကြးေၾကာ္ခဲ့သည္ဟု ဆိုၾကသည္။

ဘုရားေက်ာင္း အေဆာက္အအံု ၂ ခုအနက္ ေသးငယ္ေသာ အေဆာက္အအံုကို Church of Intercession ဟု အမည္ေပးထားျပီး ၁၇ ရာစုအတြင္း မူလအေဆာက္အအံုၾကီးကို မိုးၾကိဳးခေသာေၾကာင့္ ျပန္လည္ေဆာက္လုပ္ခ်ိန္တြင္ ထည့္သြင္းေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၁၇၂၀ မွ ၁၇၄၉ အၾကား ျပန္လည္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး မူလက အမိုးခံုးတစ္ခုသာ ပါဝင္ေသာ္လည္း ၁၇၆၄ ခုႏွစ္တြင္ ျပန္လည္မြမ္းမံရာတြင္ အမိုးခံုး ၉ ခုအထိ ထည့္သြင္းေပးခဲ့သည္။ Kizhi Pogost ဘုရားေက်ာင္းဝန္းကို ၁၉၉၀ ျပည့္ႏွစ္ကတည္းကပင္ ယူနက္စကိုက ကမၻာ့အေမြအႏွစ္တစ္ခုအျဖစ္ သတ္မွတ္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 ### Unicode Version ###

ဥရောပတိုက်၏ မြောက်ဖျား၊ ရုရှားနိုင်ငံမြောက်ပိုင်းတွင် အွန်နက်ဂါဟု အမည်ရသော ရေကန်ကြီးတစ်ခု တည်ရှိသည်။

အဆိုပါ ရေကန်ကြီးသည် ဥရောပတိုက်တစ်ခုလုံးတွင် ဒုတိယမြောက် အကြီးမားဆုံးဖြစ်ကာ ရေကန်အတွင်း ကျွန်းငယ်ပေါင်း ၁၆၀၀ ကျော် တည်ရှိနေသည်။

ကျွန်းအများစုမှာ လူသူမရှိသော ကျွန်းများဖြစ်ပြီး ထူးထူးခြားခြားမရှိလှ။ ယင်းတို့အနက်မှ ကျွန်းတစ်ကျွန်းတွင်ကား ယဉ်ကျေးမှု အမွေအနှစ် အံ့ဖွယ်တစ်ပါး တည်ရှိနေသည်။

Kizhi အမည်ရှိ ကျွန်းပေါ်တွင် နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိ ခရစ်ယာန် အော်သိုဒေါ့ဘုရားကျောင်းတစ်ခု တည်ရှိနေပြီး Kizhi Pogost ဟု အမည်ပေးထားသည်။

အဆိုပါ ဘုရားကျောင်းဝန်းတွင် ကပ်လျက်တည်ရှိသော ဘုရားကျောင်း အဆောက်အအုံ ၂ ခုနှင့် ၈ ထောင့်သဏ္ဍာန် ခေါင်းလောင်းမျှော်စင် တစ်ခုတို့ ပါဝင်ပြီး အဆောက်အအုံအားလုံးကို သစ်ချည်းသက်သက်ဖြင့် ဆောက်လုပ်ထားသည်။

ဘုရားကျောင်း အဆောက်အအုံ ၂ ခုကို ၁၈ ရာစုအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ခေါင်းလောင်းမျှော်စင်ကိုမူ ၁၈၆၂ ခုနှစ်တွင်မှ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ဘုရားကျောင်း အဆောက်အအုံ ၂ ခုအနက် ကြီးမားသည့်အဆောက်အအုံကို Church of Transfiguration ဟု ခေါ်တွင်သည်။

အဆိုပါ ဘုရားကျောင်း၏ မူလအဆောက်အအုံသည် မိုးကြိုးပစ်ခံရကာ မီးသင့်ခဲ့မှုကြောင့် ပြန်လည်ဆောက်လုပ်ခဲ့ရပြီး ၁၇၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ၁၉ ရာစုအတွင်းတွင် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ မွမ်းမံမှုပြုလုပ်ချိန်တွင် ခေါင်းလောင်းမျှော်စင်ကို ထည့်သွင်း ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

Kizhi Pogost ဘုရားကျောင်းကို ရုရှားရိုးရာ လက်သမားပညာဖြင့် သစ်ချင်း ချိတ်ဆက်မှုပညာကိုအသုံးပြုထားပြီး သံတစ်ချောင်းမျှ အသုံးမပြုဘဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားကျောင်းတွင် အမိုးခုံး ၂၂ ခုပါဝင်ပြီး နေရောင်နှင့်တွေ့လျှင် ငွေရောင်ဖိတ်ဖိတ်ထနေသည်။

Church of Transfiguration တွင် အပူပေးစနစ်မပါဝင်ရာ နွေရာသီဘုရားကျောင်းအဖြစ်သာ သတ်မှတ်ကာ နွေလများတွင်သာ အသုံးပြုကြသည်။

Church of Transfiguration ၏ အမြင့်မှာ ၃၇ မီတာကျော်ရှိရာ ဥရောပမြောက်ပိုင်းတွင် အမြင့်မားဆုံးသစ်သား အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံရသည်။

Kizhi Pogost ဘုရားကျောင်းကို မည်သူက ဆောက်လုပ်ခဲ့သည်ဟူသော ခိုင်မာသည့် မှတ်တမ်းများမရှိချေ။

သို့ရာတွင် ဒဏ္ဍာရီမှတ်တမ်းများအရ လက်သမားတစ်ဦးက လက်ချည်းသက်သက်ဖြင့် ဆောက်လုပ်ခဲ့ကာ ဆောက်လုပ်ပြီးစီးချိန်တွင် ပုဆိန်ကို ရေကန်ထဲလွှင့်ပစ်ခဲ့ပြီး ယခုကဲ့သို့ အဆောက်အအုံကြီးမျိုး နောက်တစ်ခု ရှိလာမည်မဟုတ်ဟု ကြွေးကြော်ခဲ့သည်ဟု ဆိုကြသည်။

ဘုရားကျောင်း အဆောက်အအုံ ၂ ခုအနက် သေးငယ်သော အဆောက်အအုံကို Church of Intercession ဟု အမည်ပေးထားပြီး ၁၇ ရာစုအတွင်း မူလအဆောက်အအုံကြီးကို မိုးကြိုးခသောကြောင့် ပြန်လည်ဆောက်လုပ်ချိန်တွင် ထည့်သွင်းဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၇၂၀ မှ ၁၇၄၉ အကြား ပြန်လည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလက အမိုးခုံးတစ်ခုသာ ပါဝင်သော်လည်း ၁၇၆၄ ခုနှစ်တွင် ပြန်လည်မွမ်းမံရာတွင် အမိုးခုံး ၉ ခုအထိ ထည့်သွင်းပေးခဲ့သည်။ Kizhi Pogost ဘုရားကျောင်းဝန်းကို ၁၉၉၀ ပြည့်နှစ်ကတည်းကပင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service