ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ျမန္မာ့စီးပြားေရးဟာ လက္ရွိ ဘ႑ာႏွစ္ ၂၀၁၉- ၂၀၂၀ မွာ အနည္းငယ္တက္လာၿပီး တိုးတက္မႈႏႈန္း ၆ ဒႆမ ၄ ရာခိုင္ႏႈန္းရွိမယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ကမာၻ႔ဘဏ္က တစ္ႏွစ္ ႏွစ္ႀကိမ္ထုတ္ျပန္တဲ့ ျမန္မာ့စီးပြားေရးေစာင့္ၾကည့္အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။
ျမန္မာ့စီးပြားေရးဟာ ၂၀၁၇- ၂၀၁၈ မွာ ၆ ဒႆမ ၂ ရာခိုင္ႏႈန္း၊ ၂၀၁၈- ၂၀၁၉ မွာ ၆ ဒႆမ ၃ ရာခိုင္ႏႈန္း တိုးတက္ခဲ့တယ္လို႔လည္း ဆိုပါတယ္။
ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက စတင္ၿပီး ေငြေၾကးေဖာင္းပြမႈျမင့္မားလာၿပီး ၾသဂုတ္လမွာ ၁၀ ဒႆမ ၄ ရာခိုင္ႏႈန္းအထိေရာက္ရွိခဲ့တယ္လို႔လည္း အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။
စီးပြားေရးလုပ္ငန္းေတြ လုပ္သာကိုင္သာရွိမႈ အၫြန္းကိန္း Ease of Doing Business ကေတာ့ တိုးတက္လာခဲ့တယ္လို႔ ဆိုေပမယ့္ စီးပြားေရးလုပ္ငန္းေတြဟာ ေျမယာရရွိမႈ၊ ေခ်းေငြ၊ ကြၽမ္းက်င္လုပ္သား၊ ပိုမိုေကာင္းမြန္တဲ့ လုုပ္ငန္းအခ်ိတ္အဆက္၊ ဥပေဒစိုးမိုးမႈအပါအဝင္ အားနည္းတဲ့ က႑ေတြရွိေနတာေၾကာင့္ ေကာင္းမြန္စြာလည္ပတ္ေအာင္ျမင္ဖို႔ ခက္ခဲေနတယ္လို႔လည္း အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ႏိုင္ငံဧရိယာ သုံးပုံတပုံမွာ လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔ လက္နက္ကိုင္ပဋိပကၡေတြရွိေနတာက စီးပြားေရးက႑အတြက္ ထပ္ေလာင္းစိန္ေခၚမႈျဖစ္ေနျပန္တယ္လို႔ ဆိုပါတယ္။
ဒါ့ေၾကာင့္ ေစ်းကြက္ခ်ဲ႕ထြင္မႈကို အားေပးဖို႔၊ ဘ႑ာေငြနဲ႔ အရင္းအျမစ္ခြဲေဝအသုံးခ်ႏိုင္မႈပိုမိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္ဖို႔နဲ႔ စီးပြားေရးက႑မွာပါဝင္သူေတြ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးဖို႔ဆိုၿပီး မူဝါဒအႀကံျပဳခ်က္လည္းပါဝင္ပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာ့စီးပွားရေးဟာ လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၉- ၂၀၂၀ မှာ အနည်းငယ်တက်လာပြီး တိုးတက်မှုနှုန်း ၆ ဒဿမ ၄ ရာခိုင်နှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်က တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
မြန်မာ့စီးပွားရေးဟာ ၂၀၁၇- ၂၀၁၈ မှာ ၆ ဒဿမ ၂ ရာခိုင်နှုန်း၊ ၂၀၁၈- ၂၀၁၉ မှာ ၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ပြီး ငွေကြေးဖောင်းပွမှုမြင့်မားလာပြီး သြဂုတ်လမှာ ၁၀ ဒဿမ ၄ ရာခိုင်နှုန်းအထိရောက်ရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိမှု အညွန်းကိန်း Ease of Doing Business ကတော့ တိုးတက်လာခဲ့တယ်လို့ ဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေဟာ မြေယာရရှိမှု၊ ချေးငွေ၊ ကျွမ်းကျင်လုပ်သား၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းအချိတ်အဆက်၊ ဥပဒေစိုးမိုးမှုအပါအဝင် အားနည်းတဲ့ ကဏ္ဍတွေရှိနေတာကြောင့် ကောင်းမွန်စွာလည်ပတ်အောင်မြင်ဖို့ ခက်ခဲနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံဧရိယာ သုံးပုံတပုံမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာက စီးပွားရေးကဏ္ဍအတွက် ထပ်လောင်းစိန်ခေါ်မှုဖြစ်နေပြန်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဈေးကွက်ချဲ့ထွင်မှုကို အားပေးဖို့၊ ဘဏ္ဍာငွေနဲ့ အရင်းအမြစ်ခွဲဝေအသုံးချနိုင်မှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့နဲ့ စီးပွားရေးကဏ္ဍမှာပါဝင်သူတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ဆိုပြီး မူဝါဒအကြံပြုချက်လည်းပါဝင်ပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com