ဒီလုိ ေရာင္း၀ယ္ေနၾကသည့္ တန္ဖုိးနည္း၊ တန္ဖုိးသင့္ အိမ္ရာတုိက္ခန္းမ်ား

ဒီလုိ ေရာင္း၀ယ္ေနၾကသည့္ တန္ဖုိးနည္း၊ တန္ဖုိးသင့္ အိမ္ရာတုိက္ခန္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
15 Jan 2020 12:20 pm တွင် တင်ခဲ့သည်
6084 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

ၿပီးခဲ့သည့္ ရက္သတၱပတ္ကျဖစ္သည္။ မိတ္ေဆြတစ္ဦးက အိမ္ရာတစ္ခုမွ တုိက္ခန္းတစ္ခန္း၀ယ္မွာျဖစ္၍ စာရြက္စာတမ္းမ်ားကို လုိက္ၾကည့္ေပးရန္ ဖုန္းျဖင့္ ေျပာလာပါသည္။

“စရန္ေငြ ေပးဖုိ႔လားသူငယ္ခ်င္း”

“အဆင္ေျပရင္ေတာ့ တစ္ခါတည္းေငြအေၾကေခ်မွာ သူငယ္ခ်င္း။ အလြဲအမွားျဖစ္မွာစုိးလုိ႔ စာရြက္စာတမ္း မွန္ မမွန္လုိက္ၾကည့္ေပးဖုိ႔ပါ”

ဒီလုိအေျခအေနမ်ဳိးက ေဆာင္ရြက္ေပးရသည္မွာ အခက္အခဲရွိလွသည္။ ၀ယ္သူက တုိက္ခန္းကုိ အလြန္ႀကိဳက္ ႏွစ္သက္ေနတတ္သည္။ လက္မလႊတ္ခ်င္ေပ။ အိမ္ၿခံေျမ အက်ဳိးေဆာင္အဖြဲ႕ႏွင့္ ခ်ိတ္ဆက္လုပ္ကိုင္သည္ဆုိပါက အေရာင္းအ၀ယ္စာခ်ဳပ္က အဆင္သင့္ရွိေနၾကသည္။ ေနာက္ဆုံးအဆင့္ေငြေခ်သည့္ေန႔မွ စာရြက္စာတမ္းလုိက္ၾကည့္ေပးပါဟု အကူအညီေတာင္းတတ္ၾကသည္။ အမွန္ကေတာ့ ၀ယ္ဖုိ႔ ဆုံးျဖတ္ၿပီးျဖစ္သည္။ ဤတြင္ မိမိ၏ ေျပာစကားတစ္ခုေၾကာင့္ အေရာင္းအ၀ယ္ ပ်က္သြားတာမ်ဳိးျဖစ္သြားတတ္သျဖင့္ အထူးဂ႐ုစုိက္ရသည့္ အေျခအေနျဖစ္သည္။

အဓိက ႀကီးႀကီးမားမားကိစ္ၥ မဟုတ္လွ်င္ လ်စ္လ်ဴ႐ႈလုိက္ရသည္။ အေသးအဖြဲ႕ ခ်ဳိ႕ယြင္းခ်က္ရွိလွ်င္လည္း မည္သုိ႔ေဆာင္ရြက္ၾကမည္ကို ေဆြးေႏြးအႀကံျပဳျခင္းျဖင့္ ေျပလည္ေအာင္ေဆာင္ရြက္ေပးရသည္။ အဓိက အခ်က္ကေတာ့ အေရာင္းအ၀ယ္ပြဲ မပ်က္ဖုိ႔ ျဖစ္သည္။ အခ်ဳိ႕ကေတာ့ စရန္ေငြေပးၿပီး အၿပီးသတ္ေငြေခ်ရက္မွာလုိက္ပါကူညီေပးဖုိ႔ေတာင္းဆုိတတ္ၾကသည္။ ဤသည္မွာလည္း ခက္ခဲလွသည္။ စရန္ေငြေပးၿပီးမွ အေရာင္းအ၀ယ္ပ်က္လွ်င္ မိမိ၏ ပေယာဂပါမည္စုိး၍ သတိႀကီးစြာ ေဆာင္ရြက္ရပါသည္။

အခုေတာ့ ေတြ႕ၿပီ။ ေက်ာင္းေန ဖက္သူငယ္ခ်င္းျဖစ္ေန၍ လုိက္ၾကည့္ေပးပါမည္လုိ႔သာ သေဘာတူလုိက္ရသည္။ စိတ္ထဲမွာဘ၀င္မက်ေပ။ အထူးသျဖင့္ သူဆက္ေျပာလုိက္သည့္ စကားေၾကာင့္ ပို၍ စိတ္က်ဥ္းက်ပ္ သြားသည္။

“ကုိယ့္သမီးက အက်ဳိးေဆာင္ အဖြဲ႕နဲ႔ ဆက္သြယ္ထားတာ၊ အဲဒီကုိ သြားၾကည့္ရမွာ သူငယ္ခ်င္း”

“ေကာင္းပါၿပီေလ။ စာခ်ဳပ္စာတမ္းကအစ ေဆာင္ရြက္ၿပီးသားျဖစ္မွာဆုိေတာ့အဆင္ေျပဆုံးျဖစ္ေအာင္ လုပ္ေပး ပါမယ္လုိ႔” ေျပာလုိက္ပါသည္။

ေနာက္ရက္မနက္ပုိင္း ၁၀ နာရီခန္႔မွာ သူငယ္ခ်င္းျဖစ္သူသည္သူပုိင္ကားေလးျဖင့္ စာေရးသူ၏ ေနအိမ္သုိ႔ ေရာက္လာပါသည္။ သူ၏သမီးဆုိသူ မိန္းကေလးလည္းလုိက္ပါလာသည္။ ၿပီးေတာ့ လက္ဆြဲအိတ္ႀကီး တစ္ခုကုိ ေတြ႕ရသည္။

“ဒီေန႔ ေငြအၿပီးေခ်ဖုိ႔ အစီအစဥ္ လုပ္ထားတာေပါ့”

“ဟုတ္တယ္ သူငယ္ခ်င္း၊ ေငြကို တစ္ခါတည္း ယူလာလုိက္တယ္”

ဆလြန္းကားေလးသည္ ေဘလီတံတားရွိရာဘက္သုိ႔ ေကြ႕လုိက္သျဖင့္ -

“ေျမာက္ဒဂုံဘက္ကို သြားမွာလား”

“ေအး ဟုတ္တယ္ xxx အိမ္ရာမွာ ၀ယ္မွာသူငယ္ခ်င္း”

“အိမ္ ၿခံ ေျမအက်ဳိးေဆာင္က ဘယ္မွာရွိတာလဲ”

“အဲဒီ အိမ္ရာ၀ုိင္းထဲမွာပဲ၊ အခု ၀ယ္မယ္ဆိုတဲ့ တုိက္ခန္းနဲ႔ မ်က္ႏွာခ်င္းဆုိင္ဆုိပါေတာ့၊ နီးပါတယ္”

“အိမ္ရာဆုိေတာ့ ပုဂၢလိကေျမ ပိုင္ရွင္မဟုတ္တဲ့အတြက္ ေျမရွင္ကို အသိေပးတာမ်ဳိး၊ အမည္ေျပာင္းခေပး ရတာမ်ဳိး၊ ေျမရွင္အသိအမွတ္ျပဳလက္မွတ္ထုိးရတာမ်ဳိး မရွိဘူးေပါ့။ မိမိက ထပ္မံလႊဲေျပာင္းရင္လည္း စိတ္႐ႈပ္ စရာနည္းတာေပါ့ သူငယ္ခ်င္း။ ႏုိင္ငံေတာ္ပုိင္ေျမေပၚမွာ ေဆာက္တဲ့ အိမ္ရာေတြကုိ ၀ယ္တာေကာင္းပါတယ္”

စာေရးသူ စကားေျပာေနစဥ္မွာပင္ အိမ္ရာဂိတ္ေပါက္၀သုိ႔ ေရာက္လာပါသည္။ ဂိတ္ေပါက္တြင္ လုံၿခံဳေရးႏွစ္ဦး ရွိသည္။ Taxi ကားမ်ား၀င္လွ်င္ ယာဥ္ေမာင္းမွတ္ပုံတင္ကတ္ႏွင့္ ၀င္ခြင့္ကတ္လဲလွယ္ေပးၿပီးမွ ၀ုိင္းထဲသုိ႔ ၀င္ခြင့္ ျပဳသည္ကို ေတြ႕ရသည္။ ကုိယ္ပုိင္ကားေတြကိုေတာ့ ကားနံပါတ္ မွတ္တမ္းတင္ထားသည္ဟုထင္သည္။ မည္သုိ႔ပင္ျဖစ္ေစလုံၿခံဳေရးရွိသျဖင့္ စိတ္ခ်ရသည္။

အိမ္ ၿခံ ေျမ အက်ဳိးေဆာင္႐ုံးခန္းသုိ႔ ေရာက္သည့္အခါ တုိက္ခန္းပုိင္ရွင္ေရာက္လာပါေတာ့မည္ဟု ႐ံုးခန္းရွိတာ၀န္ခံက ေျပာပါသည္။ တုိက္ခန္းအေျခအေနမွာ ေပ ၃၀ ပတ္လည္နီးပါးရွိေၾကာင္း၊ ေလေအး စက္၊ ေရခဲေသတၱာ၊ အ၀တ္ေလွ်ာ္စက္မ်ားထားခဲ့မည္ျဖစ္ေၾကာင္း သိရသည္။

မၾကာမီ တုိက္ခန္းပုိင္ရွင္မ်ား ေရာက္လာသည္။

အိမ္ရာ၀ုိင္းထဲသုိ႔ ကား၀င္လုိက္ စဥ္ကပင္ႏုိင္ငံေတာ္က ေဆာက္လုပ္ထားေသာ တန္ဖုိးသင့္ (တန္ဖုိးမွ်တ အိမ္ရာ) တစ္ခုျဖစ္ေၾကာင္း သိလုိက္သည္။ ထုိ႔ေၾကာင့္ ပုိင္ရွင္ထံမွ စာရြက္စာတမ္း မူရင္းမ်ားကို ေတာင္းခံၾကည့္မိသည္။

ယခုလႊဲေျပာင္း ေရာင္းခ်သူမွာ မူလပုိင္ရွင္မဟုတ္ေပ။ မူလပုိင္ရွင္ထံမွ လႊဲေျပာင္း၀ယ္ယူထားသူျဖစ္သည္။ တစ္နည္းအားျဖင့္ တုိက္ခန္း၏ ဒုတိယပုိင္ရွင္ (Second Owner) ျဖစ္သည္။ မူလတုိက္ခန္းပုိင္ရွင္ႏွင့္ ခ်ဳပ္ဆုိထားေသာ တုိက္ခန္းအေရာင္းအ၀ယ္စာခ်ဳပ္မူရင္းကို ျပသည္။ တုိက္ခန္းအမည္ မေျပာင္းရေသးေပ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏စည္ပင္ပုိင္ ေျမေပၚတြင္ တည္ေဆာက္ထားေသာ တန္ဖိုးသင့္အိမ္ရာတစ္ခုျဖစ္သျဖင့္ မူလပုိင္ရွင္မွာ အရစ္က်ေငြသြင္း၍ ၀ယ္ယူရရွိထားေသာ တုိက္ခန္းျဖစ္ပါသည္။

မူလပုိင္ရွင္ေပးသြင္းထားေသာ ေငြသြင္းခ်လန္မူရင္းမ်ား၊ ေနာက္ဆုံး အရစ္ေပးသြင္းထားသည့္ ေျမခြန္ေျပစာ မူရင္းမ်ား၊ မီတာေျပစာမူရင္းမ်ားႏွင့္ မူလပုိင္ရွင္အမည္ႏွင့္ ထုတ္ေပးထားေသာ ေနထုိင္ခြင့္လက္မွတ္စာအုပ္ (Owner Book ) မူရင္း၊ ယင္းေနထုိင္ ခြင့္စာအုပ္တြင္ မူလပုိင္ရွင္၏ ဓာတ္ပုံကပ္ထားသည္ကို ေတြ႕ရသည္။

တုိက္ခန္းေရာင္းခ်ျခင္းႏွင့္ ပတ္သက္္၍ အဆုိပါ ေနထုိင္ခြင့္စာအုပ္တြင္ တုိက္ခန္းေရာင္းခ်မည္ဆုိပါက ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (အင္ဂ်င္နီယာဌာန) သုိ႔ အေၾကာင္းၾကားၿပီး ပူးတြဲပါ အေရာင္းအ၀ယ္စာခ်ဳပ္တြင္ ျဖည့္စြက္ကာ အေရာင္းအ၀ယ္ျပဳလုပ္ရမည္ဟုပါရွိသည္ကို ေတြ႕ရသည္။ ထုိစာခ်ဳပ္ ပုံစံႏွင့္အတူအမည္ေျပာင္းေပးသည့္ ပုံ၏ စာရြက္တစ္ရြက္ကို ေတြ႕ရွိရပါ သည္။

ထုိ႔ေၾကာင့္ ယခု တုိက္ခန္းအေရာင္းအ၀ယ္ႏွင့္ ပတ္သက္၍ တုိက္ခန္းအမည္ေပါက္ ထြက္ရွိရန္ႏွင့္ တရား၀င္အတည္ျဖစ္ရန္ ၫႊန္ၾကားထားသည့္အတုိင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (အင္ဂ်င္နီယာ) ဌာနသုိ႔ အေၾကာင္းၾကား ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း စာေရးသူက ရွင္းျပမိသည္။

ထုိအခါမွ အိမ္ၿခံေျမအက်ဳိးေဆာင္၏ မန္ေနဂ်ာျဖစ္သူႏွင့္ တုိက္ခန္းပိုင္ရွင္တုိ႔က အိမ္ရာၿပီးစီးသည္မွာ သုံးႏွစ္ခန္႔သာရွိေသးေၾကာင္း၊ ငါးႏွစ္ျပည့္မွ အမည္ေျပာင္းေပးမည္ျဖစ္သျဖင့္ အမည္ေျပာင္း၍မရေသးေၾကာင္း၊ ငါးႏွစ္ျပည့္မွ အစဥ္အဆက္ အေရာင္းအ၀ယ္ကတိစာခ်ဳပ္မူရင္းမ်ားျပသ၍ အမည္ေျပာင္းေလွ်ာက္ထားရမည္ဟု ေျပာပါသည္။

သုိ႔ေသာ္ ေနထုိင္ခြင့္ စာအုပ္တြင္ ငါးႏွစ္ျပည့္မွ တုိက္ခန္းအေရာင္းအ၀ယ္ျပဳလုပ္ခြင့္ရွိသည္ဆုိသည့္ စာသားပါ ရွိေနမလားဟု စည္းကမ္းခ်က္မ်ားကို အႀကိမ္ႀကိမ္ဖတ္ေသာ္လည္း ရွာမေတြ႕ပါ။ အမည္ ေျပာင္းသည့္အခါ သက္ဆုိင္ရာမွသတင္းစာထဲ ေၾကညာၿပီး ကန္႔ကြက္သူမရွိက တုိက္ခန္းအမည္ေျပာင္းေပးသည့္ အစဥ္အလာရွိပါသည္။ မည္သုိ႔ပင္ျဖစ္ေစ တန္ဖုိးနည္း တန္ဖုိးသင့္အိမ္ရာမ်ားကုိ “ဒီလုိလည္း ေရာင္း၀ယ္ေန ၾကပါလား”ဟု ဗဟုသုတအျဖစ္ သိလုိက္ရသည္။

ထုိ႔ေနာက္ ၀ယ္သူေရာင္းသူ အက်ဳိးေဆာင္အားလုံးၿပံဳးရႊင္သြားေစသည့္ “စာရြက္စာတမ္းမူရင္းမ်ား ျပည့္စုံတဲ့ အတြက္ အေရာင္းအ၀ယ္ ျပဳလုပ္လုိ႔ရပါၿပီ”ဟု အႀကံျပဳလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

ပြီးခဲ့သည့် ရက်သတ္တပတ်ကဖြစ်သည်။ မိတ်ဆွေတစ်ဦးက အိမ်ရာတစ်ခုမှ တိုက်ခန်းတစ်ခန်းဝယ်မှာဖြစ်၍ စာရွက်စာတမ်းများကို လိုက်ကြည့်ပေးရန် ဖုန်းဖြင့် ပြောလာပါသည်။

“စရန်ငွေ ပေးဖို့လားသူငယ်ချင်း”

“အဆင်ပြေရင်တော့ တစ်ခါတည်းငွေအကြေချေမှာ သူငယ်ချင်း။ အလွဲအမှားဖြစ်မှာစိုးလို့ စာရွက်စာတမ်း မှန် မမှန်လိုက်ကြည့်ပေးဖို့ပါ”

ဒီလိုအခြေအနေမျိုးက ဆောင်ရွက်ပေးရသည်မှာ အခက်အခဲရှိလှသည်။ ဝယ်သူက တိုက်ခန်းကို အလွန်ကြိုက် နှစ်သက်နေတတ်သည်။ လက်မလွှတ်ချင်ပေ။ အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့နှင့် ချိတ်ဆက်လုပ်ကိုင်သည်ဆိုပါက အရောင်းအဝယ်စာချုပ်က အဆင်သင့်ရှိနေကြသည်။ နောက်ဆုံးအဆင့်ငွေချေသည့်နေ့မှ စာရွက်စာတမ်းလိုက်ကြည့်ပေးပါဟု အကူအညီတောင်းတတ်ကြသည်။ အမှန်ကတော့ ဝယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ ဤတွင် မိမိ၏ ပြောစကားတစ်ခုကြောင့် အရောင်းအဝယ် ပျက်သွားတာမျိုးဖြစ်သွားတတ်သဖြင့် အထူးဂရုစိုက်ရသည့် အခြေအနေဖြစ်သည်။

အဓိက ကြီးကြီးမားမားကိစ်္စ မဟုတ်လျှင် လျစ်လျူရှုလိုက်ရသည်။ အသေးအဖွဲ့ ချို့ယွင်းချက်ရှိလျှင်လည်း မည်သို့ဆောင်ရွက်ကြမည်ကို ဆွေးနွေးအကြံပြုခြင်းဖြင့် ပြေလည်အောင်ဆောင်ရွက်ပေးရသည်။ အဓိက အချက်ကတော့ အရောင်းအဝယ်ပွဲ မပျက်ဖို့ ဖြစ်သည်။ အချို့ကတော့ စရန်ငွေပေးပြီး အပြီးသတ်ငွေချေရက်မှာလိုက်ပါကူညီပေးဖို့တောင်းဆိုတတ်ကြသည်။ ဤသည်မှာလည်း ခက်ခဲလှသည်။ စရန်ငွေပေးပြီးမှ အရောင်းအဝယ်ပျက်လျှင် မိမိ၏ ပယောဂပါမည်စိုး၍ သတိကြီးစွာ ဆောင်ရွက်ရပါသည်။

အခုတော့ တွေ့ပြီ။ ကျောင်းနေ ဖက်သူငယ်ချင်းဖြစ်နေ၍ လိုက်ကြည့်ပေးပါမည်လို့သာ သဘောတူလိုက်ရသည်။ စိတ်ထဲမှာဘဝင်မကျပေ။ အထူးသဖြင့် သူဆက်ပြောလိုက်သည့် စကားကြောင့် ပို၍ စိတ်ကျဉ်းကျပ် သွားသည်။

“ကိုယ့်သမီးက အကျိုးဆောင် အဖွဲ့နဲ့ ဆက်သွယ်ထားတာ၊ အဲဒီကို သွားကြည့်ရမှာ သူငယ်ချင်း”

“ကောင်းပါပြီလေ။ စာချုပ်စာတမ်းကအစ ဆောင်ရွက်ပြီးသားဖြစ်မှာဆိုတော့အဆင်ပြေဆုံးဖြစ်အောင် လုပ်ပေး ပါမယ်လို့” ပြောလိုက်ပါသည်။

နောက်ရက်မနက်ပိုင်း ၁၀ နာရီခန့်မှာ သူငယ်ချင်းဖြစ်သူသည်သူပိုင်ကားလေးဖြင့် စာရေးသူ၏ နေအိမ်သို့ ရောက်လာပါသည်။ သူ၏သမီးဆိုသူ မိန်းကလေးလည်းလိုက်ပါလာသည်။ ပြီးတော့ လက်ဆွဲအိတ်ကြီး တစ်ခုကို တွေ့ရသည်။

“ဒီနေ့ ငွေအပြီးချေဖို့ အစီအစဉ် လုပ်ထားတာပေါ့”

“ဟုတ်တယ် သူငယ်ချင်း၊ ငွေကို တစ်ခါတည်း ယူလာလိုက်တယ်”

ဆလွန်းကားလေးသည် ဘေလီတံတားရှိရာဘက်သို့ ကွေ့လိုက်သဖြင့် -

“မြောက်ဒဂုံဘက်ကို သွားမှာလား”

“အေး ဟုတ်တယ် xxx အိမ်ရာမှာ ဝယ်မှာသူငယ်ချင်း”

“အိမ် ခြံ မြေအကျိုးဆောင်က ဘယ်မှာရှိတာလဲ”

“အဲဒီ အိမ်ရာဝိုင်းထဲမှာပဲ၊ အခု ဝယ်မယ်ဆိုတဲ့ တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်ဆိုပါတော့၊ နီးပါတယ်”

“အိမ်ရာဆိုတော့ ပုဂ္ဂလိကမြေ ပိုင်ရှင်မဟုတ်တဲ့အတွက် မြေရှင်ကို အသိပေးတာမျိုး၊ အမည်ပြောင်းခပေး ရတာမျိုး၊ မြေရှင်အသိအမှတ်ပြုလက်မှတ်ထိုးရတာမျိုး မရှိဘူးပေါ့။ မိမိက ထပ်မံလွှဲပြောင်းရင်လည်း စိတ်ရှုပ် စရာနည်းတာပေါ့ သူငယ်ချင်း။ နိုင်ငံတော်ပိုင်မြေပေါ်မှာ ဆောက်တဲ့ အိမ်ရာတွေကို ဝယ်တာကောင်းပါတယ်”

စာရေးသူ စကားပြောနေစဉ်မှာပင် အိမ်ရာဂိတ်ပေါက်ဝသို့ ရောက်လာပါသည်။ ဂိတ်ပေါက်တွင် လုံခြုံရေးနှစ်ဦး ရှိသည်။ Taxi ကားများဝင်လျှင် ယာဉ်မောင်းမှတ်ပုံတင်ကတ်နှင့် ဝင်ခွင့်ကတ်လဲလှယ်ပေးပြီးမှ ဝိုင်းထဲသို့ ဝင်ခွင့် ပြုသည်ကို တွေ့ရသည်။ ကိုယ်ပိုင်ကားတွေကိုတော့ ကားနံပါတ် မှတ်တမ်းတင်ထားသည်ဟုထင်သည်။ မည်သို့ပင်ဖြစ်စေလုံခြုံရေးရှိသဖြင့် စိတ်ချရသည်။

အိမ် ခြံ မြေ အကျိုးဆောင်ရုံးခန်းသို့ ရောက်သည့်အခါ တိုက်ခန်းပိုင်ရှင်ရောက်လာပါတော့မည်ဟု ရုံးခန်းရှိတာဝန်ခံက ပြောပါသည်။ တိုက်ခန်းအခြေအနေမှာ ပေ ၃၀ ပတ်လည်နီးပါးရှိကြောင်း၊ လေအေး စက်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များထားခဲ့မည်ဖြစ်ကြောင်း သိရသည်။

မကြာမီ တိုက်ခန်းပိုင်ရှင်များ ရောက်လာသည်။

အိမ်ရာဝိုင်းထဲသို့ ကားဝင်လိုက် စဉ်ကပင်နိုင်ငံတော်က ဆောက်လုပ်ထားသော တန်ဖိုးသင့် (တန်ဖိုးမျှတ အိမ်ရာ) တစ်ခုဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ပိုင်ရှင်ထံမှ စာရွက်စာတမ်း မူရင်းများကို တောင်းခံကြည့်မိသည်။

ယခုလွှဲပြောင်း ရောင်းချသူမှာ မူလပိုင်ရှင်မဟုတ်ပေ။ မူလပိုင်ရှင်ထံမှ လွှဲပြောင်းဝယ်ယူထားသူဖြစ်သည်။ တစ်နည်းအားဖြင့် တိုက်ခန်း၏ ဒုတိယပိုင်ရှင် (Second Owner) ဖြစ်သည်။ မူလတိုက်ခန်းပိုင်ရှင်နှင့် ချုပ်ဆိုထားသော တိုက်ခန်းအရောင်းအဝယ်စာချုပ်မူရင်းကို ပြသည်။ တိုက်ခန်းအမည် မပြောင်းရသေးပေ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏စည်ပင်ပိုင် မြေပေါ်တွင် တည်ဆောက်ထားသော တန်ဖိုးသင့်အိမ်ရာတစ်ခုဖြစ်သဖြင့် မူလပိုင်ရှင်မှာ အရစ်ကျငွေသွင်း၍ ဝယ်ယူရရှိထားသော တိုက်ခန်းဖြစ်ပါသည်။

မူလပိုင်ရှင်ပေးသွင်းထားသော ငွေသွင်းချလန်မူရင်းများ၊ နောက်ဆုံး အရစ်ပေးသွင်းထားသည့် မြေခွန်ပြေစာ မူရင်းများ၊ မီတာပြေစာမူရင်းများနှင့် မူလပိုင်ရှင်အမည်နှင့် ထုတ်ပေးထားသော နေထိုင်ခွင့်လက်မှတ်စာအုပ် (Owner Book ) မူရင်း၊ ယင်းနေထိုင် ခွင့်စာအုပ်တွင် မူလပိုင်ရှင်၏ ဓာတ်ပုံကပ်ထားသည်ကို တွေ့ရသည်။

တိုက်ခန်းရောင်းချခြင်းနှင့် ပတ်သက်၍ အဆိုပါ နေထိုင်ခွင့်စာအုပ်တွင် တိုက်ခန်းရောင်းချမည်ဆိုပါက ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာဌာန) သို့ အကြောင်းကြားပြီး ပူးတွဲပါ အရောင်းအဝယ်စာချုပ်တွင် ဖြည့်စွက်ကာ အရောင်းအဝယ်ပြုလုပ်ရမည်ဟုပါရှိသည်ကို တွေ့ရသည်။ ထိုစာချုပ် ပုံစံနှင့်အတူအမည်ပြောင်းပေးသည့် ပုံ၏ စာရွက်တစ်ရွက်ကို တွေ့ရှိရပါ သည်။

ထို့ကြောင့် ယခု တိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်၍ တိုက်ခန်းအမည်ပေါက် ထွက်ရှိရန်နှင့် တရားဝင်အတည်ဖြစ်ရန် ညွှန်ကြားထားသည့်အတိုင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာ) ဌာနသို့ အကြောင်းကြား ဆောင်ရွက်ရန်လိုအပ်ကြောင်း စာရေးသူက ရှင်းပြမိသည်။

ထိုအခါမှ အိမ်ခြံမြေအကျိုးဆောင်၏ မန်နေဂျာဖြစ်သူနှင့် တိုက်ခန်းပိုင်ရှင်တို့က အိမ်ရာပြီးစီးသည်မှာ သုံးနှစ်ခန့်သာရှိသေးကြောင်း၊ ငါးနှစ်ပြည့်မှ အမည်ပြောင်းပေးမည်ဖြစ်သဖြင့် အမည်ပြောင်း၍မရသေးကြောင်း၊ ငါးနှစ်ပြည့်မှ အစဉ်အဆက် အရောင်းအဝယ်ကတိစာချုပ်မူရင်းများပြသ၍ အမည်ပြောင်းလျှောက်ထားရမည်ဟု ပြောပါသည်။

သို့သော် နေထိုင်ခွင့် စာအုပ်တွင် ငါးနှစ်ပြည့်မှ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ခွင့်ရှိသည်ဆိုသည့် စာသားပါ ရှိနေမလားဟု စည်းကမ်းချက်များကို အကြိမ်ကြိမ်ဖတ်သော်လည်း ရှာမတွေ့ပါ။ အမည် ပြောင်းသည့်အခါ သက်ဆိုင်ရာမှသတင်းစာထဲ ကြေညာပြီး ကန့်ကွက်သူမရှိက တိုက်ခန်းအမည်ပြောင်းပေးသည့် အစဉ်အလာရှိပါသည်။ မည်သို့ပင်ဖြစ်စေ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများကို “ဒီလိုလည်း ရောင်းဝယ်နေ ကြပါလား”ဟု ဗဟုသုတအဖြစ် သိလိုက်ရသည်။

ထို့နောက် ဝယ်သူရောင်းသူ အကျိုးဆောင်အားလုံးပြုံးရွှင်သွားစေသည့် “စာရွက်စာတမ်းမူရင်းများ ပြည့်စုံတဲ့ အတွက် အရောင်းအဝယ် ပြုလုပ်လို့ရပါပြီ”ဟု အကြံပြုလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service