တရုတ္ျပည္၏ အၾကီးမားဆံုး အိမ္ျခံေျမ developer ကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Country Garden က ကြမ္က်ဳိးျမိဳ႕တြင္ စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လည္ပတ္ေသာ ကမၻာ့ပထမဆံုး စက္ရုပ္စားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္

တရုတ္ျပည္၏ အၾကီးမားဆံုး အိမ္ျခံေျမ developer ကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Country Garden က ကြမ္က်ဳိးျမိဳ႕တြင္ စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လည္ပတ္ေသာ ကမၻာ့ပထမဆံုး စက္ရုပ္စားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္ - Property News in Myanmar from iMyanmarHouse.com
15 Jan 2020 11:11 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ျပည္၏ အၾကီးမားဆံုး အိမ္ျခံေျမ developer ကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Country Garden Holdings သည္ ကြမ္က်ဳိးျမိဳ႕တြင္ စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လည္ပတ္ေသာ ပထမဆံုးစားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္လိုက္ေၾကာင္း တရုတ္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Country Garden က ၎၏ လက္ေအာက္ခံကုမၸဏီခြဲတစ္ခုျဖစ္ေသာ Qianxi Robotic Catering Group မွတဆင့္ အဆိုပါ စက္ရုပ္ စားေသာက္ဆိုင္ကို ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

Country Garden Holdings သည္ တရုတ္ျပည္၊ ကြမ္တံုျပည္နယ္တြင္ အေျခစိုက္ျပီး ယန္းေကာက္ခ်န္မိသားစုက ပိုင္ဆိုင္သည္။

၂၀၁၈ ခုႏွစ္ အခ်က္အလက္မ်ားအရ ေစ်းကြက္ရင္းႏွီးေငြ ကန္ေဒၚလာ ၂၉ ဒသမ ၈၄ ဘီလီယံရွိျပီး တရုတ္၊ မေလးရွားႏွင့္ ၾသစေတးလ်တို႔တြင္ အဆင့္ျမင့္ေဆာက္လုပ္ေရးစီမံကိန္းေပါင္း ၂၀၀ ေက်ာ္ အေကာင္အထည္ေဖာ္ေနသည္။ စားေသာက္ဆိုင္ကို Foodom ဟု အမည္ေပးထားျပီး စက္ရုပ္ ၄၆ မ်ဳိး ထားရွိေပးထားကာ ဇန္နဝါရီလ ၁၂ ရက္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

စက္ရုပ္မ်ားသည္ ဧည့္သည္မ်ား ၾကိဳဆိုျခင္း၊ အစားအေသာက္ခ်က္ျပဳတ္ျခင္း၊ ေသာက္ဖြယ္ရာမ်ား စီစဥ္ေပးျခင္း၊ မွာယူထားသည့္ အစားအစာမ်ား ပို႔ေဆာင္ေပးျခင္းႏွင့္ Country Garden မွ တီထြင္ထားသည့္ နည္းပညာကို အသံုးျပဳကာ က်သင့္ေငြ ရွင္းေပးျခင္းမ်ား လုပ္ေဆာင္ၾကသည္ဟု ဆိုသည္။

Country Garden သည္ ၂၀၁၉ ခုႏွစ္ ၊ ေမလမွ စတင္ျပီး လူေပါင္း ၇၅၀ ျဖင့္ သုေတသနႏွင့္ ဖြံ႔ျဖိဳးေရးအဖြဲ႔ဖြဲ႔စည္းကာ တရုတ္အစားအစာ၊ hot pot ၊ အသင့္စား အစားအစာမ်ား၊ ေျမအိုးထမင္းညစာႏွင့္ ေခါက္ဆြဲဆိုင္ အစရွိေသာ စားေသာက္ဆိုင္ ပံုသ႑ာန္ ၅ မ်ဳိးအတြက္ စက္ေပါင္း ၇၀ ကို အသံုးျပဳကာ တီထြင္မႈမ်ား ျပဳလုပ္ခဲ့သည္။

စက္ရုပ္စားေသာက္ဆိုင္တြင္ အဓိကေရာင္းခ်သည္မွာ ကြမ္တံု ငါးဟင္း (Guangdong Shunde cuisine) ျဖစ္သည္။

“စက္ရုပ္ စားဖိုမွဴးေတြ ခ်က္ထားတဲ့လက္ရာဟာ အျခားနာမည္ေက်ာ္ စားဖိုမွဴးေတြခ်က္ျပဳတ္တဲ့ ကြမ္တံုငါးဟင္းနဲ႔ တကယ့္ကို ယွဥ္ျပိဳင္ႏိုင္စြမ္းရွိပါတယ္။ ကြမ္တံုငါးဟင္းဟာ ျပည္တြင္း၊ ျပည္ပမွာ နာမည္ေက်ာ္တဲ့ ဟင္းတစ္မ်ဳိးျဖစ္ပါတယ္” ဟု ခ်န္း အမည္ရွိ လာေရာက္စားသံုးသူတစ္ဦးက ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Country Garden Holdings သည် ကွမ်ကျိုးမြို့တွင် စက်ရုပ်ဝန်ထမ်းများဖြင့်သာ လည်ပတ်သော ပထမဆုံးစားသောက်ဆိုင်တစ်ခု ဖွင့်လှစ်လိုက်ကြောင်း တရုတ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Country Garden က ၎င်း၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်သော Qianxi Robotic Catering Group မှတဆင့် အဆိုပါ စက်ရုပ် စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

Country Garden Holdings သည် တရုတ်ပြည်၊ ကွမ်တုံပြည်နယ်တွင် အခြေစိုက်ပြီး ယန်းကောက်ချန်မိသားစုက ပိုင်ဆိုင်သည်။

၂၀၁၈ ခုနှစ် အချက်အလက်များအရ ဈေးကွက်ရင်းနှီးငွေ ကန်ဒေါ်လာ ၂၉ ဒသမ ၈၄ ဘီလီယံရှိပြီး တရုတ်၊ မလေးရှားနှင့် သြစတေးလျတို့တွင် အဆင့်မြင့်ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၂၀၀ ကျော် အကောင်အထည်ဖော်နေသည်။ စားသောက်ဆိုင်ကို Foodom ဟု အမည်ပေးထားပြီး စက်ရုပ် ၄၆ မျိုး ထားရှိပေးထားကာ ဇန်နဝါရီလ ၁၂ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စက်ရုပ်များသည် ဧည့်သည်များ ကြိုဆိုခြင်း၊ အစားအသောက်ချက်ပြုတ်ခြင်း၊ သောက်ဖွယ်ရာများ စီစဉ်ပေးခြင်း၊ မှာယူထားသည့် အစားအစာများ ပို့ဆောင်ပေးခြင်းနှင့် Country Garden မှ တီထွင်ထားသည့် နည်းပညာကို အသုံးပြုကာ ကျသင့်ငွေ ရှင်းပေးခြင်းများ လုပ်ဆောင်ကြသည်ဟု ဆိုသည်။

Country Garden သည် ၂၀၁၉ ခုနှစ် ၊ မေလမှ စတင်ပြီး လူပေါင်း ၇၅၀ ဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဖွဲ့စည်းကာ တရုတ်အစားအစာ၊ hot pot ၊ အသင့်စား အစားအစာများ၊ မြေအိုးထမင်းညစာနှင့် ခေါက်ဆွဲဆိုင် အစရှိသော စားသောက်ဆိုင် ပုံသဏ္ဍာန် ၅ မျိုးအတွက် စက်ပေါင်း ၇၀ ကို အသုံးပြုကာ တီထွင်မှုများ ပြုလုပ်ခဲ့သည်။

စက်ရုပ်စားသောက်ဆိုင်တွင် အဓိကရောင်းချသည်မှာ ကွမ်တုံ ငါးဟင်း (Guangdong Shunde cuisine) ဖြစ်သည်။

“စက်ရုပ် စားဖိုမှူးတွေ ချက်ထားတဲ့လက်ရာဟာ အခြားနာမည်ကျော် စားဖိုမှူးတွေချက်ပြုတ်တဲ့ ကွမ်တုံငါးဟင်းနဲ့ တကယ့်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ ကွမ်တုံငါးဟင်းဟာ ပြည်တွင်း၊ ပြည်ပမှာ နာမည်ကျော်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်” ဟု ချန်း အမည်ရှိ လာရောက်စားသုံးသူတစ်ဦးက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
shwe-moe-kaung
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service