မြဝတီမြို့ ရပ်ကွက်သစ်တွင် ဝင်ရောက်ကျူးကျော်နေထိုင်သူများကို ပြည်နယ်အစိုးရကရှင်းလင်းတော့မည် - Property News in Myanmar from iMyanmarHouse.com
404 ကြိမ် ကြည့်ရှု့ ပြီး


ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

### Zawgyi Version ###







 

### Unicode Version ###

 

မြဝတီမြို့ရပ်ကွက်သစ်တွင် ဝင်ရောက်ကျူးကျော်နေထိုင်သူများကို ပြည်နယ်အစိုးရကရှင်းလင်းတော့မည်ဖြစ်ကြောင်း သိရသည်။

မြို့ပြစီမံကိန်းအဖြစ် မြေအကျယ်အဝန်း ၅၄၉ ဒသမ ၉၁ ဧကတွင် ရပ်ကွက် (၆/၇) ကို တည်ဆောက်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ခွင့်ပြုချက်မဲ့ ဝင်ရောက်ကျူးကျော်နေထိုင်သူများကို မကြာခင်ရက်ပိုင်းအတွင်း ဖယ်ရှားရှင်းလင်းတော့မှာဖြစ်ပြီး အမှန်တကယ်နေစရာမရှိသူများကို အစိုးရစီမံခန့်ခွဲမှုရှိသည့် နေရာတွင် ပြန်အစားထိုးပေးသွားဖို့စီစဉ်ထားကြောင်း၊ယင်းနေရာတွင် အိမ်ဆောက်ထားပြီးလူမနေသည့် အိမ်အလုံး ၂၀ဝ ကျော်ကို ၂၀၁၉ ခုနှစ်မတ်လအတွင်း ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။

အဆိုပါနေရာတွင်၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက် နောက်ဆုံး စာရင်းကောက်ယူမှုအရ စုစုပေါင်း အိမ်ခြေ ၂၀၄ လုံးရှိကြောင်း တွေ့ရှိရပြီး မြို့ပြစီမံကိန်း ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်နေမှုကြောင့် မကြာခင်ရက်ပိုင်းအတွင်း အင်အားသုံးဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ရပ်ကွက်သစ်တွင် မြို့ပြစီမံကိန်းနှင့်အညီလမ်းနှင့်တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံများ၊ ဈေ းနှင့်ဘုန်းကြီးကျောင်းများကို စနစ်တကျထည့်သွင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...
“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...
မေ့မေတ္တာ အိမ်ရာစီမံကိန်းပြီးစီးတော့မည်ဖြစ်ရာ စမတ်ကတ်ရရှိထားသူများ ဧပြီလအတွင်းနေထိုင်ခွင့်ရရန်လျာထား...
မေ့မေတ္တာ အိမ်ရာစီမံကိန်းပြီးစီးတော့မည်ဖြစ်ရာ စမတ်ကတ်ရရှိထားသူများ ဧပြီလအတွင်းနေထိုင်ခွင့်ရရန်လျာထား...
ကမ္ဘာကျော် အမေရိကန်ဘောလုံးသမား လန်ဒန် ဒိုနိုဗန်က နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်...
ကမ္ဘာကျော် အမေရိကန်ဘောလုံးသမား လန်ဒန် ဒိုနိုဗန်က နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်...
ဒလဈေးနေရာအဖြစ်ကောင်အထည်ဖော်မည့် သိမ်းဆည်းခံလယ်ယာမြေအတွက် မြေယာလျော်ကြေးပေးအပ်
ဒလဈေးနေရာအဖြစ်ကောင်အထည်ဖော်မည့် သိမ်းဆည်းခံလယ်ယာမြေအတွက် မြေယာလျော်ကြေးပေးအပ်
နိုင်ငံအသီးသီးက Help Desk တွေ ပါဝင်မယ့် ကုန်သွယ်မှုဗဟိုဌာန ဖွင့်တော့မယ်
နိုင်ငံအသီးသီးက Help Desk တွေ ပါဝင်မယ့် ကုန်သွယ်မှုဗဟိုဌာန ဖွင့်တော့မယ်
အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီးတို့၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၆ ဒ သမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီးတို့၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၆ ဒ သမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျပန်အစိုးရက မြို့ပြဖွံဖြိုးရေးစီမံကိန်း (၄) ခုအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ချေးငွေပေး
ဂျပန်အစိုးရက မြို့ပြဖွံဖြိုးရေးစီမံကိန်း (၄) ခုအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ချေးငွေပေး
ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ဖိလစ်ပိုင်တန်ဖိုးသင့်အိမ်ခြံမြေဈေးကွက် ဆွဲဆောင်
ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ဖိလစ်ပိုင်တန်ဖိုးသင့်အိမ်ခြံမြေဈေးကွက် ဆွဲဆောင်
Business Visa အတွက် ကုန်သွယ်ရေးဌာန ထောက်ခံချက် အွန်လိုင်းကယူနိုင်တော့မယ်
Business Visa အတွက် ကုန်သွယ်ရေးဌာန ထောက်ခံချက် အွန်လိုင်းကယူနိုင်တော့မယ်
အလုံသဘာဝဓာတ်ငွေ့လျှပ်စစ်စက်ရုံသစ်က မတ်လကစပြီး ဓာတ်အားပေးနိုင်ပြီ
အလုံသဘာဝဓာတ်ငွေ့လျှပ်စစ်စက်ရုံသစ်က မတ်လကစပြီး ဓာတ်အားပေးနိုင်ပြီ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)