ဝန္ထမ္းမ်ား အိမ္သာထဲ အခ်ိန္ၾကာၾကာေနခြင့္မရေစမည့္ အိမ္သာဒီဇိုင္းသစ္

ဝန္ထမ္းမ်ား အိမ္သာထဲ အခ်ိန္ၾကာၾကာေနခြင့္မရေစမည့္ အိမ္သာဒီဇိုင္းသစ္ - Property News in Myanmar from iMyanmarHouse.com
9 Jan 2020 10:26 am တွင် တင်ခဲ့သည်
13804 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အိမ္သာထိုင္ခံုမွာ အခ်ိန္အၾကာႀကီး သတင္းဖတ္၊ လူမႈကြန္ရက္သံုးစြဲတာေတြ၊ အိမ္သာကိုအလြဲသံုးစားလုပ္တာေတြဟာ ယခုေဖာ္ျပမယ့္အိမ္သာဒီဇိုင္းသစ္နဲ႔ဆို အဆံုးသတ္ေတာ့မွာပဲျဖစ္ပါတယ္။ အျငင္းပြားဖြယ္ ၎အိမ္သာထိုင္ခံုဒီဇိုင္းသစ္ဟာ သူ႕အေပၚမွာထုိင္တဲ့သူကို ထုိင္ခ်ိန္ ၇ မိနစ္ေက်ာ္လာရင္ ထုိင္ရတာအဆင္မေျပ၊ သက္ေသာင့္သက္သာမရွိခံစားရေအာင္ ဒီဇိုင္းထြင္ထားတာပဲျဖစ္ပါတယ္။

အဂၤလိပ္လူမ်ဳိးအတိုင္ပင္ခံအင္ဂ်င္နီယာ မဟာဘီယာေဂးလ္ ဒီဇုိင္းထြင္ထားတဲ့ Standard Toilet ဟာ ထိုင္တဲ့သူအေနနဲ႔ ေအာက္ကိုေလွ်ာမက်ေစဖို႔ရာ ေျခေထာက္ႂကြက္သားေတြအားျပဳထိုင္ရေအာင္ ေအာက္ဘက္ကို ၁၃ ဒီဂရီ ေစာင္းထားတာပါ။ အဲဒီအိမ္သာထုိင္ခံုမွာ လူတစ္ေယာက္အၾကာဆံုးသက္ေသာင့္သက္သာထိုင္ႏုိင္ခ်န္က ၅ မိနစ္ကေန ၇ မိနစ္အၾကား ျဖစ္တယ္လို႔ ဖန္တီးသူက ဆိုပါတယ္။

၁၃ ဒီဂရီနိမ့္ေလွ်ာဟာ ထိုင္တဲ့သူေတြရဲ႕ ေျခေထာက္ေတြ ေညာင္းညာလာေစၿပီး ပံုမွန္ေရျပင္ညီအိမ္သာထုိင္ခံုမွာထုိင္တာထက္ ပိုၿပီးျမန္ျမန္ထခ်င္ေအာင္ျဖစ္ေစမယ့္ လံုေလာက္တဲ့ပမာဏျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း က်န္းမာေရးထိခိုက္ေစသည္အထိမူ မျဖစ္ေစႏုိင္ေၾကာင္းလည္း ေဂးလ္က ဆိုပါတယ္။

Standard Toilet ဟာ အခ်ိန္ၾကာၾကာထိုင္မရေအာင္စီမံထားတဲ့အိမ္သာထိုင္ခံုျဖစ္တာေၾကာင့္ အခ်ိန္ၾကာၾကာထုိင္ခ်င္သူေတြအတြက္သာ ထုိင္ရအဆင္မေျပေစေပမဲ့ က်န္းမာေရးအတြက္ေတာ့ ထိုင္စဥ္ကိုယ္ဟန္အေနထားကို ပိုမိုေကာင္းမြန္ေစျခင္းနဲ႔ လိပ္ေခါင္းနဲ႔ အ႐ိုးအဆစ္ႂကြက္သားျပႆနာေတြျဖစ္ႏုိင္ေျခကို ေလွ်ာ့ခ်ေပးျခင္းလိုမ်ဳိး က်န္းမာေရးအက်ဳိးေက်းဇူးအခ်ဳိ႕ပင္ ရွိတယ္လို႔ သိရပါတယ္။

သူ႕ရဲ႕အဓိကရည္ရြယ္ခ်က္ကေတာ့ ဝန္ထမ္းေတြ အိမ္သာထဲအခ်ိန္ျဖဳန္းမႈေၾကာင့္ လုပ္ငန္းေတြရဲ႕ဘ႑ာေရးဆံုး႐ႈံးမႈေတြေလ်ာ့နည္းေစဖို႔ ျဖစ္တယ္လို႔ ေဂးလ္က ေျပာၾကားထားပါတယ္။

ၿဗိတိန္မွာ အဆိုပါဘ႑ာေရးဆံုး႐ႈံးမႈဟာ တစ္ႏွစ္ကို ေပါင္ ၄ဘီလ်ံေလာက္ ရွိတယ္လို႔ ေဂးလ္က ဆိုပါတယ္။

Standard Toilet ကို ေဂးလ္က သူ႕ရဲ႕ကိုယ္ပိုင္အေတြ႕အႀကံဳကေန စဥ္းစားၿပီး ဒီဇိုင္းထြင္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဝန္ထမ္းေတြရဲ႕ အလုပ္ခ်ိန္ကို နဂိုထက္ပိုထြက္လာေစခ်င္တဲ့ လုပ္ငန္းေတြအတြက္ အဆင္ေျပမွာျဖစ္တယ္လုိ႔လည္း ေဂးလ္က ေျပာၾကားခဲ့ပါတယ္။

Standard Toilet ဟာ ၿဗိတိန္တစ္လႊားရွိ အမ်ားသံုးအိမ္သာေတြရဲ႕ သန္႔စင္မႈနဲ႔ အဆင့္အတန္းကို အဆင့္အျမင့္ဆံုးျဖစ္ေရး ေဆာင္ရြက္ေနတဲ့ အက်ဳိးအျမတ္အတြက္မဟုတ္တဲ့ အဖြဲ႕အစည္း British Toilet Association (BTA) ရဲ႕ ေထာက္ခံမႈကို ရရွိထားၿပီးသားျဖစ္ပါတယ္။ ဒါေပမဲ့ လူမႈကြန္ရက္ေတြေပၚမွာေတာ့ ၎အိမ္သာဟာ မေကာင္းျမင္ခံ၊ ေဝဖန္ခံေနရပါတယ္။

၎အိမ္သာဟာ လူေတြကိုေစာ္ကားရာေရာက္တယ္ဆိုတဲ့အဓိပၸါယ္နဲ႔ေဝဖန္ၾကသလို အခ်ဳိ႕ကလည္း ၎အိမ္သာေပၚမွာ သက္ေသာင့္သက္သာထိုင္ႏုိင္ေအာင္ ကူရွင္၊ ထိုင္စရာအခင္းေတြ ထြင္ေရာင္းရမယ္လို႔လည္း ေလွာင္ေျပာင္ခဲ့ၾကေၾကာင္း သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 ### Unicode Version ###

အိမ်သာထိုင်ခုံမှာ အချိန်အကြာကြီး သတင်းဖတ်၊ လူမှုကွန်ရက်သုံးစွဲတာတွေ၊ အိမ်သာကိုအလွဲသုံးစားလုပ်တာတွေဟာ ယခုဖော်ပြမယ့်အိမ်သာဒီဇိုင်းသစ်နဲ့ဆို အဆုံးသတ်တော့မှာပဲဖြစ်ပါတယ်။ အငြင်းပွားဖွယ် ၎င်းအိမ်သာထိုင်ခုံဒီဇိုင်းသစ်ဟာ သူ့အပေါ်မှာထိုင်တဲ့သူကို ထိုင်ချိန် ၇ မိနစ်ကျော်လာရင် ထိုင်ရတာအဆင်မပြေ၊ သက်သောင့်သက်သာမရှိခံစားရအောင် ဒီဇိုင်းထွင်ထားတာပဲဖြစ်ပါတယ်။

အင်္ဂလိပ်လူမျိုးအတိုင်ပင်ခံအင်ဂျင်နီယာ မဟာဘီယာဂေးလ် ဒီဇိုင်းထွင်ထားတဲ့ Standard Toilet ဟာ ထိုင်တဲ့သူအနေနဲ့ အောက်ကိုလျှောမကျစေဖို့ရာ ခြေထောက်ကြွက်သားတွေအားပြုထိုင်ရအောင် အောက်ဘက်ကို ၁၃ ဒီဂရီ စောင်းထားတာပါ။ အဲဒီအိမ်သာထိုင်ခုံမှာ လူတစ်ယောက်အကြာဆုံးသက်သောင့်သက်သာထိုင်နိုင်ချန်က ၅ မိနစ်ကနေ ၇ မိနစ်အကြား ဖြစ်တယ်လို့ ဖန်တီးသူက ဆိုပါတယ်။

၁၃ ဒီဂရီနိမ့်လျှောဟာ ထိုင်တဲ့သူတွေရဲ့ ခြေထောက်တွေ ညောင်းညာလာစေပြီး ပုံမှန်ရေပြင်ညီအိမ်သာထိုင်ခုံမှာထိုင်တာထက် ပိုပြီးမြန်မြန်ထချင်အောင်ဖြစ်စေမယ့် လုံလောက်တဲ့ပမာဏဖြစ်ကြောင်း၊ သို့သော်လည်း ကျန်းမာရေးထိခိုက်စေသည်အထိမူ မဖြစ်စေနိုင်ကြောင်းလည်း ဂေးလ်က ဆိုပါတယ်။

Standard Toilet ဟာ အချိန်ကြာကြာထိုင်မရအောင်စီမံထားတဲ့အိမ်သာထိုင်ခုံဖြစ်တာကြောင့် အချိန်ကြာကြာထိုင်ချင်သူတွေအတွက်သာ ထိုင်ရအဆင်မပြေစေပေမဲ့ ကျန်းမာရေးအတွက်တော့ ထိုင်စဉ်ကိုယ်ဟန်အနေထားကို ပိုမိုကောင်းမွန်စေခြင်းနဲ့ လိပ်ခေါင်းနဲ့ အရိုးအဆစ်ကြွက်သားပြဿနာတွေဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးအချို့ပင် ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေ အိမ်သာထဲအချိန်ဖြုန်းမှုကြောင့် လုပ်ငန်းတွေရဲ့ဘဏ္ဍာရေးဆုံးရှုံးမှုတွေလျော့နည်းစေဖို့ ဖြစ်တယ်လို့ ဂေးလ်က ပြောကြားထားပါတယ်။

ဗြိတိန်မှာ အဆိုပါဘဏ္ဍာရေးဆုံးရှုံးမှုဟာ တစ်နှစ်ကို ပေါင် ၄ဘီလျံလောက် ရှိတယ်လို့ ဂေးလ်က ဆိုပါတယ်။

Standard Toilet ကို ဂေးလ်က သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံကနေ စဉ်းစားပြီး ဒီဇိုင်းထွင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို နဂိုထက်ပိုထွက်လာစေချင်တဲ့ လုပ်ငန်းတွေအတွက် အဆင်ပြေမှာဖြစ်တယ်လို့လည်း ဂေးလ်က ပြောကြားခဲ့ပါတယ်။

Standard Toilet ဟာ ဗြိတိန်တစ်လွှားရှိ အများသုံးအိမ်သာတွေရဲ့ သန့်စင်မှုနဲ့ အဆင့်အတန်းကို အဆင့်အမြင့်ဆုံးဖြစ်ရေး ဆောင်ရွက်နေတဲ့ အကျိုးအမြတ်အတွက်မဟုတ်တဲ့ အဖွဲ့အစည်း British Toilet Association (BTA) ရဲ့ ထောက်ခံမှုကို ရရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်တွေပေါ်မှာတော့ ၎င်းအိမ်သာဟာ မကောင်းမြင်ခံ၊ ဝေဖန်ခံနေရပါတယ်။

၎င်းအိမ်သာဟာ လူတွေကိုစော်ကားရာရောက်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ဝေဖန်ကြသလို အချို့ကလည်း ၎င်းအိမ်သာပေါ်မှာ သက်သောင့်သက်သာထိုင်နိုင်အောင် ကူရှင်၊ ထိုင်စရာအခင်းတွေ ထွင်ရောင်းရမယ်လို့လည်း လှောင်ပြောင်ခဲ့ကြကြောင်း သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
shwe-moe-kaung
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service