ဆိုဖာေပၚက အစြန္းအထင္းေတြကို မီးဖိုေဆာင္သံုးပစၥည္းေတြအသံုးျပဳျပီး ဖယ္ရွားမယ္

ဆိုဖာေပၚက အစြန္းအထင္းေတြကို မီးဖိုေဆာင္သံုးပစၥည္းေတြအသံုးျပဳျပီး ဖယ္ရွားမယ္ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2020 10:39 am တွင် တင်ခဲ့သည်
2344 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

သင္သည္ ဆိုဖာေပၚထိုင္ကာ ရုပ္ျမင္သံၾကားၾကည့္ရင္း ပီဇာမုန္႔စားေနခ်ိန္ ခံုေပၚသို႔ ဒိန္ခဲႏွစ္အခ်ဳိ ႔ ျပဳတ္က်သြားျခင္းမ်ဳိး။ ေဖာင္တိန္ျဖင့္ စာေရးရင္း အိပ္ေပ်ာ္သြားရာမွ အျမဲထိုင္သည့္ ဆိုဖာေပၚ မင္မ်ား စြန္းေပသြားျခင္းမ်ဳိး။ ဝိုင္ေသာက္ရင္း ဝိုင္အခ်ဳိ ႔ ဖိတ္စဥ္သြားျခင္းမ်ဳိး။ သင့္ေနအိမ္၏ အခ်က္အျခာေနရာျဖစ္ေသာ ဧည့္ခန္းေနရာမ်ဳိးတြင္ အစြန္းအထင္းမ်ားျဖစ္လာျခင္းမွာ အျမင့္မတင့္တယ္သျဖင့္ အလ်င္ျမန္ဆံုး ဖယ္ရွားရမည္သာ ျဖစ္သည္။ ေအာက္တြင္ သင့္ပရိေဘာဂမ်ားကို အစြန္းအထင္းအမ်ဳိးမ်ဳိး ဖယ္ရွားေပးႏိုင္ကာ အသစ္အတိုင္းျပန္လည္ရရွိေစႏိုင္မည့္ နည္းလမ္းမ်ားကို ေဖာ္ျပေပးထားပါသည္။ အစြန္းအထင္းမ်ား မဖယ္ရွားမီတြင္ သင္၏ ဆိုဖာႏွင့္ပတ္သက္ေသာ လမ္းညႊန္ခ်က္မ်ားကို ဖတ္ရႈထားရမည္ျဖစ္ပါသည္။

စံခ်ိန္မီ ဆိုဖာမ်ားတြင္ သန္႔ရွင္းေရးလုပ္ရန္ လမ္းညႊန္ခ်က္မ်ား ေရးသားေပးထားေလ့ရွိျပီး အမ်ားအားျဖင့္ ခံုေအာက္တြင္ ပါဝင္ေလ့ရွိသည္။

အဆိုပါလမ္းညႊန္ခ်က္မ်ားကို ဖတ္ရႈျခင္းအားျဖင့္ ဆိုဖာခံုမ်ားကို သန္႔ရွင္းေရးလုပ္ရာတြင္ သတိျပဳရမည့္အခ်က္မ်ားကို သိရွိထားႏိုင္ျပီး ဥပမာအားျဖင့္ ေရျဖင့္ သန္႔ရွင္းေရးမလုပ္ရန္ တားျမစ္ထားျခင္းမ်ဳိး ျဖစ္သည္။ သန္႔ရွင္းေရးလုပ္ျခင္းႏွင့္ စပ္လ်ဥ္းသည့္ လမ္းညႊန္ကုတ္ဒ္အခ်ဳိ ႔မွာ-

W- ၏ အဓိပၸာယ္မွာ အစို (သို႔မဟုတ္) ေရျဖင့္သာ သန္႔ရွင္းေရးလုပ္ပါ

S- ၏ အဓိပၸာယ္မွာ အေျခာက္ေလွ်ာ္ျခင္းနည္းလမ္းကိုသာ သံုးပါ

SW- ၏ အဓိပၸာယ္မွာ အစိုႏွင့္ အေျခာက္ေလွ်ာ္နည္း ၂ မ်ဳိးလံုး သံုးႏိုင္သည္

X- ၏ အဓိပၸာယ္မွာ ကၽြမ္းက်င္သူမ်ားျဖင့္သာ သန္႔ရွင္းေရးလုပ္ရန္ (သို႔မဟုတ္) ဖုန္စုပ္စက္ကိုသာ အသံုးျပဳရန္ ျဖစ္သည္။ X ဖင့္ ေရးသားေဖာ္ျပထားသည္မ်ားအတြက္ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ား အသံုးျပဳႏိုင္မည္မဟုတ္ဘဲ ကၽြမ္းက်င္သူမ်ားျဖင့္သာ သန္႔ရွင္းေရး ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

အကယ္၍ သင္၏ခံုတြင္ လမ္းညႊန္ခ်က္မ်ား မပါဝင္ပါက ခံု၏ လူမျမင္ႏိုင္သည့္ ေထာင့္တစ္ေနရာရာကို စမ္းသပ္သန္႔ရွင္းေရးျပဳလုပ္ၾကည့္ရမည္ ျဖစ္သည္။

ထိုသို႔ စမ္းသပ္ၾကည့္ရာတြင္ ပ်က္ဆီးမႈမ်ားမရွိမွသာ အစြန္းအထင္းမ်ား ဖယ္ရွားသန္႔စင္မႈကို ဆက္လက္လုပ္ေဆာင္ရမည္ ျဖစ္ပါသည္။

ေအာက္ပါနည္းလမ္းအမ်ားအျပားတြင္ ေရကို အသံုးျပဳသည့္နည္းလမ္းမ်ားပါဝင္ရာ သင္၏ ဆိုဖာခံုမွာ ေရကို အသံုးျပဳသန္႔ရွင္းေရးလုပ္ႏိုင္ သည့္ခံုမ်ဳိး ျဖစ္ရန္ လိုပါသည္။

ဒုတိယ အခ်က္မွာ သန္႔ရွင္းေရးမလုပ္မီတြင္ ဖုန္စုပ္စက္ျဖင့္ သန္႔ရွင္းေပးျခင္းမ်ဳိး အျမဲျပဳလုပ္ပါ။ ထိုသို႔ျပဳလုပ္ျခင္းအားျဖင့္ ဖုန္ႏွင့္ မုန္႔အစအနမ်ား၊ အၾကြင္းအက်န္မ်ားမွတဆင့္ အတြင္းပိုင္းအထိ စိမ့္ဝင္သြားျခင္းမ်ဳိးမွ ကာကြယ္ေပးႏိုင္မည္ ျဖစ္သည္။

၁။ အစားအေသာက္မ်ားမွ အစြန္းအထင္းမ်ား

ေရႏွင့္ ဆပ္ျပာ။ ဆိုဖာခံုမ်ား၏ အစြန္းအထင္း အမ်ားစုကို ေရႏွင့္ ဆပ္ျပာကို သံုးကာ ဖယ္ရွားေပးႏိုင္ပါသည္။ ေရျမွဳပ္ေဖာ့တံုး (သို႔မဟုတ္) သန္႔ရွင္းေသာ အဝတ္စတစ္ခုခုကို အသံုးျပဳႏိုင္ပါသည္။ အစြန္းအထင္းတြင္ ႏို႔ထြက္ကုန္မ်ား မပါဝင္ပါက ေရေႏြးကို အသံုးျပဳႏိုင္သည္။ ႏို႔ထြက္ကုန္မ်ား ပါလွ်င္မူ ပရိုတိန္းအခ်ဥ္ေပါက္ျခင္းမွ ကာကြယ္ရန္ ေရေအးကိုသာ အသံုးျပဳပါ။ အကယ္၍ အစြန္းအထင္းတြင္ ႏို႔ထြက္ကုန္ ပါ၊ မပါ မေသခ်ာလွ်င္ ေရေအးကိုသာ သံုးပါ။ အကယ္၍ ေရ၊ ဆပ္ျပာတို႔ျဖင့္ မဖယ္ရွားႏိုင္ပါက ဆပ္ျပာရည္ကို အသံုးျပဳပါ။ အစြန္းအထင္းေပၚတြင္ ဆပ္ျပာရည္ နာရီဝက္ခန္႔ ထားရွိျပီးမွ ေရျမွဳပ္ျဖင့္ စုပ္ယူသန္႔စင္ေပးပါ။ ၾကီးမားသည့္ အစြန္းကြက္မ်ားအတြက္ အစပ္ဘက္ အစြန္ဘက္မွ စတင္ကာ သန္႔စင္ေပးပါ။

၂။ ဆီအစြန္းအထင္းမ်ား

အစြန္းအကြက္ေပၚတြင္ မုန္႔ဖုတ္ေဆာ္ဒါမႈန္႔ကို ျဖဴးပါ။ (သို႔မဟုတ္) မုန္႔ဖုတ္ေဆာ္ဒါကို ေရျဖင့္ ေရာနယ္ကာ အႏွစ္ျပဳလုပ္ျပီး အစြန္းေနရာအေပၚ သုတ္လိမ္းပါ။ ရည္ရြယ္ခ်က္မွာ အစြန္းတြင္ပါဝင္ေသာ ဆီမ်ားကို ခၽြတ္ေပးႏိုင္ရန္ျဖစ္သည္။ မုန္႔ဖုတ္ေဆာ္ဒါျဖဴးျခင္း၊ သုတ္လိမ္းျခင္းမ်ား ျပဳလုပ္ျပီး အနည္းဆံုး ၁၀ မိနစ္ႏွင့္အထက္ ထားရွိရမည္ ျဖစ္သည္။ ယင္းေနာက္ ေဆာ္ဒါမႈန္႔မ်ားကို ဖုန္စုပ္စက္ျဖင့္ ဖယ္ရွားပါ။ က်န္ေနေသးေသာ အစြန္းေနရာမ်ားကို ေဗာ့ဒ္ကာျဖင့္ သုတ္လိမ္းေပးပါ။ (သို႔မဟုတ္) ပန္းကန္ေဆးဆပ္ျပာျဖင့္ သုတ္လိမ္းကာ သြားတိုက္တံအသံုးျပဳျပီး တိုက္ခၽြတ္ေပးပါ။ ေနာက္ဆံုးတြင္ တစ္သွ်ဴးစကၠဴအစိုျဖင့္ စုပ္ယူသန္႔စင္ရမည္ ျဖစ္ပါသည္။

၃။ ဝိုင္အစြန္းအထင္းမ်ား

ဝိုင္ဖိတ္စဥ္က်မႈေၾကာင့္ စြန္းထင္းမႈမ်ားျဖစ္ေပၚပါက ေဆာ္ဒါရည္ျဖင့္ အစြန္းေနရာတြင္ သုတ္ထားျပီး သန္႔ရွင္းေသာ အဝတ္စျဖင့္ စုပ္ယူပါ။ ထိုနည္းမွာ အမွန္တကယ္ အလုပ္ျဖစ္ပါသည္။ အကယ္၍ ထိုနည္းျဖင့္လည္း အစြန္းမကၽြတ္ပါက ရွာလကာရည္ လဘက္ရည္တစ္ဇြန္းႏွင့္ ဆပ္ျပာမႈန္႔ လဘက္ရည္တစ္ဇြန္းတို႔ကို ေရေအးျဖင့္ေရာစပ္ပါ။ အဆိုပါ ေရာစပ္အရည္ျဖင့္ အစြန္းေနရာကို သန္႔ရွင္းေသာ အဝတ္စျဖင့္ တို႔ေပးျပီး ေရသန္႔ျဖင့္ ျပန္လည္ေဆးေၾကာလိုက္ရမည္ ျဖစ္ပါသည္။

၄။ ဘီယာႏွင့္ ေကာ္ဖီအစြန္းအထင္းမ်ား

ဘီယာစြန္းေပျခင္းမ်ားအတြက္ ဦးစြာအားျဖင့္ အစြန္းထင္းေနရာကို ေရခဲတံုးငယ္ျဖင့္ ပြတ္ေပးပါ။ ယင္းေနာက္ ဆပ္ျပာရည္ လဘက္ရည္တစ္ဇြန္းခန္႔ကို ေရေႏြးျဖင့္ေရာစပ္ကာ တစ္သွ်ဴးစကၠဴျဖင့္ သုတ္ေပးရမည္ ျဖစ္ပါသည္။ ေကာ္ဖီအစြန္းအထင္းမ်ားအတြက္လည္း အဆိုပါနည္းစနစ္အတိုင္း သန္႔ရွင္းေပးႏိုင္ျပီး ေကာ္ဖီတြင္မူ ေရခဲျဖင့္ ပြတ္ေပးသည့္အဆင့္ကို ခ်န္ထားႏိုင္ပါသည္။

၅။ မင္အစြန္းအထင္းမ်ား

ဆိုဖာမ်ားေပၚတြင္ မင္စြန္းထင္းျခင္းျဖစ္ေပၚပါက ဦးစြာအားျဖင့္ စြန္းေပသည့္ေနရာကို အရက္ပ်ံေလာင္းေပးပါ။ ျပီးလွ်င္ စြန္းေပေနေသာ အကြက္ေနရာကို သန္႔ရွင္းေသာအဝတ္စ၊ တစ္သွ်ဴးစကၠဴျဖင့္ စုပ္ယူရမည္ျဖစ္ျပီး အျပင္အစပ္ေနရာမွ စတင္ကာ အစြန္း၏ အလယ္ဗဟိုဘက္သို႔ တိုးလာရမည္ ျဖစ္သည္။ အကယ္၍ သင့္တြင္ အေျခာက္ေလွ်ာ္သည့္ ေဆးရည္ရွိပါကလည္း အဆိုပါေဆးရည္ကို အသံုးျပဳႏိုင္ပါသည္။ မည္သည့္ေဆးရည္ကို သံုးသည္ျဖစ္ေစ သတိျပဳရမည္မွာ အစြန္းကြက္ကို ပြတ္တိုက္ျခင္းမျပဳရန္ သတိျပဳရမည္ျဖစ္ျပီး ပြတ္တိုက္လိုက္ပါက မင္မ်ား ပိုမိုပ်ံ ႔ႏွံ႔သြားမည္ ျဖစ္သည္။

၆။ အိမ္ေမြးတိရ စၦာန္မ်ား အညစ္အေၾကးစြန္႔သြားျခင္း

ေရႏွင့္ ရွာလကာရည္ကို တစ္ဝက္စီေရာစပ္ကာ အစြန္းအထင္းေနရာကို အဝတ္စုတ္ျဖင့္ တို႔ကာ စုပ္ယူေပးပါ။ စိုထိုင္းမႈ မ်ားစြာေလ်ာ့က်သြားသည္အထိ စုပ္ယူသန္႔ရွင္းေပးရမည္ျဖစ္သည္။ ယင္းေနာက္ အစြန္းအထင္းျဖစ္ခဲ့ေသာေနရာေပၚတြင္ မုန္႔ဖုန္ေဆာ္ဒါ ျဖဴးထားလိုက္ပါက အနံ႔အသက္မ်ားကို စုပ္ယူဖယ္ရွားေပးႏိုင္မည္ ျဖစ္သည္။ အစြန္းေနရာ ေျခာက္ေသြ႔သြားပါက ဖုန္စုပ္စက္ျဖင့္ ေဆာ္ဒါမႈန္႔မ်ားကို သန္႔ရွင္းေပးလိုက္ပါ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

  ### Unicode Version ###

သင်သည် ဆိုဖာပေါ်ထိုင်ကာ ရုပ်မြင်သံကြားကြည့်ရင်း ပီဇာမုန့်စားနေချိန် ခုံပေါ်သို့ ဒိန်ခဲနှစ်အချို့ ပြုတ်ကျသွားခြင်းမျိုး။ ဖောင်တိန်ဖြင့် စာရေးရင်း အိပ်ပျော်သွားရာမှ အမြဲထိုင်သည့် ဆိုဖာပေါ် မင်များ စွန်းပေသွားခြင်းမျိုး။ ဝိုင်သောက်ရင်း ဝိုင်အချို့ ဖိတ်စဉ်သွားခြင်းမျိုး။ သင့်နေအိမ်၏ အချက်အခြာနေရာဖြစ်သော ဧည့်ခန်းနေရာမျိုးတွင် အစွန်းအထင်းများဖြစ်လာခြင်းမှာ အမြင့်မတင့်တယ်သဖြင့် အလျင်မြန်ဆုံး ဖယ်ရှားရမည်သာ ဖြစ်သည်။ အောက်တွင် သင့်ပရိဘောဂများကို အစွန်းအထင်းအမျိုးမျိုး ဖယ်ရှားပေးနိုင်ကာ အသစ်အတိုင်းပြန်လည်ရရှိစေနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးထားပါသည်။ အစွန်းအထင်းများ မဖယ်ရှားမီတွင် သင်၏ ဆိုဖာနှင့်ပတ်သက်သော လမ်းညွှန်ချက်များကို ဖတ်ရှုထားရမည်ဖြစ်ပါသည်။

စံချိန်မီ ဆိုဖာများတွင် သန့်ရှင်းရေးလုပ်ရန် လမ်းညွှန်ချက်များ ရေးသားပေးထားလေ့ရှိပြီး အများအားဖြင့် ခုံအောက်တွင် ပါဝင်လေ့ရှိသည်။

အဆိုပါလမ်းညွှန်ချက်များကို ဖတ်ရှုခြင်းအားဖြင့် ဆိုဖာခုံများကို သန့်ရှင်းရေးလုပ်ရာတွင် သတိပြုရမည့်အချက်များကို သိရှိထားနိုင်ပြီး ဥပမာအားဖြင့် ရေဖြင့် သန့်ရှင်းရေးမလုပ်ရန် တားမြစ်ထားခြင်းမျိုး ဖြစ်သည်။ သန့်ရှင်းရေးလုပ်ခြင်းနှင့် စပ်လျဉ်းသည့် လမ်းညွှန်ကုတ်ဒ်အချို့မှာ-

W- ၏ အဓိပ္ပာယ်မှာ အစို (သို့မဟုတ်) ရေဖြင့်သာ သန့်ရှင်းရေးလုပ်ပါ

S- ၏ အဓိပ္ပာယ်မှာ အခြောက်လျှော်ခြင်းနည်းလမ်းကိုသာ သုံးပါ

SW- ၏ အဓိပ္ပာယ်မှာ အစိုနှင့် အခြောက်လျှော်နည်း ၂ မျိုးလုံး သုံးနိုင်သည်

X- ၏ အဓိပ္ပာယ်မှာ ကျွမ်းကျင်သူများဖြင့်သာ သန့်ရှင်းရေးလုပ်ရန် (သို့မဟုတ်) ဖုန်စုပ်စက်ကိုသာ အသုံးပြုရန် ဖြစ်သည်။ X ဖင့် ရေးသားဖော်ပြထားသည်များအတွက် အောက်ဖော်ပြပါ နည်းလမ်းများ အသုံးပြုနိုင်မည်မဟုတ်ဘဲ ကျွမ်းကျင်သူများဖြင့်သာ သန့်ရှင်းရေး ပြုလုပ်နိုင်မည် ဖြစ်သည်။

အကယ်၍ သင်၏ခုံတွင် လမ်းညွှန်ချက်များ မပါဝင်ပါက ခုံ၏ လူမမြင်နိုင်သည့် ထောင့်တစ်နေရာရာကို စမ်းသပ်သန့်ရှင်းရေးပြုလုပ်ကြည့်ရမည် ဖြစ်သည်။

ထိုသို့ စမ်းသပ်ကြည့်ရာတွင် ပျက်ဆီးမှုများမရှိမှသာ အစွန်းအထင်းများ ဖယ်ရှားသန့်စင်မှုကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပါသည်။

အောက်ပါနည်းလမ်းအများအပြားတွင် ရေကို အသုံးပြုသည့်နည်းလမ်းများပါဝင်ရာ သင်၏ ဆိုဖာခုံမှာ ရေကို အသုံးပြုသန့်ရှင်းရေးလုပ်နိုင် သည့်ခုံမျိုး ဖြစ်ရန် လိုပါသည်။

ဒုတိယ အချက်မှာ သန့်ရှင်းရေးမလုပ်မီတွင် ဖုန်စုပ်စက်ဖြင့် သန့်ရှင်းပေးခြင်းမျိုး အမြဲပြုလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဖုန်နှင့် မုန့်အစအနများ၊ အကြွင်းအကျန်များမှတဆင့် အတွင်းပိုင်းအထိ စိမ့်ဝင်သွားခြင်းမျိုးမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

၁။ အစားအသောက်များမှ အစွန်းအထင်းများ

ရေနှင့် ဆပ်ပြာ။ ဆိုဖာခုံများ၏ အစွန်းအထင်း အများစုကို ရေနှင့် ဆပ်ပြာကို သုံးကာ ဖယ်ရှားပေးနိုင်ပါသည်။ ရေမြှုပ်ဖော့တုံး (သို့မဟုတ်) သန့်ရှင်းသော အဝတ်စတစ်ခုခုကို အသုံးပြုနိုင်ပါသည်။ အစွန်းအထင်းတွင် နို့ထွက်ကုန်များ မပါဝင်ပါက ရေနွေးကို အသုံးပြုနိုင်သည်။ နို့ထွက်ကုန်များ ပါလျှင်မူ ပရိုတိန်းအချဉ်ပေါက်ခြင်းမှ ကာကွယ်ရန် ရေအေးကိုသာ အသုံးပြုပါ။ အကယ်၍ အစွန်းအထင်းတွင် နို့ထွက်ကုန် ပါ၊ မပါ မသေချာလျှင် ရေအေးကိုသာ သုံးပါ။ အကယ်၍ ရေ၊ ဆပ်ပြာတို့ဖြင့် မဖယ်ရှားနိုင်ပါက ဆပ်ပြာရည်ကို အသုံးပြုပါ။ အစွန်းအထင်းပေါ်တွင် ဆပ်ပြာရည် နာရီဝက်ခန့် ထားရှိပြီးမှ ရေမြှုပ်ဖြင့် စုပ်ယူသန့်စင်ပေးပါ။ ကြီးမားသည့် အစွန်းကွက်များအတွက် အစပ်ဘက် အစွန်ဘက်မှ စတင်ကာ သန့်စင်ပေးပါ။

၂။ ဆီအစွန်းအထင်းများ

အစွန်းအကွက်ပေါ်တွင် မုန့်ဖုတ်ဆော်ဒါမှုန့်ကို ဖြူးပါ။ (သို့မဟုတ်) မုန့်ဖုတ်ဆော်ဒါကို ရေဖြင့် ရောနယ်ကာ အနှစ်ပြုလုပ်ပြီး အစွန်းနေရာအပေါ် သုတ်လိမ်းပါ။ ရည်ရွယ်ချက်မှာ အစွန်းတွင်ပါဝင်သော ဆီများကို ချွတ်ပေးနိုင်ရန်ဖြစ်သည်။ မုန့်ဖုတ်ဆော်ဒါဖြူးခြင်း၊ သုတ်လိမ်းခြင်းများ ပြုလုပ်ပြီး အနည်းဆုံး ၁၀ မိနစ်နှင့်အထက် ထားရှိရမည် ဖြစ်သည်။ ယင်းနောက် ဆော်ဒါမှုန့်များကို ဖုန်စုပ်စက်ဖြင့် ဖယ်ရှားပါ။ ကျန်နေသေးသော အစွန်းနေရာများကို ဗော့ဒ်ကာဖြင့် သုတ်လိမ်းပေးပါ။ (သို့မဟုတ်) ပန်းကန်ဆေးဆပ်ပြာဖြင့် သုတ်လိမ်းကာ သွားတိုက်တံအသုံးပြုပြီး တိုက်ချွတ်ပေးပါ။ နောက်ဆုံးတွင် တစ်သျှူးစက္ကူအစိုဖြင့် စုပ်ယူသန့်စင်ရမည် ဖြစ်ပါသည်။ ၃။ ဝိုင်အစွန်းအထင်းများ ဝိုင်ဖိတ်စဉ်ကျမှုကြောင့် စွန်းထင်းမှုများဖြစ်ပေါ်ပါက ဆော်ဒါရည်ဖြင့် အစွန်းနေရာတွင် သုတ်ထားပြီး သန့်ရှင်းသော အဝတ်စဖြင့် စုပ်ယူပါ။ ထိုနည်းမှာ အမှန်တကယ် အလုပ်ဖြစ်ပါသည်။ အကယ်၍ ထိုနည်းဖြင့်လည်း အစွန်းမကျွတ်ပါက ရှာလကာရည် လဘက်ရည်တစ်ဇွန်းနှင့် ဆပ်ပြာမှုန့် လဘက်ရည်တစ်ဇွန်းတို့ကို ရေအေးဖြင့်ရောစပ်ပါ။ အဆိုပါ ရောစပ်အရည်ဖြင့် အစွန်းနေရာကို သန့်ရှင်းသော အဝတ်စဖြင့် တို့ပေးပြီး ရေသန့်ဖြင့် ပြန်လည်ဆေးကြောလိုက်ရမည် ဖြစ်ပါသည်။

၄။ ဘီယာနှင့် ကော်ဖီအစွန်းအထင်းများ

ဘီယာစွန်းပေခြင်းများအတွက် ဦးစွာအားဖြင့် အစွန်းထင်းနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးပါ။ ယင်းနောက် ဆပ်ပြာရည် လဘက်ရည်တစ်ဇွန်းခန့်ကို ရေနွေးဖြင့်ရောစပ်ကာ တစ်သျှူးစက္ကူဖြင့် သုတ်ပေးရမည် ဖြစ်ပါသည်။ ကော်ဖီအစွန်းအထင်းများအတွက်လည်း အဆိုပါနည်းစနစ်အတိုင်း သန့်ရှင်းပေးနိုင်ပြီး ကော်ဖီတွင်မူ ရေခဲဖြင့် ပွတ်ပေးသည့်အဆင့်ကို ချန်ထားနိုင်ပါသည်။

၅။ မင်အစွန်းအထင်းများ

ဆိုဖာများပေါ်တွင် မင်စွန်းထင်းခြင်းဖြစ်ပေါ်ပါက ဦးစွာအားဖြင့် စွန်းပေသည့်နေရာကို အရက်ပျံလောင်းပေးပါ။ ပြီးလျှင် စွန်းပေနေသော အကွက်နေရာကို သန့်ရှင်းသောအဝတ်စ၊ တစ်သျှူးစက္ကူဖြင့် စုပ်ယူရမည်ဖြစ်ပြီး အပြင်အစပ်နေရာမှ စတင်ကာ အစွန်း၏ အလယ်ဗဟိုဘက်သို့ တိုးလာရမည် ဖြစ်သည်။ အကယ်၍ သင့်တွင် အခြောက်လျှော်သည့် ဆေးရည်ရှိပါကလည်း အဆိုပါဆေးရည်ကို အသုံးပြုနိုင်ပါသည်။ မည်သည့်ဆေးရည်ကို သုံးသည်ဖြစ်စေ သတိပြုရမည်မှာ အစွန်းကွက်ကို ပွတ်တိုက်ခြင်းမပြုရန် သတိပြုရမည်ဖြစ်ပြီး ပွတ်တိုက်လိုက်ပါက မင်များ ပိုမိုပျံ့နှံ့သွားမည် ဖြစ်သည်။

၆။ အိမ်မွေးတိရ စ္ဆာန်များ အညစ်အကြေးစွန့်သွားခြင်း

ရေနှင့် ရှာလကာရည်ကို တစ်ဝက်စီရောစပ်ကာ အစွန်းအထင်းနေရာကို အဝတ်စုတ်ဖြင့် တို့ကာ စုပ်ယူပေးပါ။ စိုထိုင်းမှု များစွာလျော့ကျသွားသည်အထိ စုပ်ယူသန့်ရှင်းပေးရမည်ဖြစ်သည်။ ယင်းနောက် အစွန်းအထင်းဖြစ်ခဲ့သောနေရာပေါ်တွင် မုန့်ဖုန်ဆော်ဒါ ဖြူးထားလိုက်ပါက အနံ့အသက်များကို စုပ်ယူဖယ်ရှားပေးနိုင်မည် ဖြစ်သည်။ အစွန်းနေရာ ခြောက်သွေ့သွားပါက ဖုန်စုပ်စက်ဖြင့် ဆော်ဒါမှုန့်များကို သန့်ရှင်းပေးလိုက်ပါ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service