ထိုင္းႏွင့္ မေလးရွားတို႔တြင္ ျဗိတိန္က ပို္င္ဆိုင္ထားေသာ ေစ်းဝယ္စင္တာ ေထာင္ေပါင္းမ်ားစြာကို ထိုင္းကုမၸဏီၾကီး ၂ ခုက ျပန္လည္ဝယ္ယူရန္ စီစဥ္ေနၾကရာ ကန္ေဒၚလာ ၇ ဘီလီယံေက်ာ္ သံုးစြဲရဖြယ္ရွိ

ထိုင္းႏွင့္ မေလးရွားတို႔တြင္ ျဗိတိန္က ပို္င္ဆိုင္ထားေသာ ေစ်းဝယ္စင္တာ ေထာင္ေပါင္းမ်ားစြာကို ထိုင္းကုမၸဏီၾကီး ၂ ခုက ျပန္လည္ဝယ္ယူရန္ စီစဥ္ေနၾကရာ ကန္ေဒၚလာ ၇ ဘီလီယံေက်ာ္ သံုးစြဲရဖြယ္ရွိ - Property News in Myanmar from iMyanmarHouse.com
2 Jan 2020 12:21 pm တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထိုင္းႏွင့္ မေလးရွားႏိုင္ငံမ်ားတြင္ ျဗိတိန္မွ ကမၻာေက်ာ္ကုမၸဏီၾကီး Tesco က ပိုင္ဆိုင္ထားသည့္ ေထာင္ေပါင္းမ်ားစြာေသာ ေစ်းဝယ္စင္တာမ်ားကို ထိုင္းကုမၸဏီ ၂ ခုက ျပန္လည္ဝယ္ယူရန္ စီစဥ္လ်က္ရွိေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ထိုင္းကုမၸဏီမ်ားျဖစ္ေသာ Charoen Pokphand Group (CP Group) ႏွင့္ Central Group တို႔သည္ Tesco ပိုင္ ေစ်းဝယ္စင္တာမ်ားကို ဝယ္ယူရာတြင္ ကန္ေဒၚလာ ၇ ဘီလီယံေက်ာ္ သံုးစြဲရဖြယ္ရွိေနသည္။

CP Group ႏွင့္ Central Group တို႔သည္ Tesco ပိုင္ ေစ်းဝယ္စင္တာမ်ားကို ဝယ္ယူရန္အတြက္ ဘ႑ာေရးအၾကံေပးပုဂၢိဳလ္မ်ားႏွင့္ ေဆြးေႏြးလ်က္ရွိသည္။

ထိုင္းဘီလ်ံနာၾကီး ခ်ာရိုအန္ ဆီရီဗဒနဘက္ဒီ ပိုင္ဆိုင္သည့္ TCC Group ကလည္း Tesco ပိုင္ ေစ်းဝယ္စင္တာမ်ားကို ဝယ္ယူရန္ စိတ္ဝင္စားေနသည္ဟု ဆိုသည္။

ထိုသို႔ စိတ္ဝင္စားမႈမ်ား ရရွိခဲ့ျပီးေနာက္ပိုင္း Tesco က ထိုင္းႏွင့္ မေလးရွားတို႔ရွိ လုပ္ငန္းမ်ားကို မဟာဗ်ဴဟာေရးရာ ျပန္လည္သံုးသပ္လ်က္ရွိသည္။

အာရွရွိ လုပ္ငန္းမ်ားကို ျပန္လည္ေရာင္းထုတ္ျခင္းအားျဖင့္ Tesco သည္ ေထာင္ေပါင္းမ်ားစြာ လုပ္သားေလွ်ာ့ခ်ခဲ့ရေသာ ျဗိတိန္ရွိပင္မစီးပြားေရးကို ျပန္လည္ပံုေဖာ္တည္ေဆာက္ရန္ ေငြေပၚလာမည္ ျဖစ္သည္။

Tesco သည္ ထိုင္းႏိုင္ငံတြင္ ေစ်းဝယ္စင္တာေပါင္း ၂၀၀၀ ေက်ာ္ပိုင္ဆိုင္ထားျပီး Tesco Lotus ဟု အမည္ေပးထားသည္။

အဆိုပါေစ်းဝယ္စင္တာအုပ္စုကို ၁၉၉၄ ခုႏွစ္တြင္ CP Group က စတင္တည္ေထာင္ခဲ့ျပီး ေနာက္ပိုင္းတြင္ ျဗိတိန္ကုမၸဏီက ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

မေလးရွားႏိုင္ငံတြင္မူ Tesco က ပိုင္ဆိုင္ထားေသာ ေစ်းဝယ္စင္တာေပါင္း ၇၀ ေက်ာ္ရွိျပီး မေလးရွားကုမၸဏီ Sime Darby က ရွယ္ယာ ၃၀ ရာခုိင္ႏႈန္းပါဝင္ထားသည္။

CP ကုမၸဏီသည္ လက္ရွိအားျဖင့္ ထိုင္းႏိုင္ငံတစ္ဝန္းတြင္ 7-Eleven စတိုးဆိုင္ေပါင္း ၁၁၀၀၀ ေက်ာ္လည္ပတ္လ်က္ရွိျပီး အျခားစီးပြားေရး လုပ္ငန္းမ်ားလည္း ရွိသည္။

Central Group မွာမူ ထိုင္းႏိုင္ငံတြင္ အၾကီးမားဆံုး လက္လီေရာင္းခ်မႈကုမၸဏီၾကီးျဖစ္ျပီး စတိုးဆိုင္မ်ား၊ ေစ်းဝယ္စင္တာမ်ား၊ စူပါမာ့ကက္မ်ားႏွင့္ အျခားေသာ ပိုင္ဆိုင္မႈမ်ားစြာရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် ဗြိတိန်မှ ကမ္ဘာကျော်ကုမ္ပဏီကြီး Tesco က ပိုင်ဆိုင်ထားသည့် ထောင်ပေါင်းများစွာသော ဈေးဝယ်စင်တာများကို ထိုင်းကုမ္ပဏီ ၂ ခုက ပြန်လည်ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းကုမ္ပဏီများဖြစ်သော Charoen Pokphand Group (CP Group) နှင့် Central Group တို့သည် Tesco ပိုင် ဈေးဝယ်စင်တာများကို ဝယ်ယူရာတွင် ကန်ဒေါ်လာ ၇ ဘီလီယံကျော် သုံးစွဲရဖွယ်ရှိနေသည်။

CP Group နှင့် Central Group တို့သည် Tesco ပိုင် ဈေးဝယ်စင်တာများကို ဝယ်ယူရန်အတွက် ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်များနှင့် ဆွေးနွေးလျက်ရှိသည်။

ထိုင်းဘီလျံနာကြီး ချာရိုအန် ဆီရီဗဒနဘက်ဒီ ပိုင်ဆိုင်သည့် TCC Group ကလည်း Tesco ပိုင် ဈေးဝယ်စင်တာများကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ဟု ဆိုသည်။

ထိုသို့ စိတ်ဝင်စားမှုများ ရရှိခဲ့ပြီးနောက်ပိုင်း Tesco က ထိုင်းနှင့် မလေးရှားတို့ရှိ လုပ်ငန်းများကို မဟာဗျူဟာရေးရာ ပြန်လည်သုံးသပ်လျက်ရှိသည်။

အာရှရှိ လုပ်ငန်းများကို ပြန်လည်ရောင်းထုတ်ခြင်းအားဖြင့် Tesco သည် ထောင်ပေါင်းများစွာ လုပ်သားလျှော့ချခဲ့ရသော ဗြိတိန်ရှိ ပင်မစီးပွားရေးကို ပြန်လည်ပုံဖော်တည်ဆောက်ရန် ငွေပေါ်လာမည် ဖြစ်သည်။ Tesco သည် ထိုင်းနိုင်ငံတွင် ဈေးဝယ်စင်တာပေါင်း ၂၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး Tesco Lotus ဟု အမည်ပေးထားသည်။

အဆိုပါဈေးဝယ်စင်တာအုပ်စုကို ၁၉၉၄ ခုနှစ်တွင် CP Group က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်ကုမ္ပဏီက ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင်မူ Tesco က ပိုင်ဆိုင်ထားသော ဈေးဝယ်စင်တာပေါင်း ၇၀ ကျော်ရှိပြီး မလေးရှားကုမ္ပဏီ Sime Darby က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်ထားသည်။

CP ကုမ္ပဏီသည် လက်ရှိအားဖြင့် ထိုင်းနိုင်ငံတစ်ဝန်းတွင် 7-Eleven စတိုးဆိုင်ပေါင်း ၁၁၀၀၀ ကျော် လည်ပတ်လျက်ရှိပြီး အခြားစီးပွားရေး လုပ်ငန်းများလည်း ရှိသည်။

Central Group မှာမူ ထိုင်းနိုင်ငံတွင် အကြီးမားဆုံး လက်လီရောင်းချမှုကုမ္ပဏီကြီးဖြစ်ပြီး စတိုးဆိုင်များ၊ ဈေးဝယ်စင်တာများ၊ စူပါမာ့ကက်များနှင့် အခြားသော ပိုင်ဆိုင်မှုများစွာရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service