အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 1:51 pm တွင် တင်ခဲ့သည်
753 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ Shimao Properties သည် တရုတ်ပြည်၊ ပေကျင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Shimao Properties သည် တရုတ်ပြည်မကြီးတွင်လည်း ရောင်းအားပမာဏအရ အင်အားအကြီးဆုံး အိမ်ခြံမြေ developer များတွင် နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ယခုအခါ Shimao Properties က ပေကျင်းမြို့၊ အနောက်တောင်ပိုင်း ဖန်ရှန်ခရိုင်တွင် တည်ရှိသော စတုရန်းမီတာ ၅၇၄၀၀ ( ၆၁၇၈၄၈ စတုရန်းပေ) ကျယ်ဝန်းသည့် မြေနေရာကို ယွမ်ငွေ သန်း ၈၅၀ (ကန်ဒေါ်လာ ၁၁၅ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ပေကျင်းမြို့တော် မြေယာဗျူရိုက ထုတ်ပြန်လာသည်။
တင်ဒါစည်းမျဉ်းများကို သဘောတူညီလိုက်ပြီးနောက် Shimao Properties က ဝယ်ယူခွင့်ရရှိသွားခြင်းလည်းဖြစ်သည်။
တင်ဒါစည်းမျဉ်းအရ ယခုစီမံကိန်းတွင်ဆောက်လုပ်မည့် လူနေအိမ်များကို ပူးတွဲပိုင်ဆိုင်မှုပုံစံဖြင့် ရောင်းချပေးရမည်ဟု ဆိုသည်။
တရုတ်အစိုးရသည် တရုတ်ပြည်၏ အရေးပါသောမြို့ကြီးများတွင် အိမ်ရာဈေးနှုန်းမျှတမှုရှိစေရန် ရည်ရွယ်ကာ အစိုးရနှင့် ဝယ်လက်တို့အကြား ပူးတွဲပိုင်ဆိုင်မှုပုံစံကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Shimao Properties သည် ဒေသတွင်းအစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Fangshan New Town Investment Ltd နှင့် ၁၅ ကြိမ်ခန့် အပြိုင်ဈေးပေးခဲ့ပြီး နောက်ဆုံးတွင် ကြမ်းခင်းဈေးထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ဈေးပိုပေးကာ ဝယ်ယူရရှိသွားခြင်းလည်း ဖြစ်သည်။
ဝယ်ယူလိုက်သည့် မြေနေရာတွင် ဆောက်လုပ်နိုင်သည့် နေရာ စတုရန်းမီတာ ၃၅၈၀၀ ရှိပြီး ယင်းအနက် စတုရန်းမီတာ ၆၈၄၀၀ ကို လူနေအိမ်ရာအဖြစ် ဆောက်လုပ်မည်ဖြစ်ရာ လူနေအိမ်ရာနေရာအတွက် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၁၂၃၉၂ ဖြင့် ဝယ်ယူလိုက်ရခြင်းလည်း ဖြစ်သည်။
တင်ဒါစည်းမျဉ်းအရ ယခုစီမံကိန်းတွင် အခန်း ၉ ခန်းပါ မူကြိုကျောင်းတစ်ခု ဆောက်လုပ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက အစိုးရသို့ အခမဲ့လွှဲပြောင်းပေးရမည်ဟု ဆိုသည်။
စီမံကိန်းအဆောက်အအုံများအတွက် အမြင့် မီတာ ၃၀ သာအမြင့်ဆုံးဆောက်လုပ်ရန် သတ်မှတ်ထားပြီး စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းမှာ စိမ်းလန်းသော နေရာများဖြစ်ရမည်ဟုလည်း ဆိုသည်။
တရုတ်အစိုးရ၏ ပူးတွဲပိုင်ဆိုင်ရေးမူဝါဒအရ အိမ်ခြံမြေဝယ်ယူမည့်သူတို့သည် နေအိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုများ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်းများကို အစိုးရက ကျခံပိုင်ဆိုင်သွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
bkk-projects
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service