စင်္ကာပူကွန်ဒိုဈေးနှုန်းမြင့်တက်မှုအဟုန် ၂၀၂၀ တတိယသုံးလပတ်အထိကြာမြင့်နိုင် - Property News in Myanmar from iMyanmarHouse.com
474 ကြိမ် ကြည့်ရှု့ ပြီး
စင်္ကာပူကွန်ဒိုဈေးနှုန်းမြင့်တက်မှုအဟုန် ၂၀၂၀ တတိယသုံးလပတ်အထိကြာမြင့်နိုင်
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
### Unicode Version ###
ရောင်းသူများနှင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံရောင်းချသည့်ကုမ္ပဏီ) များအတွက် သတင်းကောင်းဖြစ်သည်။ ကွန်ဒိုဈေးနှုန်းများအပါအဝင် စင်္ကာပူလူနေအိမ်ခြံမြေဈေးနှုန်းများမြင့်တက်မှုသည် ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း Savills Research သုတေသနကုမ္ပဏီ၏ သုတေသနသစ်တစ်ရပ်က ဖော်ပြခဲ့သည်။
စင်္ကာပူမြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ URA ၏ အချက်အလက်များအရဆိုရသော် ပုဂ္ဂလိကအိမ်ဈေးများသည် ၂၀၁၉ ဒုတိယသုံးလပတ်တွင် ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်ပြီးနောက် တတိယသုံးလပတ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ဆက်လက်မြင့်တက်ခဲ့သည်။ အဓိကအားဖြင့် ၎င်းမြင့်တက်မှုသည် ဝယ်လက်များက လက်ရှိအိမ်ခြံမြေများကိုအနစ်နာခံပြန်လည်ရောင်းချကာ စီမံကိန်းသစ်များသို့ဦးတည်လာခြင်းကြောင့် ဖြစ်သည်ဟု စင်္ကာပူထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက် PropertyGuru ၏ ယခုနောက်ဆုံးထုတ်ပြန်ထားသော သုံးလပတ်အလိုက်အစီရင်ခံစာအရ သိရသည်။
မည်သို့ပင်ဖြစ်စေ ဈေးနှုန်းမြင့်တက်မှုအဟုန်ကို တန့်စေနိုင်သည့် အချို့အချက်များကိုလည်း Savills ၏ သုတေသနအစီရင်ခံစာက မှတ်ချက်ပြုခဲ့သည်။ “ ကျွနု်ပ်တို့၏ လေ့လာမှုများက ဈေးနှုန်းမြင့်တက်မှုသည် သုံးလပတ် ၈ ဒသမ ၇ ခုအထိ ကြာမြင့်နိုင်သည်ဟု ပြသနေသော်လည်း လူမှုရေးနှင့်နိုင်ငံရေးတင်းမာမှုများကြောင့်ဖြစ်သော ကမ္ဘာ့လေဆန်များကြောင့် သုံးလပတ် ၆ ခုသို့ လျှော့တွက်ရမည်ဖြစ်သည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း အစိုးရ၏ဝင်ရောက်စွက်ဖက်မှုကြောင့် လက်ရှိပုဂ္ဂလိလူနေအိမ်ခြံမြေဈေးကွက်သည် တည်ငြိမ်မည်ဖြစ်သည်ဟုလည်း Savills က ခန့်မှန်းခဲ့သည်။
Savills ၏ သုတေသနအစီရင်ခံစာက အတော်အတန်ကြီးမားသော ပုဂ္ဂလိကဝယ်လက်အုပ်စုတစ်ခုသည် သူတို့၏ငွေကြေးများကို အခန်းငယ်များသို့ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ ၂၀၁၉ ခုနှစ် ပထမကိုးလတာအတွင်း ရောင်းချခဲ့ရသော အိမ်ခန်းသစ်များ၏ ၃၄ ဒသမ ၈ ရာခိုင်နှုန်းသည် ၆၀၀ စတုရန်းပေမှ ၈၀၀ စတုရန်းပေအကြား ရှိပြီး ၂၇ ဒသမ ၆ ရာခိုင်နှုန်းသည် ၄၀၀ စတုရန်းပေမှ ၆၀၀ စတုရန်းပေအကြား ရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
“ ဝယ်လက်တွေဟာ ငွေကြေးအကန့်အသတ်ကြောင့် အခန်းကျဉ်းတွေကို ဝယ်ယူကြတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲ့ဒီဘတ်ဂျက်အကန့်အသတ်ကပဲ သူတို့တွေဟာ ပြန်လည်ရောင်းချတဲ့အိမ်ခြံမြေတွေထက် ကြမ်းခင်းဧရိယာပိုကျဉ်းလို့ ဈေးနှုန်းလည်းအတော်အတန်နိမ့်ပြီး ပိုမိုအဆင်ပြေကောင်းမွန်တဲ့ငွေပေးချေမှုပုံစံတွေရှိတဲ့ အိမ်ခြံမြေသစ်တွေကို လိုလားကြရခြင်းအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ” ဟု PropertyGuru ၏ နိုင်ငံအဆင့်မန်နေဂျာ Tan Tee Khoon ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘီလျံနာ ဂျော့ခ်ျ ဆိုရော့စ်က ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဆောက်လုပ်ရန် ကန်ဒေါ်လာ ၁ ဘီလီယံ မတည်လှူဒါန်းမည်...
ဘီလျံနာ ဂျော့ခ်ျ ဆိုရော့စ်က ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဆောက်လုပ်ရန် ကန်ဒေါ်လာ ၁ ဘီလီယံ မတည်လှူဒါန်းမည်...
ဒလမြို့သစ် Master Plan တွင် အံ့ကြီးအနောက်ရပ်ကွက်အား မြို့ကွက်အဆင့်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအားလုံးပူးပေါင်းညှိနှို...
ဒလမြို့သစ် Master Plan တွင် အံ့ကြီးအနောက်ရပ်ကွက်အား မြို့ကွက်အဆင့်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအားလုံးပူးပေါင်းညှိနှို...
ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်ထား
ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်ထား
ဂရိနိုင်ငံရှိ ဂစ်တာပုံသဏ္ဍာန် ကျွန်းတစ်ကျွန်းကို Beatles တေးဂီတအဖွဲ့က ဝယ်ယူလိုခဲ့
ဂရိနိုင်ငံရှိ ဂစ်တာပုံသဏ္ဍာန် ကျွန်းတစ်ကျွန်းကို Beatles တေးဂီတအဖွဲ့က ဝယ်ယူလိုခဲ့
ရန်ကုန်စတော့အိတ်ချိန်းတွင် သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ရှယ်ယာအများဆုံးရောင်းရသည့် ကုမ္ပဏီအဖြစ် ၃ နှစ်ဆက်တိုက်ရပ်တည်...
ရန်ကုန်စတော့အိတ်ချိန်းတွင် သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ရှယ်ယာအများဆုံးရောင်းရသည့် ကုမ္ပဏီအဖြစ် ၃ နှစ်ဆက်တိုက်ရပ်တည်...
မူလသိမ်းဆည်းခံလယ်မြေအတွက် လျော်ကြေးငွေ ၁၅ ဘီလီယံကျော် ပြန်လည်ပေးလျော်
မူလသိမ်းဆည်းခံလယ်မြေအတွက် လျော်ကြေးငွေ ၁၅ ဘီလီယံကျော် ပြန်လည်ပေးလျော်
မီးရထားလက်မှတ်များ အွန်လိုင်းမှတဆင့် ရောင်းရန်စီစဉ်လျက်ရှိ
မီးရထားလက်မှတ်များ အွန်လိုင်းမှတဆင့် ရောင်းရန်စီစဉ်လျက်ရှိ
ထိုင်း Amata ကော်ပရေးရှင်းက လေးထောင့်ကန်ရွာတွင် Smart City တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြေငှါးစာချုပ်လက်မှတ်ရေးထိုး...
ထိုင်း Amata ကော်ပရေးရှင်းက လေးထောင့်ကန်ရွာတွင် Smart City တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြေငှါးစာချုပ်လက်မှတ်ရေးထိုး...
e-Government လုပ်ငန်းများအတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကို နည်းပညာစိစစ်ရွေးချယ်ခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနား နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့...
e-Government လုပ်ငန်းများအတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကို နည်းပညာစိစစ်ရွေးချယ်ခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနား နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့...
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်၊မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုကို ခွင့်ပြုခဲ့...
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်၊မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုကို ခွင့်ပြုခဲ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)